http://www.facebook.com/thevoiceweekly မှကူးယူဖော်ပြပါသည် ။

The Voice Weekly
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးစဉ်များ

၁။ ၂၉၊၁၊၂၀၁၂ ထားဝယ်ခရီးစဉ်( နေ့ခြင်းပြန်)
၂။ ၄၊၂၊၂၀၁၂ မှ ၅၊၂၊၂၀၁၂ မန္တလေးခရီးစဉ် (တစ်ညအိပ်နှစ်ရက်)
၃။ ၇၊၂၊၂၀၁၂ ပုသိမ်ခရီးစဉ် (နေ့ခြင်းပြန်)

The Voice Weekly facebook စာမျက်နှာမျက်နှာတွင် တွေ့ရှိပါသည် ။
မန္တလေး ရွာသူား များ မသိသေးပါက သိနိုင်ရန်ဖြစ်ပါသည် ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Flower News , Vol 8. No.4 မှာ စာမျက်နှာ ၅ မှာ ကျော်မြတ်ဇံ က

လှည်းတန်းဈေးအိမ်သာ ။ အငှားယာဉ် ပေါ် ဗုံးဖောက်ခွဲသူ နှင့် မြို့တော်ခန်းမတွင် ဗုံးတွေ့ရှိမိတို့၏ တရားခံများ ဖမ်းမိကြောင်းပါရှိခဲ့ပါတယ် ။ ကတုံး(ခ)ဇော်သက်နောင် ၊အောင်ကိုမင်း၊အောင်ဇော်၊ နေမျိုးသူရအောင် လေးဦးကို အင်းစိန် စီအိုင်ဒီမှ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း၊ ၄င်းတို့ လေးဦးကို ဒီဇင်ဘာ ၂၂ ရက်နေ့က မြ၀တီရဲ နှင့် ထိုင်းနိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်တို့ မြ၀တီမှာ ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း သတင်းတပုဒ်မှာ ဖတ်လိုက်ရသလို ။

အဲ့ဒီ့ သတင်းစာ မျက်နှာဖုံးမှာ ဘဲ ကျော်မြတ်ဇံက ဘဲ
ရန်ကုန်လေဆိပ်ကိုလည်း အငှားယာဉ် ငှားရမ်းပြီး ဗုံးခွဲရန် ကြံစည်ခဲ့သည့် အစီအစဉ် တွင် အကြံပေးခဲ့သော စာရွက်စာတန်းအထောက်အထားများကို သင်္ဃန်းကျွန်းရဲစခန်းမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည် ဟု ဖတ်ရပါသည် ။ သင်္ဃန်းကျွန်းရဲစခန်းမှာ ကတုံး(ခ) ဇော်သက်အောင်၊ အောင်ကိုမင်း(ခ) နေမျိုးသူရအောင် နှစ်ဦးကို စစ်ဆေးရာမှ ယခုကဲ့သို့ အထောက်အထား အချက်အလက်များကို သိရှိရခြင်းဖြစ်သည် ။သူတို့ အဖွဲ့ ကလေးဦး ၊လေးဦးထဲက အခုနှစ်ဦးက ထိုင်းနိုင်ငံမဲဆောက်မြို့ အခြေစိုက်တဲ့ VBSW အဖွဲ့မှာ ဖောက်ခွဲရေးသင်တန်း များတက်ရောက်ခဲ့တဲ့ အပြင် သင်တန်းပို့ချခြင်းတွေကိုပါ ပြုလုပ် ခဲ့တယ်လို့စစ်ဆေးသိရှိရကြောင်း ၊ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် စွမ်းအားမြင့် ကျောင်းသားများ အဖွဲ့အစည်း(VBSW) အဖွဲ့ဝင်များ ဟုပါရှိပါသည် ။

(မှတ်ချက် …..စာကျန်သွားတာလား ၊ ဘာမှားလည်းတော့မသိဘူး ၊ ကိုကျော်မြတ်ဇံ တစ်ဦးထဲရေးတဲ့ သတင်းနှစ်ပုဒ်မှာ တစ်ပုဒ်မှာ အောင်ကိုမင်း နဲ့ နေမျိုးသူရအောင် တစ်ဦးစီလို ဖော်ပြထားပြီး နောက် တစ်ပုဒ်ကျတော့ တစ်ယောက်ထဲ ဖြစ်နေပြန်ပါတယ် ။ နောက် အိမ်သာ ဗုံးခွဲမှု့က ဈေးအိမ်သာ မဟုတ်ပါဘူး ။ )
ဒီအမှားကို ထောက်ပြချင်လို့ ရေးတာမဟုတ်ပါဘူး ။ ဗုံးခွဲသူ မိပြီ ဆိုတဲ့ သတင်းတွေ့လို ရွာသူားတွေကို ရှယ်ချင်လို့ ချ ရေးရင်းကနေ သတိထားမိလာလို့ အပေါ်က မှတ်ချက်လေးတော့ ပူးတွဲထည့်ပေးလိုက်ပါတယ်။

About ကထူးဆန်း

has written 107 post in this Website..