ဂဏန်းတွေနဲ့တွေး ဘဝအားဆေး…။

wunnakokoJune 1, 20101min470

မေးထဲကရတာလေးပါ။ ဝေမျှပါတယ်။ အသက်ရှင်နေတဲ့ ဘဝမှာ လိုက်နာစရာ ကျင့်သုံးစရာတွေ ရှိသလို ကိုယ့်အတွေး ကိုယ့်ခံယူချက်နဲ့လည်း လျှောက်လှမ်းနိုင်ပါတယ်။ ဘဝကိုလေးလေးနက်နက် တည်ဆောက်နိုင်သလို ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းနိုင်ပါတယ်။ ဒီဂဏန်းလေးတွေနဲ့ အောင်မြင်တဲ့ ဘဝကို တည်ဆောက်နိုင်တာပေါ့။

(1) The most selfish one-letter world is’ I ‘ . Avoid it.

အက္ခရာတစ်လုံးတည်းရှိတဲ့ တကိုယ်ကောင်းအဆန်ဆုံးစကားလုံးကတော့ “ ငါ ”ပါ။ အဲဒါကို ရှောင်ကျဉ်ပါ .။

(2) The most satisfying two-letter world is ‘ We ‘ . Use it.

အက္ခရာ နှစ်လုံးပါတဲ့ စိတ်ကျေနပ်စရာအကောင်းဆုံး စကားလုံးကတော့ “ ငါတို့” ပါ။ အဲဒါကို အသုံးပြုပါ ။

(3) The most poisonous three-letter world is ‘ Ego ‘ . Kill it.

အက္ခရာသုံးလုံးနဲ့ဖွဲ့စည်းထားတဲ့ အဆိပ်အပြင်းဆုံးစကားလုံးဟာ “ အတ္တ ” ပါ။ အဲဒါကို သတ်ပစ်ပါ။

(4) The most used four-letter world is ‘ Love ‘ . Value it.

အက္ခရာလေးလုံးပါတဲ့ လူသုံးအများဆုံးစကားလုံးကတော့ “ ချစ်ခြင်းမေတ္တာ ” ပါ။ အဲဒါကို တန်ဖိုးထားပါ။

(5) The most pleasing five-letter world is ‘ Smile ‘. Keep it.

အက္ခရာငါးလုံးပါတဲ့ ကြည်နူးစရာ အကောင်းဆုံး စကားလုံးကတော့ “ အပြုံး ” ပါ။ အဲဒါကို ဆောင်ထားပါ ။

(6) The fastest spreading six-letter world is ‘ Rumour ‘. Ignore it.

အက္ခရာခြောက်လုံးပါပြီး အလျင်မြန်ဆုံး ပျံ့နှံ့လွယ်တဲ့ စကားလုံးကတော့ “ ကောလဟာလ ” ပါ။ အဲဒါကို လျစ်လျှူရှုပါ ။

(7) The hardest working seven-letter world is ‘ Success’. Achieve it.

အက္ခရာခုနှစ်လုံးနဲ့ ဖွဲ့စည်းထားပြီး အပြင်းထန်ဆုံး ကြိုးစားရယူရတဲ့ စကားလုံးကတော့ “ အောင်မြင်မှု ” ပါ။ အဲဒါကို အရယူပါ ..။

(8) The most troublesome eight-letter world is ‘ Jealousy’. Distance it.

အက္ခရာရှစ်လုံးနဲ့ဖွဲ့စည်းထားတဲ့ ဒုက္ခအပေးဆုံးစကားလုံးကတော့ “ မနာလိုဝန်တိုမှု ” ပါ။ အဲဒါကို ဝေးဝေးရှောင်ပါ ။

(9) The most powerful nine-letter world is ‘ Knowledge’. Acquire it.

အက္ခရာကိုးလုံးနဲ့တည်ဆောက်ထားတဲ့ အင်အားအရှိဆုံး စကားလုံးကတော့ “ အသိပညာ ဗဟုသုတ ” ပါ။ အဲဒါကို ကြိုးစားရယူပါ ။

(10) The most essential ten-letter world is ‘ Confidence’. Build it.

အက္ခရာဆယ်လုံးနဲ့ဖွဲ့စည်းထားတဲ့ မရှိမဖြစ်အလိုအပ်ဆုံးစကားလုံးကတော့ “ယုံကြည်မှု ” ပါ။ အဲဒါကို တည်ဆောက်ယူပါ ။