အချစ်ဆိုသည်မှာ အံဩမှုများနဲ့ ဆန်းကျယ်သောအရာ

shwemoenyoJune 1, 20101min610

အသက် အရွယ် ငယ်တုန်းက ကိုယ့်ကစားဖေါ်ကစားလို့ကောင်းတဲ့သူကိုချစ်တယ်
သူမလာရင် စိတ်ညစ်တယ်သူ့ကိုကိုယ့်အနားအမြဲရှိစေချင်တယ်
ကစားချင်တာကိုးကွ
အရွယ်လေးရလာတော့သူချင်းလို့ပြောပေမယ့် ခိုးချစ်ရသူလေးရှိဘူးတယ်တွေဘာတွေဆိုလာရော ဟဲ
ဟော အရွယ်တော် တစိတ်ဟိုင်းတဲ့ ၃ဝကျော် လေးဆယ်ပိုင်းရောက်လာတော့ ရဲဘော်ရဲဘက်ဆိုပြီးသုံးနှုန်းလို့ ……..
ဟောတော့ သက်တော် ငါးဆယ်ကျော် ခြောက်ဆယ်လောက်ရောက်လာတော့
ငယ်က ကျန်တဲ့ရုပ်ကလေးလဲ ပျက်ယွင်းလို့ တွန့်ခေါက်လာတဲ့ပါးရေနားရေတွေနဲ့ဝေသီလာတဲ့မျက်ဝန်းတွေက နီးကပ်လာတဲ့ ခေါင်းတလားကို မြင်ယောင်လို့ အတွင်းစိတ်အားငယ်မှုတွေနဲ့ ဘေးက တသက်လုံးလက်တွဲလာတဲ့ ကိုယ့် ငယ်ဖေါ် ကိုယ့် လင်သား မယားသည်သာ ကိုယ့်အပေါ်အချစ်ဆုံးပါလားလို့……….