ချီးမွန်း(ချီးမွှမ်း)ထိုက်ပါပေ့ ရွှေကြီးရယ်

kokothandarJanuary 24, 20121min1087

တိုင်းပြည်မှာ ခေတ်ပျက်သူဌေးတစ်သိုက်မွေးထုတ်ပီး ရတဲ့အကျိုးအမြတ် ကိုရော့မင်းတစ်ပုံ ငါတစ်ပုံ ..အော် ကြိုင်ကြီးနဲ့ ကလေးတွေလဲကြည့်လိုက်အုံးကွ နဲ့.ရိတ်လာခဲ့။

ဓါတ်ငွေ့ရောင်းရငွေတွေ ကိုအပြတ်ဘတ် ။ဘတ်ဂျက်ဆိုတာ ရွှေကြီးစီမှာဖြ စ်အောင်လုပ်နဲ့နှစ့် ၂ဝလောက် အ ာဏာကို အသေချုပ်ခဲ့တဲ့ ရွှေကြီးဟာ လွှတ်တော် နှစ်ရပ်ပါတဲ့အစိုးရကို သူမွေးစားသားတွေနဲ့ စစ်တပ်အခေါ် ခွာစစ်အသွင်ထားပြီး ပြေးလေရဲ့ ။တနှစ်တောင်မပြည်ခင်မှာ တော့ ရွှေကြီးရောင်းစားခဲ့ပြီး

တဲ့ရွှေသိုက်ကြီးမှာ ဆောက်မဲ့မြစ်ဆုံဆည်ကြီးလဲ စီမံကိန်းဖျက်ပေးလိုက်ရတော့ ဟော စာချုပ်ကတိကဝတ်အရ ပြည်သူတွေမှာ မိအေးနှစ်ခါနာအဖြစ် စိုက်လျော်ရ ပြီပေါ့

ရွှေကြီးကတော့ ကွမ်းတမြုံ့မြုံ့နဲ့ အပြုံးမပျက် နဲ့ပေါ့ ။တပည့်တစ်သိုက်မှာကလဲ ရသမျလေးတွေ ရိတ်အုံးမှအတွေးနဲ့ ဘာမှမတွေးအားဘဲ သူတို့ကိစ္စ သူတို့လုံးနေရတော့

ပြည်သူတွေကတရားခံအစစ် ရွှေကြီးအကြောင်း မတွေအားဘဲ ဒီမိုကရေစီအရေးဘဲအာရုံပြားနေကြလေ့ရဲ့ ပိုင်ပါပေ့ ရွှေကြီးရယ် ယုတ်မာရက်စက်တဲ့နေရာမှာ နော်

မသေပါစေနဲ့အုံးဗျာ လေလေးဖြတ် ပြန်သက်သာ လမ်းကောင်းကောင်းမလျောက်နိူင် သက်တော်ရာကျော်ရှည်ပါစေ အကုသိုလ်တုံးကြီးရယ်

 

7 comments

  • ကိုကိုသန္တာရဲ ့ရွှေသိုက်ကြီးကို တူးဆွသွားပါတယ်ဗျာ။
    တကယ်တော့ ဒီထက်ပို ပြီးတူးဆွပေးစေချင်ပါတယ်။
    ကျေးဇူးပါဗျို ့။

  • Thel Nu Aye

    January 24, 2012 at 10:26 pm

    မှန်ပါ့ရှင်။ တသက်နဲ့တကိုယ်မရဖူးတာတွေရနေတော့သူ့ကိုမေ့နေတာ။ တော်တော်လည်တဲ့လူ။

  • kyeemite

    January 25, 2012 at 10:49 am

    ခွေးလွှတ်လို့လုံးဝမရပါဂျောင်း..

  • manawphyulay

    January 25, 2012 at 11:11 am

    ဟုတ်ပရှင်… အသက်ရာကျော်ရှည်နေရမှာနော်… အဲလိုပုံစံနဲ့…

  • awra-cho

    January 25, 2012 at 1:46 pm

    သူကြီး အသံ နားထောင် ချင် ပါ တယ်။ သူကြီး အတံ (အဲလေ) အ သံ တို့ အ သံ။

  • က်ိုကိုအိုဗာ

    January 25, 2012 at 9:38 pm

    အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ (ဦးခင်ညွှန့် သာဓုခေါ်စေရန်..)
    ရဲမင်းထွန်း
    ဇန်နဝါရီ ၂၃၊ ၂၀၁၂

    ဦးခင်ညွှန့်တယောက် နေအိမ်အကျယ်ချုပ်ကနေလွတ်လာတော့ ဝမ်းသားအားရကြိုဆိုသူတွေ ရိုသေလေးစားသူတွေမြင်တော့ မုဒိတာပွားပါ သည်။ ထို့အတူ ကျနော်က ဦးခင်ညွှန့် သာဓုခေါ်ရအောင်။ ဦးခင်ညွှန့် ပြုပြုသမျှ ကုသိုလ်တွေထဲ ကျနော်တို့လို မလိမ်မိုး မလိမ်မာလေးတွေ ထောင်ထဲမှာ သိက္ခာတော်ရဆရာတော်တွေ ဖူးမျှော်ရလေအောင် ပင့်ဆောင်ပေးထားခဲ့သော ကျေးဇူးကုသိုလ်။

    မုဒိသာလေးပါွးလို့ရအောင် သံယာတော် ဆရာတော်တွေဖြတ်သန်းခဲ့တဲ့ ထောင်ချတဲ့အမိန့်ချသည့် စစ်ခုံရုံးနှင့် ထောင်ကျထောင်မှူးရုံးခန်း အဆောင်ထောင်မှူးရုံးခန်းများကို ကျနော်ဖြတ်ခဲ့တာတွေ ရေးသားပေးလိုက်မည်။ သို့မှသာ ဆရာတော်တွေ သံဃာတော်တွေ ဖြတ်သန်းခဲ့ တာကို အများပြည်သူမျက်စိထဲ မြင်နိုင် တွေးနိုင်ပြီး ဘုရားတကာ ကျောင်းတကာ ဦးခင်ညွှန်၏ ကုသိုလ်အစုစု သဒ္ဓါထုတို့ကို သာဓုခေါ်နိုင်ပေ မည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ နဝတ ဆွမ်းကွမ်းအလှူဒါနကို ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို အကျဉ်းချ လိုက်သည့်အတွက်၊ သံဃာတော်အရှင်သူမြတ်များမှာ ထောင်တွင်းကျပ်တည်းစွာ သီတင်းသုံးရခြင်း၊ ဆွမ်းကွမ်း မပြည့်မစုံ ဘုန်းရခြင်း၊ ရုပ် ပိုင်း စိတ်ပိုင်း နှိပ်စက်ခံရခြင်းများဖြစ်သော ထောင်ပြောင်းရွှေ့သီတင်းသုံးရခြင်း၊ ထောင်တွင်းမှာ ပျံလွန်တော်မူခြင်း စသည့် ဦးခင်ညွှန်၏ ကုသိုလ်များကို အမျှဝေပေးပါသည်။ ဦးခင်ညွှန့်နှင့်အတူ အားလုံးသော သာဓုခေါ်ဝံ့သူများ သာဓုခေါ်ကြပါလေကုန် …. …http://moemaka.com/2012/01/%E1%80%A1%E1%80%80%E1%80%BA%E1%80%A5%E1%80%B9%E1%80%B8%E1%80%B1%E1%80%91%E1%80%AC%E1%80%84%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%86%E1%80%9B%E1%80%AC%E1%80%B1%E1%80%90%E1%80%AC/

  • ကြောင်ကြီး

    January 26, 2012 at 11:06 am

    သဂျီးရေ သောက်သောက်… ပြည်သူတွေရဲ့သွေးက ချိုဒယ်….။

Leave a Reply