Useful Keyboard

ဂ်စ္စူJanuary 22, 20121min22323

 

 

Mouse မပါပဲ သွားရင် Alt Tab,Win Tab ပေါ့

ညာဘက် System Trey ထဲကိုကော ဘယ်လိုသွားမလဲ ?

 

မောက်စ် မပါပဲ Taskbar,Quick Launch,System trey ထဲက ရမ်းနေတဲ့ ပဒိုဂရမ်တွေဆီ ကီးဘုတ်နဲ ့

သွားတတ်လားခင်ည

သွားတတ်တယ်ဆို ပြန်အိပ်တော့ ဆက်မဖတ်နဲ ့တော့.. 😆

မသွားတတ်တဲ့လူတွေ လိုက်ခဲ့ 😀

 

ကျနော်တော့ လက်ကမြင်းကျောထလို ့ ဟိုတစ်နေ ့ကမှ သိတာ

ဒီနည်းလေးသိထားရင် မောက်စ် မလိုပဲ USB Devices တွေပါကီးဘုတ်နဲ ့ ဖြုတ်လို ့ရတယ်ဗျ

ဝါသနာပါရင် မှတ်ထားလိုက်ပါ..လွယ်လွယ်ကလေး

 

♠-အရင်ဆုံး ကီးဘုတ်ဘယ်ဘက်အောက်နားက ဝင်းဒိုးကီး ကိုနှိပ်လိုက်ပါ

 

♠-ပြီးရင် ကီးဘုတ်ဘယ်ဘက်အပေါ်ဆုံးက Esc ကီးကို ထပ်နှိပ်လိုက်ပါ

ဒါဆို Start Menu ကို အော်တို  Select လုပ်ပြီးသား ဖြစ်သွားပြီ

 

♠-အဲဒီအခါ Tab ကီးကို နှိပ်ကြည့်လိုက်

Tab Key

Start Menu ကနေ ညာဘက် Quick Launch ဆီရောက်သွားလိမ့်မယ်

Quick Launch မှာ Item ၃ ခုရှိတယ်ဆိုပါဆို ့..သုံးခုထဲက ကိုဖွင့်ချင်တဲ့ဆီကို

ကီးဘုတ်က Right Arrow,Left Arrow ကီးကိုနှိပ်ပြီး ရောက်ရင် Enter ခေါက်လိုက်ပါ

လိုချင်တဲ့ Item ကို မျှားလေးနဲ ့ ရွေးပြီး Enter

ဒါဆို သင်ဖွင့်ချင်တဲ့ ပရိုဂရမ် ပွင့်လာပါလိမ့်မယ်။

 

♠-အဲလိုပဲ Tab key နဲ ့သွား-လိုချင်တဲ့နေရာရောက်ရင် Arrow key နဲ ့ရွေး-

ရောက်ရင် Enter နှိပ်လိုက် အိုကေပြီဗျ။

 

အများအားဖြင့် အဲနေရာတွေက မောက်စ်နဲ ့ပဲ သွားလို ့ရတာများသဗျ

ဒါကတော့ မောက်စ်မလိုပဲ သွားတဲ့နည်းဖြစ်ပါတယ်..

XP,7  ဝင်းဒိုး နှစ်ခုလုံး အလုပ်လုပ်ပါတယ်..။

 

မရေးတာကြာလို ့ ပုံတောင် တင်တတ်တော့ဘူး..

ညှင်း.ညှင်း.. 😀

 

 

23 comments

  • thit min

    January 22, 2012 at 4:03 pm

    အံ့ဩစရာဘဲ၊ ကိုယ် ဟာကိုယ်ဆန်းဒေးလေး အေးအေးလူလူ အိပ်နေတာ
    သူကဘယ် လိုသိသွားရတာလဲ။
    ပြန်အိပ်တော့ ဆက်မဖတ်နဲ ့တော့ ဆိုဘဲ။(^^)
    ဟုတ်ကဲ့ မှတ်သားစရာကတော့ အဲဒီ မီနူး ဘား ကို ခုလိုလေးပေါ်အောင်တင်နိုင်တာကိုပါဘဲ။
    လေးဒသမငါးအထိစားပါတယ်။

  • စိန်ပေါက်ပေါက်

    January 22, 2012 at 4:24 pm

    တိနေဒယ်လေ..တိနေဒယ်..
    အူးသစ်က မစ်ချတာပေါက်သိင်္ခကို လျှော့တွက်သကိုးဂျ 😀

    1.Win key
    2.Esc key
    3.Tab key
    4.Arrow key and Enter

    လွယ်လေးဘာ

    • thit min

      January 22, 2012 at 4:35 pm

      အဲဒါသိတယ်လေ။
      မီနူးဘားကို ကော်ပီတင်ပြီး ကာလ်ဆာရွှေ့တာလေးကို ပြတာကို “တင်”ထားတဲ့အပေါ်ဆုံးကပုံကိုပြောတာ
      ပါ။
      အဲဒီမီနူးဘားထဲက Tune Up Utilities ကြီးကလဲ Expired ဖြစ်နေပြီဘဲ။
      အဲဒီကောင်က တော်တော်ကောင်းတာနော်။ ကိုယ်လို ဟိုဟာဒီဟာ ကလိလိုက်
      ခဏခဏ ကလိတတ်တော့အဲဒါလေးအားကိုးပြီး ကလိ။ မရတော့ရင် အစကပြန်စ။ဟဲဟဲ။

  • MaMa

    January 22, 2012 at 6:34 pm

    (မသွားတတ်တဲ့လူတွေ လိုက်ခဲ့ )
    ဟုတ်ကဲ့ပါ ဆရာကြီး။
    ဆရာ့အတိုင်း ပုလင်းလေးကိုင်ပြီး ယိုင်တိယိုင်တိုင်နဲ့ လိုက်ခဲ့ရမှာလား….. 😛

  • ကောင်းမြတ်သူ

    January 22, 2012 at 6:52 pm

    လေးပေါက်တို့များခိုးစားနေကြဆိုတော့ ခြေရာဖျောက်တာတော်တယ်ဗျ။ သဘာကိုပြထားတာပဲ။ chrome ကိုဖျက်ထားတယ်…….ဟဲ ဟဲ (တော်တော်လျှင်တဲ့ ပုလင်းဆွဲ ဘိုးတော်)

  • ဂျက်ကီချီးပေ

    January 22, 2012 at 7:22 pm

    ကီးဘုတ်ဘဲရှိတယ်
    NO ကြွက်
    NO မော်နီတာ
    NO ပီစီ
    NO အင်တာနက်
    NO ဘက်ထရီ
    NO အီလက်ထရစ်
    မန်းဂေဇက်ဂ ကိုကိုပေါက်ဖေါ် နဲ့ ရီးဂျားဂျဂါးပြောခြင်ဒယ်
    ကူညီဘာ

    • စိန်ပေါက်ပေါက်

      January 22, 2012 at 8:56 pm

      သဂျီးရေ
      သများကို ကယ်ဘာအုံး
      😆

  • windtalker

    January 22, 2012 at 7:26 pm

    လိုက်ခဲ့တာတော့ ဟုတ်ပါဘီ
    တော်ကြာ ဟိုတစ်ခါ ဒေစီကြာပစ်ထဲကလို
    ပစ်သွားရင် ဘယ်လို ရှင်းကြမလဲ
    “ ရီးဂျားဂျဂါး ” ပြောမယ့်လူ ရှိတယ်ဆိုပီး
    နောက်တီးနောက်တောက် မလုပ်နဲ ့နော်

  • နောက်ကနေ ယိုင်တိယိုင်တိုင်နဲ့ လိုက်လာခဲ့ပါတရ်
    မတူတဲ့ အမြင်နဲ့ပြောမယ်
    စိန်ပေါက်ပေါက်သည် စိန်မျောက်မျောက်လို လက်ဆော့ခြင်းမဟုတ်ပါ …… 😛

  • Khin Latt

    January 23, 2012 at 4:55 am

    သူက – ကီးဘုတ် ပေါ်က Cursor Key လို့ခေါ်တဲ့ မျှားတွေ ကို အလွန်မုန်းသတဲ့။
    Mouse ရှိရင် ဒါတွေ မလိုဘူး ဆိုပြီး ဟိုး အရင် သူထွင်ခဲ့တဲ့ Apple Original ကီးဘုတ် မှာ Cursor Key တွေ မပါဘူး ဆိုဘဲ။

    တစ်ခါ လူတစ်ယောက် က ပွဲတစ်ခု မှာ သူ့ကို ကီးဘုတ် ပေါ်မှာ အမှတ်တရ လက်မှတ် ထိုးခိုင်း သတဲ့။
    ဒီတော့ သူက ဒီအတိုင်းတော့ ထိုးမပေးနိုင်ဘူး။ သူ့စိတ်ကြိုက် ကီးဘုတ် ပေါ်မှာမှ ထိုးပေးမယ် ဆိုပြီး ကီးဘုတ်ပေါ်က မျှားပါ ခလုတ်တွေ အားလုံးကို သူ့ရဲ့ ကား key နဲ့ ကလော်ထုတ် လိုက်ပြီးမှ အဲဒီပေါ်မှာ ဆိုင်းထိုး ပေးခဲ့ သတဲ့ကွယ်။

    သိတယ်မဟုတ်လား။ သူ ဘယ်သူဆိုတာ။ 😉

    အဲဒီ နာမည်မပါရင် မပြီးတော့ ဘူး လို့ မပြောကြေး …. 😛

    ခင်တဲ့
    အရီး

    • ဖားသက်ပြင်း

      January 23, 2012 at 8:07 am

      ကီးဘုတ်အကြောင်း စကားစပ်လို့ …အရီးတော်ရေ …
      ဖားသက်ပြင်းတို့ ဆီမတော့ …(အဲ့လူကြီး ဘစ်ဘရားသား လို့ခေါ်တဲ့ ကန်ပနီထုတ် ကီးဘုတ်တွေမတော့..)
      TrackPoint လေးပါတယ်ခင်ဗျ…

      ကီး B ရဲ့အပေါ် G နဲ့ H ကြားက အနီရောင် ဘုပြား လေးပါ ခင်ဗျား…
      ဘစ်ဘရားသား ရဲ့ touchpad ကလည်း ကီး ၅ခုတောင်ပါသဗျာ…
      touchpad အောက်ဘက်မယ် ပုံမှန် left-right click ၂ခု…
      touchpad အပေါ်ဘက်မယ် Trackpoint နဲ့ သုံးဖို့အတွက် left-right click က ၂ခု
      (အနီရောင် အမှတ်အသားလေးနဲ့)

      အဲ့သည့် ၂ခုကြားမှာတော့ ခလုပ်တစ်ခုဗျ….သူက schrolling အတွက်ပါ…

      သည်တော့ မတူတဲ့အမြင်နဲ့ မန့်ရရင်…
      အဲ့ဒါလေး ရှိရင် ကြွက်မလိုဘူးခင်ဗျ …

      ပုံ
      ThinkPads များကို အဒွန့်ရှည်စေချင်သူ
      ဖားသက်ပြင်း

      P.S Dell ၏ Latitude series များတွင်လည်း Track Stick ပါဝင်ပါသည်ခင်ဗျား…။

  • ကြောင်ကြီး

    January 23, 2012 at 5:10 am

    ရဘူး။ ဝင်းဒိုးကီးနှိပ်ပြီး escကီးနှိပ်လိုက်ရင် ပြန်ထွက်သွားဒယ်…။ လူလိမ်ဂျီး သူများကိုညာ နှိပ်ခိုင်းတယ်။ နောက်တခါတွေ့မှာ ဟိုဒင်းကို နှိပ်ပစ်လိုက်မယ်….။

  • kyawmonkhant

    January 23, 2012 at 7:18 am

    မဆိုးဘူးဗျ၊ စမ်းကြည့်တာ အဆင်ပြေသား။

  • ဖားသက်ပြင်း

    January 23, 2012 at 8:17 am

    စိန်ပေါက်ပေါက်ရေ …

    Tab ကီးနဲ့ သွားတဲ့ sequence ကို Shiftဖိထားရင်း -Tab တွဲနှိပ်ပြီး
    reverse ပြန်သွားနိုင်ပါကြောင်း အားဖြည့် ပါတယ်ခင်ဗျား…
    😀

    ခင်တဲ့
    ဖားသက်ပြင်း..

  • ကိုရင်စည်သူ

    January 23, 2012 at 11:16 am

    ကြိုက်တယ်.. အဲ့လို ရှော့ကတ်လေးတွေကိုင်ရတာ
    ြ့ကိုက်ဒလယ်.. မီးတို့ကို စိန်ပေါက်ပေါက်ကီး
    ရှော့ကတ်တွေကိုင်လိုက်မှာ မီးတို့ ကြောက်တယ်ချင့်…
    မီးတို့ကို မောက်ကနေပဲ ကိုင်ပါနော်.. 😆 😆

  • စိန်ပေါက်ပေါက်

    January 23, 2012 at 3:17 pm

    အရီးလတ်ရေ…အဲလူက တာ်တော်ဂွကျတဲ့လူဗျာ
    ဘာကြောင့်မျှားတွေကို မုန်းတာလဲ သိဘူး.. 😛

    အူးအုံးအွမ်ရေ
    Shift Tab အတွက် တိုင်းကျူးဘဲထီးမတ်ချ်

    အူးသစ်ပြောတဲ့ Expire ဖြစ်နေတဲ့ Tune Up ကို ကျနော်က Portable သုံးတယ်ခင်ည
    Version Update ထွက်နေပေမဲ့ သွင်းရမှာပျင်းလို ့..ညှင်း..ညှင်း..

    V ပုံစံလေးနဲ ့ စတဲ့ အစိမ်းရောင် အိုင်ကွန်လေးကတော့ Lan ကနေ တခြား ကွန်ပျူတာကို လှမ်းကြည့်လှမ်းကလိလို ့ရတဲ့
    Freeware Software လေးဖြစ်ပါတယ်.
    ကွန်ပျူတာကို Local network အတွင်း သုံးနေပါက အဲဒီပုံလေးတွေ ့ရင် သတိထားပေါ့
    သူများ လှမ်းကြည့် လှမ်းကလိလို ့ရပါကြောင်း

    အားကုန်လုံးတိုင်းကျူးတင်ပါတယ်ခင်ညာ

  • etone

    January 23, 2012 at 3:39 pm

    အဲ .. အဲ့လိုသုံးလို့ ရတယ်လား .. ဟီးဟီး .. အခုမှသိတယ် … 😛

  • pooch

    January 23, 2012 at 5:05 pm

    ပေါက်ဖော်ရေ စမ်းသုံးကြည့်လိုက်မယ်။

  • Anzartone

    January 23, 2012 at 9:06 pm

    ကျေးဇူးပါပဲ ကိုပေါက်ဖော်ရေ ….
    မြင်သာထင်သာအောင် ပုံတွေမှာ Animation နဲ့ ပြထားတာကို သဘောကျသဗျို့ … ။

  • က်ိုကိုအိုဗာ

    January 23, 2012 at 9:44 pm

    လေးစားလောက်ပါပေတယ်

  • kyawmonkhant

    January 23, 2012 at 9:55 pm

    ” V ပုံစံလေးနဲ ့ စတဲ့ အစိမ်းရောင် အိုင်ကွန်လေးကတော့ Lan ကနေ
    တခြား ကွန်ပျူတာကို လှမ်းကြည့်လှမ်းကလိလို ့ရတဲ့
    Freeware Software လေးဖြစ်ပါတယ်.” အဲဒီ Software နာမည်လေး သိလို့ရရင် သိချင်ပါတယ်။ အသုံးပြုနည်းလေးပါ
    မျှဝေမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဆက်လက်ပြီးမျှဝေပေးပါဦး။

    • စိန်ပေါက်ပေါက်

      January 24, 2012 at 12:02 pm

      Local Area Network ကနေ တခြား စက်ကို Remote လှမ်းလုပ်လို ့ရတဲ့ ဆော့ဖ်ဝဲ ပါ

      လိုချင်ရင် ဒီမှာ ယူလိုက်ဗျ
      http://myanmargazette.net/wp-content/uploads/2012/01/vnc-4_1_3-x86_win32.exe

      သူ ့ဆိုဒ်မှာ သွားယူရင်တော့ Register လုပ်ရတယ်..
      http://www.realvnc.com/products/download.html

      ကိုယ်တစ်ယောက်ပဲ ကလိချင်ရင် Install လုပ်ပြီး နောက်ဆုံးဆင့် မှာ Password Configure လုပ်ဖို ့ရှိတယ်ဗျာ
      ဒါမှ မဟုတ် system trey ထဲက V ပုံလေးကို Double Click နှိက်လိုက်ရင် Vnc Password ဘေးမှာ Configure ဆိုပြီးရှိပါတယ် .Password ပေးထားချင်ရင် ပြောတာပါ

      သုံးနည်းကတော့-
      Start>All Program>RealVNC>VNC Viewer 4>Run VNC Viewer ကို အဆင့်ဆင့်သွားပါ
      Server ဆိုပြီး ပေါ်လာတဲ့အကွက်က ကိုယ် Remote လုပ်မဲ့ Computer name or IP ဖြစ်ပါတယ်
      အဲတာရိုက်ထည့်လိုက်ရင် အင်စတောလုပ်တုန်းက VNC ကို Password ပေးခဲ့ရင် တောင်းပါလိမ့်မယ်
      ပြီးရင် ကိုယ့်စက်ကနေလှမ်းပြီးတော့ ရေးချင်တာရေး..ပိတ်ချင်တာပိတ်..လုပ်ချင်တာသာလုပ်ပေတော့ဗျို ့.

      Remote လုပ်ချင်တဲ့ ကွန်ပျူတာမှာလဲ VNC Software ကို ထည့်ထားရမှာနော်

      ကျန်တာ ကိုယ့်ဘာသာ ကလိကြည့်ပါ

  • ဦးဦးပါလေရာ

    January 24, 2012 at 12:32 am

    ကူးထားတယ်…
    ပြီးတော့ ပြန်ကျက်(မှတ်)ရဦးမယ်။
    တော်တော်အလုပ်ပေးတဲ့ စိန်ပေါက်ပေါက်ပါတကား…..။:)

Leave a Reply