ပင်လယ်စာဟင်းချို(Sea Food Soup)…

ဒီနေ့တော့ ဟင်းချိုတစ်မျိုးနဲ့လက်ဆောင်ပါးလိုက်ပါတယ်…အလုပ်အားလပ်ရက်လည်းဖြစ်တော့ အချိန်လည်းရလို့ရေးဖြစ်တာပါ….

ပင်လယ်စာဟင်းချို(Sea Food Soup)

ါဝင့်သည့်ပစ္စည်းများ။      ။ပုဇွန်ကြား၊ကင်းမွန်(ပြည်ကြီးငါး)၊ငါးအသားလွှာ၊ငါးဖယ်လုံး။

ဆလပ်ရွက်၊မုန့်လာဥနီ၊ပဲပြားစိမ်း၊ကြက်သွန်မြိတ်၊ပန်းဂေါ်ဖီပွင့်၊မှိုဖြူ၊ပင်လယ်ရေညှိ စသည်တို့ပါဝင်ပါသည်။

ချက်ပြုတ်ပုံ။        ။ပုဇွန်ကြားကို ခါးလယ်မှခွဲပြီး၊ချေးထုတ်ပါ။နှတ်ခမ်းမွှေးများကို ကျပ်ကြေးဖြင့်ညှပ်ပစ်ပါ။ကင်းမွန်ကို အကွင်း(သို့)မိမိနှစ်သစ်သလိုလှီးပါ၊ငါးအသားလွှာကို ပါးပါးလှီးပြီး။ဆား၊အချိုမှုန့်၊ငရုတ်ကောင်းဖြူ၊နှမ်းဆီမွှေးတို့ဖြင့်အနည်းငယ်နယ်ထားပါ။ငါးဖယ်လုံးက ရယ်ဒီမိတ်အထုတ်တွေသုံးလည်းရပါတယ်။ကိုယ့်ပါသာကိုယ် ငါးကိုခြစ်ပြီးလုံးရင်လည်းပိုကောင်းတာပေါ့နော်…။

ဆလပ်ရွက်သန့်သန့်ကိုရေစင်စင်ဆေးပါ၊မုန့်လာဥနီကို အကွင်းလေးလှီးထား၊ပဲပြားစီမ်းကို၊လေးထောင့်အတုံးလေးတုံး မိမိနှစ်သက်သလိုတုံးပါ။ကြက်သွန်မြိတ်ကို လက်နှစ်သစ်အရွယ်လှီးဖြစ်ထားပါ။ပင်လယ်ရေညှိအနည်းငယ်ကိုတော့ ရေစိမ်ထားလိုက်ပါ။

အားလုံးအစဉ်သင့်ဖြစ်ပြီဆိုရင်…မီးဖိုပေါ်မှာ ဟင်းချိုပုဂံလုံးတစ်စာကျော်ကျော်လောက်ရေထည့်ပါ၊ဂျင်းအပြားလေးတစ်ပြားလောက်ထဲ့၊ရေဆူလာလျှင် ပုဇွန်၊ငါး၊ကင်းမွန်၊ငါးဖယ်လုံးထည့်ပါ။ပြီးလျှင် ပဲငံပြာရည်က လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ထည့်၊ခရုဆီကနည်းနည်းထည့်၊ဆားနည်းနည်း။အချိုမှုန်ုနည်းနည်းထည့် အရသာအနေတော်ဆိုရင် ပဲပြား၊မုန်လာဥနီ။ပန်းပွင့်စတာတွေကိုထည့်ပါ၊ဟင်းအချိုအရသာအားလုံးအစဉ်ပြေပြီဆိုရင်…

ပုဂံလုံးထဲမှာ ဆလပ်ရွက်ကိုခင်းလိုက်ပါ။ထို့နောက် ဟင်းရည်ကိုဖြည်းဖြည်းချင်းလောင်းထည့်၊ပြီးတော့မှ ပင်လယ်ရေညှိကိုထည့်ပါ။ဒါဆိုရင် ကိုယ်တိုင်ချက်တဲ့ ပင်လယ်စာဟင်းချိုတစ်ခွက်ရပြီပေါ့…

ကဲ…စမ်းသပ်လိုက်ကြအုံး…ရွာသူားတို့ရေ…

15 comments

  • windtalker

    January 24, 2012 at 2:10 pm

    ဟုတ်ဘီ ၊ ကိုဇော်မင်း ရဲ ့ဟိုအမဲသား ဟင်း ကို ဆိတ်သား နဲ ့ပြောင်းချက်ပြီး ၊ ဒီဟင်းရည် ကို ဂလုမယ်ဗျာ
    ကျေးကျေးဘာ

  • Moe Z

    January 24, 2012 at 2:16 pm

    နေ့လည်စာစားချိန်နဲ့ကွက်တိပဲ 😀
    ကောက်ညှင်းငချိပ်လိုဟာလေးတွေက ပင်လယ်ရေညှိလား
    အဲဒါတွေက မော်လမြိုင်ဘက်မှာပေါတယ် ကျောက်ပွင့်လို့ခေါ်ကြတယ်
    သုတ်စားရင်အရမ်းကောင်းတယ် ကြာဇံရယ် အာလူးပြုတ်ရယ်ပါထည့်
    ပြောရင်းနဲ့စားချင်လာပြီ 😛

  • etone

    January 24, 2012 at 2:57 pm

    သွားရေတောင်ကျလာပြီ .. ဘိတ်ချဉ်လေးနဲ့ .. ကောင်းမှကောင်း … ရှလွတ်ရှလွတ် … ။
    ကိုဇော်မင်းရေ…. ရန်ကုန်ပြန်ပြီး ဆိုင်တဆိုင်ကောင်းကောင်းတော့ဖွင့်ဖို့ကောင်းပြီ …. ဒီလောက်လက်ရာတွေနဲ့ ဆို … အောင်မြင်လောက်တယ် …. ။

  • zaw min

    January 24, 2012 at 3:19 pm

    ညီလေးတော်ကာရေ…အမဲအစား ဆိတ်သားနဲ့ချက်ရင် အညီနံပျောက်အောင် ဂျင်းကိုထောင်းပြီး၊အရည်ညှစ်ပြီးထည့်နယ်ပါ။
    ညီမလေး မိုးဇက်ရေ…ပင်လယ်ရေညှီနဲ့ကျောက်ပွင့်ကမတူဘူးနော်မှားနေမှာစိုးလို့။
    အိတုံရေဆိုင်ဖွင်ဖို့ ကအစီအစဉ်ရှိပါတယ်…မကြာမှီ…လာမည်ပေါ့နော်…

    • Moe Z

      January 25, 2012 at 10:29 am

      ဟုတ်ပါရဲ့ကိုဇော်မင်းရေ မနေ့ကနေ့လည်စာစားကာနီး ကြည့်ပြီး Canteen ကိုပြေးတာဆိုတော့ စားချင်တာပဲသိတယ် အခုပြန်ကြည့်မှ ရေညှိမှန်းသိတယ် 😀

  • နွယ်ပင်

    January 24, 2012 at 3:27 pm

    ဗိုက်ဆာနေချိန်နဲ့ ကွက်တိပါပဲလား
    စားကောင်းမယ့်ပုံပဲ ရှလွတ် ရှလွတ် ………………. 😛

  • FattyCat

    January 24, 2012 at 4:58 pm

    လူဇိုး…အခုရုံးမှာဗျ..
    ရုံးဆင်းခါနီးဗျ…
    ဗိုက်လဲဆာလှပြီဗျ….
    ဂလု…

  • manawphyulay

    January 24, 2012 at 5:21 pm

    မိုက်တယ် ထမင်းကြော်ရယ်… ဆိတ်သနီချက်လေးရယ်.. အဲ အမဲသားမစားလို့နော်.. ပြီးတော့ ခုဟင်းချိုလေးရယ် ဟဟ တော်ပြီး ဒီနေ့ ဗိုက်ကားသွားပြီ…

  • Sandy

    January 25, 2012 at 12:53 pm

    စားချင်စရာကြီးသရေတောင်ကျလာပြီ

  • awra-cho

    January 25, 2012 at 2:07 pm

    ချက် ရ လွယ် မယ့် ဟင်း တွေ များများရေး ပေး ပါ ဗျို့။ တစ်ကယ် လုပ် ကြည့် နေ ကြောင်းပါ၊

  • zaw min

    January 25, 2012 at 2:49 pm

    စိတ်ချ အဝါချိုရေ..တစ်နေ့တစ်မျိုးရေးပေးပါ့မယ်…လွယ်တာတွေအရင်ရေးပေးပါ့မယ်…

  • ginny

    January 25, 2012 at 3:03 pm

    ဗိုက်ဆာနေတဲ့အချိန် သရေတောင်ကျတယ်…ရှလွတ်..

  • MaMa

    January 25, 2012 at 8:07 pm

    ပုဇွန်က ခွာစရာတောင် မလိုဘူးနော်။
    ဆလပ်ရွက်ကို ပန်းကန်လုံး အောက်က ခင်းထည့်တာ ဘာအတွက်လဲ မသိဘူး။
    ရေညှိကိုလည်း ထည့်ပြုတ်ရတယ်ပဲ ထင်ထားတာ။
    ကိုဇော်မင်းဆိုင်လိပ်စာ မှတ်ထားဦးမှ။
    မလေး ရောက်ရင် သဂျီးဆီက MG ကဒ်ပြပြီး ဝင်စားလို့ရအောင် 😆

  • zaw min

    January 25, 2012 at 11:26 pm

    မမရေ…ဆလပ်ရွက်ကအလှဆင်သလို စားလို့လည်းရ၊ကျမ်းမာရေးအတွက်လည်းကောင်း အမှန်က ခင်းတာမဟုတ်ဘူးပေါ့နော်..ပုဂံရဲ့ဘေးလေးထောင်ပြီးထည့်ထားတာပါ…မလေးရောက်မယ်ဆိုရင်သာ သံချောင်းခေါက်လိုက်ပါ…ဂေဇက်အဖွဲ့သားတွေအတွက် ရှည်အဝကျွေးလိုက်မယ်…

  • Rose Minn

    January 26, 2012 at 10:57 am

    ထမင်းစားခါနီးမှ ဖတ်မိတယ်။ မှားပါတယ် ကိုဇော်မင်းရယ်။ အိမ်မှာချက်စားအုံးမယ်။ ကျေးဇူးတင်တယ်နော် နည်းပေးတာ။ အခုတောင် မြင်ပြီးမှ ဂွီဂွီမြည်လာလို့။ မစားရလို့ငတ်တယ်ထင်ပါ့…….. ရှလွှတ်ရှလွှတ်။

Leave a Reply