ဘုန်းဘုန်းတို့ရေကြည့်လိုက်ကြပါအုံး

Wai PhyoeJanuary 24, 20121min20826
ဘုန်းဘုန်းတို့ရေကြည့်လိုက်ကြပါအုံး

 

ပာိုတစ်နေ့က Blog တစ်ခုကိုကြည့်ရင်းနဲ့မထင်ပဲတွေ့လိုက်ရတာပါ။ ဒီတိုင်းကြည့်ရင်ဘာမှမပာုတ်သလိုပါပဲ။သေချာကြည့်မိမှဘုရားတမိပါတယ်။

ကိုကိုးကွယ်တဲ့ဘာသာက ဒီလိုတွေဖြစ်နေတာမြင်မကောင်းတော့ပါဘူး။ဒီပုံကိုတင်ရင်ကောင်းမလား ကောင်းလားအခါခါစဉ်းစားပါသေးတယ် မနေနိင်တော့လို့

ဂေဇက်ကနေ အော်လိုက်ရတာပါ။ အရင်တုန်းက တော့ ဘုန်းဘုန်းတွေ နောက်ကွယ်ကနေ ချဲဒိုင်ကိုင်ပါတယ်။ ကျောင်းမှာ အချစ်သီချင်းတွေဖွင့်ပါတယ်။

ခုကတော့ ပေါ်တင်ကြီးဗျာ လူကြားကြီးထဲ မှာ မင်းသမီးတွေ ဆီမှာ အခွေဝယ်ပြီး  အော်တိုထိုးခိုင်းနေတယ်။အမှန်တကယ် ဘုန်းဘုန်းတွေကို အဲ့လိုနေရာမျိုးမှာကို

မတွေ့သင့်တာပါ။ခုတော့ဗျာ……………………………………………………….

26 comments

  • စိန်ပေါက်ပေါက်

    January 24, 2012 at 12:52 pm

    သံဃာတော်များ ဦးစားပေးပါ
    😀

    • တိန်
      …………..
      ကပေါက်ဖော်
      အဲဒီနေရာမှာလည်း ဦးစားပေးရင်
      ဟိုနေရာတွေမှာလည်း ဦးစားပေးကုန်ရတော့မှာပေါ့ …
      …………..
      သို့
      ဘုန်းဘုန်း
      ဒကာလေး စာရေးလိုက်ပါဒယ်
      ရန်ကုန်မြို့ကြီးမှာ ဘုန်းဘုန်း အဆင်ပြေစေဖို့ ရွာက မယ်တော်နဲ့ ဒကာလေး ကြိုးစားပြီး ငွေ့ပို့ပေးလိုက်ပါဒယ် ..
      ဘုန်းဘုန်း မြို့ကြီးမှာ ကျမ်းဂန်တွေ ပိုတက်လာမယ်လို့လည်း ရွာဦးကျောင်းဆရာတော်က မကြာခဏ မိန့်မှာလေ့ရှိပါတယ် ..
      ဘုန်းဘုန်း ရွာက ကိုရင်ပေါက်ဖော်တစ်ယောက် ရွာလယ်က ကိုပေ (ဘောလုံးပွဲဒိုင်)ဆီမှာ ဘောပွဲလောင်းရင်း မောင်းအောင်တော့ မြို့တက်ပြီး ဂျော်နီရဲ့ဝက်ကား ဆိုလား ဘီလူးလေလည်တဲ့ဟာတွေဆိုလား အဲဒါတွေ သွားဝယ်ရင်း ဘုန်းဘုန်းနဲ့ အုတ်လိုင်းပေါ်မှာ တွေ့ခဲ့တဲ့ အကြောင်း ဖောက်သည်ချသေးတယ်ဗျ … ဂျီးတော် ဆိုလား ဘာလား အဲဒါကိုသုံးရင်း သိကြဒယ် ဆိုလားပဲ .. ဒကာလေးကတော့ အဲဒါတွေ မသိပါဘူး အခုတစ်လော လယ်ထဲမှာ ကောက်သင်းကောက်တဲ့သူက ရိတ်ထားတဲ့ ပဲပုံထဲက လာနှိုက်နေကြတော့ လယ်ထဲမှာ တဲတိုးပြီး နေနေရဒယ် … ဘုန်းဘုန်းက မြို့ကြီးမှာနေတာဆိုတာ တစ်ခုလောက်မှာလိုက်ချင်ရဲ့ ဟိုဘက်ရွာက စာကြည့်တိုက်မှာ လုပ်အားပေးနေတယ် ရွာက ကွမ်းတောင်ကိုင် ရွှေအိမ်စည်လေးက နင်ကြိုက်တဲ့ ကောင်မလေးက ပရိတ်သတ်တွေကို လတ်မှတ်ထိုးပေးနေတယ်တဲ့ … ဘုန်းဘုန်းရေ ဒကာလေး အဲဒီမင်းသမီးရဲ့ လက်မှတ်ကလေးရရင် ရွာက လယ်ထဲမှာ အလုပ်လုပ်ရကြိုးနပ်ပါပြီဗျ … ဘုန်းဘုန်း အဲဒီမင်းသမီးလေးရဲ့ လက်မှတ်ကလေး ဒကာလေးဆီ ရောက်အောင် ပို့ပေးမယ်လို့ ယုံကြည်လျှက်
      ဒကာလေး
      ငတေ
      ရွာငယ်
      —————————————————-
      (စာကြွင်း။ မတူတဲ့ အမြင်နဲ့ရေးရရင် ဒီလိုဒီလို ပေးစာလေးများရှိခဲ့ရင် ….) … 😛

      • myanmarcitizen

        January 24, 2012 at 3:58 pm

        အော် ငတေ ရယ် မှာမယ့်သူရှားလို့ ဘုန်းဘုန်းမှသွားယူခိုင်း ရစ်လေတယ်။

    • zarlay

      January 25, 2012 at 12:54 pm

      ဘုန်းဘုန်းတွေအကြောင်းပြောလို့ အခုမှသတိရသွားတယ် Mandalay မှာ ဘုရားကြီးကို သွားဖူးတော့ ဦးဇင်းတစ်ပါးက အနားလာပြီး ဒကာမကြီး ပြန်ဖို့လမ်းစရိတ်ပြတ်သွားလို့ လမ်းစရိတ်လေး လှူပါအုံးဆိုလို့ ၂၀ဝ တန်တစ်ရွက် ထုတ်လှူလိုက်တော့ လက်ကမ်းပြီး ဦးဇင်း လက်ထဲကိုလှူမလို့လုပ်နေတုန်း ဦးဇင်းက ၂၀ဝ တန်ကိုလက်မခံပဲ ပါးစပ်ကပွစိပွစိ ပြောပြီး ထွက်သွားတယ် ပြောချင်တာကတော့ ၂၀ဝတန်ကဘာလုပ်လို့ရမှာလဲပေါ့နော် စိတ်ထဲမှာတော့ တော်တော်စိတ်မကောင်းဖြစ်သွားတယ် တကယ်လမ်းစရိတ်ပြတ်သွားတယ်ဆိုလဲ ဒီလိုပဲ ဒကာတစ်ယောက်ပြီးတစ်ယောက်ဆီ အလှူလိုက်ခံရင်တော့ လမ်းစရိတ်ပြည့်သွားမှာ
      ပေါ့နော် အဲဒီလိုတော့ ၂၀ဝ ကို နည်းတယ်ဆိုပြီး အလှူမခံဘူးဆိုတော့ အင်းဘယ်လိုပြောရမှန်း
      တောင်မသိတော့ဘူး ဒါပေမဲ့ အဲဒီလိုဦးဇင်းမျိုးက ၁၀ဝ မှာ ၂% လောက်ပဲရှိမယ်ထင်တယ်

  • cobra

    January 24, 2012 at 1:14 pm

    ဟုတ်တော့ဟုတ်တယ် လူမြင်မကောင်းဘူး
    သံတစ်ခြားဘာသာတွေမြင်သွားရင်မကောင်းဘူး
    ဖျက်လိုက်ပါလား

  • windtalker

    January 24, 2012 at 1:15 pm

    ဝေဖြိုး ရဲ ့စိတ်စေတနာ ၊ ပြောင်းလဲသင့်စေချင်တဲ့ သဘော ကို သိရပေမယ့် ၊ ယခုကဲ့သို ့တင်ခြင်း ကိုမူ ကန် ့ကွက်ပါ၏ ။

  • thitsamoe

    January 24, 2012 at 1:41 pm

    အော်…ဘုန်းဘုန်းတို့…ဘုန်းဘုန်းတို့…။ ဆရာကြီးဦးအောင်သင်းပြောသွားတာ နည်းတောင်နည်းသေး
    တယ်။ `အရှင်ဘုရားတို့က ဘုန်းကြီးလုပ်စားမှာလား..တဲ့..။ ဘုန်းကြီးလုပ်စားမယ်ဆိုရင်လည်း အခုထဲက
    လူထွက်ပါတဲ့..။ ဒါမှမဟုတ်..လောကအကျိုးဆောင်မယ်ဆိုရင်လည်း…မထွက်နဲ့ပေါ့တဲ့..။ ခုကဘာလဲဗျာ။
    ဓမ္မကိုကိန်းအောင်ကြိုးစား။ ပြီးရင် ကိုယ်သိသလိုတပါးသူသိအောင်ပြန်လုပ်..ဆိုတဲ့…အဆုံးအမ..။
    ဒီနှစ်ခုထဲ..ဘုရားရှင်ကပြောခဲ့တာပဲ..။ အခုတော့…သာသနာကို သန့်ရှင်းအောင်လုပ်မယ်ဆိုပြီး..
    ပြောနေကြတာလည်း..များလှပြီ။ ဒုံရင်းပဲ..။ ဒီကြားထဲ ဘုန်းကြီးတွေကများ။ ကျောင်းတွေကပေါပေမယ့်
    နေစရာနေရာကမရှိ..။ သာသနာရေးဝန်ကြီးဌာနရဲ့ စားပွဲခုံတွေပေါ်မှာလည်း…ကျောင်းလုတာနဲ့၊ ဘုရား
    လုတာနဲ့၊ တကာမလုတာနဲ့၊ တကာလုတာတွေနဲ့ကို ရှုပ်ပွနေတာပဲ…။ ဘာလုပ်ကြမှာလဲ ဘုန်းဘုန်းတို့..။
    ဘုရားသာသနာထဲကိုဝင်လာတာ..ချောင်လို့လား..။ ဒါမှမဟုတ်…ဝင်ပြီးမှချောင်မှန်းသိလို့..အချောင်လိုက်
    နေကြတာလား..။ တခြားဘာသာဝင်တွေအထင်သေးတာထက်..ကိုယ့်ကိုကျွေးမွေးထောက်ပံ့နေတဲ့..
    ဒကာ၊ ဒကာမတွေရဲ့ လေးစားမှုကို မျက်ကွယ်ပြုတာတော့..လုံးဝမသင့်မြတ်ပါဘူးဘုရားတို့..။
    ဆရာဦးအောင်သင်းပြောခဲ့သလို..အရွယ်ကောင်းတုန်းမှာ လူထွက်ရင်ထွက်ကြပါ။(ဘုန်းကြီးလုပ်စားမယ်
    ဆိုရင်ပေါ့)။ အများအကျိုးဆောင်မှာဆိုရင်လည်း လူဝတ်တွေထက်တော့…အသိဉာဏ်ဦးစီးပြီး..ရှောင်
    သင့်တာတွေကို ရှောင်ကြပါဘုရား။

    • shwebagan

      January 25, 2012 at 10:31 am

      ဆရာအေါင်သင်း ဘယ်မှာပြောတါလဲသိချင် ကြိုက်လို့မေးတါပါ။

  • jujuma

    January 24, 2012 at 2:04 pm

    အင်းနော် ဒါမျိုးတွေကမရှိသင့်တာတွေပါ…နေရာတိုင်းမှာမသင့်တော်တာတွေတွေ့နေရတယ်..
    စာလေးနဲ့ ဖြစ်စဉ်ကို ရေးပီးပြောရင် ပိုကောင်းမယ်ထင်ပါတယ်….ပုံ တော့မတင်သင့်ပါဘူး..
    ဘာလို့လဲဆိုတော့ ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလို..အဲလေ
    ကိုယ့်ဘာသာကိုယ် ချပြသလိုဖြစ်နေလို့ပါ ..
    အကြံပြုတာပါနော်..

  • kai

    January 24, 2012 at 2:13 pm

    မြန်မာပြည်အနာဂတ်… ရင်လေးတယ်ဗျာ…
    အမှန်ကိုအမှန်အတိုင်း..သက်သေနဲ့ပြခွင့်တောင် မပေးနိုင်လောက်အောင်.. အမိုက်ဖုံးကုန်ကြပြီလားဟင်င်င်ငင်… 🙁

    • windtalker

      January 24, 2012 at 2:27 pm

      ဒီလိုရှိတယ် သဂျီးရ
      သဂျီး ပြောပြောနေတဲ့ ကွန်ဆာဗေးတစ် ဖြစ်တာတော့ မဟုတ်ရပါဘူး
      ဘယ်သူ က ကျား ဘယ်သူ က နွား လဲ ဆိုတာ ဒီမှာ ရှိတဲ့ လူတိုင်းက သိကြပါတယ်။
      အဲဒီလို လုပ်နေတဲ့ ဘုန်းကြီးတွေ ကို သိတဲ့ ဘယ် ဒကာ/ဒကာမ မှလည်း ကြည်ညိုသဒ္ဒါပေါက်ပြီး မလှူကြပါဘူး ။ ရှောင်နေကြတာပါဘဲ ။ အဲ မသိတဲ့ လူတွေလောက်ဘဲ ဆွမ်း ၊ ဝတ္ထုကပ်ကြမှာပေါ့ဗျာ ။
      မသိတဲ့လူက လဲ သူတို ့ကိုးကွယ်တဲ့ဟာ က ဘာလဲ ဆိုတာ တစ်နေ ့သိလာကြမှာပါဘဲ ။
      ဆိုတော့က ဗျာ ။ ကျွန်တော်တို ့က လက်တွေ ့ကြ ကိုးကွယ်နေတာဆိုတော့ ၊ မျက်စိမှိတ် ကိုးကွယ်တာ မဟုတ်ပေမယ့် ၊ ဒီလို ပုံနဲ ့တစ်ကွ မြင်ရတော့ စိတ်မကောင်းဖြစ်မိလို ့ကန် ့ကွက်မိတာပါ ။
      အဆိုုးအကောင်း ကို အမှန်အတိုင်းတင်ပြသင့် တာ ကို ထောက်ခံပါတယ် ။

      • kai

        January 24, 2012 at 2:35 pm

        သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးတဲ့..
        မဟနကို မွေးထုတ်ပေးလိုက်တဲ့.. ဦးနေဝင်းခေတ်က.. လက်စွဲဆောင်ပုဒ်ကြီးပေါ့….။

        တကယ်တော့ ..သာသနာသန့်ရှင်း၊တည်တံ့၊ပြန့်ပွားဖို့.. သာသနာထဲက လူတိုင်းမှာတာဝန်ရှိပါတယ်..။
        ဒါမျိုးဆို.. ဓါတ်ပုံရိုက်.. မဟနလိုနေရာအားကိုးပြီး..ပို့ရမှာပါ..။
        မဟနနဲ့..ဆိုင်ရာအဆင့်အဆင့် အဖွဲ့အစည်းတွေကလည်း.. အရေးယူရမှာပါ…။

        ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိသင့်ဘူး.။
        ရဟန်းတွေက.. ရဟန်းဝိနည်းအပြင် လူဥပဒေတွေပါ လိုက်နာရမှာပါ.. ပိုတာဝန်ကြိးပါတယ်..။

        • windtalker

          January 24, 2012 at 2:43 pm

          ကျွန်တော်တို ့မန်းတလေး မြို ့မှာဆိုရင် တိုင်းဒေသကြီးအနေနဲ ့၊ တရားဝင်စာထွက်ထားတာရှိတယ် ။ အဲ့တုန်းက ဖိုရမ်မှာ လာတင်မလို ့ဘဲ ။ မတင်ဖြစ်ခဲ့တာ ။ သီလရှင် ၊ ကိုရင် ၊ ရဟန်း အားလုံး ၊ အချိန်မတော် ဘူတာ တို ့စားသောက်ဆိုင်မှာ တို ့အလှူခံတာတွေ ကို တားမြစ်ထားတယ်ဗျ ။ ဝိနည်းနဲ ့မညီတာ လုပ်တာ တွေ ့ရင် ၊ မိရင် လူဝတ်လဲခိုင်းပြီး အရေးယူမယ့်အကြောင်း တရားဝင် စာထွက်ထားတယ် ခင်ဗျ

  • Wai Phyoe

    January 24, 2012 at 3:01 pm

    အားလုံးဝင်ဆွေးနွေးပေးတာကျေးှဇူးပါ
    ကျွန်တော်လည်းတော်တော်တင်သင့် မတင်သင့် စဉ်းစားခဲ့ပါသေးတယ် ဒါပေမဲ့နောက်ဆုံးတင်ဖြစ်ခဲ့တယ်ဗျ
    ဘာလို့လဲဆိုတော့ လူတိုင်းသိဖို့လိုနေပြီ အနည်းဆုံးတော့ဗျ ဒီပုံမြင်ပြီး စိတ်မကောင်းဖြစ်သွားကြမယ် မတင်သင့်ဘူးလို့လဲတွေးကြမယ် ကျွန်တော်လိုချင်တာကလည်းအဲ့ဒါပဲ။
    အဲ့လိုစိတ်မျိုးရှိမှ ကျွန်တော်တို့ပတ်ဝန်းကျင်ကိုပိုသတိထားမိမှာ။ အဲ့လိုစိတ်မျိုးရှိမှ ပြောင်းလဲသင့်ပြီဆိုတာ နားလည်လာမှာ။အဲ့လိုစိတ်မျိုးရှိမှ ခုဆိုရင်ပဲကြည့်လေ comment တွေမှာ ဘယ်လိုပြောင်းလဲသင့်လာပြီလဲ
    ဘယ်လိုလုပ်သင့်တယ်ဆိုတာတွေတက်လာတယ်။ဒါတွေပာာ အသုံးမဝင်ဘူးလို့ကျွန်တော်မထင်ဘူး။နောင်တစ်ချိန်အတွက်အုတ်မြစ်အတွေးတွေပါ။ဒီဆိုက်ကို တစ်ချို့ဘုန်းဘုန်းတွေလဲဖတ်ကြပါတယ်။ ဒီပုံမျိုးနဲ့တင်မှလဲ အားလုံးမြင်မှာမို့ပါ။
    မှားသွားရင်လည်းတောင်းပန်ချင်ပါတယ်

  • mggwa

    January 24, 2012 at 4:52 pm

    ကမ္မဋ္ဌာန်းတရားဆိုတာ “ကမ္မ”ဆိုတဲ့ အလုပ်ကို ပြဋ္ဌာန်းပြီး လုပ်ကြဖို့ဖြစ်၏။
    ဒါဆိုရင် ယနေ့ခေတ် ဘုန်းဘုန်းများ ချဲ ကမ္မဋ္ဌာန်းများ၊ ဘောလုံးပွဲ ကမ္မဋ္ဌာန်းများ၊ ကာရာအိုကေ ကမ္မဋ္ဌာန်းများ၊ စလောင်းကြည့် ကမ္မဋ္ဌာန်းများ၊ ချက်တင်ဝင် ကမ္မဋ္ဌာန်းများ၊ ငွေတိုးပေး ကမ္မဋ္ဌာန်းများ၊ ပလ္လင်ပေါ်မှ ရန်ဖြစ် ကမ္မဋ္ဌာန်းများ၊ ကျောင်းလု ကမ္မဋ္ဌာန်းများ၊ အလန်းဇယားများနဲ့ အကြည်ဆိုက် ကမ္မဋ္ဌာန်းများ – – – – – – – – စသော ကမ္မဋ္ဌာန်းများအားထုတ်ကြပြီး သာသနာ့အကျိုး စထက်တပိုး သယ်ပိုးနိုင်ကြပါစေသော်ဝ်။

  • ဘယ်လို ဘဲဖြစ်ဖြစ်ပါဗျာ။ဘုရားသားတော်တွေပီပီ ဝိနည်းတော့ စောင့်ထိန်း
    သင့်တာပေါ့။အများသူငါပြောစရာဖြစ်လာတယ်ဗျာ။ကျေးဇူးပါ မောင်ဝေဖြိုးရေ။

  • “ဘီလူးကြီး”ogre

    January 24, 2012 at 7:55 pm

    ကျုပ်အမြင်တော့
    ဒီသံဃာ တွေဟာ အရိယာတွေမဟုတ်ကျသေးဘူးဗျ
    ပုထုဇဉ် သံဃာတွေပဲဖြစ်တယ် အသက်တွေလဲငယ်ကြတယ်
    စာဝါလိုက် ဝိနည်းစောင့် ထိမ်းနေကြပေမယ့်
    ပုထုဇဉ်သဘောအရ ရံဖန်ရံခါမှာတော့ ဒါမျိုးတွေ မြင်ရတတ်ပါတယ်
    ဒါကလဲသံဃာ အများကြီးမဟုတ်ပါဘူး အနည်းအကျဉ်းပါ
    အချိန်တန်အာပတ်ဖြေလိုက်ရင်ရတယ်ဆိုတဲ့စိတ်ရှိတဲ့ သံဃာအချို့သာ ဖြစ်ပါလိမ်မယ်
    အသက်တွေလဲငယ်ကြသေးသကိုးဗျ
    သံဃာအများစုမှာတွေရတတ်တဲ့
    ရေဒီ ကက်ဆက်ပြင်တာ ဝါသနာပါတဲ့ ကိုယ်တော်
    သီချင်းဖွင့်တာ ဝါသနာပါတဲ့ကိုယ်တော်
    ဗေဒင် ဟောတာဝါသနာပါတဲ့ကိုယ်တော်
    ချဲတွက်တာ ဝါသနာပါတဲ့ကိုယ်တော်
    အမျိုးမျိုးရှိကြပေမယ့်
    သူတိုအဲဒါတွေလုပ်နေတာဟာလဲ
    ပုထုဇဉ်သဘောအရ ကျုပ်တို့လူတွေ မနေနိုင်မလုပ်နိုင်တဲ့
    ဂတုံးတုန်း ဝါထိန်ထိန်သင်္ဃန်းကြီးပတ်ပြီး
    မနက်ဆိုအစောကြီးထ ဆွမ်းခံ
    နေလယ်ဆို ပျင်းစရာကောင်းတဲ့ စာဝါလိုက်
    ညဆို ခြင်ကိုက်မရိုက်ရဲအောင် ဘုရားဝတ်တက်
    ဒကာ ဒကာမ လာရင်ခန့်ခန့်ကြီးထိုင်ပြီး နေရတဲ့ စိတ်ဖိစီးမှုတွေရဲ့ထွက်ပေါက်အဖြစ်
    ဒီလိုတွေ တွေ့နေရတာ /ဝါသနာပါရာလေး လုပ်နေကြတာလို့ ထင်တယ်ဗျ
    ဒီလို သံဃာတွေကိုအားပေးတာတော့မဟုတ်ပါဘူး
    ဒါပေမယ် သူတို့ကိုအပြစ်မြင်မယ် ဆိုရင်
    ကိုယ့် ခေါင်းက ဆံပင်ကိုပဲ ဂတုံးပြာင်းနဲ့ တစ်သက်လုံးနေနိုင်မလား အရင်စဉ်းစားသင့်တယ်
    ဘာပဲ ဖြစ်ဖြစ် ဒီသံဃာတွေဟာ
    ဘုန်းကြီး ဆိုပြီး မိန်းမအများကြီးယူထားထက် ဘုန်းကြီးတွေထက်တော့
    သာတယ်ဆိုတာမြင်မိပါကြောင်း။

  • kokothandar

    January 25, 2012 at 10:10 am

    အရှက်တရား မထားတတ်သူ သင်္ဃန်းခြုံပီး ငွေတောင်းနေသူ အတုအရောင် ဘုန်းကြီး မယ်သီလရင်တွေ
    မွန်းလွဲ ကျော်ထိ လိုက် တောင်းနေတာ တွေ့ရင် အရေးယူမယ်ဆိုတာ လူသိထင်ရှား ကြေညာ
    ထားသင့်ပါပြီ ကတော့ပါ လို့မပြောမချင်း အနားကမခွာပေကပ် နေတာတွေကလဲ အတောင်းခံနေရသူတွေ
    အတွက် အနှေအယှက် ဖြစ်ရတာပါဘဲ

  • Phaung Phaung

    January 25, 2012 at 10:33 am

    အင်င်င်းးးးးးးးးးးးးးးးးး ဘာပြောရမှန်းကိုမသိတော့ပါဘူး ဝူးးးးးးးး

  • zarlay

    January 25, 2012 at 10:44 am

    ဟုတ်ကဲ့ ဘုန်းဘုန်းတွေ အဲဒီလိုလုပ်တာတွေတော့ မဖြစ်သင့်ဘူးပေါ့နော် နေရင်းထိုင်ရင်း တကယ့် ဘုန်းဘုန်း တွေလည်း ကြားထဲက ဒီလိုပဲလားလို့အထင်ခံရဦးမယ်

  • nigimi77

    January 25, 2012 at 1:20 pm

    အဲသည် သင်္ကန်း ဝတ် လူတွေက (အဲလေ) ဘုန်းကြီးတွေက ငယ်ဖြူတွေ မဟုတ်ပေဘူး ။

    ဒုလ္လဘ ဆိုလား ဒုံလဘ ဆိုလား အဲသဟာတွေ ။

    အချိန်တန် အရွယ်ရောက်လို ့ သားယောကျင်္ားလေး မွေးရတာ မြတ်တယ်လို ့ ယူဆကြတော့

    အသက်ပြည့်ရင် ရဟန်းတက်ကြ သကိုး ။

    ဆိုတော့……

    အသက်ပြည့် ရဟန်းတက်သူတွေနဲ ့

    ရာသီချိန် ကုသိုလ် လိုချင်လို ့ ရဟန်းတက်သူတွေ လို ့ပဲ ။

    သူတို ့တွေဟာ ခါတော်မီ ရဟန်းတွေ ဖြစ်လို ့ ရဟန်းတို ့စောင့်ထိမ်းရမည့် သိက္ခာ တွေကို

    ဘာတစ်ခုမှ မသိကြပေဘူး ။ အရေခြုံ သက်သက်ပဲ ။

    ငြင်းဖို ့ မကြိုးစားနဲ ့ ဆြာတို ့ ။ အဲသည်လို…… ရဟန်းတွေကို ရုပ်ပျက်အောင်လုပ်နေတာ

    ရဟန်းတွေ မဟုတ်ဘူး…..ရဟန်းရေခြုံ လူတွေပဲ…..ရာသီချိန် ခါတော်မီ ဒုံလဘ တွေပဲ ။

    ဒီတော့ ….ဘာသာခြားမြင်သွားရင် ဘာညာ သာတကာ လုပ်မနေနဲ ့ ။

    ကိုယ့်ရဲ ့ အကိုတွေ ညီတွေ မောင်တွေ တူတွေ သားတွေ ကိုပဲ ပြောပြထားကြ ။

    အဲသည်လိုမျိူး သာသနာ ကို အကြည်ညိုပျက်စေမည့် ကိစ္စမျိုးတွေ မလုပ်ပါနဲ ့လို ့ ။

    မယုံမရှိနဲ ့ အနီးဆုံး ရန်သူဟာ ….တသီးတခြား အတန်းအစားရယ်လို ့သတ်မှတ်

    ပူဇော်နေတဲ့ ရဟန်းတွေမဟုတ်ဘူး ။

    ခင်ဗျားတို ့ ဘေးမှာ ရှိနေတဲ့ ဆွေမျိုးသားချင်း ပုရိသတွေပဲ ။

    တနည်းပြောရရင် ရာသီချိန်မှာ အရည်ခြုံ နေသော ၊ ခြုံလတ္တံသော

    လူတွေပဲ ။

  • Wai Phyoe

    January 25, 2012 at 1:23 pm

    မှန်တယ် ဗျို့ ထောက်ခံတယ်

  • Burmese or Chinese

    January 26, 2012 at 5:48 am

    သံဃာတော်များဘုရားတစ်ခြားဘာသာတွေမြင်သွားရင်မကောင်းဘူးဘုရား
    ဘုရားသားတော်တွေပီပီ ဝိနည်းတော့ စောင့်ထိန်းပါဘုရား
    သာသနာ့အကျိုး စထက်တပိုး သယ်ပိုးကြပါဘုရား
    ဒကာလေး အင်းဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး ဘုရား ဘုရား…………………..

  • mgwalone

    February 3, 2012 at 1:34 pm

    ကြုံဖူးတာလေးပါ။ စစ်ကိုင်း-မုံရွာလမ်းဘက်မှာ။ သူငယ်ချင်းကားကို ငှားပြီး ခရီးသွားတုန်းက။ အုန်းတောရွာ အလွန်မှာ စက်ဖုံးဖွင့်ထားတဲ့ ကားတစ်စီး၊ ဘုန်းကြီးတစ်ပါးနဲ့ ဒကာတစ်ယောက်၊ ဘုန်းကြီးက ကျွန်တော်တို့ ကားကို တားတယ်။ ဒကာကြီး ဘုန်းကြီးက ပခုက္ကူ အလယ်တိုက်ကပါ။ သွားရင်း ဆီပြတ်သွားလို့ အလှူခံပါတယ် လို့ ပြောလာတယ်။ ကျွန်တော်လည်း ပခုက္ကူ သွားတာ ဒီနားတင် ဆီပြတ်တယ်ဆိုတာ သိပ်မယုံ သလိုရှိတာနဲ့ တပည့်တော်လည်း မလောက်လို့ပါဘုရားဆိုပြီး ထွက်ခဲ့ပါတယ်။
    လမ်းမှာ တစ်နေရာဝင်ပြီးမှ ဆက်ထွက်ခဲ့တော့ မြင်းမူမြို ့ မရောက်ခင်မှာ ဘုန်းကြီးနဲ့ ကားကို တွေ့ပြန်ပါတယ်။ စောစောကအတိုင်းပဲ အခြားကားတွေကို တားနေတာပါ။ ညနေပိုင်း ကျွန်တော်တို့ မန္တလေးကို ပြန်လာတော့ အဲဒီကားကိုပဲ စစ်ကိုင်းနားမှာ မန္တလေးဘက်ကို ပြန်နေတာ တွေ့ပါတယ်။ ကားနောက်ခန်းမှာကတော့ ဆီ (၂) ပုံး တင်လာတာ တွေ့တယ်။

  • uncle kyaw

    February 6, 2012 at 11:52 pm

    ကျွန်တော်လည်းတော်တော်တင်သင့် မတင်သင့် စဉ်းစားခဲ့ပါသေးတယ် ဒါပေမဲ့နောက်ဆုံးတင်ဖြစ်ခဲ့တယ်ဗျ
    ဘာလို့လဲဆိုတော့ လူတိုင်းသိဖို့လိုနေပြီ အနည်းဆုံးတော့ဗျ ဒီပုံမြင်ပြီး စိတ်မကောင်းဖြစ်သွားကြမယ် မတင်သင့်ဘူးလို့လဲတွေးကြမယ် ကျွန်တော်လိုချင်တာကလည်းအဲ့ဒါပဲ။
    ကိုဝေဖြိုးလိုချင်တာ တခြားသူတွေဆီက ရမရတော့မသိဘူး ကျွန်တော့်ဆီက တော့ ရသွားတာသေချာတယ်။ စိတ်မကောင်းဖြစ်သွားတယ်ဆိုတာထက် သရဏဂုံ ပျက်သွားနိုင်တယ်လေ..သံဃံသရဏံ ဂစ္ဆာမိ ဆိုတဲ့ သံဃာ အပေါ်မှာ လေးနက်စွာ ယုံကြည်မှုတွေ လျော့သွားစေနိုင်တာကိုး။
    ဗုဒ္ဓံ – မြတ်စွာဘုရားကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစာ္ဆမိ ဆည်းကပ်ပါ၏
    ဓမ္မံ – တရားတော်မြတ်ကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစာ္ဆမိ ဆည်းကပ်ပါ၏။
    သံဃံ – သံဃာတော်မြတ်ကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစာ္ဆမိ ဆည်းကပ်ပါ၏။
    ဒုတိယမ္ပိ – နှစ်ကြိမ်မြောက် – တတိယမ္ပိ သုံးကြိမ်မြောက် ဒီလိုဆည်းကပ်ခဲ့တဲ့ အခြေခံကျတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ရတနာသုံးပါးထဲက တစ်ပါးဟာတော့ မှေးမှိန်နေပြီ ဆိုတဲ့အတွေးကြောင့် တွေးလိုက်တဲ့ခဏမှာပဲ ဗုဒ္ဓဘာသာ အဖြစ်က ယာယီ ပျက်ပြယ်သွားစေပါတယ်။
    ဒီနေ့ လူငယ်တွေက သိပ် လက်တွေ့ဆန်ပါတယ် သံဃာဆိုတာ ဒီလိုပါကွာ ဆိုပြီး ကိုဝေဖြိုးပုံကို print ထုတ်ပြီး ရတနာသုံးပါးကို ယုံကြည်စွာကိုးကွယ်နေတဲ့ လူငယ်တွေကို ဆင့်ပွားပြလိုက်ရင် လက်တွေ့ဖြစ်လာတော့ သူတို့လည်း တခြားသူတွေကို ထပ်ပြောမယ် ထပ်ပြမယ်ဆိုရင် ကျွန်တော်တို့ သာသနာ ပိုပြီးမှေးမှိန်ဖို့ ဖြစ်လာနိုင်တယ်လို့ ယူဆမိလို့ ဝင်ပြီး ကွန်းမန့်လိုက်တာပါ..သိလို့ တတ်လို့ လျှာရှည်တာတော့ မဟုတ်ရပါကြောင်း…
    အခြားသော ကွန်းမန့်တွေကိုပဲ ကြည့်ပါ…သူတို့ လက်တွေ့တွေကို ဖော်ထုတ်ရေးသားလာကြပါတယ်..ပို..ပို ပြီး ယုံကြည်မှု လျော့ကျသွားစေတာပဲ မဟုတ်ပါလား ….
    လေးစားစွာဖြင့်

  • cum min

    June 20, 2012 at 4:39 pm

    အော်ဘုန်းကြီးဆိုတာ လဲကိလေသာမကုန်ရင်လူပါပဲလေ

Leave a Reply