ကျနော်အဖေတပ်ကြပ်ကြီးနှင့်ဗိုလ်ချူပ်ကြီးခင်ညွန် ့

phone_kyawJanuary 24, 20121min20120

ကျနော့်အဖေလည်း ထောင်ကျပြီး စစ်တပ်ကထွက်တယ်။ ပင်စင်၊ ဂရေဂျူတီတွေလည်းမရတဲ့အပြင် နေစရာအိမ်တောင်မရှိခဲ့ဘူး။ သူလည်း စစ်တပ်ထဲမှာ တပ်ကြပ်ကြီးတာဝန်နဲ ့နှစ်ပေါင်း ၃ဝ-နီးပါးလောက် စစ်သားကောင်းပီသစွာ တိုင်းပြည်အပေါ်မှာ တာဝန်ကျေခဲ့တယ်လို ့ပြောလို ့ရတယ်။ အခုတော့ ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်း နို ့ဘိုးဒုက္ခသည်စခန်းမှာ လင်မယားနှစ်ယောက် မုန် ့ဟင်းခါးရောင်းပြီးအသက်မွေးနေရတယ်။ ဒီလိုဖြစ်နေပေမဲ့ အတော်အေးချမ်းလှပါတယ်။

ဦးခင်ညွန် ့လည်းစစ်သားပါပဲ။ သူနဲ ့ကျနော်အဖေတို ့ဟာ လုပ်သက်ချင်းလည်း သိတ်မကွာဘူး။ ရာထူးပဲကွာတာ။ သူလည်း ထောင်ကျတာပဲ။ သူလည်း ဘာပင်စင်မှ ဘာခံစားခွင့်မှ မရပါဘူး။ ဒါပေမဲ့ သူ ့အိမ်က တိုက်အိမ်။ ရွှေတောင်ကွပ်ထားသေးတယ်။ အခုလည်း တစ်လကို ဒေါ်လာငါးထောင်နဲ့ ဘာမှလုပ်စရာမလိုတဲ့ အလုပ်တစ်ခုကို ရနေပြီ။ ဒါတောင် တခြားဂွင်တွေမပါသေးပါဘူး။ ဒါ့ကြောင့်စစ်သားချင်းတူပေမဲ့ ခံစားခွင့်ခြင်းမတူပါဘူးဗျာ။ ဒါလား လာဘ်ပေးလာဘ်ယူမှုမရှိတဲ့ စစ်ခေါင်းဆောင်တွေ။ ရဲဘော်တွေရဲ  ့ဘဝဆိုတာ တကယ်တမ်းတော့ သနားစရာကောင်းလှပါတယ်။

အခုလည်း နိုင်ငံရေးမလုပ်ပါဘူးလို ့ပြောတဲ့သူဟာ မီဒီယာနဲ ့ဘာ့ကြောင့် တွေ ့နေပြောနေတာလဲမသိဘူး။ နိုင်ငံရေးမလုပ်ဘူးဆိုရင် ကိုယ့်အိမ်မှာ ဘယ်သူနဲ ့မှ မတွေ ့ပဲ နေရမှာပေါ့။ ကျနော်အမြင်ကတော့ ဦးခင်ညွန် ့နိုင်ငံရေးထဲမှာ ပါနေပါပြီ။

20 comments

  • maungmoenyo

    January 24, 2012 at 8:20 am

    ကိုဘုန်းကျော်ခင်ဗျား။ ဝမ်းရေး ဆိုပေမဲ့ နိုင်ငံအရေးအတွက်ဆိုရင် ငေါက်ခနဲနေအောင် ခေါင်းထောင်ထပြီး လေ့လာချင်၊ ဆွေးနွေးချင်၊ ပါဝင်ချင် ကြတာ စစ်သားတင်မက နိုင်ငံ့ဝန်ထမ်းနယ်ပယ်မှာ ကျင်လည်ခဲ့ကြသူတွေ အားလုံးပါဘဲ။ ကိုဘုန်းရဲ့အဖေလဲဒီထဲ ပါပေမပေါ့။

  • ကိုဘုန်းကျော် အဖေတာဝန်ကျေတယ်မကျေဘူး၊တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့တယ်၊
    မထမ်းဆောင်ခဲ့ဘူးထားပါ။စစ်အုပ်စုမှာ အပေါ်ပိုင်းသာကောင်းစားပြီးအောက်ခြေက လူ
    တွေငတ်နေ၊မွဲနေတာ အားလုံးသိတယ်။
    တစ်ခုတော့မှတ်ထားပါ။ခင်များတို ့အဖေတို ့လို စစ်သားတွေ ဘယ်သူတောင်းစားက ကိုယ့်
    တိုင်းရင်းသားအချင်းချင်းသတ်ကြဖို ့စစ်ပွဲတွေနွှဲခိုင်းတာလဲ ပြောမနေတော့ဘူး။ခင်များ အဖေ
    မသေသေးဘူးဆိုရင် မေးကြည့်ပါ သူတို ့တိုက်ခဲ့တာ တရားသောစစ်လား၊မတရားသောစစ်
    လား အဖြေပေါ်လိမ့်မယ်။ပစ်မယ်ဆိုတဲ့ အမိန် ့ဘဲသိတဲ့ ခွေးထက်မိုက်တဲ့ စစ်သားလိုကောင်
    ဆိုရင်တော့ မသိဘူးဗျာ။
    ဗိုလ်ခင်ညွန် ့ဟာ နိုင်ငံရေး လုပ်မှာပေါ့။သူမလုပ်လို ့လဲ မရဘူး။သူကိုယ်တိုင် အပါအဝင်
    သန်းရွှေ၊မောင်အေးနဲ ့စစ်အုပ်စုကို တရားစွဲဆိုဘို ့ ခင်ညွန် ့ရှိဖို ့လိုအပ်တယ်။

  • ဂျက်ကီချီးပေ

    January 24, 2012 at 9:04 am

    ဒါကတော့ ဆရာကြီးဘုန်းကျော်ရယ်
    ကိုယ့်အဘအပေါ်မှာ ကိုယ်စာနာတာကတော့ တစ်လမ်းသွားမှာပေါ့
    လူမှန်နေရာမှန်ဆိုလား
    တပ်ချုပ်ကြီးထောင်ထွက် နဲ့ စစ်ထောက်လှန်းရေးအရာရှိအကျယ်ချုပ်လွတ်လေဗျာ
    ဒါလေးတော့ အမှန်အကန်စမ်းစစ်ဘို့လိုမှာဘဲ ( ကိုယ့်ပြည်ထောင်စုအကြောင်းသိသားနဲ့ )
    ဒီအကြောင်းတွေကိုအကျယ်ချဲ့လိုက်ရင် အာဇာနည်နေ့ကိုပါကူးသွားနိုင်တဲ့အတွက်
    တော်သေးပြီ
    ပြောရရင်တော့ ဒီခွေးမသားဇာတ်မင်းသားရူးရုပ်ရှင်မင်းသားညွှန့်ဝင်းနဲ့ သနပ်ခါးလိမ်းဖက်သတ္တဝါကြီးဟာ
    ဘယ်လောက်ကောက်ကျစ်တယ်ဆိုတာတော့
    တစ်ချိန်က ခင်ဗျားတို့ကိုယ်တိုင် ဖင်တုန်အောင်ကြောက်ခဲ့ရတဲ့သူတွေ ပိုသိပေမပေါ့
    ဘယ်သူဘာပြောပြော
    ဒီ အဘကြီး 😀 စိတ်ကောင်းရှိမည်မထင်
    မျက်ခွက်နဲ့ မျက်လုံးတွေကို လေ့လာတတ်တဲ့သူတွေမှ သိနိုင်မဲ့ကိစ္စမို့
    ကျုပ်လို ပညာရှင်များကဘဲ ကျုပ်ပြောတာ လက္ခံကြမည်ထင်ပါကြောင်း
    ပုံ
    အင်တာနေရှင်နယ်စာကလေးဗေဒင်အဖွဲ့ချုပ်အရာရှိ

  • Thel Nu Aye

    January 24, 2012 at 11:30 am

    ထောက်လှမ်းရေးအကြီးဆုံးဗိုလ်ချုပ်ကြီးနဲ့တပ်ကြပ်ကြီးတူနိုင်ပါ့မလားရှင်။ ရိုးရိုးပင်စင်တွေတောင်ရာထူးအလိုက်၊ လုပ်သက်အလိုက်ခွဲထားသေးတာပဲရှင်။ ကိုဘုန်းကျော်ရယ်။ အပြစ်မတင်ခင်ပြည့်ပြည့်စုံစုံလေးရေးပေးပါလား။ ဒါမှဘယ်သူလွန်လဲသိရအောင်။ ရှင့်အဖေဘာလို့ထောင်ကျလဲ၊ နောက်ဆုံးရာထူး၊ လုပ်သက်၊ နောက်ဆုံးလစာ။ ဒါတွေသိမှဦးခင်ညွန့်လွန်မလွန်သိရမှာပေါ့။ ဒါမှလဲရှင့်အဖေရဲ့ခံစားခွင့်ရှိမရှိသိရမှာပေါ့။ လိုရာဆွဲမပြောကြေးလေ။ အချက်အလက်ပြည့်စုံမှကောက်ချက်မှန်တော့မပေါ့။

  • Lwin Aung

    January 24, 2012 at 1:04 pm

    Ko Phone Kyaw, I respect to all simple government service people. I feel my father like that event.
    He was a hydro electric engineer for 30 years ( EPC ) . But I have already constructed about ten Monastic Educational Schools from international donors for my country sincerely. And I will continue to do.

  • etone

    January 24, 2012 at 1:15 pm

    ကိုဘုန်းကျော်ရေ ရှည်ရှည်ဝေးဝေးသိပ်မတွေး မနှိုင်းယှဉ်ပဲ … သိပ်ကောင်းနေတဲ့ ရှင့်လစာနဲ့ မိအိုဖအို အိမ်ဦးခန်းတင်ကျွေးဖို့ လုံလောက်တယ်ဆိုတာ သတိရပါဦး …..

  • phone_kyaw

    January 24, 2012 at 1:56 pm

    မိဘကို ဒီအတိုင်းပဲ ပြစ်ထားတယ်လို့တော့မထင်ပါနဲ ့။ သူတို ့က အလုပ်မရှိရင် မနေနိုင်လို ့ပါဗျာ။ စစ်တပ်ကထွက်ရင် ထောင်ကျ ခံ ရမယ်ဆိုလို ့ထောင်ကျပြီးမှ ထွက်တာပါ။ သူများတွေကို ရာဇဝတ်မှုနဲ ့မဟုတ်ပါဘူး။ နို ့မို ့ဆိုရင်တစ်သက်လုံး စစ်တပ်ထဲမှာ ကျွန်ဖြစ်နေမှာဆိုးလို ့။ ဒုက္ခသည်စခန်းမှာနေတာက သူတို ့အတွက်ပိုပြီး လုံခြုံစိတ်ချမှုရှိလို ့ သူတို ့ဒီအတိုင်းပဲနေပါတယ်။ မြန်မာပြည်ကိုလည်းမပြန်ချင်ကြတဲ့ အဖေနဲ ့အမေပါဗျာ။ ကျနော့်ဆီကိုတော့ တနေ ့တနေ ့မှာ ရောက်လာလိမ့်မယ်လို ့ယုံကြည်ပါတယ်။ ဒါ့ကြောင့်သူတို ့ဒီလိုနေနေတာပါ့။ ဩစီက ကျနော်တို ့ညီအစ်ကိုသုံးယောက်လုံးက မြန်မာပြည်မှာ တိုက်အိမ်တောင် အဖေနဲ ့အမေ့ကို ဝယ်ပေးနိုင်ပါတယ်။ ဘာ့ကြောင့် ဦးခင်ညွန် ့တို ့နဲ ့နှိုင်းယှဉ်ရလဲဆိုတော့ အောက်ခြေနဲ ့အပေါ်က အရမ်းကွာနေလို ့ပါ။ နဲနဲလေးလောက်ကွာရင်တောင် မပြောလိုပါဘူး။ သူက ဗိုလ်ချုပ်ကြီးမို ့လို ့တော့မပြောပါနဲ ့။ သူ ့လစာက ဘယ်လောက်ရလို ့လဲဗျာ။ ဦးခင်ညွန် ့နဲ ့ဒေါ်ခင်ဝင်းရွေတို ့ ဒေါ်လာသန်းနဲ ့ချီပြီး အမွေတော့ရတာမဟုတ်လောက်ပါဘူး။ မြန်မာပြည်မှာ မကြိုက်ဆုံးက အရမ်းကွာဟမှုပဲ။ အဲဒါကိုက မတရားတာလေ။ ဒီလိုအခြေအနေ ပြောင်းလဲလာတာကို အရမ်းမြင်ချင်ပါပြီ။ တပ်ထဲက စစ်သားတွေကို သနားလို ့ပါ။

    • Thel Nu Aye

      January 24, 2012 at 5:56 pm

      ” ဒုက္ခသည်စခန်းမှာနေတာက သူတို ့အတွက်ပိုပြီး လုံခြုံစိတ်ချမှုရှိလို ့ ” ဆိုတော့ မြန် မာနိုင်ငံထဲမှာလုံခြုံမှု့မရှိဘူးလို့ဆိုလိုပါသလား။ စစ်တပ်ကထွက် ဖို့ထောင်တောင်ကျ ခံပြီးပြီဆိုတော့တပ်ပြေးလဲမဟုတ်ပါဘူး။ ဒါတောင်မှလုံခြုံစိတ်ချမှုရှိလို ့ ဒုက္ခသည်စခန်း မှာနေတာ ဆိုတော့ကာ စဉ်းစားကြည့်တာပါ။ အမှု့များကျန်နေသေးလို့လား။ အမှု့မကျန်ဘူးဆိုရင်တော့သေချာတာက ကိုဘုန်းကျော်ကြောင့်ပဲဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ ကိုဘုန်းကျော်က တောခိုဘူးတာကိုး။ ပြီးတော့ နိုင်ငံရေးခိုလှုံခွင့်ပါခံ ထားတာ ဆိုတော့အရင်အခြေအနေအရ ဒုက္ခသည်စခန်းမှာနေတာပိုစိတ်ချရတာပေါ့။ အခုတော့ အရင်လိုမဟုတ်တော့ပါဘူး။ ပြန်လာလို့ရပါပြီ။ ကိုဘုန်းကျော်တို့လဲ တိုက်ဝယ်ပေး မယ် ဆိုဝယ်ပေးလို့ရပါပြီ။ နိုင်ငံကောင်းစား၊မိဘကောင်းစားဖို့မဟုတ်ပဲကိုယ်တကိုယ်ကောင်း စားဖို့နေနေတဲ့ကိုဘုန်းကျော်ရေ၊ ရှင့်ကြောင့်မိဘတွေဒုက္ခခံနေ ရတာ ဖြစ်ဖို့များတာတောင် သူများကိုလက်ညှိုးထိုးသေးတယ်နော်။ အံ့ပါ့ရှင်။

      • phone_kyaw

        January 25, 2012 at 4:57 am

        ဟုတ်ပါတယ် ဆရာမရယ် ကျနော်ပဲမှားပါတယ်။ ခင်ဗျားပဲ အဖေနဲ ့အမေကို မြန်မာပြည်ကို ပြန်လာချင်အောင်ပြောပေးဗျာ။ ကူညီပေးမယ်ဆိုရင် ဆရာမကို သူတို ့ရှိတဲ့နေရာကို ကျနော်ပို ့ပေးပါ့မယ်။

        • Thel Nu Aye

          January 25, 2012 at 8:43 am

          ကျွန်မကဘာလို့သွားရမှာလဲ။ ရှင်သွားရမှာလေ။ ရှင်တောင်မှမသွားတာ။ ကျွန်မကဘာလို့သွားရမှာလဲ။ ဘာဆိုင်လို့လဲ။ ရှင်ဟာလေ တော်တော်ကိုမဆီမဆိုင်ဆွဲထည့်တတ်တာပဲ။ ရှင့်မိဘရှင်တောင်ရအောင်မခေါ်နိုင်တာရှင်ညံ့လို့ပေါ့။

  • kai

    January 24, 2012 at 2:26 pm

    တပ်ထဲ.. လုပ်သက်အနှစ်သုံးဆယ်…..တဲ့..။
    မဆလခေတ်က… ဝန်ကြီးဌာနတခုမှာ.. ရှေ့တန်း.. တိုင်းရင်းသားတွေနဲ့တိုက်ပြီး ခြေပြတ်လာတဲ့.. ဗိုလ်ကြီးတယောက်.. လက်ထောက်ညွှန်မှုးနဲ့.. နေရာပေးလိုက်တော့..သူ့အောက်က.. လက်ထောက်ညွှန်မှုလစာစားနေတဲ့.. မန်နေဂျာက.. ညည်းတာလေးသတိရမိတယ်..။

    “အဲဒီကောင်မွေးတဲ့နှစ်က..ငါဒီအလုပ်ဝင်တဲ့နှစ်တဲ့…။”
    အဲဒီစစ်ဗိုလ်က ..သူများလက်ချက်နဲ့.. ခြေပြတ်နေတာဆိုတော့.. လောကကြီးကို.. အင်မတန်အမြင်စောင်းနေတာပေါ့.. လက်အောက်ကလူတွေမှာ.. ကြိမ်းမောင်းခံနေရသူတွေချည်းနဲ့ပဲ…။
    မကြာပါဘူး.. ဒုညွှန်..ရာထူးတက်.. သူဌေးလေးဖြစ်တော်မူပါတယ်..

    ကျုပ်ကိုယ်တိုင်ကတော့.. စာပေကင်ပေတိုင်ရုံးမှာ.. ခြေပြတ်နေတဲ့..တပ်မတော်သားတယောက်.. ကြိမ်းမောင်း..ဆဲဆိုတာ ကောင်းကောင်းခံရဖူးပါတယ်..။ စာပေသမားလားဆိုတော့… “ဆရာမကြီးဒေါ်မြသန်းတင့်ရဲ့.. ဓားတောင်း၍မိမိလယ်ပင်းဖြတ်မည်” စာလောက်တောင် အနိုင်နိုင်သိသူတွေလေ…။ 😆

    အရပ်သားတွေ.. စစ်ဗိုလ်စစ်သားတွေခေတ်… ခံစားခဲ့ရတာ ..ကိုရင်ဘုန်းကျော်.. တွေးကြည့်နိုင်ဖို့ရယ်ပါ…။

    ကိုရင့်လိုသားကို မွေးပေးနိုင်ခဲ့တဲ့.. ကိုရင့်အဖေကိုတော့ လေးစားမိပါတယ်…

  • zaw min

    January 24, 2012 at 4:07 pm

    ဆရာခိုင်က အရွှမ်းအသော့တွေလည်း ရပေသဂိုး… ဆရာမကြီးဒေါ်မြသန်းတင်ရဲ့ ဓါးတောင်း၍မိမိလယ်ပင်းဖြတ်မည်… ဒါကြောင့်ဖို့ အဲဒီအခန်းကိုဖြတ်က တော်တော်နာမည်ကြီးသွားတာဖြစ်မယ်… ကိုယ်တွေ့ကြုံခဲ့ရသူတွေကတော့ ဖြူဖြူလိုပဲ..အော်လိုက်တော့မယ်… ငါတော့လုံးဝမမေ့နိုင်ဘူး… ငါတော့လုံးဝမမေ့နိုင်ဘူး…

  • အင်းဗျာ ဘုန်းကျော်ကတော့ တုံးကျော်အောင်အော်နေပြန်ပီ။တိုက်ဘဲဝယ်ပေးပေး၊ကွန်ဒိုဘဲဝယ်ဝယ်
    ခင်များတို ့လို အခွင့်အရေးယူတောခိုသလေးဘာလေးအော်၊ခိုလှုံခွင့်လေးရ။ငွေလေးကြေးလေးရွှင်တော့
    မိုးလောက်ကြီးပြော။တကယ်ကို အနစ်နာခံပြီးအလုပ်လုပ်နေတဲ့ သူတွေက ခင်များတို ့လို ထော်လံဖားတွေ
    ကြောင့် ရောပြီးအထောင်းခံ၊အပြောခံနေရတယ်။

  • တောတွင်းပျော်

    January 24, 2012 at 10:08 pm

    **(ဦးခင်ညွန် ့လည်းစစ်သားပါပဲ။ သူနဲ ့ကျနော်အဖေတို ့ဟာ လုပ်သက်ချင်းလည်း သိတ်မကွာဘူး။ ရာထူးပဲကွာတာ။ သူလည်း ထောင်ကျတာပဲ။ သူလည်း ဘာပင်စင်မှ ဘာခံစားခွင့်မှ မရပါဘူး။ ဒါပေမဲ့ သူ ့အိမ်က တိုက်အိမ်။ ရွှေတောင်ကွပ်ထားသေးတယ်။ အခုလည်း တစ်လကို ဒေါ်လာငါးထောင်နဲ့ ဘာမှလုပ်စရာမလိုတဲ့ အလုပ်တစ်ခုကို ရနေပြီ။ ဒါတောင် တခြားဂွင်တွေမပါသေးပါဘူး။ ဒါ့ကြောင့်စစ်သားချင်းတူပေမဲ့ ခံစားခွင့်ခြင်းမတူပါဘူးဗျာ။)**

    ကိုဘုန်းကျော်အဖေနဲ ့ ဦးခင်ညွှန် ့က စစ်သားဖြစ်တာခြင်းတူခဲ ့ပေမယ် ့ ဘုန်းတန်ခိုးခြင်းက မိုးနဲ ့မြေလိုကွာတာ။ ဟိုတုန်းက ဦးခင်ညွှန် ့နဲ ့ဇေကမ ္ဘာဦးခင်ရွှေ အကြားဆက်ဆံရေး ဘယ်လိုရှိခဲ ့သလဲ။
    ကျေးဇူးခံ ကျေးဇူးစားတွေဖြစ်ခဲ ့သလား? တစ်ခုခုတော ့ရှိကောင်းရှိခဲ ့ကြပါလိမ် ့မယ်။
    ဒီအချိန်မှာ ဦးခင်ညွှန် ့က ဘာမှမဟုတ်တော ့ပေမယ် ့ ကျော်ဇောထင်ရှားနေသေးတဲ ့လူ။
    အခုလုပ်မယ် ့မြရိပ်ညိ ုဖောင်ဒေးရှင်းက နယ်စပ်တိုင်းရင်းသားဒေသအတွက်။
    ဦးခင်ညွှန် ့ကလည်း တစ်ချိန်က တိုင်းရင်းသားတွေကြား ကိုယ်ရောင်တောက်ပခဲ ့တဲ ့လူဆိုတော ့
    အဲဒီ ့ဖောင်ဒေးရှင်းရဲ ့နာယက နေရာကိုပေးရင်း ကျေးဇူးဆပ်လိုက်တဲ ့သဘောဖြစ်ပါလိမ် ့မယ်။

    ကိုဘုန်းကျော်…..
    ဦးခင်ညွှန် ့နဲ ့ပတ်သက်ပြီး ကိုဘုန်းကျော်ထက် ပိုပြီးခံစားချက်များတဲ ့လူ အတော်များများရှိကြလိမ် ့မယ်။
    မတူညီတာကို လိုက်ညှိနေရင် ကိုဘုန်းကျော် ဆက်ပြီးပင်ပန်းနေလိမ် ့မယ်။

  • phone_kyaw

    January 25, 2012 at 4:54 am

    ဟုတ်ပါတယ် ဆရာရယ် ကျနော်ပဲမှားပါတယ်။

  • kyeemite

    January 25, 2012 at 11:26 am

    တဖြည်းဖြည်းမှန်လာပါပီ..ကျနော်ပဲမှားပါတယ်..ဆိုတာကိုကမှန်လာတာ..
    ဆက်လုပ်ကိုဖုန်းကျော်..ဆက်လုပ်..

  • Zippo

    January 25, 2012 at 11:36 am

    သူရေးတဲ့ အထဲမှာ သတိပြုဆင်ခြင်စရာလေးတွေလဲ ပါလာတာ မြင်နေရပါတယ် ၊
    ယူတတ်သူ ရမှာပါ ၊ ဖုန်းကျော် အသံကြားရုံနဲ့ တိုုက်ခိုက်မယ် ချည်းပဲ မလုပ်ကြစေလိုပါ ၊
    (အမလေးဂျ အနီရောင်တွေ မြင်ရတော့မယ် . . ပြေးးးးးးးးးးးးးး )

  • ahnyartamar

    January 25, 2012 at 11:48 am

    all are conversations are nonsense.

  • char too lan

    January 25, 2012 at 2:56 pm

    ဟယ်……….. အဲ့ဝတ္ထုနာလည်းတိဒယ်
    “မသန်းတင့်ရဲ့ဓားကိုယူပီး ကိုကျော်ရဲ့မီးပလပ်ကိုဖြတ်မယ်” တဲ့
    အာကြီးနာမည်ကြီးတာ ……….ဟဟား 😆
    ကဘုံးကြော်…. ဒါတွေပြောရင် ဒေါတွေပါလိမ့်မယ်
    ကျနော်ပြောချင်နေတဲ့ All Balance ကိုလက်မခံတဲ့သူ အဲ့ဒီထဲမှာရှိနေသေးတယ်ဗျာ နောက်လည်းရှိနေအုံးမှာပါ……….

  • မင်း ခန့် ကျော်

    July 18, 2014 at 11:38 am

    အမလေးခုမှ ခင်ညွန့်ဆွေတော်မျိုးတော်တွေတွေ့ရလေတယ်။
    :mrgreen:

Leave a Reply