What We Expect Of You သင့်ကို ကျွန်ုပ်တို့ မျှော်လင့်ထားသည်မှာ

black chawJanuary 23, 20122min27528

ဆရာမကြီး TTNU ၏ အလုပ်နှင့်စရိုက် ပို့စ်လေးကို ဖတ်မိတဲ့အခါ ဖြတ်သန်းခဲ့ဘူးတဲ့ လုပ်ငန်းခွင်ဘဝလေးတွေကို ပြန်လည်
သတိရနေမိပါသည်။ လုပ်ငန်းခွင်တစ်ခုမှာ ကြုံခဲ့ရသော ဝန်ထမ်းတစ်ယောက်ထံမှ ကုမ္ပဏီ၏ လိုအပ်ချက်တစ်ချို့ကို ပြန်လည် မျှဝေပေးချင်ပါသည်။
သူငယ်ချင်း ဝန်ထမ်းတစ်ယောက်၏ ဘာသာပြန်ပေးထားခြင်းသာ ဖြစ်ပါသဖြင့် ဘာသာပြန်အလွဲလေးများ အနည်းငယ်ရှိနေခဲ့လျှင် ကြိုတင်တောင်းပန်ပါသည်။ စာဖတ်သူတွေအနေနဲ့ လိုအပ်တာကို ယူပြီး မလိုအပ်ဘူးထင်ပါလျှင် ဖတ်ပြီး တာနဲ့ မေ့ပစ်လိုက်လို့ရပါသည်။

What We Expect Of You
သင့်ကို ကျွန်ုပ်တို့ မျှော်လင့်ထားသည်မှာ

When you come to work here, you must raise your sights! Our objective is excellence.
သင်ဤနေရာသို့ အလုပ်လာလုပ်လျှင် သင့်အမြင်အာရုံများကို မြှင့်တင်ထားရပါမည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်သည် အကောင်းဆုံး ဖြစ်သည်။

1. Give your utmost. The more you put in, the more you’ll get out.
၁။ အတတ်နိုင်ဆုံး သင်မျှပေးပါ။ သင်များများပေးလေလေ သင်များများ ရလေလေ ဖြစ်သည်။

2. Be a master of your subject. Make no mistakes. Always have the urge to improve yourself. Never be content with standing still.
၂။ သင့်အလုပ်ကို သင် ပိုင်နိုင်ပါစေ။ အမှား မလုပ်ပါနှင့်။ ကိုယ့်ကိုယ်ကို မြှင့်တင်တိုးတက်နိုင်ရန် အမြဲ
ဆန္ဒရှိပါ။ မိမိ နေရာ၌ ရပ်တန့်နေခြင်းမျိုးနှင့် ကျေနပ်မနေပါနှင့်။

3. Show initiative. People who get ahead are the ones who do things
which nobody asks them to do.
၃။ ရှေ ့ဆောင်နိုင်မှု စွမ်းရည်ပြသပါ။ တစ်ခြားသူများရှေ ့တွင်ရောက်နေသူများသည် ခိုင်းစရာမလိုပဲ လုပ်တတ်ကြသူများ ဖြစ်သည်။

4. Be punctual. Hard work is measured not only in hours. But it starts there. We value people who are on the job at the proper time, who are punctilious about hours, who can be counted on in the emergency after regular office hours. Since most of us are not geniuses, our lot in business is determined mainly by how hard we work.

၄။ တိကျပါ။ အလုပ်ကြိုးစားခြင်းကို အချိန်နာရီဖြင့်သာ တိုင်းတာသည်မဟုတ်ပါ။ သို့ရာတွင် ၎င်းမှပင် စတင်သည်။ သင့်တင့်သော အချိန်တွင် အလုပ်ခွင်၌ ရှိနေသူများ၊ နေ့လယ်စာစားချိန်မှန်ကန်သူများ၊ ပုံမှန်ရုံးချိန် ပြင်ပတွင် အရေးပေါ်ကိစ္စအတွက် အလုပ်လုပ်ပေးနိုင်သူများကို ကျွန်ုပ်တို့ တန်ဘိုးထားပါသည်။ ကျွန်ုပ်တို့သည် ကျွမ်းကျင်သူပါရမီရှင်များ မဟုတ်ကြသည့်အလျှောက် ကျွန်ုပ်တို့လုပ်ငန်း၏ ကံကြမ္မာသည် ကျွန်ုပ်တို့ မည်မျှအထိ အလုပ်ကြိုးစားသည် ဆိုသည့် အချက်အပေါ်တွင် တည်မှီနေပါသည်။

5. We are proud of our office. Let’s keep it as neat and tidy as our own home.
So don’t stack papers on the floor. Keep the top of file cabinets clear. File correspondence immediately.

၅။ ကျွန်ုပ်တို့ ရုံးခန်းအတွက် ကျွန်ုပ်တို့ ဂုဏ်ယူသည်။ ကျွန်ုပ်တို့ ကိုယ်ပိုင်အိမ်ကဲ့သို့ သပ်ယပ်သန့်ရှင်းစွာ ထားကြရပါမည်။ ထို့ကြောင့် စာရွက်စာတမ်းများကို ကြမ်းပြင်ပေါ်တွင် စုပုံမထားပါနှင့်။ ဖိုင်တွဲများထားသည့် ဗီရိုထိပ်ကို သန့်ရှင်းစွာထားပါ။ စာများကို ချက်ခြင်းဖိုင်တွဲပါ။

6. We hope that you will apply your qualities of hard work, good manners and ability outside the company. We admire and value people who are good citizens in their communities – people who work for their local hospitals, schools, charities, the environment, and so on.

၆။ ကုမ္ပဏီပြင်ပတွင် သင်သည် သင်၏ အလုပ်ကြိုးစားတတ်မှုအရည်အချင်း၊ ယဉ်ကျေးသော အမူအရာနှင့် စွမ်းရည်တို့ကို အသုံးချမည်ဟု ကျွန်ုပ်တို့ ယုံကြည်မျှော်လင့်သည်။ ဒေသန ္တရ ဆေးရုံများ၊ ကျောင်းများ၊ အလှူဒါန ဌာနများ၊ ပတ်ဝန်းကျင်နှင့် တခြားအရာများအတွက် လုပ်အားပေးနိုင်ပြီး မိမိတို့၏ အသိုင်းအဝိုင်းအတွင်း နိုင်ငံသားကောင်းပီသသူများကို ကျွန်ုပ်တို့လေးစားတန်ဘိုးထားပါသည်။

7. Have fun! Great work comes best from happy people. Take the work seriously, but not yourself. Laugh a lot. Everyone wants to work for an enthusiast. It goes with success. We hope you’ll feel at home very quickly, and that you enjoy the experience of being here.
၇။ ပျော်ပျော်နေတတ်ပါ။ ပျော်ပျော်နေတတ်သော လူများထံမှ ကြီးမြတ်သော အလုပ် ထွက်ပေါ်လာတတ်ပါသည်။ သင့်ကိုယ်သင် မဟုတ်ပဲ အလုပ်ကိုသာ လေးလေးနက်နက် ထားပါ။ အကြိမ်များများ ရယ်တတ်ပါ။ တက်ကြွထက်သန်သောသူအတွက် လူတိုင်းအလုပ်လုပ်ချင်ကြသည်။ ၎င်းသည် အောင်မြင်မှုနှင့်လည်း ဒွန်တွဲတတ်ပါသည်။ သင်သည် ကိုယ့်အိမ်ကိုယ့်ယာတွင် နေထိုင်သကဲ့သို့ သက်တောင့်သက်သာနေထိုင်တတ်ပြီး ဤနေရာတွင် သင်နေရခြင်း၏ အတွေ့အကြုံအတွက် သင်ပျော်ရွှင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ထားပါသည်။

အဲဒါလေးတွေပါဗျာ။ သိတ်အရေးမကြီးဘူးထင်တဲ့ အချက်တွေကို ဖြုတ်ထားခဲ့ပါတယ်။

ကျေးဇူးပါ။

28 comments

  • စိန်ပေါက်ပေါက်

    January 23, 2012 at 5:00 pm

    အကုန် အရေးကြီးပါတယ် ကိုဘလက်ရေ
    သဘောပေါက်ပါပြီ
    ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်အောင် များကြီး ကြိုးစားရဦးမယ်ဗျာ

  • ဦးဦးပါလေရာ

    January 24, 2012 at 12:18 am

    ကောင်းတယ်ဗျာ
    ဖတ်ရတာတော်တော်ထိတယ်။
    ကူးပြီး ကိုယ့်ကိုယ်ကို သတိပေးဘို့ စားပွဲဘေးမှာ ကပ်ထားဦးမယ်။

  • padonmar

    January 24, 2012 at 12:52 am

    “ရှေ ့ဆောင်နိုင်မှု စွမ်းရည်ပြသပါ။ တစ်ခြားသူများရှေ ့တွင်ရောက်နေသူများသည် ခိုင်းစရာမလိုပဲ လုပ်တတ်ကြသူများ ဖြစ်သည်။”
    ဒါလေး အထူးသဖြင့်ကြိုက်ပါတယ်။

    ကိုဘလက်
    တစ်ခြားသုူတွေ့ရှေ့ရောက်နေတာလည်း ဘယ်သူမှမခိုင်းပဲ ယူနေတဲ့ တံခါးစောင့်အလုပ်ကြောင့်ပဲပေါ့။

  • Khin Latt

    January 24, 2012 at 4:40 am

    လူတိုင်း သတိတရ နဲ့ အမြဲ ကျင့်ကြံနေသင့်တဲ့ အချက်လေးတွေပါဘဲ ကိုဘလက်ရေ။
    သင်းခရုပါ။ အမြဲခေါင်းထဲမှာထားပြီး ကြိုးစားကြည့်ပါ့မယ်။

  • blackchaw

    January 24, 2012 at 9:37 am

    ကျေးဇူးပါ ပေါက်ဖေါ်ရေ။
    ဝန်ထမ်းကောင်းတစ်ယောက်ဆိုတာထက်
    ပိုပြီး အဓိပ္ပါယ် ရှိတယ်ထင်မိတယ်။

    ကိုပါလေရာရေ။
    ကွန်းမန့်လေး ချီးမြှင့်ပေးတာ အထူးကျေးဇူးတင်ပါတယ်။
    တစ်ခုခုလေး အကျိုးရှိတယ်ဆိုရင်
    ဝမ်းသာပါတယ်ဗျာ။

    မပဒုမ္မာရေ။
    ကျွန်တော်အားရှိစေတဲ့ ကွန်းမန့်လေးအတွက်
    အထူး (တကယ်ကို အထူးပါခင်ဗျာ) ကျေးဇူးတင်ပါတယ်။

    မလတ်ရေ။
    ကွန်းမန့်လေးချီးမြှင့်ပေးတာ ကျေးဇူးပါနော်။
    အားလုံးက အကျိုးပြုပို့စ်လေးတွေ တင်နေချိန်မှာ
    တတ်နိုင်သလောက်လေး ဝင်ပြီး
    ကြိုးစားပေးကြည့်တဲ့သဘောလေးပါ။

  • တန်ဖိုးရှိသောဝေမျှခြင်းပါ ကိုဘလက်ချောရေ။ဒီအချက်ကို ပိုကြိုက်ပါတယ်။

    7. Have fun! Great work comes best from happy people. Take the work seriously, but not yourself. Laugh a lot. Everyone wants to work for an enthusiast. It goes with success. We hope you’ll feel at home very quickly, and that you enjoy the experience of being here.
    ၇။ ပျော်ပျော်နေတတ်ပါ။ ပျော်ပျော်နေတတ်သော လူများထံမှ ကြီးမြတ်သော အလုပ် ထွက်ပေါ်လာတတ်ပါသည်။ သင့်ကိုယ်သင် မဟုတ်ပဲ အလုပ်ကိုသာ လေးလေးနက်နက် ထားပါ။ အကြိမ်များများ ရယ်တတ်ပါ။ တက်ကြွထက်သန်သောသူအတွက် လူတိုင်းအလုပ်လုပ်ချင်ကြသည်။ ၎င်းသည် အောင်မြင်မှုနှင့်လည်း ဒွန်တွဲတတ်ပါသည်။ သင်သည် ကိုယ့်အိမ်ကိုယ့်ယာတွင် နေထိုင်သကဲ့သို့ သက်တောင့်သက်သာနေထိုင်တတ်ပြီး ဤနေရာတွင် သင်နေရခြင်း၏ အတွေ့အကြုံအတွက် သင်ပျော်ရွှင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ထားပါသည်။

  • ဖားသက်ပြင်း

    January 24, 2012 at 1:01 pm

    အလွန်ကောင်းမွန်တဲ့ ဖော်ထုတ်မှုနောက်တစ်ခု ပါပဲဗျာ

    ကျနော်လည်း
    7. Have fun! Great work comes best from happy people.
    ကို လွှတ် သဘောကျတယ်ဗျာ….အားပေးသွားပါတယ်ဗျို့….

    ဒါတွေ သိနားလည် ထားတဲ့ ဘဘ ဘလက် ကန်ပနီထောင်ရင် ပြောဗျို့…
    စီဗီ ကိုင်ပြီး လာခဲ့မယ်နော…
    😀

    ခင်တဲ့
    ဖားသက်ပြင်း ..။

  • blackchaw

    January 24, 2012 at 5:01 pm

    မောင်သန်းထွဋ်ဦးရေ။ (ဒီနာမည်ပဲ သဘောကျပါတယ်။ ခေါ်လို့လည်းလွယ်တယ်လေ)
    အားပေးသွားတာ ကျေးဇူးတင်ပါတယ် ညီလေးရေ။

    ဂီဂီရေ။
    ညီလေးက ပျော်ပျော်နေတတ်သူ ပဲလေ။
    ပြီးတော့ ကြီးကျယ်တဲ့ ပေးဆပ်မှုတွေ
    ညီလေးဆီက ရနေတော့
    ဒီအဆိုလေးက ရာနှုန်းပြည့်မှန်တယ်လို့ ပြောရဲပါတယ်။
    ဆက်လုပ်ပါ။
    အားပေးနေပါတယ်။

  • thit min

    January 24, 2012 at 5:57 pm

    အတတ်နိုင်ဆုံး သင်မျှပေးပါ။
    ——-မျှတယ်ဆိုတာ အကုန်ပေးစရာမလိုဘူးပေါ့နော်။စေတနာနဲ့ ကိုပေါင်းထဲ့ထားတဲ့
    လက်ဆောင်တခုဖြစ်သွားမယ်လို့ဆိုနိုင်တယ်။
    ကိုဘလက် သူ့အချိန်တွေကို မျှပြီး ဂေဇက်တံခါးကိုစောင့်တယ်။
    ရုပ်ပစ္စည်းပေးလိုက်တာထက်ကောင်းသော မျှဝေခြင်းတွေရှိတာကို သိပေးပါပေါ့ဗျာ။
    သင့်အလုပ်ကို သင် ပိုင်နိုင်ပါစေ။
    ——–အရင်ဆုံးကတော့ကိုယ့်အလုပ်ကို အကုန်တတ်ကျွမ်းတာကစရမှာဘဲ။ပြီးတော့တဆင့်တက်။
    ပိုင်ရမယ်။ ပြီးတော့နိုင်ရမယ်။ တခါတုန်းက ကန်ပနီတခုက စာရေးလေးတယောက်ဟာ ဒါရိုက်တာ
    အယောက် ၅ဝ နဲ့ အဓိက ကတ်စတန်မာ ၃ဝ ကျော်တို့ရဲ့ ဖုန်းနံပါတ်နဲ့ လိပ်စာတွေကိုအမှားအယွင်းမရှိအ
    ချိန်မရွေး ရေးနိုင်ပြောနိုင်တယ်တဲ့။ သူ့အလုပ်နဲ့ပါတ်သက်တာတွေလဲအကုန်သိလေတော့တော်တော်မြန်
    မြန်ကြီးတိုးတက်သွားပါသတဲ့ မောင်ညီမလေးတို့ရေ။
    ရှေ ့ဆောင်နိုင်မှု စွမ်းရည်ပြသပါ။
    ————လုံ့လဝိရီယရှိသူတွေအတွက် မသွားမီကရောက်နှင့်တတ်ပါတယ်။ထကြွနိုးကြားမှုဟာ လူကို
    စက်နှိုးထားသလိုဖြစ်လို့ ရုတ်တရက်ပေါ်လာတတ်တဲ့အခွင့်အရေးကိုရယူနိုင်စွမ်းတာပေါ့။ ကိုယ်ဟာကိုများ
    များခိုင်းတတ်သူများ ဟာ သူတပါးခိုင်းတာကိုခံရတာနည်းသွားတတ်ပါတယ်။(လောကဖွဲ့စည်းမှုပုံစံအရ
    အနည်းအများ ကွာခြားမှုတော့ရှိနိုင်ပါသည်ပေါ့)
    တိကျပါ။
    ————-သိပ်ကိုအရေးကြီးပါတယ်။
    သင်အိမ်မက်တွေကို တိတိကျကျမရှိသရွေ့ ဘယ်ကိုမှမရောက်နိုင်လို့ပါဘဲ။
    ကြည့်ကျက်လုပ်လိုက်မယ် ဆိုရင် ကြည့်နေတုန်း ကျက်သွားပါပြီ။ ဘာမှလုပ်လို့မရဘဲ
    ရှိတာဘဲစားပါတော့ပေါ့။ကိုယ်လိုချင်တဲ့ ပုံစံဟုတ်ချင်မှဟုတ်မှာပေါ့။
    ကျွန်ုပ်တို့ ရုံးခန်းအတွက် ကျွန်ုပ်တို့ ဂုဏ်ယူသည်။
    ————–သပ်သပ်ရပ်ရပ်နေတတ်ဖို့လိုပါတယ်။ဆင်းရဲတာ ချမ်းသာတာနဲ့ မဆိုင်ပါဘူး။
    သူ့နေရာနဲ့သူ ထားတတ်ရင် လွယ်လွယ်ကူကူရှာလို့လဲရတာမို့ စိတ်လဲချမ်းသာရပါတယ်။
    သင့်ကိုယ်သင်လဲ ဂုဏ်ယူပါ။
    ပျော်ပျော်နေတတ်ပါ။
    ————–တနေ့ထဲ သိန်း၅၀ဝ ရနေပါစေ။ မရယ်မပြုံးရသောဘဝတခုမှာ လူတွေမနေနိုင်ပါ။
    ကိုယ့်ကိုကိုယ်သတ်သေသူ အများစုဟာ လူချမ်းသာ များပါ။ ပျော်ပျော်နေတတ်ဖို့ဆိုတာက
    တကယ်တော့ ဘယ်သူကမှ သင်ပေးနေစရာမလိုပါ။တခုတော့ရှိပါတယ်။
    အပျော်မလွန်ဖို့ပါဘဲ။ အပျော်ဟာဘိန်းလိုဘဲစွဲတတ်ပါတယ်။
    ပျော်ပျော်နေရင်း တာဝန်လဲကျေပါလို့ ပြောပါရစေ မိတ်ဆွေတို့ရေ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    စိတ်ထဲပေါ်လာသည်များကို ပြောပြ ရေးချသွားပါသည်။
    အစဆွဲထုတ်ပေးသော ကိုဘလက်ရဲ့ပို့စ်လေးမှအတွေးစလေးများရဲ့တန်ဖိုးကို လေးစားသောအား
    ဖြင့်ပါ။ အားဖြည့်စဉ်းစားကြည့်ခြင်းပါလို့။
    (^^)

  • blackchaw

    January 24, 2012 at 6:11 pm

    ကိုသစ်ရေ။
    ကျေးဇူးအထူးတင်ပါတယ်ဗျာ။
    အခုတလော
    ရွာရဲ့ အကျိုးပြု အစီအစဉ်လေးတွေကို
    ပူးပေါင်းပါဝင်ချင်လို့ တတ်နိုင်သလောက်လေး
    ရေးတင်ကြည့်လိုက်တာပါ။
    စမတ်တော့ သိတ်ကျလှမယ်မဟုတ်တာ ဝန်ခံပါတယ်။
    သို့သော်
    အားပေးသွားတာ ကျေးဇူးပါ။

  • ကိုဘလက်ချောရေ အစ်ကိုတို ့ပြောသလို နာမည်အရင်း
    ပြန်ပြောင်းရ မယ်ထင်တယ်ဗျ။ဟီး……..
    အားပေးလျှက်ပါနော်

  • windtalker

    January 24, 2012 at 8:50 pm

    လေးစားပါတယ် “ ကိုကြီး ” ။
    ညီလေး သေချာ ဖတ်ရှူမှတ်သား သွားကြောင်းရယ်ပါ

  • pooch

    January 25, 2012 at 10:05 am

    ကိုဘလက်ရေ ဖတ်ပြီး မှတ်သားသွားပါတယ်နော်။
    ပျော်ပျော်နေတတ်တာလေးကတော့ ဘယ်နေရာမှာမဆို အသုံးတည့်မယ်လို့ ထင်ပါတယ်။
    ကိုယ်တိုင်လည်း ပျော်ပျော်ပဲနေပါတယ်။

    ဒါနဲ့ ကိုဘလက်ရဲ့ ရည်းစားစာတွင်ထည့်ရေးဖြစ်သော ကဗျာများကို ဖတ်ပြီး ဟိုးအရင်က ကိုဘလက်နဲ့ မဒမ်ဘလက်တို့ရဲ့ ဇာတ်လမ်းလေးကိုလည်း လှလှပပလေး ရေးဖွဲ့နို်င်ရင်လည်း ဂန ္တဝင်မြောက်ရသ စာပေတခု ထွက်လာမယ်လို့ ထင်မိပါတယ်။ ဖတ်ချင်ပါတယ်။ ရေးဖို့များ စိတ်မဝင်စားဘူးလားလို့။ 🙂

  • Moe Z

    January 25, 2012 at 10:19 am

    ဘဘ ဘလက်ရေ သေသေချာချာဖတ်သွားပါတယ်
    ဒီပို့စ်မှမဟုတ်ပါဘူး ဘဘ ဘလက်ကဒီရွာလေးကို အကျိုးပြုနေတဲ့သူပါ
    အချိန်အား လူအား ဉာဏ်အားစိုက်ပြီး စာကောင်းလေးတွေကိုတူးဆွပေးနေတာမို့
    လေးစားပါ၏။ ။

  • jujuma

    January 25, 2012 at 11:54 am

    အရမ်းကောင်းပါတယ်. ရှဲရှဲ

  • blackchaw

    January 26, 2012 at 12:11 pm

    windtalker ; ကျေးဇူးပါဗျာ။

    pooch ; ဝင်ဖတ်သွားတာရော၊ ကွန်းမန့်လေးပေးသွားတာရောအတွက် ကျေးဇူးဗျာ။

    Moe Z ; ကျေးဇူး အများကြီးတင်ပါတယ် မိုးစက်ရေ။

    jujuma ; ဘယ်သူမှန်းမသိပေမယ့် ကျေးဇူးပါဗျာ။

  • black chaw

    August 7, 2014 at 12:15 pm

    အဟမ်း..အဟမ်း..အဟမ်း..။
    ဒီပို့စ်လေးထဲ ကွန်းမန့်ဝင်ရေးခဲ့ကြလေသော
    @ ညီအငယ်ဆုံးလေ စိန်ဗိုက်ဗိုက်
    (အခုများ ဖွင့်ဖတ်နေလေ မလား။ ဖတ်နေရင်လည်း ရွာထဲ ခဏတော့ ဝင်လာခဲ့ဦး ဟေ့ယောင်)၊
    :mrgreen:
    @ အစ်ကိုအလတ်လို့ ပြောလို့ရတဲ့ ကိုပါကြီး
    (အဲဒီတုန်းက ပြောခဲ့တဲ့
    ကူးပြီး ကိုယ့်ကိုယ်ကို သတိပေးဘို့ စားပွဲဘေးမှာ ကပ်ထားဦးမယ်
    ဆိုတဲ့ စကားက တကယ်လား အတည်လား လို့ တကယ် သိချင်စိတ်ဝင်နေမိတယ်ဗျာ)၊
    :mrgreen:
    @ အစ်မကြီးလို့ ပြောလို့ရတဲ့ မပဒုမ္မာ
    (အစ်မ ရေးတဲ့ ကွန်းမန့်လေး ပြန်ဖတ်ပြီး ဟိုစဉ်အချိန်တွေကို ပြန်တမ်းတမိနေပါတယ်ဗျာ)၊
    :mrgreen:
    @ အစ်မလတ် လို့ ပြောလို့ ရတဲ့ အမ မခင်လတ်
    (အမြဲ ခေါင်းထဲမှာထားပြီး ကြိုးစားကြည့်ပါ့မယ် ဆိုတဲ့ ကွန်းမန့်လေး ပြန်ဖတ်ပြီး
    အခု ကျွန်တော် ရှက်စိတ်ဝင်မိပါတယ် အစ်မရေ။
    အစ်မတို့လို လူတွေကို ဆရာလုပ်သလိုများ ဖြစ်ခဲ့လေသလား။
    ဘာပဲဖြစ်ဖြစ်ပါ။ ဟိုးတုန်းက အစ်မက အခုလို ကွန်းမန့်ရှည်ကြီးတွေ မရေးခဲ့ဘူးနော်။)
    :mrgreen:
    @ မီးမီးသော် တစ်ဖြစ်လဲ မောင်သန်းထွဋ်ဦး ကြီးရေ
    (တန်ဘိုးရှိသော မျှဝေခြင်းတဲ့လား ခင်ဗျာ။
    ခင်ဗျားကိုလည်း ကျွန်တော်တို့ သတိတရ ရှိနေကြကြောင်းပါဗျာ။
    ရယ်စရာပြန်ပြောရရင် ရွာထဲဝင်စက
    မီးမီးသော် နာမည်နဲ့ ကွန်းမန့်လေးတွေတက်လာရင်
    ဆော် ချောချောလေး ပေးတဲ့ကွန်းမန့်လို့ ယူဆပြီး…ဖီးလ်တွေတက်ခဲ့ဖူးတာဗျ…အာဟီး..)
    :mrgreen:
    @ ညီငယ်လေး ဂီဂီ
    (ဒါတွေ သိနားလည် ထားတဲ့ ဘဘ ဘလက် ကန်ပနီထောင်ရင် ပြောဗျို့…
    စီဗီ ကိုင်ပြီး လာခဲ့မယ်နော… ဆိုတဲ့ ညီ့ကွန်းမန့် ကို ကြည့်ပြီး
    ကိုယ်ပြန်ရှက်နေတာဗျာ။ ကန်ပနီ မရှိ ဘာမရှိနဲ့ လျှောက်အာထားတာ
    အခု လူတွေသိကုန်ပြီဆိုတော့ အဟင့်…ဘဘဘလက်…ရှက်…။)
    :mrgreen:
    @ အစ်ကို ငယ်လေး ကိုသစ်
    (ခင်ဗျားကတော့ ဘယ်အချိန်ဖြစ်ဖြစ်
    ကွန်းမန့်ထဲမှာတောင် မေတ္တာဓါတ်တွေ စီးဆင်းနေတာကို ပေါ်လွင်စေတဲ့
    ထူးခြားတဲ့ လူတစ်ယောက်ပါ။
    ကြာတော့ ကြာနေခဲ့ပြီဖြစ်ပေမယ့် BC လေး ချီးမြှင့်ပါရစေခင်ဗျာ)၊
    :mrgreen:
    @ Windtalker ဆိုတဲ့ ညီလေး မောင်ပေ
    (ဟိုတုန်းက စလိုက်နောက်လိုက် နဲ့ ပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို
    လွမ်းနေမိပါတယ်ဗျာ။
    အချိန်ရရင် ရွာဘက် တစ်ချက်လောက် လှည့်ခဲ့ပါဦး။)
    :mrgreen:
    @ pooch
    (ပျော်ပျော်နေတတ်တာလေးကတော့ ဘယ်နေရာမှာမဆို အသုံးတည့်မယ်လို့ ထင်ပါတယ်။
    ကိုယ်တိုင်လည်း ပျော်ပျော်ပဲနေပါတယ်။
    ဆိုတဲ့ မပုချ်ရေ။
    မဒမ်ဘလက် နဲ့ ကျွန်တော့် အချစ်ဇာတ်လမ်း အကြောင်းရေးဖို့ ကြိုးစားပါ့မယ်ခင်ဗျ။
    ရွာထဲကိုလည်း မကြာခဏ အလည်လာဖို့ ဖိတ်ခေါ်ပါရစေဗျာ/)
    :mrgreen:
    @ Jujuma
    (ခင်ဗျား ပြောတဲ့ ဒီရွာကို အကျိုးပြုနေတဲ့သူပါ ဆိုတဲ့စကား
    အခုမှ ဖတ်ပြီး အခုမှ မြောက်နေပါတယ်ဗျာ။)
    :mrgreen:

  • ဇီဇီ ခင်ဇော်

    August 7, 2014 at 12:23 pm

    ဟုတ်။
    သများမှာ အဲဒီ အရည်အချင်းတွေ အကုန်ရှိပါတယ်။
    ရှိတဲ့ Bad Habits တွေကလည်း ရှိတဲ့ အရည်အချင်းထက် ပိုများတာတော့ ခု မပြောသေးဘူးးး ငိငိ
    :k:
    ကမ်ပနီဖွင့်ရင် သများကို မင်းသားကြီး ဆီ က ရအောင် ခေါ်ပါ။
    ခိခု ခိခု။

    :mrgreenn:

    ဒီလို ပို့(စ) မျိုးကြိုက်တယ်။
    :s:
    ဒီက သတင်းစာတွေမှာ အပတ်တိုင်းပါတယ်။
    ဖတ်ဖြစ်တိုင်း ဘာသာပြန်ပြီး မျှဝေချင်တာ အရမ်းပဲ။
    အပျင်းရောဂါက အနိုင်ယူယူသွားလို့သာ။
    :mrgreen:

  • black chaw

    August 7, 2014 at 12:31 pm

    @ ဇီဇီ ခင်ဇော် ;
    ဒီလို ပို့စ်မျိုး ကြိုက်တယ် လို့ ပြောတာ
    ဟုတ်မှာ…။
    ပျော်ပျော် နေတတ်သူ တွေရှိမှ
    FB ကြီးက ပျော်ဖို့ ကောင်းတယ်ဆိုလား
    မနေ့က စကားဝိုင်းမှာ ပြောဖြစ်တာလေး
    ဟေးဟေး…။
    :mrgreen:

    • ဇီဇီ ခင်ဇော်

      August 7, 2014 at 12:38 pm

      လွမ်းတာချင်း တူရင် ကျနော် က ပိုတော့မပေါ့ ကိုဂျီးဘက်ရယ်။
      :s:
      အဟွတ်။
      ခွက်ဒစ်က ဘူ့ကို ပေးရမတုန်းမသိ။ :mrgreenn:

      ခင်ညားတို့က ကျုပ်တစ်ယောက်တည်း လွမ်းရတာ။
      ကျုပ်က ခင်ညားတို့ အကုန်လုံးကို လွမ်းရတာ။
      😥
      နောက်မှ အကျယ်ရှင်းပြပါဦးမယ်လေ။

      ကိုယ့်ကိုယ်ကို ဒဏ်ခတ်ထားတယ်ပဲ မှတ်ထားပေးပါဗျ။
      :a:

  • ခင် ခ

    August 7, 2014 at 12:36 pm

    ( ကျွန်ုပ်တို့ ရုံးခန်းအတွက် ကျွန်ုပ်တို့ ဂုဏ်ယူသည်။ ကျွန်ုပ်တို့ ကိုယ်ပိုင်အိမ်ကဲ့သို့ သပ်ယပ်သန့်ရှင်းစွာ ထားကြရပါမည်။ ထို့ကြောင့် စာရွက်စာတမ်းများကို ကြမ်းပြင်ပေါ်တွင် စုပုံမထားပါနှင့်။ ဖိုင်တွဲများထားသည့် ဗီရိုထိပ်ကို သန့်ရှင်းစွာထားပါ။ စာများကို ချက်ခြင်းဖိုင်တွဲပါ။ )

    ကျုပ်ရုံးခန်းက ဖိုင်တွေ ဒီနေ့အမြင်လှအောင်ရှင်းလိုက်သည်။

  • black chaw

    August 7, 2014 at 12:40 pm

    @ ခင်ခ ;
    ချက်ခြင်းကြီး ပါလား ကိုခင်ခရယ်။
    နဂိုကတည်းက ရှင်းမလို့ ကြံထားတာနေမှာပါဗျ။
    အသုံးတည့်တယ်ဆိုရင် ဝမ်းသာလှပါသဗျ။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော
    :mrgreen:

  • nozomi

    August 7, 2014 at 12:59 pm

    အခု ဝင်ကြည့်တော့ မှ Moe Z ကို မတွေ့တာ ကြာပြီ လို့ သတိပြုမိတယ်
    သူ့ အမည် တွေ့တိုင်း သူ့ ပို့စ် တစ်ခုထဲက ကြွက်ပေါက်လေး ငါးပိရည် နဲ့ တို့စားတယ် ဆိုတာလေး
    သွားသွားမြင်နေတယ်

    စကားမစပ် လှည်းတန်းက ခင်ဗျားကောင်မလေးရော နေကောင်တယ်မို့လား

    • pooch

      August 7, 2014 at 9:02 pm

      ကိုဘလက်​ကအသစ်​​တွေ့သွားြပြီမှတ်​​နေတာ အခုထိလှည်​းတမ်​းကတ​ယောက်​နြဲ့မြဲ​နတေုန်​းပဲလား :mrgreen:

    • black chaw

      August 8, 2014 at 12:37 pm

      @ nozomi ;
      ဝမ်းနည်းတယ် တိရား။
      ဟိုတုန်းက နိုဇိုးမိ ကြီးက ဘလက်ချောကြီးကို
      ကွန်းမန့်တောင် မရေးခဲ့တာကို တွေးမိတိုင်း
      ပြန်ဝမ်းနည်းနေမိတယ်။
      အစ်…အစ်…အစ် ဟီး ရွှတ်
      ဝမ်းနည်းတဲ့ အထိမ်းအမှတ်နဲ့ ညနေ အရက်သောက်မယ်။
      :k:
      @ pooch ;
      အင်း…ကိုနိုဇိုးမိ ကြီးက လှည်းတန်းက ကောင်မလေးနဲ့တင်
      ရပ်နေတော့တာပဲ ပုချ်ရေ။
      ကျွန်တော်က အခု အင်းစိန်ဘက်ကိုတောင် ရောက်နေပြီဗျ…။
      ဟေးဟေး…အဲဒါ…။
      :k:

      @ kyeemite ;
      ပြန်ညွှန်းတယ်တော့ မဟုတ်ရပါဘူး ကိုကိုရယ်။
      ကေဇီတို့ ဆာဆာ တို့ကို ဂုဏ်ပြုချင်ဇောနဲ့
      ပြန်လည်ရှာဖွေရင်း ဖေါ်ထုတ်လိုက်တဲ့ သဘောပါ။
      အစ်…အစ်…အစ်…ဟီး ရွှတ်…။
      ဟိုတုန်းက ကိုမိုက် လည်း ကျွန်တော့်ကို လူရာမသွင်းပါဝူး။
      ကွန်းမန့်လေးတောင်မချီးမြှင့်ခဲ့ဝူး။
      ဝမ်းနည်းသွားပြီ။
      :k:

  • kyeemite

    August 8, 2014 at 11:34 am

    အောင်မလေး…ကောင်းချက်က ထောင်းချက်ထားသလိုပါပဲလား..
    ကျုပ်ဒီပို့စ်ကိုဖတ်ခဲ့မိတယ်မှတ်တာ..ကွန်မန့်မတွေ့မှ မဖတ်ဖြစ်ခဲ့မှန်းသိသွားတယ်… :k:
    ခုပြန်ဖတ်ရအောင် ပြန်ညွှန်းပေးတာလည်း သင့်ခရုပါ ရဲဘော်ဘလက်ရေ

  • အလင်းဆက်

    August 8, 2014 at 4:22 pm

    အခုမှ…ဖတ်ရတယ်.. ။
    သို့သော်…နောက်မကျသေးပါဘူး. .။

    :mrgreen:

  • manawphyulay

    August 9, 2014 at 11:24 am

    Our objective is excellence. ဒါလေးအရမ်း အရမ်းသဘောကျပါတယ်။
    နောက်ပြီး ဒီစကားလေးကလည်း Have fun! Great work comes best from happy people. တကယ့်လက်တွေ့မှာ အလွန်တရာ အသုံးဝင်ပါတယ်။
    အားလုံးကတော့ လိုက်နာစရာတွေကြီးပဲမို့ ကူးပြီး အလုပ်စားပွဲမှာ ကပ်ထားမယ်။ နေ့တိုင်းမနက်တိုင်းဖတ်မယ်။

Leave a Reply