အောင်သွယ်တော်ဖိုးရွှေလမင်းရယ်တိမ်ထဲကိုဝင်ကာမပြေးနဲ့…ခုခောတ်မှာ အောင်သွယ်တော်က ဖိုးရွှေလမင်းမဟုတ်တော့ပါဘူး…ခုခောတ်အောင်သွယ်တော်ကတော့ gmail ..gtalk skype ….ခောတ်ကိုပြောင်းလဲသွားခဲ့ပါပြီ…ယခုတစ်ပတ်ပေါ်ပြူလာဂျာနယ်မှာ ဖတ်ရှူ့လိုက်ရတဲ့ အတွက်ရွာသားတွေ ဖတ်စေချင်တဲ့ ဆန္ဒနဲ့ပေထက်အက္ခရာတင်ပေးလိုက်ရပါတယ်။

လမင်းနဲ့မိတ်ဖွဲ့ပေးချင်တယ်
ဦးမျိုးတင့်ကြည်

“နေမှိန်မှိန် ဆင်ပေါ်တော် ရွှေပုသိမ်က မောင်လာချိန်နီး…….”
နေလုံးနီနီ ညနေစောင်းကတည်းက မျှော်သော်လည်း ပေါ်မလာခဲ့။ အိမ်အပြင်ထွက်၍ ကုလားထိုင်လေးတလုံးမှာ ထိုင်ပြီးစောင့်သည်။ ချုပ်ရည်ဆည်းဆာချိန်ရောက်မှ မြေးတော်လေး ပေါ်လာသည်။ မလှမ်းမကမ်းရှိ သူ့အိမ်မှ ဘက်ထရီဖြင့် မောင်းသောကလေးစီး မော်တော်ဆိုင်ကယ် စီးပြီး ရောက်လာသည်။ သူ့အမေက ဘေးမှလမ်းလျှောက်လိုက်လာသည်။
“သားက ကျောင်းပြန်တာနောက်ကျလို့ ခုမှ လာနိုင်တာအဖေရေ” ဟု ဆင်ခြေပေးသည်။ မြေးကလေး မျက်နှာကို မြင်လိုက်ရတော့ ရင်ထဲမှာ ကြည်နူးရွှင်လန်းသွားသည်။ သင်းကလေးမျက်နှာကို ကြည့်လိုက်တော့ တနေကုန်ကျောင်းတက်နေ၍ နွမ်းနယ်နေပုံရသော်လည်း ဘက်ထရီဖြင့်မောင်းရသော ဆိုင်ကယ်အသစ်လေးကို စီးရ၍ ရွှင်ပြနေပုံရပါသည်။ မြေးကလေးသည် (၄)နှစ်သာရှိသော်လည်း မူကြိုကျောင်းတော်သားကြီးဖြစ်နေပေပြီ။ “ကလေးငယ်ပါသေးတယ်၊ ဆော့ပါစေဦး၊ ကျောင်းမထားပါနဲ့ဦး” ဟု ပြောသော်လည်း သူ့မိဘကမရ၊ မူကြိုမထားရင် သူငယ်တန်းမှာ စာမလိုက်နိုင်ဖြစ်မယ်ဟု အကြောင်းပြချက်ကြောင့်လည်း မတားသာပါ။
အိမ်အပြင်ရှိ အဘိုး၏အနမ်းကို တစ်ချက်မျှခံယူပြီး အိမ်ထဲဝင်ကာ အဘိုးစားပွဲပေါ်မှ iPad ကိုတန်းဆွဲသည်။ နေပါဦးကွလို့ တားလို့မရ။ (အိုင်ပက်) (အိုင်ပက်) နှင့်တစာစာတောင်းသည်။ သူ့ဖာသာသူခလုပ်ဖွှင့်၊ ပရိုဂရမ်ရွေး၊ Game ဆော့ပြီး၊(အိုင်ဖုန်း) နှင့်နောကျေအောင်ဆော့တတ်သူမို့ အိုင်ပက်ကသူ့အတွတ်မခက်လှ။ Application များစွာထဲမှ Game ကိုသူရွေးတတ်သည်။ နာမည်ကျော် Angry Bird ဂိန်းကို Level မျိုးစုံရွေးချယ်၍ ကစားတတ်သည်။ ကားမောင်းသည့် Game ကိုသူလက်တွေ့သည်။ ABCD မျှသာသိသော်လည်း ဘယ်နေရာကိုနှိပ်လျှင် ဘာဖြစ်မည်ကို သူသိသည်။ Google ဖြင့် ပြိုင်ကားပုံများကို ရှာ၍ သူကြိုက်သော ကားပုံများကို Save နေတတ်သည်။ တခါတရံမျှသာတွေ့ရသော အဘိုးက သူ့စကားကြားရဖို့အရေး အဘိုးက ၀င်ရောက်ကားမောင်းပြီး ရောရပါသေးသည်။ အဘိုးကမမောင်းတတ်၍ ကားမှန်များကွဲပြီဆိုလျှင် “အဘိုးကလည်း ဒါလေးတောင်မသိဘူးလား” ဟု ဆရာပြန်လုပ်တတ်သည်။ သူဆရာလုပ်တာလေးကိုပဲ အရသာခံရပါသည်။
ဆော့၍အားရတော့ သူပြန်သည်။ မပြန်စေချင်သေးပါ။ မြေးအဘိုးနှစ်ယောက် ခြံထဲမှာထိုင်ချင်သေးသည်။ (၂) နှစ် (၃) နှစ်သားတုံးကတော့ အဘိုးရင်ခွင်မှာနေပြီး မပီကလာ ပီကလာဖြင့် စကားတွေ တွတ်ထိုးတတ်ပါသည်။ အဘိုးပြောသမျှကိုလည်း မျက်လုံးလေးကလယ်ကလယ်နှင့် ချစ်စဖွယ် ငေးမောနားထောင်တတ်ပါသည်။ ယခု (၄) နှစ်သားမူကြိုကျောင်းသားကြီးဖြစ်လာတော့ အဘိုးကိုတွတ်တီးတွတ်တာပြောချိန်မရတော့။ သူ့အမေပြော၍ ပြန်အထွက်မှာ ကပျာကယာဦးတော်တော့လုပ်သွားပါသည်။ သူ့မျက်လုံးကတော့ သူ့လက်ထဲမှာ ရှိနေသော ကာတွန်းကားအခွေက အရုပ်ကလေးတွေ ပေါ်မှာ……။
သြော်…….အဘိုးမှာလည်း “ရွှေယုံနဲ့ ရွှေကျား သက်ငယ်ရိတ်သွားသတဲ့” လို့ ပုံပြင်များ သူ့ကိုပြောရန်အခြေအနေမပေး။ သူ့မိဘကလည်း အချိန်ပေးနိုင်ပုံမပေါ်။ Donalduck နဲ့သာ မြေးကလေး အိပ်ရာဝင်ရရှာပေလိမ့်မည်။
ဘုရားသိကြားမလို့ …….မြေးကလေးမအိပ်ခင် ဘုရားကို ဦးတော်လုပ်နိုင်ပါစေ။
X X X
မြေးကလေး ပြန်သွားတော့  ညချမ်းအချိန် ခြံထဲသို့ ဆင်းပြီးထိုင်သည်။ လျှပ်စစ်မီးအားလုံးပိတ်။ ကောင်းကင်သို့ မော့ ပြီးလမင်းကိုကြည့် ဖြစ်သည်။ သူ့ ကိုဂရုမစိုက်သည်မှာကြာပြီဖြစ်၍ လမင်းကလည်း ကိုယ့် ကို လှည့် ရှောင်တိမ်းနေသည်ထင့် ။မတွေ့ ရ။ ကြယ်ရောင်ပျပျလေးကို ကြည့် ၍ သာဖြေရပါသည်။
`ဖိုးလမင်းရေ ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ ပေးပါ.. ၀ါ.. ၀ါ.. ၀ါ.. ၀ါ.. ´ အမေက ညီငယ်၊ ညီမငယ်များ လသားအရွယ်တွင်ကောင်းကင်ကိုမော့ ၍ တင့် ရွှန်းသာယာနေသော ဖိုးလမင်းကြီးကိုပြ၍ ချော့ မြူးတတ်သည်။ စကားမပြောတတမ်သော ကလေးငယ် က´၀ါ ၀ါ …၀ါ ၀ါ´လောက်ကိုတော့ လိုက်ဆိုတတ်သည်။ ကလေးငယ်`၏ ပါးစပ် ကို လက်ဖြင့်  ဖွင့် ချည် ၊ ပိတ်ချည် လုပ်ပေးသဖြင် ၀ါ ၀ါ… အသံထွက်သည်ကို ကလေးငယ်က ပြုံးပျော်နေ၍ နေတတ်ပါသည်။ ကိုယ်လသားအရွယ်ကလည်း သည်သို့ သာပဲဟု မမှတ်မိသော်လည်း တွေးသိနိုင်ပါသည်။ လရောင်၏` အေးမြမှုကို အမေက မိတ်ဆက်ပေးသည်။ လမင်းကကျွေးသည့် ထမင်းကိုစား၊ လမင်းက သင်ပေးသော စကားဖြင့်ကျွန်တော်တို့လူးလားမြောက်ခဲ့ သည်။ လရောင်အောက်တွင် ခုန်ပေါက်ပြေးလွှားကစားမြူးထူးရင်း ပျော်ရွှင်ကြည်နူးခဲ့ ကြသည်။ အရွယ် ရောက်လို့ လာပြန်တော ရင်ခုန်ပွင့် သစ်တို့  နုမျစ်ရွှန်းဝေ အောင်သွယ်တော် ဖိုးလမင်းကြီးရေလို့ တကြရပြန် ။လွမ်းတော်မူတော့  ရွှေစာတွေစီရင်း မျက်နှာချင်း လမင်းမှာဆုံစို့ နော်လို့  အချိန်းအချက်ပြူ ။ ထို နံရောအခါက Chatting မရှိ ၊ Skype မရှိ ၊ iPhone မရှိ ၊ လမင်းကြီးသာ facebook ပါ။
လိုချင်တာတွေရပြန်တော့ လည်း မတင်းတိမ်။ လဘော လောဘရဲ့  ကြိုးကြိမ်ဒဏ်တွေသင် ၊့ လမင်းရဲ့  မျက်နှာကတော့ ဘယ်အခါ ကြည့် ကြည့် အေးမြပါ၏ ။မှိုင်းတညို့ ညို့ တောင်းတန်းတွေ၊စိမ်းစိုသော လယ်ကွင်းတွေ၊ ပြာရီလဲ့ သော ရေပြင်တွေ၊မြင်ကွင်းတွေ၊ ဘ၀တွေ၊ အထိုင်တွေဘယ်လို ပြောင်းသော်လည်း လရောင်အောက်သို့ ရောက်သော် အရာရာ သည် လှပနေမြဲ ဖြစ်သည်။ အံ့ သြစရာပေ။ “ဟိတ်ကောင်…အံ့ သြမနေပါနဲ့ ကွာ…။ ဘယ်ခါမဆို အလှပိုနေမှာပေါ့ကွ… လောကကို ငါပတ်ဖျန်းထားတဲ့  လရောင်ဆိုတာ… ငြိမ်းချမ်းခြင်းတွေ၊ငြိမ်သက်ခြင်းတွေ၊ ကြင်နာခြင်းတွေ၊ ခွင့် လွှတ်ခြင်းတွေနဲ့ ပေါင်းစပ်ကြိတ်ညှစ်လို့  ထွက်လာတဲ့  အလင်းရည်၊ အလင်းဆီ၊အလင်းနှစ်တွေလေ “ ဖိုးလမင်းကြီးကအသံတိတ်သင်ခန်းစာ များပို့ ချပေးခဲ့ သည်။
သြကာသလောက ၊ သတ္တလောက၊ သင်္ခါရလောက လောကသုံးပါးလုံးကို လှကြောင်းတရား၊ အေးကြောင်းတရားများကိုလရောင်ကို ချစ်တတ်မှ ရိပ်မိလာသည်။ သော်တာငွေလ ကျွန်ုပ်တို့ ၏ ပါမောက္ခ။
မြို့ ပြ၏` မွန်းကျပ်မှုများ၊ခေတ်ပေါ်ကိရိယာ၏ ဆန်းကြယ်မှုများ၊ဈေးကွက်၏ စိန်ခေါ်မှုများ၊ ဇနီးမယားများနှင့်  စီပွားဥစ္စာ၊ရာထူးဂုဏ်သိမ်၊ဘ၀ကြိုးလိမ်များရစ်ပတ်ဖွဲ့ နှောင်ကာ လမင်းသာသည်ကို မေ့ လျော့ နေတာကြာတောင်းကြာပေါ့ ။
သတိရ၍ ပြန်လှည့် ကြည့် တော့ ကောင်းကင်မှာကြည့်  လမင်းမရှိ၊ အိမ်ဦးခန်းမှာအမေမရှိ၊ နှလုံးသားမှာ ချစ်သူမရှိ၊ သြော်…တော်ပါသေး၏ ၊ မြေးကလေးရှိ ။
သည်မြေးကလေးသည် အဘိုး၏` ပီိတိဖြစ်သည်။ အဘိုး၏` မျှော်လင့် ချက်ဖြစ်သည်။ သည်မြေးကလေး ကံကထူးပါသည်။ သင်းအဘိုး ထလပတ်ပြား(ထန်းလက်ဖတ်အပြား)ကို မြင်းလုပ်စီးသည့်  ခေတ်၊ သင်းအဖေ ဗိုလ်အုန်းသီး အနိုင်နိုင်စီးရသည့် ခေတ်၊ သင်းက လျှပ်စစ်မော်တော်ဆိုင်ကယ်စီးလို့ ၊ ဥာဏ်ကလည်းထူးမည့် ပုံပါ ။
တစ်နေ့ သောအခါ သင်းကလေးသည် မြန်မာဘီလ်ဂိတ်ဖြစ်နိုင်ပါသည်။ မြန်မာစ တိဗ်ဂျော့ ဖြစ်နိုင်ပါသည်။ မြန်မာတိုယိုတာဖြစ်နိုင်ပါသည်။ မြန်မာအိုဘားမား ဖြစ်လာနိုင်ပါသည်။ သို့ သော် သည်လို ပုံဖြင့် တော့ သင်းကလေးသည် လရောင်ကို ချစ်တတ်သူဖြစ်ရန် မသေချာပါလေ။
အဘိုးတစ်ယောက်၏` မေတ္တာဖြင့် မြေးကလေးအနာဂတ်ကို ခြယ်မှုန်းရမည်ဆိုပါက´မြေးကလေး ဘာကြီးညာကြီးတွေဖြစ်သည် ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ…လရောင်ကိုချစ်တတ်သူတော့  ဖြစ်ကိုဖြစ်စေချင်ပါသည်။
မြေးကလေးနှင့် မြေးအရွယ်ကလေးများကို လမင်းနှင့် မိတ်ဖွဲ့ ပေးရပါဦးမည်။
သြော် …မေ့ တော့ မလို့ ။
လမင်းနှင့်  ကင်းကွာတာ ကြာပြီဖြစ်သော အဘိုးများ ၊အဖေများကိုလည်း လမင်းနှင့်ပြန်လည်ဆက်သွယ်ရန် အကြောင်းကြားဖို့  လိုသေးရဲ့ ဟုလည်း တွေးနေမိပြန်ပါလေရော။
ဦးမျိုးတင့်ကြည်
ပေါ်ပြူလာဂျာနယ်..အတွဲ(၁၆) အမှတ်(၄)(၂၄-၁-၂၀၁၂)(အင်္ဂါနေ့)

About chityimhtoo

has written 77 post in this Website..