ဒီကနေ့ ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်ဖြစ်တဲ့ The Messenger ဂျာနယ်မှာ ပါလာတဲ့ သတင်းလေးတွေကို လက်ဆင့်ကမ်း ဖော်ပြပေးချင်လို့ ရေးတင်လိုက်ပါတယ်ဗျ

ပထမ သတင်းတစ်ခုကတော့ ကျွန်တော်မြန်မာနိုင်ငံသားများ လိုချင်မိတဲ့ ၅၀၀၀ ကျပ်တန် တယ်လီဖုန်းများ အကြောင်းပဲဖြစ်ပါတယ် သတင်းထောက် ဇင်မာဝင်းစံ ရေးသားထားတဲ့ ၅၀၀၀ တန်ဖုန်းများ ရောင်းချခွင့် အမြန်ဆုံးခွင့်ပြုပေးရန် ရွှေလက်ချောင်းများအဖွဲ့က ဦးဆောင်၍ တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း ရွှေလက်ချောင်းများ သာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုဗအုပ်ခိုင်က ပြောကြားထားတဲ့ အကြောင်းပါဗျ … နိုင်ငံတော်သမ္မတကြီးဆီ တင်ပြနိုင်ရန်အတွက် ပြည်သူများ၏ လက်မှတ်များကို စုဆောင်းနေပြီး၊ သမ္မတကြီးထံ တင်ပြရာတွင် ယင်းလက်မှတ်များနှင့်တကွ ပူးတွဲ၍ ရေးသား ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ….. ပါဝင်လက်မှတ် ရေးထိုးလိုသူများအနေဖြင့် လျှောက်လွှာစာရွက်ပေါ်တွင် လက်မှတ်နှင့်တကွ အမည်၊ မှတ်ပုံတင်အမှတ်၊ အလုပ်အကိုင်တို့ကို ဖြည့်စွက်ရေးသားပြီး ရွှေလက်ချောင်း သာရေးကူညီမှုအသင်း အမှတ်(၅၇၈) မင်းစေတီလမ်း၊ မင်းစေတီ စာကြည့်တိုက်အရှေ့၊ ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ် သို့ ပေးပို့နိုင်ကြောင်း ဖတ်ရှုခဲ့ရပါတယ် …. ကဲ ရွာသူ/ရွာသား ကိုကို မမ ဦးဦး ဒေါ်ဒေါ်တို့ရေ ၅၀၀၀ ကျပ်တန် စိတ်ဝင်စားသူများအတွက် လက်တို့ပေးလိုက်ပါတယ်ဗျ ….

နောက်ထပ် သတင်းတစ်ပုဒ်ကတော့ သေပြီးနောက်မှပင် ကိုယ့်ဖေစ်ဘွတ်ခ် မိတ်ဆွေများကို တမလွန်ကနေ နောက်ဆုံး စကားလှမ်းပြောနိုင်မည့် စနစ်တစ်ခု ဖေ့စ်ဘွတ်ခ်တီထွင် ဆိုတဲ့ အကြောင်း လေးပါပဲဗျ ….

အားလုံးကို အားနာပါရဲ့ ဒီလောက် တိုတိုလေး ရေးတင်မိလို့ ကွန်ပျူတာ ဘက်ထရီလည်း အားကုန်ပြီလို့ အချက်ပြနေလို့ပါ

အားလုံးကို ခင်မင်လျှက် KING

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................