ထွန်းလင်းတောက်ပနေသည့် မန်းဂေဇက်ရွာကလေး

manawphyulayJanuary 24, 20121min12610

မန်းဂေဇက်ကြီး ရှေ့သို ချီတက်လျက်

တစ်ခါတလေ စိတ်ကူးပေါ်ရင် ပေါ်သလို စမ်းသပ်တီထွင်ထားကြည့်မိတာပါ။ ကိုယ်ပိုင်အမြင်လေးတွေဆိုပါတော့။ တတ်လို့တော့မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မဖြစ်စလောက် လက်ရာလေးနဲ့ ရွာလေးထဲမှာ စည်ကားချင်နေမိလို့ပါ။
အရိပ်ထင်နေသော မန်းဂေဇက်

ထွန်းလင်းတောက်ပနေသည့် မန်းဂေဇက်ရွာကလေး

10 comments

  • Thel Nu Aye

    January 24, 2012 at 6:02 pm

    ဒို့ရွာလေး colourfull ဖြစ်နေတာတော်တော်လှတယ်။ ကျေးကျေးပါ။

  • အလယ်ပုံ ကြိုက်၏
    သဘာဝ အငွေ့အသက်ပါလို့
    ဘာပဲဖြစ်ဖြစ် သဘာဝကျကျဆို ပိုမြတ်နိုးတယ်
    (ဆက်ပြီးတော့ တလွဲမတွေးကြနဲ့တော့ဗျာ) …. 😛

  • htet way

    January 24, 2012 at 8:08 pm

    မြေးမလေးက အရမ်းတော်နေပါလား
    ဘဘလည်း ဒီဇိုင်းပညာရှင်တွေ့တုန်းအကူအညိတောင်းရအုံးမယ်
    ဘဘဓါတ်ပုံပေးမယ်
    ချစ်သူလေးပုံပါ ရှူ့ခင်းလေးနဲ့ ဒီဇိုင်းလေးလုပ်ပေးပါလား
    အကူအညီတောင်းတာပါကွယ်ချစ်သူလေးက အခုတော့ကွေယ်လွန်ခဲ့ပါပြီ
    လွမ်းလို့တဲ့ မြေးမလေးရယ် ဘဘရဲ့ အရူးဝေဒနာကို ကူညီပေးပါနော်..မြေးလေး။
    ( ပုံတွေကို သဘောကျပါ၏၊ကျေးဇူးပါ။)

    • manawphyulay

      January 25, 2012 at 10:52 am

      ဘာမှမတတ်ပါဘူးဆို ဘိုးဘိုးရယ်… အမြင်ကလည်း မရှိ၊ မရှိဆို မျက်မှန်တပ်ထားတာနဲ့တင် သိသာပါတယ်။ နောက် ကာလာအစပ်အဟပ်မသိ ဘယ်ဟာအပူရောင် ဘယ်ဟာအအေးရောင် ဘယ်လိုဆိုတာလည်းနားမလည် ဒီဇိုင်းဆိုတာတော့ ဝေလာဝေးပေါ့ရှင်.. ဆြာကြီးတွေကို အပ်ရင် ဘိုးဘိုးပုံ ရုပ်ထွက်ကောင်းမယ်လို့ မနော ပြောပါစေ ဟီး:P

  • water-melon

    January 25, 2012 at 7:49 am

    အပေါ်ဆုံးပုံက တော်တော်ရှုပ်တယ်
    အရိပ်ထင်နေသော မန်းဂေဇက် က ရေပေါ်မှာကျနေတဲ့ အရိပ်ကမှားနေတယ် ( အပျော်တန်းဆိုရင် ကိစ္စမရှိပေမဲ့ တကယ်ဒီဇိုင်းဆွဲရင်တော့ mistake design ဖြစ်သွားလိမ့်မယ်)
    ဆက်ကြိုးစားပါ ဘဘဖရဲ 😆

  • ဖားသက်ပြင်း

    January 25, 2012 at 8:29 am

    မမ မနောရေ…
    တကယ် ခင်လို့ ..အားမနာတမ်း ဝေဖန်မယ်ဗျာ ….
    (ကျနော် မကောင်းတာ တွေ့လည်း အားမနာတမ်း ဝေဖန်ပါဗျာ..)

    ဟုတ်ကဲ့ …၃ပုံလုံး မကြိုက်ဘူးခင်ဗျ….

    ထိပ်ဆုံးပုံက ဝါယာကြိုးကြော်ငြာဗျ….
    delivery နဲ့ IT ကိုယ်စားပြု 0&1 တွေလည်းပါရဲ့
    အနှီဝါယာများဖြင့် ခေတ်မှီ မြို့တော်ကြီး တည်ဆောက်အံ့ ဆိုတာမျိုး ဖော်ကျူးတာမျိုးဗျ…
    ပုံရဲ့ အလည်ခေါင်က ဖြာထွက်လာတဲ့ အလင်းတန်းက ပုံကို အစိတ်စိတ်အမွှာမွှာ ပိုင်း ပစ်လိုက်သလို
    ခံစားရတယ်ဗျာ…. အဲ့ဒါလေး…။

    ဒုတိယပုံက ဖရဲ ပြောထားသလို အရောင်ရဲ့ အမှားပေါ့ဗျာ ….။
    ကျနော် ပြောချင်တာကတော့ အလယ်ခေါင်က space ကိစ္စဗျ…
    ကြည့်ရှုသူကို lead လုပ်သွား ခေါ်သွားတဲ့ အလယ်ခေါင်တည့်တည့်ဟာ ဗလာ ဖြစ်နေလေရဲ့..
    မြူ ပါးပါးလေးကလည်းပါနေတော့ အဆိုပါ အလယ်ခေါင်က mystery ဖြစ်နေလေရဲ့…။
    သည်းထိတ်ရင်ဖို ပြကွက်တွေမှာ သုံးလို့တော့ အလွန်သင့်တော်တယ်ပေါ့ဗျာ…။.
    လူလုပ်ပစ္စည်း တစုံတရာ (လှေ၊ အိမ်၊ တခုခုပေါ့)လေးပါရင် တူရူကို မျှော်သယောင် ဦးတည်သယောင်
    ဖြစ်ရင် အလွန် ကောင်းသွားမလားပဲ ….။

    တတိယပုံက ထွန်းလင်းတောက်ပ မှုထက် ခြောက်ခြားစေမှု ကိုပိုပေးတယ်ဗျ….
    အဖြူနဲ့ အမည်း သက်သက်ကိုး …ဖောင့်အရောင်ကိုလည်း ထို၂မျိုးပဲ သုံးထားလေရဲ့…
    အမည်းထဲမှာ အဖြူက အရှိန်အဟုန်နဲ့ တောက်ပ ထွန်းလင်း စွာ ထွက်ပေါ်လာတယ် ဆိုတဲ့ ဂုဏ်ကို
    သူ့ရဲ့ ဖွာလန်ကျဲနေတဲ့ အနားစတွေက ယုတ်လျော့ စေတယ်လို့ မှတ်တယ်ဗျာ….
    မီးလျှံလိုမျိုး အနားသတ် အနီ သို့ အဝါ တွေထည့်လိုက်မယ်ဆိုရင် …ဒါမှ မဟုတ်လည်း..
    အဖြူအလုံးရဲ့ ဘယ် သို့ ညာ (ကျနော်ကတော့ဘယ်ကို ပို နှစ်သက်) ၄၅ဒီဂရီလောက်မှာ အနီရောင်
    နောက်ခံအလုံးတခုရဲ့ အစွန်းအစလေး …(နေကြတ် လကြတ် သလိုမျိုးလေး) ထည့်မယ်ဆိုရင်တော့…
    ရှေ့လျောက်ကို ထွန်းလင်းတောက်ပလာပြီ… “ဒါဟာ အစ ပဲ…” ဆိုတာမျိုး ….ထင်းကနဲ ပေးနိုင်လိမ့်မယ်
    လို့ အကြံပြုရင်း….။

    တတ်လို့ ဆြာ လုပ်တာ မဟုတ်ပါဘူး အစ်မရေ့ ….
    ပိုကောင်းသွားမလား လို့ မြင်တာလေး အကြံပြု ကြည့်တာပါနော..
    အမှားပါရင်ခွင့်လွှတ် …

    ခင်တဲ့ …
    ဇိမ်ဖုံးဂျီးငယ်…
    ဖားသက်ပြင်း

  • Burmese or Chinese

    January 25, 2012 at 11:17 am

    ကြိုက်တယ်…………..

  • snow white

    February 28, 2012 at 6:15 pm

    တော်ပါပေတယ် လက်ရာကတော့ ကွန်ပျူတာဆရာမလို့မပြောရဘူး ဒုတိယပုံကိုအကြိုက်ဆုံးပါဘဲ

Leave a Reply