ဂေဇက်ထမင်းကြော်…

ကျနော်ဂေဇက်မှာ မန်ဘာအဖြစ်ရှိနေခဲ့တာ (၁)နှစ်ကျော်ပါပြီ၊ဒီဂေဇက်ကရရှိတဲ့ အတွေးအခေါ်လေးတွေ၊ပြင်ပဗဟုသုတတွေ၊အစားအသောက်နဲ့ပက်သက်တာတွေ၊စာပေအတွေ့အကြုံ၊နိုင်ငံရေးဗဟုသုတ

စသည်တို့အပြင်အခုနောက်ပိုင်းမှာတော့ပိုမိုစုံလင်စွာနဲ့ ဓါတ်ပုံ

ပညာတွေပါလေ့လာခွင့်သိခွင့်ရ၍တော်တော်လေးကိုအကျိုးရှိစေပါတယ်၊ဒီတော့ကျနော့်လည်း ဂေဇက်မှယူတာတွေများနေပြီဆိုတော့ မိမိတတ်နိုင်သည့်ဘက်ကပြန်ပေးနိုင်စရာဆိုလို့ မိမိတတ်ကျွမ်းသည့် အချက်အပြုတ်ပညာလေးတွေကို ဗဟုသုတရစေလိုသောဆန္ဒဖြင့်ပြန်လည်ကျေးဇူးဆပ်ခြင်းလည်းဖြစ်ပါတယ်…ပထမဦးဆုံးအနေနဲ့ ဒဒီဂေဇက်ကရရှိခဲ့တဲ့ ဟင်းတစ်မျိုးနဲ့စပါ့မယ်…ဒီဟင်းကတော့ မဝေရဲ့ မန်ချူးဆော့စ်ကြက်သားဟင်းပါပဲ…အဲဒီဟင်းကို ကျနော်က ထမင်းကြော်တစ်မျိုးနဲ့တွဲပြီး(U.S.A Fried Rice)ဆိုပြီး မီနှုးထဲမှာထည့်လိုက်ပါတယ်…U.Sမှာ တစ်ကယ်ရှိချင်မှရှိမှာပါ…

U.S.A Fried Rice

ပြင်ဆင်ပုံ…ကြက်သားရင်အုံသားကို ပါးပါးလှီးပါ၊ပြီးလျှင် ခရုဆီအနည်းငယ်၊ပဲငံပြည်အနည်းငယ်၊ဆား၊အချိုမှုန့်၊ငရုတ်ကောင်းအဖြူ၊နှမ်းဆီအနည်းငယ်၊ကြက်ဥအနှစ်အနည်း

ထည့်ပြီးကြက်သားကိုနယ်ထားပါ၊(တစ်ယောက်စာဆို တစ်သားခန့်၊ဆယ့်ငါးကျပ်သားလောကဆိုရင်ရပါတယ်)။နယ်ပြီးအနည်းဆုံး(၁၅)မိနစ်လောက်ထားပါ၊

ဒါမှအသားထဲကို အချိုအငံတွေအရသာတွေဝင်မှာပါ၊ပြီးလျှင် နယ်ထားသောကြက်သားများကို ကော်မှုန့်နှင့်နယ်ပါ၊ခြောက်သွေ့အောင်နယ်ပါ၊ဆီအိုးပူအောင်တည်ထားပါဆီပူလာ

လျှင် ကြက်သားများကို ထည့်ကြော်ပါ၊ကြော်သည့်အခါတွင်လည်း အသားများလုံးမသွားအောင်သတိထားပါအသားများ ရွှေအိုရောင်သန်းပြီဆိုလျှင် ဆယ်ပြီးဆီစစ်ထားပါ၊

မင်းကြော်ရန်အတွက်…ပဲသီးစိမ်းအနည်းငယ်ကိုလှီးထားပါ၊မုန်လာဥနီအနည်းငယ်ကိုလည်းအတုံးလေးတွေတုံးထားပါ၊

ထမင်းကိုလည်းတစ်ယောက်စာအနေတော်ထည့်ပြီး၊ဆားအချိုမှုန့်၊ငရုတ်ကောင်းအဖြူ၊ခရမ်းချဉ်သီးဆောစ့်အနည်းငယ်၊ငရုတ်ဆီဆောစ့်အနည်းပါထည့်ပါ။

ဒယ်အိုးထဲဆီပူလာလျှင် ကြက်ဥအနည်းငယ်ထည့်ပါ၊ပြီးလျှင် ထမင်းများထည့်၍ကြော်ပါ၊အရသာကို ကြော်နေရင်းမိမိနှစ်သက်သလို အပေါ့အငံထပ်ထည့်ပါ။

ဆောစ့်ချက်ရန်…အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး၊ဆီပူလာလျှင် ခရုဆီအနည်းငယ်ထည့်ပါ၊ငရုတ်ဆီ(Chilli Sauce)အနည်းငယ်ထည့်ပါ၊ပဲငံပြာရည်(အကြည်ရည်)ထည့်ပါ၊ဆားအနည်းငယ်၊သကြားအနည်းငယ်ထည့်ပါ၊

အရသာကိုမြည်းကြည့်ပါပြီးလျှင်၊ကော်မှုန့်ကိုရေအနည်းငယ်ဖြင့်ဖျော်ပြီး၊ကော်ရည်နည်းနည်းထည့်ပါ၊ဆောစ့်ရပြီဆိုလျှင်

ကြော်ထားသောကြက်သားများကိုထည့်ပြီးပုံ့မှာပြင်ထားသည့်အတိုင်းပြင်ဆင်၍စားသုံးနိုင်ပါသည်။

23 comments

  • thit min

    January 22, 2012 at 6:45 pm

    ကိုဇော်မင်းရေ

    အော်ရာ(ကိုယ်ရောင်ကိုယ်ဝါ) အကြောင်းကို လေ့လာစဉ်က
    ယောက်ျားလေးဟင်းချက်ဝါသနာပါသူတွေဟာ ရင်”ချက်ကရာ” မှာ အစိမ်းရောင်
    ရှိတယ်လို့ မှတ်သားဖူးပါတယ်။
    ကြင်နာတတ်သူ၊စိုးရိမ်ပူပန်တတ်သူလို့လဲ ပြောပြန်ပါတယ်။
    ချမ်းသာမှုထက်အေးချမ်းမှုကိုပိုလိုလားသူလို့ဆိုပြန်တယ်။
    စိတ်ထားကောင်းသူလို့ဆိုပါတယ်။
    (ဗေဒင်ဟောခြင်းမဟုတ်ပါ၊ကြုံလို့ပြောပြခြင်းပါ)

  • MaMa

    January 22, 2012 at 7:27 pm

    ကြက်ဥကို အဲဒီလို ဖြူဖြူလေး ဖြစ်နေအောင် ဘယ်လို ကြော်ရသလဲ ကိုဇော်မင်းရေ။
    ဆိုင် ဆိုကတည်းက ပရော်ဖက်ရှင်နယ်မို့ အရသာအပြင် လှပမှုကလည်း ပါသေးတာကိုးးးးး 🙂

    • hmee

      January 23, 2012 at 12:21 am

      မမရေ အဲ့ဒါ ဆီ အရမ်းမပူခင် ကြက်ဥဖေါက်ထည့်ပြီး မီးနည်းနည်း ကြော်လို့ပါ။ ကိုဇော်မင်းရဲ့ ကိုယ်စား ဝင်ရောက်ဖြေဆိုသွားပါတယ်။ 🙂

    • weiwei

      January 23, 2012 at 2:08 pm

      ကြက်ဥကို ပုံစံအတိုင်းရအောင် သံကွင်းလေးနဲ့ ထည့်ကြော်ရတယ် မမ …
      အိုးပြားပေါ်မှာ သံကွင်းလေးတင်ပြီး အဲဒီထဲကို ကြက်ဥကိုဖောက်ထည့်ရင် ဘေးကို ကားမထွက်တော့ဘူးပေါ့ … မီးအေးအေးတော့ ဖြစ်ရမယ် …

  • ကိုဇော်မင်းရေ ခုလိုကြော်စားနေရတာက ကျနော်တို ့လို ရွာက လူတွေအဖို ့
    ဟိတ်ဟန်ကြီးနေတယ်ဗျာ။အမှန်က ညက ထမင်းကြမ်းကို မနက်မှာ ဆီပူမှာ
    ထည့်လှိမ့်လိုက်၊ငံပြာရည်လေးနည်းနည်းထည့်ပေါ့။ပြီးပြီလေ။ရေနွေးကြမ်းလေး
    နဲ ့ရောမျှောချလိုက်ရင် မနက်စာပြီးပါရောလား။

    ဒါပေမယ့် ခုလိုဖတ်ခွင့်ရလို ့ကျေးဇူးပါအကို။

  • padonmar

    January 22, 2012 at 7:35 pm

    ကျေးဇူးပါ ကိုဇော်မင်းရေ၊
    ဒီဟင်းရဲ့ source ဟာ ဝေဝေဆီက ရတယ်လို့ပါဖော်ပြပေးတဲ့ ကိုဇော်မင်းရဲ့ စိတ်ဓာတ်ကိုလေးစားပါတယ်။
    စုတုပြု ပေါ့နော်။

  • စိန်ပေါက်ပေါက်

    January 22, 2012 at 9:09 pm

    ဗိုက်ချာလာဘီဟ..
    ဂလု

  • windtalker

    January 22, 2012 at 9:50 pm

    ဒီည ဘီဘီ တို ့ဝီဝီ တို ့နဲ ့တွေ ့ရင် ၊ စားဖို ့ယူသွား ဘီနော
    ရှလွတ်…

  • zaw min

    January 23, 2012 at 12:20 am

    ကိုသစ်ရေ..မိမိကိုယ်မိမိပြုပြင်ရင်း အကောင်းဆုံးဖြစ်အောင်ကြိုးစားနေဆဲပါ. .ကျေးဇူးပါကိုသစ်ရေ…
    မမရေ…ကြက်ဥကြော်ဖြူဖြူလေးရချင်ရင်… ဆီကိုကြက်ဥမြုပ်သွားအောင်မထဲ့ပါနဲ့၊ဆီကိုလည်းအရမ်းကြီးမပူစေပါနဲ့.. မီးအေးအေးလေးနဲ့ကြော်ရပါတယ်…
    ဟုတ်ကဲ့ပါ..ဆရာမ padonmar..,စုဆောင်း၊တုယူ၊ပြုပြင်ဖန်တီးခြင်းပါပဲ…
    စိန်ပေါက်ပေါက်နဲ့ကိုတော်ကာ ကြိုက်သလောက်သာယူပြီး စွဲပေတော့…
    အတိသဉ္ဇာ နာဂရ ချစ်သူရေ…ဗဟုသုတအနေနဲ့မျှဝေခြင်းပါပဲ…ကျေးဇူးပါ…

  • kai

    January 23, 2012 at 3:47 am

    (U.S.A Fried Rice)ဆိုပြီး မီနှုးထဲမှာထည့်လိုက်ပါတယ်…U.Sမှာ တစ်ကယ်ရှိချင်မှရှိမှာပါ…

    ယူအက်စ်ကို.. ဂျပန်လို့ ဘဲကောကု (米国)လို့ခေါ်ပါတယ်..။ ခန်းကြီးကို တိုက်ရိုက်အဓိပါယ်ကောက်ရင်..ဆန်တိုင်းပြည်ဖြစ်မယ်ထင်တယ်..။
    ဆန်နဲ့ပါတ်သက်တာ.. တော်တော်စုံစုံရှိမဲ့ တိုင်းပြည်ပေါ့…

    အယ်လ်အေဆိုရင်လည်း..နိုင်ငံပေါင်းစုံ.. လူမျိုးပေါင်းစုံက..အစားအသောက်ဆိုင်မျိုးစုံ လုပ်နေကြတာမို့.. ကမ္ဘာမှာရှိတဲ့..အစားအသောက်တော်တော်များများ.. ယူအက်စ်မှာရှိပါတယ်..။
    မူရင်းအော်ရီဂျင်နယ်ကို.. တခြားလူမျိုးတွေစားလို့ရအောင် နည်းနည်းပြင်င်ပြုပြင်ထးတာတွေလည်းရှိပါတယ်..

    ဆိုတော့..
    ကိုဇော်မင်းပြောတာ.. မမှားပါဘူးလို့..။

  • Khin Latt

    January 23, 2012 at 4:03 am

    ဒါကို တော့ လုပ်စားလို့ ရတာသေချာတယ်။
    ကျွန်မ လဲ ဒီတစ်ပါတ် ထဲမှာ လုပ်စားကြည့်မယ်။
    သင်းခရုပါ ကိုဇော်မင်းရေ။
    ဓာတ်ပုံက တကဲ့ကို ပရော်ဖက်ရှင်နယ် စာဖိုမှူး ရဲ့ လက်ရာအတိုင်းပါဘဲ။
    ကျွန်မ က တော့ အဲလိုလှအောင် လုပ်နိုင်ပါ့မလား။ ကြည့်လိုက်ဦးမယ်။

    ဆြာသစ် ရေ – မိန်းမ ထဲမှာ ဟင်းချက်မကောင်းသူ တွေ ဟာရော ဘယ်လိုများ စိတ်ထားရှိတတ်ပါသလဲ။ 😀

  • zaw min

    January 23, 2012 at 12:06 pm

    ကိုခိုင်ရေ..ထောက်ခံအားပေးတဲ့ ကျေးဇူးပါပဲခင်ဗျာ…
    မခင်လတ်ရေ..အားပေးတာအတွက် ကျေးဇူးပါ…ကျနော်က ပရော်ဖက်ရှင်နယ် စားဖိုးမှုးတော့မဟုတ်သေးပါဘူး။တကယ်တော့ ချက်ပြုတ်ခြင်းပညာကလည်း အနုပညာတစ်ခုပါပဲ…

  • နွယ်ပင်

    January 23, 2012 at 12:34 pm

    လာရောက်စားသုံးသွားပါတယ် ကိုဇော်မင်းရေ ….. 🙂

  • ဖားသက်ပြင်း

    January 23, 2012 at 12:41 pm

    ချက်ပြုတ်ခြင်း အနုပညာရှင် အစ်ကိုဇော်မင်းရေ ..
    အားပေးသွားပါတယ်ဗျာ …
    စမ်းလည်းချက် ကြည့်ပါဦးမယ်ဗျ….
    😀

    ခင်တဲ့..
    ဖားသက်ပြင်း

  • etone

    January 23, 2012 at 2:12 pm

    ယောကျာ်းလေး ဟင်းချက် ကောင်းတဲ့ လူ … ဟင်းချက်ရတာ စိတ်ဝင်စားတဲ့ လူဆို… သဘောကျပါဧ။် .. လေးစားပါဧ။် … ။
    ဟီး .. စားချင်စရာပဲ … ရှလွတ်.. ရှလွတ် … 🙂

  • zaw min

    January 23, 2012 at 3:33 pm

    ဖားဂီတို့ရဲ့ ရိုက်ချက်နဲ့အနုပညာကိုမမှီသေးပါဘူးနော်…အိတုံးရေ…အားရပါးရ ဆွဲလို့ရပါသည်…

  • (ယူအက်စ်ကို.. ဂျပန်လို့ ဘဲကောကု (米国)လို့ခေါ်ပါတယ်..။ ခန်းကြီးကို တိုက်ရိုက်အဓိပါယ်ကောက်ရင်..ဆန်တိုင်းပြည်ဖြစ်မယ်ထင်တယ်..။
    ဆန်နဲ့ပါတ်သက်တာ.. တော်တော်စုံစုံရှိမဲ့ တိုင်းပြည်ပေါ့……)

    မဟုတ်လောက်ဘူးထင်တာဘဲ။
    အမေရိကန် အသံထွက်က မေ ကို ယူပြီး” မေကို့” မေတိုင်းပြည်လို့ ယူလိုက်တာနေမှာ၊
    မြန်မာကို မြန်န်သန့် လို့ ခေါ်သလိုဖြစ်နိုင်ပါတယ
    ရန်ကုန်ကို ရန်ကွမ်း လို့ ခေါ်လိုက်သလိုပေါ့၊
    အဓိပ္ပါယ်ကိုယူတာမဟုတ်လောက်ဘူး။
    တရုပ်က အခြားအနိုင်ငံတွေ့ရဲ နာမယ်ကိုရေးရင် အသံထွက်ယူပြီးနီးစပ်တဲ့စာလုံးနဲ့ယူလိုက်တာများတယ်
    လို့ ဆရာတစ်ပါးပြောတာ ကြားဘူးပါရဲ့။
    တကယ်ဟုတ်မဟုတ်ကတော့ ကျနော်တရုပ်လူမျိုးမဟုတ်တော့ မသိဘူးသူကြီးရေ။
    ကျနော်ကြားဘူူးတာလေးနဲ့ မီးပန်းလွှတ်ရတာ။

    • kai

      January 24, 2012 at 12:16 am

      ဖြစ်နိုင်ပါတယ်..။ တရုတ်စာကနေ.. ဂျပန်ခန်းကြီးတွေယူတာဆိုတော့လေ..။
      အနော်လည်း.. .မြင်တာလေးနဲ့ရမ်းကြိတ်ရတာပါခင်ဗျား.. 😆

      ကြက်ဥကို.. ဆီနဲ့မကြော်ပဲ..ရေနဲ့ကြော်ရင်လည်းဖြူဖြူလှလှလေး ဖြစ်ပါတယ်..။
      … ပုံစံခွက်ထဲကြက်ဥတွေဖေါက်ထည့်ပြီး.. ရေနည်းနည်းထဲ..အဖုံးအုပ်..။ ခဏနေခေါက်ချလိုက်တော့. .ပုံစံခွက်အတိုင်း.. ကြက်ဥဖြူဝိုင်းလေးတွေ ရပါတယ်.။

  • zaw min

    January 24, 2012 at 12:00 am

    You can cook …ဆိုတဲ့ တီဗီအစီအစဉ်တွေနောက်ပိုင်း ကျနော်တို့တိုင်းပြည်တွေမှာခေတ်စားလာအုံးမယ်လို့ထင်မိပါတယ်…အစားဆိုရင် အကောင်းကြိုက်တတ်လို့ အဲဒီအလုပ်ကိုလုပ်ဖြစ်သွားတာပါပဲကိုပေါက်ရေ…

    • weiwei

      January 24, 2012 at 9:08 am

      ရန်ကုန်မှာ စားသောက်ဆိုင်တွေက အစားအစာတွေ ဈေးကြီးလွန်းလို့ ဝယ်မစားဖြစ်တော့ဘူး … ဈေးပေါတဲ့ဆိုင်တွေကျတော့လဲ မသန့်လွန်းလို့ မစားရဲတော့ဘူး … နောက်ဆုံးတော့ ကိုယ့်ဟာကိုယ်မှ ချက်မစားရင် မဖြစ်တဲ့အခြေအနေရောက်လာတယ် … မုန့်ကအစ homemade ကိုပဲ စားရဲတော့တာမို့ ကျွန်မတော့ တစ်နေ့တစ်နေ့ အစားအသောက်ကိစ္စနဲ့ အချိန်တော်တော်ကုန်နေပါတယ် …

  • ဆူး

    January 24, 2012 at 11:16 am

    ကိုဇော်မင်း ရဲ့ ဟင်းချက် လက်ရာတွေ မျှော်နေတာ အခုမှပဲ ပေါ်လာတော့တယ်။
    စားကောင်းမယ် ထင်တယ်နော်..
    ချက်နည်းလေး ပြောထားတော့ စမ်းလို့ လည်း ရတာပေါ့။ စမ်းကြည့်လိုက်အုန်းမယ်။

  • zaw min

    January 24, 2012 at 12:31 pm

    ဟုတ်ပါတယ်…မဝေဝေ ကိုယ်တိုင်လုပ်စားရတာ အချိန်ကုန်ပေပယ့် စိတ်ချလက်ချလည်းစားနိုင်တဲ့အပြင် ငွေကုန်လည်းသက်သာပြီး မိသားစု ဝဝလင်လင်စားသုံးလို့ရနိုင်ပါတယ်။
    ဆူးရေ…အချိန်ရရင်ရသလို တစ်နေ့တစ်မျိုးမရိုးရလေအောင် တင်ပေးပါ့မယ်…နောက်ဆိုရင် ကိုယ်ပိုင်ဆိုင်တောင် ဖွင့်နိုင်လိမ့်မယ်…။

Leave a Reply