အပျင်းပြေစားကြမယ်

SandyJanuary 24, 20121min1936

ကျောင်းပိတ်တုန်းသူငယ်ချင်းတွေစာစုလုပ်ဖြစ်ကြတယ်။
စာလုပ်ရင်းနဲ့နေ့လည်ကျတော့နားဖို့လုပ်ရင်းတခုခုလုပ်စားကြမယ်ဆိုလို့အားလုံးအတိုင်အဖောက်ညီညီ”ဂျင်းသုပ်”သုပ်စားကြမယ်ဆိုပြီး၊
မီးဖိုချောင်ထဲဝင်ကြည့်တော့လိုမယ်ထင်တာလေးတွေထွက်လာတယ်။
၁။ဂျင်းအနည်းငယ်
၂။ပဲကျက်မူန့်အနည်းငယ်
၃။ပုဇွန်ခြောက်မူန့်
၄။ငံပြာရည်
၅။အချိုမူန့်အနည်းငယ်
၆။သံပုရာသီးတစိတ်
၇။ခရမ်းချည်သီး(၂)လုံး
၈။ကြက်သွန်နီ(၂)လုံး
၉။ပဲဆီအနည်းငယ်
၁၀။အကြော်စုံ(သင့်တော်သလောက်)
သူငယ်ချင်းတို့ရေလိုမယ်ထင်တာတွေစုံပြိဆိုရင်လုပ်ငန်းစမယ်ဟေ့။
အရင်ဆုံးဂျင်းထဲကို(ပဲမူန့်၊ပုဇွန်ခြောက်မူန့်၊ငံပြာရည်၊အချိုမူန့်အနည်းငယ်၊ပဲဆီအနည်းငယ်)ထည့်ပြီး၊
သံပုရာသီးတစိတ်ကိုညစ်ထည့်ပြိး၊သမအောင်မွေပေးပါ။ခရမ်းချည်သီး(၂)လုံးကိုအစိတ်လေးတွေပြုလုပ်ပြီး၊ထို့အတူ၊
ကြက်သွန်နီ(၂)လုံးအစိတ်လေးတွေပြုလုပ်ပြီး၊သမအောင်မွေထားသောဂျင်းထဲသို့ထည့်ပါ။ဆက်လက်ပြီးအကြော်စုံ(သင့်တော်သလောက်)ကိုထည့်ပြီးနယ်ပေးပါ။
သင့်တော်သလိုတွဲဖက်စားသုံးရန်(ကြက်သွန်ဖြူနုင့်ငရုတ်သီးစိမ်း)တို့ဖြင့်တွဲဖက်စားသုံးနိုင်ပါပြီ။
ကဲစားပြီးကြရင်စာဆက်လုပ်ကြမယ်နော်။

6 comments

  • Wai Phyoe

    January 24, 2012 at 12:58 pm

    ကဲ စားဖိုမှူးမလေးရေ ဒီတစ်ပတ်လည်းတင်လိုက်ပြန်ပြီနော် ဂျင်းသုတ်က သားသားအကြိုက်ဗျ
    ပုံကြည့်ပြီးတောင်သရည်ယိုမိပါတယ်။…………………………………..စားချင်တယ်ဗျာ

  • စိန်ပေါက်ပေါက်

    January 24, 2012 at 1:03 pm

    ကြက်သွန်ဖြူ အမွှာသေးလေးတွေ ပိုကြိုက်တယ်ဗျာ
    ရှလွတ်

    စကားမစပ်
    ရွာထဲက အပျိုဂျီးဒို ့..လပျိုဂျီးဒို ့
    အင်တာနက်ကပဲ ကျွေးနေတော့မှာလားဗျို ့
    သများတို ့တွေ..ဂယ်လဲ.မစားရပဲနဲ ့..သမာဓီပျက်တယ်ဗျား
    ညှင်း..ညှင်း..
    😳

  • windtalker

    January 24, 2012 at 1:17 pm

    အပျင်းပြေအောင်တော့ မစားချင်ဘူး
    အပျင်းပြေအောင် အရင်ကစားမယ်
    ပြီးမှ မောမှ စားမယ်
    ဟုတ်ပလား

  • eipu

    January 24, 2012 at 1:48 pm

    စားချင်လိုက်တာ………………….. သွားရည်တောင်ကျတယ်။

  • etone

    January 24, 2012 at 3:13 pm

    အင်တာနက်ထဲက အစားစားတွေ စားရင်း အပြင်မှာပါ ဗိုက်ပြည့်သွားလျှင် သိပ်ကောင်းမှာပဲ .. ဒါမှ ဝိတ်လျှော့လို့ရအောင် … 😆

  • thit min

    January 24, 2012 at 6:11 pm

    ကိုယ်ဟာကိုဂျင်းတက်ကို လှီးပြီးသုပ်မယ်ဆိုရင်တော့
    ဂျင်းကိုအချောင်းလေးတွေလှီး(ဂျင်းထိုး)ပြီး သံပုရာရည်စိမ်ထားရပါတယ်။
    မဟုတ်လို့ကတော့ စပ်လို့ စားလို့မကောင်းပါဘူး။
    ဂျင်းလုပ်ပြီးသားမရှိသော ဒီမှာလုပ်သော နည်းလေးပါ။
    ဪ ကြုံလို့ပြောရရင် နေ့စဉ်ဂျင်းအစိမ်း(ဂျင်းသုပ်လဲရတယ်) တကျပ်သားလောက်
    စားရင် အဆီကျပြီး ဒိုင်းယက်ဖြစ်ကြောင်းပါ။
    ကျနော်သိသမျှ ဒိုင်းယက်အတွက် နည်းလမ်းများစွာထဲက အလွယ်ဆုံး တခုပေါ့။

Leave a Reply