ဘာလို့ ပန်းသီးထုတ်ကုန်တွေဟာ ကာလီဖိုးညား မှာ ဒီဇိုင်းဆွဲပြီး ချိုင်းနား မှာထုတ်လုပ်သလဲ?

စရိတ်သက်သာလို့ပေါ့ လို့ လွယ်လွယ်လေးပြောမယ်ဆိုရင်လည်း မှန်တဲ့အဖြေပါ…

ဒါပေမယ့် what lies beneath ကို သည်မှာ သည်လိုလေး ဆွဲထုတ်ထားလို့

ဘာသာပြန်ပြီး တင်လိုက်ရပါကြောင်း …။

 

 

 

သင့်ရဲ့ iPhone, iPad, Mac ရဲ့ ကျောဘက် ဒါမှမဟုတ်နောက်ဘက် ကိုကြည့်လိုက်ပါ ဒါမျိုးရေးထားတာ တွေ့ရပါလိမ့်မယ်…။

“Designed by Apple in California. Assembled in China.”

 

 

သမ္မတကြီး အပါအ၀င် အမေရိကန် အတော်များများ ဟာ ဘာလို့ Outsourced လုပ်ချထားသလဲ ဆိုတာသိချင်ပါလိမ့်မယ်…။

မနှစ်က top US technology executives တွေနဲ့ သမ္မတ အိုဘားမား ဟာ ညစာ စားပွဲ ကျင်းပခဲ့ပါတယ် …။ အဲ့သည့်မှာ Steve Jobs

ကို သည် Outsourced လုပ်ထားတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို states ကို တတ်စွမ်းသမျှ ပြန်ယူဆောင်ပေးနိုင်မလား

လို့ မေးခဲ့ပါသတဲ့ ..။ Steve ကတော့ သည်ကိစ္စဟာ ဖြစ်နိုင်ခြေ လုံးဝ မရှိပါဘူး လို့ …ရတိပြတ် ငြင်းဆိုခဲ့ပါတယ်…။

 

ဘာလို့ မဖြစ်နိုင်ရသလဲ ….ဘာလို့ Apple Inc. ရဲ့ မှော်ဝင်ထုတ်ကုန်တွေကို States မှာ ထုတ်လုပ်ဖို့ မဖြစ်နိုင်ရတာပါလဲ ..။

ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောရရင် အမေရိကန်အခြေစိုက် လူသုံး လျပ်စစ်ပစ္စည်းထုတ်လုပ်သူတွေဟာ ဘာလို့ ထုတ်ကုန်တွေကို

ပြည်တွင်းမှာ ထုတ်လုပ်ပြီး အလုပ်အကိုင် တွေ ပေါကြွယ်ဝစေခြင်းဖြင့် ကျနေတဲ့ စီးပွားကို ပြန်လည်မြှင့်တင်ပေးဖို့

မဆောင်ရွက်ကြသလဲ …??

 

 

The New York Times ဟာ သည်မေးခွန်းကို မေးခဲ့ ပါတယ် … Apple က ယခင်နဲ့ ယခု CEOs တွေကို မေးခဲ့ပါတယ်

အဲ့သည့်နောက် အလွန်အမင်း အသေးစိတ် သုသေသနပြုခဲ့ပြီး ထွက်လာခဲ့တာကတော့ ထိတ်လန့်စရာကောင်းလောက်တဲ့ အမှန်တရား

တခုပါ...အဲ့ဒါကတော့ အမေရိကားမှာ ထုတ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး ဆိုတဲ့ အချက်ပါပဲ ...။ အမေရိကန်ရဲ့ infrastructure နဲ့ လုပ်သားထု

အနေအထားဟာ Apple ရဲ့ ပစ္စည်းတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ အဆင့် လယ်ဗယ်လ် တခုမှာ ရှိမနေပါဘူး ..ပြောရရင် နီးတောင်မနီးစပ်တဲ့

အနေအထားပါ ။

 

တရုတ်ပြည်က Apple ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံမှာ ၀န်ထမ်း အင်အား ၂၃၀ ၀၀၀ (၂သိန်း၃သောင်း) ရှိပါတယ်..။

US မှာ ထို လူဦးရေ ထက်ပိုတဲ့ မြို့ ဆိုလို့ ၈၃ မြို့ရှိပါတယ် ….။ ဒါဟာ စုစုပေါင်း လူဦးရေ ဖြစ်ပြီး ..အလုပ်လုပ်ကိုင်နိုင်စွမ်း

ရှိတဲ့လူဦးရေဟာ စုပေါင်း လူဦးရေ ရဲ့ 65% သာ ဖြစ်တာမို့လို့ ..သည်လောက် လုပ်သားဦးရေ ဖြည့်ဆည်းပေးနိုင်တဲ့ မြို့ဆိုလို့

မြို့ပေါင်း ၅၀ ပဲ ရှိတာပါ… ။(မြို့ ကလူတိုင်း Apple စက်ရုံမှာ လုပ်ရမှာနော…) ။ သည်တော့ သည်လူ ရင်းမြစ်ဟာ

အကြီးဆုံးမြို့ဖြစ်တဲ့ New York ရဲ့ စုပေါင်းလူဦးရေ 3% ဖြစ်နေပါတယ်.. ။မြို့သား ၁၀၀ မှာ ၃ယောက်က ပန်းသီးဖုန်းတွေ

ထုတ်ရမယ်ပေါ့ ….။ ဒါကြောင့် ဖြစ်နိုင်ချေ မရှိဘူး လို့ ဆိုလိုတာပါ..။

 

 

လွန်ခဲ့တဲ့ နှစ်အနည်းငယ် တုန်းက Foxconn(Apple Product ထုတ်လုပ်သူ တရုတ်ကန်ပနီ)ရဲ့ လုပ်ငန်းခွင် အနေအထားနဲ့

ပါတ်သတ်ပြီး အသံတွေအတော် ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ဖူးပါတယ်…။စက်ရုံဝန်းထဲမှာပဲ လူ ၂သိန်း၃သောင်းထဲက

အများဆုံး လူ ၆သောင်းလောက်ကို စက်ရုံပိုင် ၀န်ထမ်းအိမ်ယာတွေနဲ့ ထားရှိပါတယ်..။ Foxconn City ဆိုတဲ့ အဲ့သည့် စက်ရုံ

နေရာကြီးက ၀န်ထမ်းတွေဟာ တပါတ် ၆ရက် ၁ရက် ၁၂နာရီနှုန်းနဲ့ အလုပ် လုပ်ကြရပြီး ၁ရက် ၁၇ဒေါ်လာ နှုန်း သာရကြတာပါ..။

(၁ဒေါ်လာ ၈၀၀ကျပ် နှုန်းနဲ့ဆို – ၁ရက် ၁၃၆၀၀ကျပ် နဲ့ တလ-၂၂ရက် နှုန်း ဆို ၂၉၉၂၀၀ ကျပ်) ၃သိန်းနီးပါးသာ လခ ရကြတာပါ..။

Americal standards အရတော့ ဒါဟာ လူမဆန်မှု ၊ လူသားချင်း မစာနာမှု လို့ ပြောစရာဖြစ်ပေမယ့် တရုတ်ပြည်မှာတော့ သည်

အလုပ်ကိုပဲ လူကြိုက်များလှပါတယ်…။ ယခင် Apple ရဲ့ worldwide supply demand manager : Jennifer Rigoni ကသည်လို

ဆိုပါတယ်…။ Foxconn မှာ ညဆိုင်း အလုပ်ဆင်းဖို့အတွက် လူ၃၀၀၀လောက် ပြင်ဆင်ထားရှိပါတယ်တဲ့..။

 

 

တရုတ်တွေဟာ ကုန်ထုတ်စွမ်းအားမှာ scale, speed နဲ့ efficiency မှာ US လုံးဝမယှဉ်သာတာတွေ သက်သေပြနိုင်တဲ့

ဥပမာ ဥပမေယျ ကောင်းတွေ အများကြီး ရှိပါတယ်..။ အစိတ်အပိုင်း A ကို slot B တွင် တပ်ဆင်တဲ့ အလုပ်ကို လုပ်နေတဲ့ လူ၂သိန်း

ကျော်ခန့်ဟာ ပညာရပ်ဆိုင်ရာ တတ်ကျွမ်းမှုမရှိတဲ့ ၀န်ထမ်းအင်အားစု သက်သက်သာဖြစ်ပြီး ၊ သူတို့ ကို ရှုထောင့်အစုံက ကြီးကျပ်နေတဲ့

အင်ဂျင်နီယာ က အယောက် ၈၇၀၀ ပါ။ သည်လူတွေရဲ့ လုပ်ငန်းကျွမ်းကျင်မှု ကတော့ Times ရဲ့ စစ်တမ်းအရ US က qualified

engineers အချိန် ၉လ ကြာအောင် ဖြေရှင်းရမယ့် ပြသနာ အခက်အခဲမျိုးတွေကို အနှီ ငတိတွေ ၁၅ရက်နဲ့ အပြီးရှင်းနိုင်ပါသတဲ့..။

(အဲ့လောက် တော်နေသလား ..မဖြစ်နိုင်ဘူး …လို့ မငြင်းကြပါနဲ့ ခင်ဗျား ….pre-caution မယူတာ …laws တွေ rules

တွေ မတင်းကျပ်တာ… documentation works တွေ မဖိစီးတာ နဲ့တင် reverse-engineering နဲ့တင် အချိန်အတော် အကုန်

သက်သာပေါကြောင်း- စကားချပ်..)

 

CPU ဖြစ်တဲ့ A5 Processor ကလွဲရင် အများစုသော iPhone အစိတ်အပိုင်းတွေကို နိုင်ငံရပ်ခြားမှာ သီးခြားစီ ထုတ်လုပ်ကြပါတယ်.။

ပြီးတော့မှ Foxconn မှာ တပ်ဆင်ယူတာပါ…။ အမေရိကန် အခြေစိုက် စက်ရုံတခုခုမှာ သာ လုပ်မယ် ဆိုလို့ကတော့ …သည်ပစ္စည်းတွေ

ရဲ့ သင်္ဘောတင်ခ တခုတည်းကပင် အလွန်ပင် စ၇ိတ်ထောင်းနိုင်ပါတယ်…။ထို့အပြင် ထုတ်လုပ်မှု တိုင်မင်လည်းအောက်သွားနိုင်ပါတယ်။

ထုတ်လုပ်မှု လုပ်ငန်းတွေကို outsourced လုပ်ချပစ်ခြင်းရဲ့ ခုခံကာကွယ်တဲ့နေရာမှာ ရိုးရာလို သုံးနေတဲ့စကားလုံးက စရိတ်ပါ…။

US မှာ လုပ်ရင် စရိတ်ပိုထောင်းမယ် ဖြစ်ပါတယ်..။ ဒါဟာ ဘာကို ရည်ညွှန်းသလဲဆို ..၀န်ထမ်းတွေကို လုပ်ခ ပိုပေးရမယ်..

ခံစားခွင့်ပိုပေးရမယ် အာမခံ ပိုထားရမယ် အခွန်အတုတ် ပိုထမ်းရမယ်. .အရာရာ စရိတ်ပိုလာပါမယ်။ ကန်ပနီတွေဟာ အကျိုးအမြတ်

အတွက် ရပ်တည်တာပါ ..သည်တော့ ကတ်စတမ်မာတွေဟာ ပိုဈေးကြီးကြီးပေးသုံးရဖို့ ရှိလာပါလိမ့်မယ်..။

 

US မှာ သာ iPhone ထုတ်ရင် ဒေါ်လာ ထောင်ချီ တန်ပါလိမ့်မယ်..။ အခြားအခြားသော ၀န်ဆောင်မှုစရိတ်တွေ ထည့်တွက်မယ်ဆိုရင်

iPhone 4S 16GB ဟာ ဒေါ်လာ၁၀၀၀ အနည်းဆုံး ပါပဲ ..။

ကုန်ကျစရိတ် တစ်ခုတည်း ဟာ outsourcing အတွက် အကြောင်းပြချက်မဟုတ်ပါဘူး …။ Apple ရဲ့ တရုတ်ပြည်မှာ ထုတ်ဖို့

ဆုံးဖြတ်ချက်ကိုပဲ ကြည့်ရင် ကမ္ဘာမှာ အမြန်ဆုံး နဲ့ အများဆုံး ထုတ်လုပ်နိုင်တဲ့ နေရာဖြစ်ပြီး Apple ရဲ့ လိုအပ်ချက်အရ

စက်ရုံဘက်က လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲပေးနိုင်လို့ပဲဖြစ်ပါတယ်။

လက်ရှိ Apple executive က သည်လိုပြောပါတယ် “US ဟာ ကျနော်တို့ လိုအပ်တဲ့ skill ရှိတဲ့ လူ့စွမ်းအား ရင်းမြစ်

ထုတ်လုပ်မှု ကိုရပ်ထားလိုက်ပြီး ဖြစ်ပါတယ် “တဲ့

(စကားလှ အောင်ပြောတာပါ …တကယ်က သူလိုချင်တာဟာ ဈေးချိုတဲ့ unskilled labourပါ ..ပညာရေး လူမှုရေး စီးပွားရေး နိုင်ငံရေး

အစစ မြင့်တက်နေတော့ ခပ်ညံ့ညံ့ ရှားသွားတာလည်း ၁ဒုက္ခပါလားနော်….)

 

 

iPhone ရဲ့ အစောပိုင်း ကာလတွေတုန်းက ပုံပြင်လေး တစ်ခုပါ..။ခုတော့ ယုံရခက်ကြီးပေါ့ …။ မူလ iPhone ရဲ့ screen ဟာ

ခြစ်ရာပွန်းရာ အလွယ်တကူထင်ကျန်စေတတ်တဲ့ ပလတ်စတစ်နဲ့ ထုတ်ဖို့ ရည်ရွယ်ခဲ့ဖူးပါတယ်တဲ့..။

၂၀၀၇ခုနှစ် နှစ်လည်ပိုင်းမှာပေါ့ … iPhone ထွက်ဖို့ ၁လခန့်အလိုမှာပါ …Steve ဟာ သူ့ဂျင်းဘောင်းဘီအိတ်ထဲ ထည့်ထည့်ထားတတ်တဲ့

iPhone screen ဟာ အစင်းရာဒါဇင်ချီပြီး ထင်ကျန်နေတာ ကို သတိထားမိသွားပါသတဲ့ …။

“ငါဟာ ခြစ်ရာထင်းရာ ဖြစ်လွယ်လွန်းတဲ့ ပစ္စည်းကို ရောင်းစားမှာ မဟုတ်ဘူး …သည်တော့ဖန်သားမျက်နှာပြင်လိုချင်တယ်

ဒါကို ရက်သတ္တ၆ပါတ်အတွင်း perfect အနေအထားမြင်ချင်တယ်” လို့ဆိုခဲ့တာပါ ..။

 

 

 

Steve ရဲ့ အလုပ်မှာ တိကျပုံကို ပြောရင် ဆုံးမှာမဟုတ်တော့ဘူး ..သေချာတာတခုကတော့ သည်ဖုန်းဟာ သူ့ဟာသူ သတ်မှတ်တဲ့

standards တွေထဲမ၀င်ရင် အဆင့်မမီရင် သူရောင်းမှာ မဟုတ်ဘူး …၆လ လောက်အချိန်ယူရမယ် လို့ အများစုက ခန့်မှန်း

တွက်ချက်ထားတဲ့ ပြသနာပါ …..သည်သတင်းနဲ့ အတူ ဈေးကွက်မှာ ဦးကျိုးပြီး ရူးကြောင်ကြောင်တောင်ဖြစ်သွားနိုင်သေးရဲ့..။

သည်လိုမျိုး ဖြန့်ချိကာနီးကာမှ ပြောင်းလဲမယ် ပြင်ဆင် မယ် ဆိုတာမျိုး US ထုတ်လုပ်ရေး ဘက်မှာ လုပ်လို့ လုံးဝ မဖြစ်နိုင်ပါဘူး.

Apple ဟာ နာမည်ကျော် Corning Incorporated ကနေပြီး အစင်းမထင်တဲ့ မှန်အမျိုးအစား တစ်မျိုးကို အော်ဒါမှာယူပြီးနောက်

အချိန် ၆ပါတ်အတွင်း ထုတ်လုပ်မှု ကို စတင်နိုင်ခဲ့ပါတယ် ….။ Foxconn ဘက်ကလည်း အသစ် ပြုပြင်လိုက်တဲ့ Apple

ရဲ့ design ကို လိုက်လျောညီထွေ ပူးပေါင်း နိုင်ခဲ့လို့ပါပဲ …။

 

ဒါဟာ အမေရိကန် စက်ရုံလောကမှာတော့ ဘယ်လိုမှ အစဉ်အလာ မရှိခဲ့ဖူးတဲ့ ကိစ္စမျိုးပါ …။ဖြစ်နိုင်စရာလည်း လုံးဝမရှိတဲ့

အခြေအနေပါ…။

Apple ဟာ US မှာ ၀န်ထမ်း ၄၃၀၀၀ ကျော် အလုပ်ခန့်အပ်ထားပါတယ် ..သည်အရေအတွက်ဟာ တရုတ် စက်ရုံရဲ့ ၅ပုံတပုံသာ

ရှိပါတယ်… Apple ရဲ့ အောင်မြင်မှု ဟာ ဈေးကြီးလွန်းတဲ့ US ထုတ်လုပ်မှု စနစ်ကို မသုံးခဲ့လို့ လို့ ငြင်းမယ်ဆို ငြင်းနိုင်ပါတယ်…

သို့သော် ဘယ်တော့မှ Apple ဟာ US ထုတ်လုပ်မှု စနစ်ကို အသုံးပြုမှာ မဟုတ်လို့ပါပဲ ….။

(Outsoruce အလုပ်ကောင်းလို့ စီးပွားပျက်တယ် ပြောကြပါတယ် … သည်စာ စုကတော့ Outsourced မလုပ်ဘဲ ….ပေပြီး

ပြည်တွင်းမှာသာ ဈေးကြီး ကြီးနဲ့ ထုတ်ရင် ကုန်ချောလည်း ဈေးတက်လာမယ် သုံးနိုင်တဲ့လူလည်း နည်းလာမယ်…အမြတ်အစွန်း

နည်းလာပြီး ရောင်းမကောင်းတဲ့ ပစ္စည်းတွေ ပုံလာလို့ ကန်ပနီ ပျက်ရင် အလုပ်လက်မဲ့ပိုပေါလာမယ် စီးပွားပိုကျလာမယ်….

စီးပွားပျက်တဲ့ကိစ္စမှာ “ဟာ” နေတဲ့အချက်တွေကို ပြန် “သ” ဖို့ မလုပ်ဘဲ …Outsourced ကြောင့် အလုပ်အကိုင် အခွင့်အလမ်း

ဆုံးရှုံးရတယ်ဆို ပြီး အော်နေတာတွေ ရပ်သင့်ကြောင်းရယ် … Outsourced က တဖက်တလမ်းက သွယ်ဝိုက် ကျားကန်ပေးထားတယ်

ဆိုတာကို ထောက်ပြချင်တာလို့ ယူဆပါတယ်…. )
ခင်တဲ့
ဖားသက်ပြင်း..

 

 

 

Ref: Why Apple’s products are ‘Designed in California’ but ‘Assembled in China’ by Chris RawsonJan

http://www.tuaw.com/2012/01/22/why-apples-products-are-designed-in-california-but-assembled/

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011