၁၂။ ပြစ်တင်ပြောဆိုခြင်း

susunosukiJune 1, 20101min782

အရူးတွေဟာ အမြဲတမ်းသူတပါးကို
ပြစ်တင်ပြောဆို တတ်တယ်။ ဒီတော့သူတလို့မှာ မမြင်ရတဲ့
ရန်သူများပြီးတော့ပျက်စီးဆုံးရှုံးမှုကိုဖြစ်စေတယ်။

လူတော်တွေကတော့
သူတို့ကိုယ်သူတို့ပဲ ပြစ်တင်ပြောဆို ကြတယ်။
အခြားသူတွေက သူတို့ကိုကိုယ်ချင်းစာကြတယ်။
သို့သော် သံသယ ရှိကြတယ်။

ပညာရှိတွေကတော့
ဘယ်သူ့ကိုမှပြစ်တင်ပြောဆိုခြင်းမရှိဘူး။
ဘယ်သူမှ အမှားကို တမင်တကာ မပြုချင်ကြပါဘူး
ဆိုတာသိရှိကြတယ်။

2 comments

  • yannaingech

    June 2, 2010 at 2:50 am

    အခွင့်အရေးသမားတွေလည်း သူများကို အပြစ်တင်ပြီးမှ ကိုယ့်အတွက် ပိုရအောင်လုပ်ကြတာနော်။

  • etone

    June 2, 2010 at 10:26 am

    အချောင်သမားတွေကတော့ သူများကိုချောက်ချခြေထိုးခံအပြစ်ပြောပြီး ကိုယ့်မှာမရှိတာကိုအရှိလုပ်ပြတတ်တယ်လေ ။

Leave a Reply