သတ္တိဆိုတာက…

သတ္တိဆိုတာ..သိတတ်မှုကိုဆိုလိုချင်ပါတယ်(ဒီစကားက အဆိုတော်ဗဒင်ရဲ့စာသားပါ)။ ဒီနေရာမှာ တကယ်
ဆိုလိုချင်တဲ့သိတတ်မှုဆိုတာက…အဝေဖန်ခံနိုင်မှု၊ ထောက်ပြပြောဆိုမှု၊ (ရွာနဲ့ပါတ်သက်ရင်တော့…
(+)လက္ခဏာမှာ သာယာမှု မလွန်ဘို့ရယ်..(-)လက္ခဏာမှာ ဒေါသမထွက်ပဲ လက်ခံနိုင်မှု စတာတွေကိုသာ
ဆိုလိုပါတယ်..)။ ရွာသူရွာသားအပေါင်းတို့ဆိုတာဟာ…အများနဲ့ဆက်ဆံနေထိုင်ကြတာဖြစ်ပါတယ်။
အဲ့ဒီလိုဆက်ဆံရာမှာ ဘယ်လိုလူမျိုးမဆိုကြုံကြရမှာမလွဲပါဘူး..။ ဒါကို နားမလည်ဘူး..လက်မခံဘူးဆိုရင်တော့
ရွာနဲ့ဝေးရာကိုပြေးသင့်ပါတယ်..။ တစ်ယောက်ထဲနေ..တစ်စိတ်ထဲထားဆိုတာက လက်ခံတဲ့သူကများပြီး..
လိုက်နာနိုင်တဲ့သူကနည်းတယ်မဟုတ်ပါလား.။ ဆိုလိုချင်တာက ကိုယ်ကရဲရဲတင်းတင်းပြောနိုင်ဆိုနိုင်ရမှာဖြစ်သလို
ကိုယ့်ကို ပြတ်ပြတ်သားသားဝေဖန်လာလျှင်လည်း..သိတတ်မှုရှိရှိ လက်ခံနားလည်ပေးရမှာဖြစ်ပါတယ်။
ဒါမှမဟုတ်ရင်…ကိုယ်သိထားတဲ့ အသိတရားဟာ တန်ဘိုးမဲ့သွားနိုင်ပါတယ်။ ကိုယ်တတ်ထားတဲ့ ပညာဟာလည်း
သုံးစားလို့မရဖြစ်သွားနိုင်ပါတယ်။ ကိုယ်ကျင့်သုံးချက်ဟာလည်း..ရန်များသွားနိုင်ပါတယ်။ အဲဒါမျိုးဖြစ်ပြီဆိုရင်တော့
သိတတ်မှုကင်းတဲ့ သတ္တိမရှိသူတစ်ယောက်အဖြစ်ကို မုချမသွေရောက်စေမှာဖြစ်ပါတယ်။ တရားရှာရင် ကိုယ်မှာ
တွေ့ဆိုတဲ့စကားကို ရေလဲသုံးပြောတတ်နိုင်တဲ့ ရွာသူရွာသားအပေါင်းတို့ခင်ဗျား..။ သူများအပြစ်ကို မြင်နိုင်ခြင်းထက်
ကိုယ့်ရဲ့အပြစ်ကိုသာလျှင် မြင်နိုင်ဘို့က ပထမလိုအပ်ချက်ပါ..။ ဒါမှ..တရားရှာကိုယ်မှာတွေ့ဖြစ်မှာလေ..။
ခုဟာက တရားကိုသူများမှာသွားရှာသလိုဖြစ်မနေဘူးလား..။ အဲ့ဒါဟာ အဝေဖန်မခံနိုင်သူတို့ရဲ့ သရုပ်သကန်ပါပဲ..။
ထောက်ပြချက်ကို ကြောက်ကန်ကန်သူတို့ရဲ့ မျက်ကန်းထိုးနှက်ချက်မျိုးပါပဲ..။ တင်ပြချက်တိုင်းကို ကိုယ်နဲ့သဘော
မတွေ့တိုင်း..မကောင်းမြင်ဝါဒနဲ့..စွပ်စွဲတတ်သူတို့ရဲ့ ဓလေ့စရိုက်ပါ..။ ဒါမျိုးဟာ..လုံးဝသတ္တိမရှိတဲ့..သူတို့ရဲ့ထား
ရှိတတ်တဲ့သဘောသဘာဝပါပဲ..။
အဲ…သူများအပြစ်ကိုချည်းထောက်ပြတတ်ကြတဲ့ ရွာသူရွာသားတစ်ချို့လည်း..ဂရုစိုက်ကြပါလို့ ရိုးသားတဲ့
ဆန္ဒနဲ့အကြံပြုချင်ပါတယ်။ ဒီလိုဆိုလိုက်လို့ ဘယ်လိုမှမအောက်မေ့လိုက်ပါနဲ့..။ ဒါမျိုးက လူတိုင်းပြောတတ်
ကြမှာပါ..။ သို့သော်လည်းပဲ..ဒီပို့ရေးသူရွားသားအနေနဲ့ကတော့..အတတ်နိုင်ဆုံးသော သတ္တိကိုမွေးပြီးမှ
ရွာထဲဝင်တတ်ပါတယ်..။ အဲဒီတော့…ပြောကြပါစေ..။ ရေးကြပါစေ..။ ကိုယ်ကြိုက်ရင်လက်ခံလိုက်ပေါ့..။
ကိုယ်သဘောမကျရင်လည်း..လက်မခံနဲ့ပေါ့..။ ခုတော့..ဆန့်ကျင်တဲ့အသံကြားရင်…ဒါမှမဟုတ်..
လက်မခံနိုင်တဲ့အရေးအသားကိုတွေ့ရင်..ဆက်ဆံမှုတွေပြောင်းသွားကြပါရောလားဗျာ..။ တတ်နိုင်ရင်..ဒေါသ
ကင်းကင်း..လောဘကင်းကင်းနဲ့..မဟုတ်တောင်မှ..သတိထားပြီး..ဖတ်ကြ…ရေးကြသင့်တယ်ထင်ပါတယ်။
ဒါမှ..လွတ်လပ်တဲ့..ဒီမိုကရေစီသဘောဆောင်မှာပေါ့…။ အမှားကိုသိမှ..ပြင်နိုင်မှာဆိုရင်..မှားတာကို
တွေ့ရင်တောင်..ကိုယ်က ကျေးဇူးတင်ရမှာမဟုတ်လား..။(အမှောင်ကို သတိပေးသူအဖြစ်နဲ့ပေါ)။ အမှန်ကို
တွေ့ရင်လည်း..လက်ခံလိုက်ပေါ့..။ (လမ်းပြသူအနေနဲ့လေ)။ ဒါဆိုရင်…အားလုံးအဆင်ပြေသွားနိုင်ကြလိမ့်
မယ်လို့ထင်ပါတယ်..။ ခုဟာက..ရွာထဲမှာ..သတ္တိရှိသလိုနဲ့..သတ္တိကြောင်သူတွေမြင်နေရသလားလို့ပါ။
အော်..တစ်မျိုးထင်နေအုံးမယ်..။ ဗဒင်သီချင်းလေးကို ကြည့်လိုက်ပါ။
သတ္တိဆိုတာက…သိတတ်တာမဟုတ်လား……..တဲ့…။

6 comments

  • Khin Latt

    January 24, 2012 at 8:10 pm

    ကိုမိုးချမ်း ရေ – တန်ဖိုးရှိတဲ့ အရင် Post လေးတွေ ကို သတိမပြုမိခဲ့ လို့ ခွင့်လွှတ်ပါ။
    ပြီးခဲ့တဲ့ မေ ၂၀၁၁ ထဲက ကိုစရေး တယ်ဆိုတာ တွေ့ရပါတယ်။

    ကို မိုးချမ်း စာလေး ကို ဖတ်အပြီး သော်တာဆွေ ရဲ့ ဝတ္ထု လေးတစ်ပုဒ် (ကျောင်းသင်ရိုး ထဲမှာတောင် ပါသလား မသိ) “မှန်ကန်ခြင်း နှင့် ရဲရင့်ခြင်း” ဆိုတာ ကို သတိရမိပါတယ်။
    အင်မတန် ရဲရင့် တယ်လို့ နာမည်ကြီး တဲ့ ရွာသူကြီး (တို့များ ရဲ့ ရွာသူကြီး မဟုတ်ပါ- ခုချိန် သူကြီး အိမ်မက်ဆိုး ထမက်နေမလား 😉 ) “မ” ဘက်လိုက် “မိုက်” ဘက် ပါသွားတာ နဲ့
    သတ္တိကြောင် (ရွာထဲမှ ကြောင် အဖွဲ့သား လဲ မဟုတ်ပါ) သူဖြစ်သွား တဲ့ အကြောင်းလေးပါ။

    “သတ္တိ နှင့် သစ္စာ၊ မှန်ကန်ခြင်း နှင့် ရဲရင့်ခြင်း တို့ သည်ဒွန်တွဲနေ၏။
    သတ္တိ ဆိုရာ၌ မှန်ကန်ခြင်း ကို ရဲဝံ့စွာ ပြု ခြင်းသာမဟုတ်၊
    မကောင်းမှု ကို စောင့်ထိန်းခြင်း၊
    မှားယွင်းသော ဆန္ဒလောဘကို ချုပ်တည်းနိုင်ခြင်း၊
    အောင့်အီး သည်းခံ နိုင်ခြင်း ကို လဲ ခေါ်၏။
    ပင်ကိုယ်က မည်မျှပင် ရဲရင့်စေ၊ မကောင်းတာကို လုပ်လိုက်မိပြီးပြီ လို့ မိမိကိုယ် မိမိ သိလိုက်တာနှင့်
    ထို ရဲရင့်ခြင်း များပျောက်၍ ကြောက်ရွံ့သူ အဖြစ် ပြောင်းလဲ သွားပေမည်။”

    ပြုမူ လုပ်ကိုင် နေတာတွေ ဟာ ကိုယ်ဟာကိုယ် အမှား ကို အမှား မှန်း မသိဘဲ အဟုတ်ကြီးထင် ဆက်လုပ်နေ ရင်တော့ လဲ ကြောက်ရွံ့သူ လဲ မဖြစ်၊ ရဲရင့်သူ လဲ မဟုတ်ဘဲ မိုက်ရူးရဲ တစောက်ကန်းသူ လို့ ဆိုနိုင်မလားမသိ။ တွေးကြည့်မိတာပါ။

    ဝေမျှ တဲ့ အတွေးလေး အတွက် ကျေးဇူးပါ ကိုမိုးချမ်း ရှင့်။
    ဆက်အားပေး နေပါတယ်။

    စကားမစပ် – ဗဒင် သီချင်း တစ်ချို့ ကို သိသော်လည်း “သတ္တိဆိုတာက…သိတတ်တာမဟုတ်လား” ဆိုတဲ့ သီချင်း ကိုမူ ပြန်စဉ်းစား၍ မရပါကြောင်း။ 😉

  • thitsamoe

    January 25, 2012 at 9:44 am

    တစောက်ကန်းလုပ်တတ်တာကို ရဲရင့်ခြင်းလို့..ဆိုလိုတာမဟုတ်ဘူးဆိုတာတော့..Khin Latt သိနေနိုင်ပါ
    တယ်..။ ဘာ့ကြောင့်လဲဆိုရင်..ဒီစကားတွေက..လူမျိုးမရွေး..ဘာသာမရွေး..အဆင့်အတန်းမရွေး..အရက်
    သမား…ဆေးသမား…သူခိုး…ဓားပြ..ကအစပြောတတ်တဲ့စကားမျိုးပါ…။ (ကြားဖူးနားဝအနေနဲ့ပေါ့)။
    Khin Latt ပြောခဲ့သလို…ကိုယ့်ရဲ့အမှားအမှန်ကိုမသိပဲ…အဟုတ်ထင်ပြီးဆက်လုပ်နေကြသူတွေကလည်း
    ဘယ်အချိန်ဘယ်ကာလ…မဆို(ကမ္ဘာတည်သရွေ့)ရှိနေကြမှာပါ…။ ဆိုလိုချင်တဲ့…သတ္တိဆိုတဲ့..သိတတ်
    မှုကိုပိုင်ဆိုင်ထားသူဆိုတာက..မိမိရဲ့..ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးစလုံးမှာ…လေ့လာဖူးတဲ့ ဗဟုသုတ…..
    သင်ယူဖူးတဲ့အတတ်ပညာနဲ့တကွ…ကျင့်သုံးနေထိုင်တတ်တဲ့…ကိုယ်ကျင့်သိက္ခာကို သီလ၊ သမာဓိ၊ ပညာနဲ့
    ဦးစီးထိန်းကျောင်းပြီး..လူ့အဖြစ်ကို ဖြတ်သန်းနေထိုင်တတ်သူကို ဆိုလိုတာပါ..။ ခပ်မြင့်မြင့်လေးပြောရရင်
    တရားနဲ့အညီနေထိုင်၊ပြောဆို၊ ဆွေးနွေးတတ်သူလို့ပြောချင်တာပါပဲ…။ (ဗဒင်ရဲ့သီချင်းစာသားနဲ့ပါတ်
    သက်ပြီး..ဝန်ခံပါရစေ..။ ကျွန်တော်လည်း…လွန်ခဲ့တဲ့(၁၅)နှစ်လောက်ကထင်ပါရဲ့…အဲ့ဒီစာသားလေးကို
    ရင်ထဲမှာစွဲပြီးကျန်နေတာမို့…အခွင့်ကြုံတိုင်း…လူကြားထဲမှာဒဿနတစ်ခုအနေနဲ့…ဗဒင်ရဲ့စာသားဆိုပြီး
    ပြောဆိုသုံးနှုန်းခဲ့ဖူးတာကြောင့်..မှတ်မိနိုင်သလောက်ပြောဆိုခဲ့ရခြင်းပါ..။ ရှုတ်တရက်တော့…ဘယ်စီးရီး
    ထဲက..ဘယ်အပုဒ်မှန်းတောင်..ကောာင်းကောင်းမမှတ်မိလို့ မညွှန်ပြနိုင်တာ…နားလည်ပေးပါ..။ ပြောချင်
    တာက…သတ္တိဆိုတာက..သိတတ်တာမဟုတ်လား…ဆိုတဲ့ဒဿနက…ကျွန်တော်ကိုယ်ပိုင်စကားမျိုး…
    အတွေးမျိုးမဟုတ်ဘူးဆိုတာကို…သိစေချင်တာပါပဲ..။ တကယ်လို့ဒီစာသားကို ဗဒင်ရဲ့သီချင်းမှာဖြစ်ဖြစ်၊
    တခြားနေရာမှာဖြစ်ဖြစ်..တွေ့ခဲ့ရင်လည်း..ပြန်လည်ညွန်ပေးနိုင်ပါတယ်..။

  • Phaung Phaung

    January 25, 2012 at 10:25 am

    စာရေးသူ မိုးချမ်းမြေ့ပြောထားတာလေးတွေ သဘောကျပါတယ်… မိုးချမ်းမြေ့လိုပဲ ဂေဇက်ထဲကို သတိထားပြီး ဝင်လာခဲ့တာပါ…မိမိကြောင့် ပိဋိပက်ခမဖြစ်အောင်ကြိုးစားဝင်သွားမှာပါ.. ဒီထဲမှာ အရမ်းကို sensitive ဖြစ်တဲ့လူတွေလဲတွေ့နေရပါတယ်…အရမ်းကိုညီမျှတဲ့လူတွေလဲတွေ့ရပါတယ်… အဲဒီလိုတွေတွေ့ရဖတ်ရတဲ့အခါ ကြည့်ပြီးသင်ခန်းစာပဲယူလိုက်ပါတယ်…..

  • kyeemite

    January 25, 2012 at 11:11 am

    ရွာဆိုတာဒီလိုလူစုံမှလည်းသဘာဝကျတာမဟုတ်လား..
    ပြောရရင်ဂေဇက်ကလူပိုစုံတယ်..ဒါကြောင့်လဲ ကျွှန်တော်သဘောကျတာဗျ..

  • Zippo

    January 25, 2012 at 11:29 am

    ရသစုံ မှ ကောင်းပါတယ် ၊ စက်ရုပ်တွေ မှ မဟုတ်တာလေ ၊ ကိုယ်ထင်တာ ကိုယ်မြင်တာ
    ရဲရဲဝံ့ဝံ့ တင်ပြရဲတဲ့သူကို သဘောကျတယ် ၊ ကိုယ့်အတွေးအမြင်နဲ့ ပြောတာနော် ၊
    အားလုံးသူနဲ့တထပ်တည်းကျရမယ် လို့ ဘယ်ကလာပြီး ဖြစ်နိုင်မှာလဲဗျာ ၊
    ကျနော်လဲ အားလုံးစာတွေ လိုက်ဖတ် ဖြစ်ပါတယ် ၊ တချို့လဲ အရမ်းငြီးငွေ့စရာကြီးပါဗျာ ။

  • blackchaw

    January 25, 2012 at 12:30 pm

    အဲဒီစာသားပါတဲ့ ဗဒင်သီချင်းလေးက
    ဒီနေ့ ဆိုတဲ့ သီချင်းလေးပါ မခင်လတ်ရေ။
    နည်းနည်းမှတ်မိသလောက် ရေးကြည့်ပါမယ်။

    ဒီနေ့က တို့ရဲ့ လက်ထဲမှာ
    ဒီနေ့က တို့ရဲ့ အတွက်ပဲနော်
    ————————–
    သတ္တိ ဆိုတာက သိတတ်တာ မဟုတ်လား
    အမြဲပြောတဲ့ သူလေးရေ

    လေးလေးစားစား ဖတ်သွားပါတယ် မိုးချမ်းမြေ့ ရေ။
    တိုက်ဆိုင်တာလေးက ခင်ဗျားရေးတဲ့ ပို့စ်အဟောင်းလေးတစ်ခုကို
    ကျွန်တော် ဖတ်နေမိတယ်ဗျာ။

Leave a Reply