စစ်ကိုင်း၊မုံရွာဘက် မှ မြန်မာ့အမွေအနှစ်များနှင့် အံ့ဩဘွယ်ရာဖြစ်ရပ်များ။(ပထမပိုင်း)

ba gyiJanuary 25, 20122min14010

ဒီဇင်ဘာရုံးပိတ်ရက်ပြီးတော့၊(၅.၀၁.၂၀၁၂)မှာရုံးပြန်ဖွင့်ခြင်းပဲ- အထက်မြန်မာပြည် ဝန်ထမ်းဆုပေးပွဲသို့ အဲသည်ညပိုင်းမှာ ခရီးဆက်ရပြန်ပါတယ်။ ဆုပေးပွဲသွားရင်းမထင်မှတ်ပဲ စစ်ကိုင်း၊မုံရွာ ဘက် ဘုရားဖူးနှင့်အလည်အပတ်ရောက်ဖြစ်ခဲ့ရပြန်ပါတယ်ခင်ဗျား။

စစ်ကိုင်း၊ဧရာမြစ်ပတ်လမ်းပြင်နေလို့၊စစ်ကိုင်းတောင်ပတ်လမ်းမှအသွား၊လျှိုမြောင်လမ်းကလေး။

ဧရာမြစ်ခင်းမှာခြေဆင်းနေတဲ့၊ မင်းကွန်းရွာအဝင်မှ မြစိမ်းရောင်ကိုင်းခင်းကလေ။

မင်းကွန်းရောက်တော့၊ နိုင်ငံခြားသားတွေနှင့် စည်ကားနေတဲ့ မင်းကွန်းခေါင်းလောင်းကြီးကိုအရင်မြင်ရပါပြီ၊ ကဗ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးငါးခုထဲမှာ၊ကျုပ်တို့ မင်းကွန်းခေါင်း

လောင်းကြီးက ကဗ္ဘာ့ တတိယအကြီးဆုံးခေါင်းလောင်းကြီးလို့သိရပါတယ်။

–   ကဗ္ဘာ့ ပထမ အကြီးဆုံးခေါင်းလောင်းကြီးမှာ   ဆာ ကိုလိုကိုး ခေါင်းလောင်းဖြစ်ပြီး ( ရုရှား နိုင်ငံ)  မော်စကို/ရင်ပြင်မှာရှိပါတယ်၊  တန်ချိန်(၁၈၀)ရှိပြီး၊အေဒီ (၁၈)ရာစု တွင် သွန်းခဲ့ သည်။

–  ဒုတိယအကြီးဆုံးခေါင်းလောင်းကြီးမှာ             ရုရှားနိုင်ငံ မော်စကိုတွင်ပင်ရှိသော ရုရှားခေါင်းလောင်းကြီးဖြစ်သည်။ တန်ချိန်(၁၂၈)တန်ရှိသည်။                                                             – တတိယအကြီးဆုံး မြန်မာ့မင်းကွန်းခေါင်းလောင်းကြီးမှာအလေးချိန် (၉၀.၂၅)တန်ရှိသည်။ ဘိုးတော်ဘုရားလက်ထက်၊(၁၁၇၀)ပြည့်နှစ်တွင်သွန်းခဲ့ပြီး၊ရွှေ၊ငွေ၊ကြေး၊သံ၊ဘော်တို့ဖြင့်

သွန်းခဲ့ကာ၊သွန်းစကအသံမသာပဲ၊ ထိုသထ္ထုဓါတ်(၅)မျိုးပြန်ရောမှ အသံသာခဲ့ကြောင်းသိရသည်။

– စတုထ္တအကြီးဆုံးခေါင်းလေင်းမှာ  ဂျပန်ကြေးသွန်းခေါင်းလောင်းဖြစ်ပြီး၊ တန်ချိန်(၇၄)တန်ရှိကာ၊ကျိုတို-ချီယွန်အင်ကျောင်းတွင်တွေ့နိုင်သည်။(၁၆၃၃)ခုတွင်သွန်းခဲ့သည်။

– ပဉ္စမအကြီးဆုံးမှာ တရုတ်ကြေးသွန်းခေါင်းလောင်းဖြစ်ပြီး၊တန်ချိန်(၄၅)တန်လေးကာ၊ရွန်ဂဲလ် ဟုအမည်ရပြီး၊တရုတ်ပြည်အရှေ့ပိုင်း၊ရှန်ဒေါင်းပြည်နယ်၊ ဂျီနန်းမြို့တွင်၊ (၁၆၄၄)တွင် အပြီးသွန်းခဲ့သည်။

သမိုင်း မှတ်တမ်းများအရ၊ ရန်ကုန်မြစ်အတွင်း နစ်မြှုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီးမှာ တန်ချိန်(၂၉၀) လေးပြီး၊အေဒီ (၁၅)ရာစုတွင်သွန်းခဲ့သဖြင့်၊ကဗ္ဘာ့ရှေးအကျဆုံး နှင့်၊ အကြီး ဆုံးခေါင်းလောင်းစာရင်းဝင်မှာဖြစ်ကြောင်းသိရသည်။ပြန်ဖေါ်ပြီးသက်သေပြနိုင်ရန်သာလိုအပ်သည်။

နိုင်ငံခြားသားများစိတ်ဝင်စားစွာလေ့လာနေသော၊မြန်မာ့ မင်းကွန်းခေါင်းလောင်းကြီး။

ငလျှင်ဒါဏ်ခံခဲ့ရပြီးသော်လည်းယခုတိုင်အောင်ကြံ့ကြံ့ခိုင်ခန့်နေသေးသော မင်းကွန်းပုထိုးတော်ကြီး။

သည်ပုထိုးတော်ကြီးကိုဘိုးတော်ဘုရားကပဲတည်ခဲ့ပြီး၊ သတ်မှတ်မျှော်မှန်းအမြင့်ပေ၏၊လေးပုံတစ်ပုံသာပြီးခဲ့ပါသတဲ့၊အပေါ်ကိုအမျိုးသ္မီးတွေတက်ချင်လျှင်၊ပုထိုးတော်ကြိး အလယ် အောက်ခြေမှာ ပူဇော်ထားတဲပ ရုပ်ပွါးတော်ကို ရှိခိုးတောင်ပန်တက်လို့ရပါကြောင်းသိရတယ်။တည်ဆောက်တဲ့အခါ အုတ်ချပ်အရေအတွက်ကိုဂဏန်းဖြင့်မမှတ်မိမှာစိုးလို့ စာချိုးနှင့် မှတ်ရပါသတဲ့ ( ထန်းသီး ခုတ်လို့ လက်မတို တိုတဲ့ လက်မ အသုံးမကျ)လို့မှတ်သတဲ့။ ဗျဉ်းတွေတစ်လုံးချင်းဆိုရင် ကုဋေပေါင်း သန်းနှင့်ချီရှိနေပြီး (၇၆၂၄၄၅၇၇၇၄၅၁၆၅၂)   အဓိပါယ် တစ်လုံးစီဆိုလျှင် ( ၇၂၄၇၄၁ ) ဖြစ်ပါမယ်။ အဲသည်အပေါ်တက်တဲ့လှေခါးထစ်ပေါင်း(၁၇၀)ကျော်ရှိပြီး၊ မြစ်ကြီးဧရာ နှင့်၊ စစ်ကိုင်းတောင်ခြေအလှ သဘာဝရှုခင်း တွေကို ရှုမဝအောင်ခံစားရပါတယ်၊ လေကလေးတစ်ဖြူးဖြူး နဲ့ပေါ့။နောက်နှစ်မှာတော့ အဲသည်ပုထိုးတော်ကြီးအပေါ်ကို တက်ခွင့်ပိတ်ပါတော့မယ်တဲ့ဗျား။(ရွာခံတွေပြောတာပါ)

ပုထိုးတော်ကြီးပေါ်မှ ဧရာဝတီ၊ မင်းကွန်းရွာ နှင့် စုန်ဆန်နေသောသင်္ဘောကလေး။

မင်းကွန်းမှာရှိတဲ့လူအိုရုံကလေးထဲလည်းဝင်စပ်စု ခဲ့ပါတယ်၊တော်တော်မပြည့်စုံတာမြင်ခဲ့ရပါတယ်၊ စုတ်ပြန်နေတဲ့၊အိမ်သာရေဘုံဘိုင်တွေ၊ဘေစင်တွေ၊ ရေချိုးကန်တွေ၊ လှုဒါန်းသူနဲပါးပုံရပါတယ်။ ဝန်ထမ်းတွေလည်းမတွေခဲ့ပါဘူး၊နှင်းဆီကုန်း ဘိုးဘွားတွေလို စောင့်ရှောက်သူတွေအပြည့်စောင့်ရှောက်နိုင်ရန် ၊ လှုဒါန်း ကြဘို့ နယ်ခံများမှစနည်းနာဆောင်

ရွက်ပေးကြဘို့တိုက်တွန်းလိုပါတယ်။

အဲသည်နောက်တော့ မန္တလေးဘက်ပြန်ကူးကာတောင်သမန်ဘက်ရောက်ခဲ့ပါသေးတယ်။

                                               နိုင်ငံခြားသားများကိုကူညီပါဆိုတဲ့ သတိပေးဆိုင်းဘုတ်ကလေးကိုမြင်ရသလို၊ တောင်သမန်၏၊မရိုးနိုင်သောရှုခင်းကလေးတွေပါ။

မင်းကွန်းခေါင်းလောင်းနှင့်ကဗ္ဘာ့ခေါင်းလောင်များအကြောင်းအသေးစိတ်ကို၊ မော်စီ ဘလောဂ် နှင့်၊ နိုင်ခင်မောင်လေး၏၊ တိမ်မြှုပ်ပျောက်ကွယ်နေသည့် မွန်တို့၏မြို့ပြနိုင်ငံများမှကိုးကားပါကြောင်း။ ကျေုးဇူးတင်စွာဖြင့်၊ (မုံရွာဘက်သို့ နောက်ပို့စ်တွင်ဆက်ပါအုန်းမည်။)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

10 comments

  • ကြောင်ကြီး

    January 25, 2012 at 12:34 pm

    ဘဂျီးပျောက်နေလို့ ရဲခေါ်သွားဘီမှတ်တာ ရှိသေးသဂိုး…. ဆက်ပါအုံးဗြ…အထဲကအကြောင်းလေး….

    • windtalker

      January 25, 2012 at 1:18 pm

      ဘဂျီး ခင်ဗျားတော့ စီအိုင်အေ အေးကျန် ့ ကိုကိုကြောင် က သတိထားမိသွားဘီ ။ သတိသာ ထားပေတော့ ။ ဟဲဟဲ

  • ba gyi

    January 25, 2012 at 3:04 pm

    windtalker ရေ၊ ကိုကိုကြောင်က ရွာသားတွေရော၊ရွာသူတွေအပေါ်မှာပါ သံယောဇဉ်ကြီးတာနေမှာပါဗျ။
    ရွာအပေါ်တော်တော်ခြစ်ခင်ကျင်နာကြလို့ လေးစားရပါသဗျား။ ဟို သီချင်းလိုပေါ့ — ရှေးကထက်ပိုလို့ —
    ချစ်ကြသည်။

  • etone

    January 25, 2012 at 4:26 pm

    သမိုင်း မှတ်တမ်းများအရ၊ ရန်ကုန်မြစ်အတွင်း နစ်မြှုပ်နေသော ဓမ္မစေတီခေါင်းလောင်းကြီးမှာ တန်ချိန်(၂၉၀) လေးပြီး၊အေဒီ (၁၅)ရာစုတွင်သွန်းခဲ့သဖြင့်၊ကဗ္ဘာ့ရှေးအကျဆုံး နှင့်၊ အကြီး ဆုံးခေါင်းလောင်းစာရင်းဝင်မှာဖြစ်ကြောင်းသိရသည်။ပြန်ဖေါ်ပြီးသက်သေပြနိုင်ရန်သာလိုအပ်သည် ဆိုတာနဲ့ ပတ်သတ်လို့ …. ပညာရှင်တွေ ကြိုးပမ်းကြသေးတယ်ဆိုလား .. မအောင်မြင်ဘူးဆိုလား … ကြိုးစားသူတိုင်းဘေးဖြစ်တယ်ဆိုလားပဲ .. … ။ ဟုတ်မဟုတ်တော ့မသိဘူး .. ။

    မြင်ရခဲတဲ့ ရှုခင်းပုံတွေကြောင့် ခဏတာ လန်းဆန်းမှုကို ဖြစ်ပေါ်စေပါတယ် … ။ လက်ရာကောင်းကောင်းတင်ပေးတဲ့ပုံများအတွက် … ကျေးဇူးပါ ဘဂျီးရေ ။

  • စိန်ပေါက်ပေါက်

    January 25, 2012 at 4:42 pm

    မောင်ပေ မှန်မှန်မူး ခေါင်းလောင်းကော မရောက်ခဲ့ဘူးလား ဘဂျီးရဲ့
    အားပေးတွားပါဒယ်..

  • thit min

    January 25, 2012 at 6:04 pm

    ညီညွတ်ရေးနဲ့ ……အသက်ရှည်ရှည်ခင်ခင်မင်မင် …..လက်ရည်တပြင်တည်း
    ရှေးကထက်ပိုလို့ချစ်ကြတယ် ….
    တဲ့လား ကိုဘကြီးရေ။
    ခင်ဗျားက ရှေး မြန်မာ့မြေတွေကို နင်းလာပြီး၊ ရှေးသီချင်းတွေဆို ပြီး
    မြန်မာတော်တော်ဆန်လာပုံပါဘဲ။
    ပုထိုးတော်ကြီးဘုရားကိုကျနော် ဧရာဝတီမြစ်ထဲကနေမြင်ပြီးပြီ။(ကိုဘလက်ရဲ့စာအရ)
    ခုတခါပြောင်းပြန်ပြန်မြင်တယ်ပေါ့ဗျာ။
    ကျေးဇူးတင်စွာဖြင့်ဖူးလိုက်ရပါတယ်ခင်ဗျား။

  • ” ထန်းသီး ခုတ်လို့ လက်မတို၊ တိုတဲ့လက်မ အသုံးမကျ ” … တဲ့
    မင်းကွန်း ပုထိုးတော်ကြီးရဲ့ အုတ်ချပ်ရေကို မှတ်ခဲ့တဲ့ အဲဒီ စာချိုးကို အခုမှ ကြားဖူးတာဗျို့ …။
    ကျေးဇူးပါပဲဗျာ။

  • naywoonni

    January 25, 2012 at 7:54 pm

    ခုမှပဲ တားတား တူတူပုန်းခဲ့တဲ့ ခေါင်းလောင်းကြီး ပြန်တွေ့ရတော့တယ်..။ ဘလက်တို့ တင်တုံးက မပါဘူး ခေါင်းလောင်းပုံ …။

  • koaung

    January 26, 2012 at 6:09 am

    ဗဟုသုတတွေအတွက်ကျေးဇူးပါဗျိုး လူအိုရုံတွေမပြည့်စုံတာကြားရလို့လဲစိတ်မကောင်းဖြစ်မိပါ၏
    လေးစားလျှက်

  • water-melon

    January 26, 2012 at 7:44 am

    သိရသလောက်ဆိုရင် မင်းကွန်းပုထိုးတော်ကြီးကိုပြီးအောင်ဆောက်ရင် ပြည်ပျက်မယ်လို့ပြောလို့ ပြီးအောင်မဆောက်တာလို့ကြားဖူးပါတယ်။

Leave a Reply