နိုဗွီရဲ့ကင်မ်ချီ

NovyJanuary 24, 20121min19021

နှစ်ကူးရုံးပိတ်တော့ အိမ်မှာ ငြိမ်ငြိမ်နေလို့ မရတဲ့သူဆိုတော့

သီရိမင်္ဂလာဈေးသစ်ကို သွားပြီး ကင်မ်ချီ လုပ်ဖို့ ဟင်ရွင်တွေသွားဝယ်တာပေါ့

ပုံလေးတွေ အရင်ပြမယ်နော်နောက်နေ့မှ လုပ်နည်းတင်ပေးမယ်

မြည်းချင်ရင်တော့ စာရင်းကြိုပေးနော်

မုန်ညှင်းထုပ်

မုန်ဥနီ / မုန်လာဥဖြူ

ကြက်သွန်ဖြူ/ နီ / ဂျင်

မုန်ညှင်းဆားနယ်ထားတာ

ကင်မ်ချီတွေ ဘူးထဲ ထဲ့သိမ်းလို့ရပြီနော်

21 comments

  • Novy

    January 24, 2012 at 4:52 pm

    နောက်5 ရက်ဆို စားလို့ရပြီနော်
    မကြွေးဘူးတော့ မေပြောနဲ့

  • etone

    January 24, 2012 at 4:54 pm

    ယုံဘူး .. ယုံဘူး… ဟိုတစ်ခါ ဖယောင်းတိုင်လေးတွေလို … လက်တွေ့ပြမှ ယုံမယ် ..ဟဲဟဲ … ။
    နောက်တစ်ခါ ဆုံလျှင် ကင်မ်ချီပါဆယ် ထုတ်လာပါဗျို့ .. ဟီ ဟီ .. 😀

  • etone

    January 24, 2012 at 4:58 pm

    http://myanmargazette.net/60961/health-fitness/food-drink#comments မှာလည်း တစ်ခါက တင်ဖူးတယ် … ကိုယ်တိုင်လုပ်စားတာတော့ မဟုတ်ဘူး .. ရုံးက ကကြီးမလုပ်နေတာကို ဓါတ်ပုံရိုက်ထားတာ … 😀

  • htet way

    January 24, 2012 at 5:55 pm

    အချက်အပြုတ်အသုတ်အလုပ်ဝါသနာကလည်းစွဲတယ်နော်
    တချို့က နားနားနေနေမနေတတ်ဘူး။
    ဆရာမလေး နည်းသစ်တွေဆက်တင်ပေးပါ

  • ဆရာလေး ဆရာမလေးတို့
    ဟင်းချက်နည်းတွေ သင်လည်း တုံးလွန်းအလွန်းလို့မတတ်မြောက်ပါ
    ထို့အတွက်
    လာရောက် ချက်ပြုတ် ကျွေးမွေးမည် ဆိုပါက ကျေးဇူးအထူးတင်ရှိပါ၏ … 😛
    (စာကြွင်း။ ကျွေးမွေးဆိုတဲ့ စကားလုံးမှာ ကျွေးဆိုတဲ့ စကားလုံးကိုသာယူပါရန် … တော်ကြာ ဖြိုးတို့အုပ်စု တက်လာမှဖြင့်လန့်လို့) … 😛

  • naywoonni

    January 24, 2012 at 8:16 pm

    ဆရာဝန်ကမှာထားတယ်…။ လက်လုပ်ချဉ်နဲ့ မတည့်ဘူးတဲ့..။

    • windtalker

      January 24, 2012 at 8:32 pm

      အဟမ်း…လက်လုပ်ချဉ်နဲ ့မတည့်ဘူး ဆိုရင်တော့ ဒုတ်ခ တော့မှာဘဲ
      အချဉ်အားလုံး က လက်နဲ ့ဘဲ လုပ်ရတာ ကလား

  • ရန်ကုန်နဲ့မန်းလေးအလှမ်းဝေးပေမယ့် စားစေချင်ရင် မန်းလေးက မိတ်ဆွေများဖြစ်တဲ့ ပေါက်ပေပုတို့ဆီကို
    မြတ်မန္တလာထွန်းကနေ ပါဆယ်နဲ့ပို့ရင် ညနေ6နာရီပို့ရင် မနက်ငါးနာရီဆိုရောက်တယ်နော်။

    • Novy

      January 25, 2012 at 12:01 pm

      ဦးပေါက်ရေ
      ရန်ကုန် မှာ ဆိုဂျူးနဲ့ဆုံမယ်လေ

  • nigimi77

    January 24, 2012 at 10:18 pm

    အလိုရှိသည် ။

    ၁ ။ ကင်မ်ချီ ကျွမ်းကျင်ပိုင်နိုင်ရမည် ။

    ၂ ။ အိမ်နေ အိမ်စား မဟုတ်ပဲ အလုပ် အတက်အဆင်း ပြုလုပ်နိုင်ရမည် ။

    ၃ ။ ပါ့ကညော ဖြစ်လျင် ပိုကောင်းသည် ။

    ၄ ။ ဟိုကို ခေါ်သွားမှာလားဟု မေးခွန်းမထုတ်တတ်လျင် အထူးဦးစားပေးရွေးချယ်မည် ။

    အဟွတ်…..အဟွတ်……..

    ခင်လို ့စတာနော…………

    အဲသည် ချည်ဖတ်များ ပြောပါတယ် ။ ရှင်းလာမြောန် နဲ ့များဆို အလွန်လိုက်ဖက်ပ ။

    မူးမူးနဲ ့ မိုးလင်းတဲ့ မနက်ဆိုလဲ သူတို ့အတွဲ ။

    ညမိုးချုပ် ချက်ပြုတ်ဖို ့ ပျင်းရင်လည်း သူတို ့အတွဲ ။

    ကိုယ်ပိုင် ဘာညာ ကလေးနဲ ့ အဝှာနေရာကို သွားရင်လည်း မြိန်ကောင်းသက်သာ သူတို ့အတွဲ ။

    ကြက်တုပ်ကွေးဖြစ်စဉ်ကာလက ကင်မ်ချီဟာ ကာကွယ်နိုင်တယ် ဆိုပြီး စိနတိုင်းမှာ ကင်မ်ချီ စက်ရုံတွေ

    အပြိုင်းပြိုင်း ခါတော်မှီ တည်ထောင်ကြသတဲ့ ။ စိန ချည်ဖတ်တွေ ငပေါဖြစ်တဲ့ ကာလပေါ့ ။

    ……………………………

    ဟိုက ကင်မ်ချီတွေကတော့ ဘယ် အရပ်ဒေသက ဟာပဲ ဖြစ်ဖြစ် အလွန်စားလို ့ကောင်းသကိုး ။

    သူတို ့ဆီမှာ ပြုလုပ်နည်း အပြင် ကျက်အောင် နှပ်တဲ့ နည်းစနစ်တွေကလည်း ရာသီဥတုနဲ ့ သိပ်ပြီး

    ကိုက်ညီသဗျ ။ နောက်ပိုင်းတော့ ကင်မ်ချီ နိင်ဂျာန်င်းဂို (ဟောဟဲဟောဟဲ မောလိုက်တာ…)

    လို ့ခေါ်တဲ့ ကင်မ်ချီရေခဲ သေတ္တာတွေ ပေါ်လာတော့ ကင်မ်ချီကို အကောင်းဆုံး အရသာ အနေအထား

    ဖြစ်အောင် ချိန်ညှိပေးနိုင်တဲ့ စနစ်တွေ ပေါ်လာတော့ အတိုင်းထက်အလွန်ပေါ့ ။

    ဒီမှာကတော့ ရောစပ်ပြီးရင် Plastic Box ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရင် ပြီးပြီဆိုတော့

    တကယ့် ကင်မ်ချီရဲ ့ အရသာ အစစ်ကို ခံစားရဖို ့ ဆိုတာက ကကြီး စားသောက်ဆိုင်တွေမှာ သွားပြီး

    စားတာတောင်မှ အေးရင်ပြီးရောပေါ့ ဆိုတဲ့ ဒေသခံ ဝန်ထမ်းတွေကြောင့် သူ ့ရဲ ့ အရသာနဲ ့

    ဂုဏ်သတ္တိက ထိထိမိမိ မခံစားရတာများတယ် ။

    Novy က ကကြီး အစားအစာတွေနဲ ့ ရင်းနှီပုံရတယ် ။

    တခုလောက် အကူအညီတောင်းချင်လို ့ ။

    ဟိုဟာလေ……..ဘိုရှင်ထန်င်း…..ဆိုတဲ့ စွပ်ပြုတ်လုပ်နည်းလေး တချက်လောက်….. 🙂

    • Khin Latt

      January 25, 2012 at 5:03 am

      တူလေး နိ၇ရ ရေ့

      အိုးတစ်လုံး ထဲမှာ –
      ရေ ထည့်၊ ပွက်ရင်
      ကျောက်ခဲ တစ်လုံး ထည့်
      အာလူးထည့်
      ကြက်သွန် ထည့်
      ဆားထည့်
      ငြုပ်ကောင်း ထည့်
      ဒါဘဲ။

      ခင်လို့ နည်းပေးတာ။ ဘိုရှင်ထန်င်း ထက်ပိုကောင်းတယ်။
      ဘူသူ့မှ မပြောနဲ့။
      ခင်တဲ့
      အရီး 😉

      နိုဗွီ ရေ ကင်မ်ချီ လုပ်နည်း အတွက် သင်းခရုပါ။ 🙂

  • Novy

    January 25, 2012 at 10:02 am

    အိတုံရေ..ယူခဲ့အုံးမှာ နောက်တစ်ခါတွေ့ဆုံပွဲကျရင်
    ဘူးလိုက်သယ်လာမယ်နော်

    • etone

      January 25, 2012 at 10:52 am

      မနိုရေ .. နောက်တခါဆုံလျှင် တူကိုင်ပြီးစောင့်နေမယ် ..ဟဲဟဲ 😀

  • pooch

    January 25, 2012 at 10:18 am

    အများကြီးတော့ မဟုတ်ဖူး နည်းနည်းလေးတော့ စမ်းကြည့်မယ်။
    ကျေးဇူးပါနော်။

  • Novy

    January 25, 2012 at 10:23 am

    နိ77 ရေ..
    ဘိုရှင်ထန်င်းစွပ်ပြုတ်ကတော့ ခွေးသားနဲ့ချက်တာမို့လို့
    မနို လုပ်မစားပါဘူး ။ ဒါကြောင့်မို့ မချက်တက်ပါ
    စိတ်ဝင်စားရင်တော့ You Tube မှာ Boshintang ဆိုပြီး ဝင်ရောက်ရှာဖွေချက်ပြုတ်ပါရှင်
    http://www.youtube.com/watch?v=zB_f3_LbUss
    https://www.google.com/search?q=boshinhtan&ie=utf-8&oe=utf-8&aq=t&rls=org.mozilla:en-US:official&client=firefox-a

    • etone

      January 25, 2012 at 10:50 am

      မနိုရေ … အဲ့လူဂျီးက သပ်သပ်လိုက်ကြပ်တာ … ။အလကား … ။
      တကယ်ဆိုသူက ခွေးသားစွပ်ပြုတ်မပြောနဲ့ … ခွေးတောင် မြင်ချင်တာမဟုတ်ဘူး … ။ ကကြီးမှာ ဆယ်နှစ်နေခဲ့တုန်းက … ခွေးသားစားချင်လို့ သူများအိမ်ကခွေးသွားဖမ်းတာ … ကိုက်ခံရဖူးပါသတဲ့လေ … ။ အဲ့ဒီအချိန်ကတည်းက ခွေးဆိုတဲ့ အသံကြားလျှင် အိမ်သာထဲဝင်ဝင်ပုန်းတတ်တာ .. အခုထိပါပဲတဲ့ … 😆

      ဟီးဟီး .. ငယ်ကျိုးငယ်နာတွေတော့ .. ဖွလိုက်ပြီ 😉

  • Novy

    January 25, 2012 at 10:30 am

    နေဝန်နီရေ..
    မနိုရဲ့ ကင်မ်ချီက လက်အိတ် စွပ်ပြီးလုပ်တာဆိုတော့
    လက်လုပ်ချဉ်မဟုတ်ဘူး
    လက်အိတ်လုပ်ချဉ်ပေါ့နော်
    ဟီးးးးးးး နောက်တာနော်

  • နွယ်ပင်

    January 25, 2012 at 10:39 am

    နောက်တစ်ခါ မနိုနဲ့ ဆုံမယ့်နေ့ကို စောင့်နေမယ်
    ဒီနေ့ကစလို့ လက်ချိုးရေထားပါပြီ ကင်မ်ချီဘူးလိုက်သယ်ခဲ့မယ်ဆိုလို့ ………….. 😛

  • Moe Z

    January 25, 2012 at 10:40 am

    မနိုရေ မိုးစက်တို့အိမ်မှာလုပ်စားတဲ့ပုံစံလေးပြောပြမယ်နော်
    မုန်လာဥဖြူ/နီ၊ ပန်းဂေါ်ဖီ၊ မုန်ညင်းဖြူ၊ ဂျူးမြစ်၊ ငရုတ်သီးစိမ်းတောင့်အရှည် တွေကိုရေစင်စင်ဆေး လိုချင်တဲ့ပုံစံလှီးဖြတ်ပြီး နေ့တစ်ဝက်လောက် နေလှန်း၊ ပြီးရင် ဆား၊ သကြား၊ ငရုတ်သီးမှုန့်အရောင်တင်
    ဂျင်းကိုတော့ထောင်းထည့်တယ်၊ မုန်လာဥဖြူနဲ့ အနီကိုတော့ အနှစ်ရွှဲရွဲလေးဖြစ်အောင် နည်းနည်းဆီခြစ်ပြီးထည့်တယ်၊ ပြီးရေခဲသေတ္တာထဲထည့်လို့ရပြီ၊ မြန်မြန်စားချင်ရင်တော့ ကော်ဗူးထဲထည့်ပြီး ၁ရက်လောက်နေပူထဲမှာထားလိုက်ရင် မြန်မြန်ချဉ်တယ် (အဲဒါကိုယ်ပိုင်ကင်မ်ချီစိမ်တဲ့နည်း) 😀

  • Novy

    January 25, 2012 at 11:58 am

    MG တွေဆုံပွဲလေးမြန်မြန်လုပ်နော်
    ကင်မ်ချီတွေ အရမ်းချဉ်သွားရင်တော့ မသိဘူးနော်
    ထမင်းလိပ်ပါလုပ်ကြွေးဖို့ ဆန်ဒတော့ ရှိနေပါတယ်

  • ကြောင်ကြီး

    January 25, 2012 at 12:25 pm

    နိုဗွီ
    မပိုပြီ
    လိုသည်
    တကိုယ်ရည်
    ဆိုမြည်
    ပျိုအတည်…။

Leave a Reply