လူ့အလို .. နတ်မလိုက်နိုင်ဆိုတဲ့ စကားက သိပ်မှန်တာပဲ … ကျွန်မတို့ လူသားတွေ .. လိုအင်ဆန္ဒတွေများလွန်းတဲ့အကြောင်းလေး ..ညွှန်းကာ ရေးထားတာပါ .. လူသားတွေထဲမှာမှ … ယောကျာ်းနဲ့ မိန်းမ နှစ်မျိုးရှိကြရာက .. .မိန်းမများအလွန် အလှပကြိုက်တယ်လို့ …. ပြောစမတ်ပြုခဲ့ကြပေမယ့် … အခုခေတ်မှာတော့ … မိန်းမများနည်းတူ .. မျက်နှာပေါင်းတင်တဲ့ ယောကျာ်း … ၊ မျက်ခုံးနှုတ်တဲ့ယောကျာ်းနဲ့ …. နှုတ်ခမ်းဆေးသွင်းတဲ့ယောကျာ်းတွေတောင်ရှိလာကြပါပြီ …. ။

ယောကျာ်းပဲ ဖြစ်ဖြစ် ၊ မိန်းမပဲဖြစ်ဖြစ် …. မိမိတို့ ပိုင်ဆိုင်ထားတဲ့ အသားရည်ကို စိတ်တိုင်းမကျသူများပါတယ် … ကျွန်မတို့ နိုင်ငံရဲ့ ရေမြေ သဘာဝ ဥတု အချိုးစားအရ … ကျွန်မတို့ နိုင်ငံက လူအများစုအသားရေ ညိုတဲ့ဘက်သမ်းပါတယ် … ကိုယ့်မှာ မရှိတဲ့ ဖြူဖွေးဖွေးအသားရည်ကို လို ချင်ကြလို့ … ကြော်ငြာအားကောင်းကောင်းနဲ့ ဈေးကွက်ထဲ ၀င်လာတဲ့ … အသားဖြူစေစွမ်းရှိတဲ့.. မိတ်ကပ် ၊ ပေါင်ဒါ .. လိုးရှင်းမှ စလို့ …. roll-on တွေ … တိုနာတွေအထိပါ … တွင်တွင်ကျယ်ကျယ်သုံးလာကြတယ် …. ။ တချို့ ဆေးတွေဆိုဘယ်နှစ်မိနစ်တွင်းဖြူလာရစေမယ်လို့ .. အာမခံချက်တွေတောင်ပါသေးတယ် … ။ ဖြူချင်တာပဲ သိပြီး … ဖြူချင်တာရဲ့နောက်ကွယ်မှာ … ဘာနောက်ဆက်တွဲတွေဖြစ်မလဲဆိုတာ .. တော်တော်နဲ့ မတွေးမိခဲ့ကြပါဘူး … ။

အသားဖြူစေဖို့ … မာကျူရီဒြပ်ပေါင်းတွေ … အများပြားထည့်သုံးခဲ့ကာ အလှကုန်တွေထဲ ရောစပ်ခဲ့ကြတာပါ … ။ အမေရိကန် အစားသောက်နဲ့ ဆေးဝါးကွပ်ကဲမှုအဖွဲ့ ရဲ့ သတ်မှတ်နှုန်းက …. မာကျူရီ ဒြပ်ပေါင်းပါဝင်မှုနှုန်း 1ppm သာ ရှိခဲ့ပေမယ့် … ဈေးကွက်ထဲက အလှကုန်အချို့ရဲ့ ပါဝင်မှုနှုန်းက …. 12.9 ppm ကနေ … 2314.9ppm ထိပါဝင်နေကြောင်း atomic absorption spectrophotometer သတ္တုဒြပ်စင်တိုင်းတာစက်ဖြင့် တိုင်းတာလို့ သိရပါတယ် … ။ အဲ့ဒီစက်ဟာ … 0.2ppmထိ အသေးစိတ်တိုင်းတာနိုင်တဲ့ စက်မျိုးပါပဲ … ။
လှချင်လွန်းလို့ အသားဖြူအောင်မာကျူရီတွေ အများကြီးပါဝင်ဖွဲ့စည်းထားတဲ့ အလှကုန်တွေ သုံးမိမယ်ဆိုလျှင် … ခဏတာတော့ မသိသာပေမယ့် …အချိန် ကြာလာတာနဲ့အမျှ … ကျောက်ကပ်ရောဂါ ၊ ဦးနှောက်နဲ့ အာရုံကြောရောဂါ ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါတွေပါ … နောက်ဆက်တွဲ ခံစားရဖွယ်ရှိပါတယ် … ။

ဒါကြောင့် … ဖြူချင်လှချင်ကြတယ်ဆိုလျှင် .. ကြောငြာအားကြီးပြီး ချက်ချင်း ဖြူသွားစေမယ့် .. မာကျူရီဒြပ်ပေါင်းများစွာ ပါဝင်တဲ့ပစ္စည်းမျိုးကို မသုံးပဲ .. သဘာဝ သစ်ဖုသစ်ဥနည်းတွေ သုံးပြီး ဖြူအောင်လုပ်သင့်ပါတယ် … ။ ရွာသူရွာသားအားလုံးပဲ ရှိရင်းစွဲ အလှပအရောင်သွေးနဲ့ သဘာဝကျကျလှနိုင်ကြပါစေလို့ …. ဆုတောင်းလိုက်ပါတယ် … ။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!