မှတ်မှတ်ရရနေပြည်တော် (၃) (ဓာတ်ပုံ)

နွယ်ပင်January 24, 20123min17815

ဆိုင်ကယ်မှောက်လို့ လက်နာ ခါးနာ ကြောက်နေတဲ့ ကြားက ရွာထဲပြချင်လို့ ရိုက်ခဲ့တဲ့ ပုံလေးတွေပါ .. ရွာထဲက ပညာရှင်ကြီးတွေလို အဆင့်မှီမှီ မရိုက်တက်လို့ သည်းခံပြီး ကြည့်ပေးကြပါဦးနော် ……


ရေပန်းဥယျာဉ်ထဲက ကြိုးတံတားလေးပါ …..

လူကူးကြိုးတံတား အနီးကပ်ပုံလေးပါ …..

ကြိုးတံတား ရှေ့က ရုပ်တုလေးပါ ….

ရေပန်းဥယျာဉ်ထဲက အပျော်ရေကူးလို့ရတဲ့ နေရာလေးပါ ….


ရေကူးကန်လေးကို ဟိုဘက်ဒီဘက် ဖြတ်လျှောက်လို့ ရအောင် ဖန်တီးထားတာလေးပါ …


ရေကူးကန်လေးမှာ လှိုင်ဂူပုံစံလေး အလှဆင်ထားတာပါ


မိုးတွေရွာနေသလို ….

ကျောက်မှိုပွင့်ကြီး …..


ရေပန်းဥယျာဉ်ထဲက ရေတံခွန်လေးပါ …


ရေပန်းဥယျာဉ်ထဲက လမ်းကလေး …


ရေပန်းဥယျာဉ်ထဲက လူသွားလမ်းလေးမှာ အလှဆင်ထားတာလေးတွေပါ …


အိမ်အပြန်လမ်း တုတ်တုတ်ပေါ်က ရိုက်ထားတာပါ …

အိမ်အပြန်လမ်း တုတ်တုတ်ပေါ်က ရိုက်ထားတဲ့ ဓာတုစယဓာတ်ပေါင်းစုစေတီတော်ပုံပါ ….

15 comments

  • windtalker

    January 24, 2012 at 12:17 pm

    မနွယ်ပင် ရဲ ့စေတနာမှတ်တမ်းများကို သားသားကြည့်သွားပါ၏

  • စိန်ပေါက်ပေါက်

    January 24, 2012 at 12:17 pm

    ဆိုင်ကယ်မှောက်ခံပြီး ရိုက်ထားတဲ့ပုံတွေ
    ထင်တော့ထင်သား.. 😆
    ဒီလိုကြည့်ရတော့လဲ နေပူတော်က ဘယ်ဆိုးလို့ တုန်း ဗျ

  • ရွာစားကျော်

    January 24, 2012 at 12:22 pm

    အစောကြီး အိမ်ပြန်သွားတာကိုး
    ညနေ မှောင်ရီပျိုးပြ ဆို မီးရောင်စုံနဲ့ ပိုတောင်လှသေးတာ

  • ရေကူးကန်လေးမှာ လှိုင်ဂူပုံစံလေး အလှဆင်ထားတာပါ ဆိုတဲ့ နေရာက မအေးဘူးလားဗျ
    ကျွန်တော်တို့ တုံးက အေးလို့ အဲဒီနေရာမှာ အကြာကြီးရပ်နေတာ မှောင်တဲ့အချိန်ဆိုတော့ အောက်မှာရေရွှဲတာကို မမြင်မိ
    ရေငွေ့လေး အေးအေးလေးလေးတွေကိုခံစားရင်း နေလိုက်တာ
    အဲဒီနေရာက ခွာလိုက်မှပဲ ရေတွေရွှဲနေမှန်းသိတော့တယ်
    အပြန် တုတ်တုတ် (သုံးဘီးဆိုင်ကယ်) စီးတော့ ချမ်းလိုက်တာဗျာ …
    ခက်တာက သူများတွေလို အနွေးဓာတ်ပေးမယ့် ……………. မရှိတော့ …. 😛
    ဓါတ်ပုံမရိုက်ခဲ့သမျှ အခုမှ အလွမ်းပြေ ပြန်ကြည့်ရတော့
    ကျေးဇူးပါပဲဗျ

  • Moe Z

    January 24, 2012 at 1:06 pm

    မမနွယ်ပင်ရေ နေပြည်တော်ကို အလုပ်ကိစ္စနဲ့ရောက်ဖြစ်ပေမယ့်
    ဘယ်ကိုမှ လျှောက်မလည်ဖြစ်သေးဘူး
    ကြည့်ရတာ ရေပန်းဥယျာဉ်ကတော့ စိတ်ကြည်နူးစရာကောင်းမယ်ထင်တယ်
    နှစ်ယောက်အတူတူရိုက်ပြတဲ့ ပုံတွေမို့လားမသိ 😛

  • နွယ်ပင်

    January 24, 2012 at 1:32 pm

    အားပေးသွားတဲ့ သားသား မောင်ပေကို ကျေးဇူးတင်ပါတယ်နော် … 🙂

    ကိုပေါက်ဖော်ရေ…..
    ဆိုင်ကယ်မှောက်တာတောင် နွယ်ပင်က ဓာတ်ပုံတော့ ရအောင်ရိုက်ခဲ့ပါသေးတယ်
    ဆိုင်ကယ်များ မမှောက်ရင် ဘာပြောကောင်းမလဲ ဒီရွာကြီးတစ်ခုလုံး ဓာတ်ပုံတွေပြည့်
    သွားမှာသေချာတယ် 😛

    ရွာစားကျော်ရေ …..
    အစောကြီး ဘယ်ပြန်ချင်ပါ့မလဲ
    မပြန်ချင်ပဲ ပြန်ခဲ့ရတာလေ ………….

    ကိုကင်းရေ
    အဲ့နေရာလေးက တော်တော်လေးကို အေးပါတယ် နွယ်ပင်ကတော့ အဲ့နေရာမှာ
    တော်တော်ကြာကြာလေးကို ထိုင်နေခဲ့သေးတယ် ဘယ်မှမသွားနိုင်သေးလို့လေ 😀
    နွယ်ပင်တို့ ပြန်တဲ့ အချိန်က ညနေ 4း00 နာရီဆိုတော့ သိပ်မအေးသေးဘူး
    နောက်တစ်ခါသွားရင် အချမ်းပြေအောင် အနွေးထည်ထူထူလေး ယူသွားပေါ့နော် 😛

    မိုးစက်ရေ …
    ရေပန်းဥယျာဉ်ကတော့ တော်တော်စိတ်ကြည်နူးစရာကောင်းပါတယ်
    ရေပန်းဥယျာဉ်အသွားလမ်းမှာသာ စိတ်ခြောက်ချားစရာကောင်းတာပါ 🙁

  • eipu

    January 24, 2012 at 2:13 pm

    မနွယ်ပင်ရေ
    ပုံလေးတွေကမိုက်တယ်နော်။

  • etone

    January 24, 2012 at 4:24 pm

    အစ်မနွယ်ပင်ရေ .. အခုလိုကျတော့လည်း ပျော်စရာကောင်းတဲ့ နေရာတွေချည်းပဲနော် … လှလည်း လှတယ်နော် … တစ်ခေါက်လောက်တော့ ရောက်အောင် သွားလည်ဦးမယ် … ။ 🙂

  • kaung kin pyar

    January 24, 2012 at 6:12 pm

    ပုံလေးတွေက စေတနာပါလို့ထင်တယ်။ တကယ်ကို လှပါတယ်။ ကိုယ်တိုင်တောင် သွားဖူးချင်စိတ်ပေါက်လာပြီ။

  • တော်သေးတယ် နွမယ်မယ်
    ကျနော်လဲ ဓါတ်ပုံတွေရိုက်လာတယ်။
    ညည်းတင်တာနဲ့ မတူတာ ရွေးတင်ပေးမယ်နော်။
    ဆင်ဖြူတော်တွေရော မရိုက်ခဲ့ဘူးလား.

  • Khin Latt

    January 25, 2012 at 4:36 am

    နေပြည်တော် က နေရာတစ်ချို့ ကိုရောက်အောင်ပို့ ပေးလို့ သင်းခရု ပါ တစ်ပင်ထဲနွယ်လေးရေ။
    ဒါနဲ့ – နံပါတ်(၂) ပုံကရော – တံတားပေါ်မှာ မှောက်လှဲပြီး ရိုက်လာတာလား။ jk 😉

  • စုံ စုံ

    January 25, 2012 at 9:51 am

    ပုံတွေအားလုံးမိုက်တယ်နော်
    ဂူထဲဝင်ပြီးရိုက်ထားတဲ့ပုံလေးပိုမိုက်တယ်
    တော်သေးတာပေါ့ ဆိုင်ကယ်မှောက်တာမသေကောင်းမပျောက်ကောင်း
    ဆိုင်ကယ်သာမမှောက်ဘဲ ရေပန်းဥယျာဉ်ရောက်သွားလို့ကတော့
    ဒီ့ထပ်ပိုမိုက်တဲ့ပုံတွေကြည့်ရမှာ အသေအချာဘဲ 😛

  • နွယ်ပင်

    January 25, 2012 at 9:53 am

    eipu ရေ …
    ပုံလေးတွေလှတယ်ဆိုလို့ ကျေးဇူးပါနော် ….

    etone ရေ …
    လှတာကတော့ လှပါရဲ့ တစ်နေရာနဲ့ တစ်နေရာကတော့
    သွားရတာ အဝေးကြီးရယ် .. ကိုကိုဒေါက်နဲ့ သွားလည်ရင်တော့
    ပျော်စရာကောင်းမှာပါ …. 🙂

    kaung kin pyar ရေ …
    ပုံတွေလှတယ်ဆိုလို့ ကျေးဇူးနော် …

    လေးပေါက်ရေ …
    တင်ပါနော် .. နွယ်ပင်ရိုက်ထားတာနဲ့တူလည်း ပုံအယူအဆချင်းကတော့
    လေးပေါက်တို့ရိုက်တာက ပိုလှမှာပါ . ဆင်ဖြူတော်ဘက်တောင် မရောက်ဖြစ်ပါဘူး လေးပေါက်ရယ်
    လေးပေါက် တင်တော့မှပဲ ကြည့်တော့မယ် 😀

    အရီးလတ်ရေ …
    နံပါတ်(2) ပုံက နွယ်ပင်ရိုက်တာ ဟုတ်ဘူးလေ တစ်ယောက်သောသူ
    ရိုက်တာ မှောက်ပြီးတော့တော့ မဟုတ်ပါဘူး ကုန်းကုန်းကြီးတော့ ရိုက်တာတွေ့တာပဲ 😛

    စုံစုံရေ …
    ဆိုင်ကယ်သာမမှောက်ရင်တော့ ဒီရွာထဲ နွယ်ပင်ရိုက်လာတဲ့ပုံတွေနဲ့ ပြည့်နေမှာသေချာတယ် 😀
    ဒါတောင် ရေပန်းဥယျာဉ်တစ်ခုထဲ သွားလိုက်ရလို့ တစ်ခြားနေရာအစုံသာရောက်ဖြစ်ရင်တော့ ဟီးးးးးးးး

    • M-Lulinရွှေ

      January 27, 2012 at 12:32 am

      တစ်ယောက်သော တူက ဘူရဲငင် …..

Leave a Reply