ဘာလို ့ ပြောရင်ကောင်းမလဲ

KingJanuary 24, 20121min27725

ပန်းနှင့်တူသော မိန်းကလေးထံသို့

(ဤပုံအား ကုံလုံဆရာတော်ဘုရားကြီး၏ ပုံတူ ရုပ်ထု ရှိရာ စံကျောင်းတော် အရှေ့မှ ရိုက်ကူးခဲ့ခြင်းဖြစ်၏)

 

ရနံ့ထုံသင်း

ပန်းခင်းကြီး၌

ပြစ်မျိုးမှဲ့မထင်

ကြည်လင်ရှင်းသန့်

စင်ကြယ်စွာဖြင့်

မွှေးပျံ့နေလည်း

ပန်ဆင်သူမဲ့

ချွေလက်မရှိက

ကြွေကာနွမ်းခြောက်

ကြွေကျလိမ့်မည် …

အနိစ္စ အနိစ္စ အနိစ္စ

မမြဲတဲ့သဘောမို့

အချိန်ရှိခိုက် လုံ့လစိုက်ကြစို့

…………………..

————————————————————————————–

ဘာကို ဆိုလိုမှန်း သိချင်သိကြလိမ့်မယ်ပေါ့ …… ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေက တူမယ်လူ ရှားမယ်လို့ထင်ပါတယ် … Comment များ ဝင်ရေးတဲ့အခါ မိမိရဲ့ ထင်မြင်ချက်ကလေးများကို မြင်ချင်မိပါတယ် .. 🙂

အားလုံးကိုချစ်ခင်လျှက်

KING

 

25 comments

  • windtalker

    January 24, 2012 at 9:22 pm

    ဖက်သောသူ နွေးရသလို
    ကင်းကွာ လွမ်းစွတ် ၊ နေရခက်၏
    ဆိုညည်း သောက ဗျာပါဒများ
    ပဲပြုတ်ကို သာစား ။
    ( မမူးကြောင် မရူးကြောင် ဘဲ လျှောက်ရေးသည် )

  • ပန်ဆင်သူမဲ့

    ချွေလက်မရှိက

    ကြွေကာနွမ်းခြောက်

    ကြွေကျလိမ့်မည် …

    မောင်ကင်း မင်းဒီအပို်ဒ်က အပျိုကြီးတွေကို အခြောက်တိုက် ထိပါးတယ်လို့ ထင်ပါ၏.

  • kotun winlatt

    January 24, 2012 at 9:43 pm

    ပန်းနှင့်တူသော မိန်းကလေးဆိုတော့
    ဖူးချိန်တန်ဖူး ပွင့်ချိန်တန်ပွင့် ကြွေချိန်တန်တော့လည်း
    ကြွေ…. ။
    အင်းးးး မိန်းကလေးကတော့ပန်းနဲ့တူတယ်…ဒဲ့..
    ဒါဆို.. ထန်းနဲ့တူသော ယောက်ျားလေးဆိုပီး ရေးပါဦးလားဗျ..။

    • naywoonni

      January 24, 2012 at 10:19 pm

      ကိုပေါက်နော် ……… သူများစောင်းမပြောနဲ့…………… ဟွန့်…..

  • Thel Nu Aye

    January 24, 2012 at 10:13 pm

    ဟီး——– မမြဲသောသဘောတွေကိုသိနေပေမဲ့လဲ ပုထုဇင်မို့ လောဘဒေါသမောဟတွေကင်းဖို့တော်တော်ကြိုးစားရမှာပါ။ ပိုစ့်ကလေးအတွက်ကျေးဇူးပါ။ တခါတခါမမြဲသောသဘောတွေကိုသိနေပေမဲ့လဲ တခါတခါတော့လဲမေ့မေ့နေမိတယ်။ သတိပေးလို့ကျေးကျေးပါ။

  • aye.kk

    January 25, 2012 at 12:27 am

    လှသောပန်းတို့မည်သည်၊အကြွေမြန်၏……
    ဥဒေါင်းဌက်တို့မည်သည်၊အသက်တို၏…….
    လှသောမိန်းကလေးအားချစ်မိပါက၊ဆူးရှိတတ်၍သတိထား။
    ပန်းနှင့်တူသောမိန်းကလေးသည်၊ပန်ဆင်ချင်သူပေါများကာ၊ဆွတ်ခူးချွေယူမည့်သူပေါများလှပေ၏။
    အချိန်ရှိခိုက်လုံ့လစိုက်ရမှာက၊ဘာဝနာတရား၊အားထုတ်ကာပွားများကြပါစို့………………………..။

    • Khin Latt

      January 25, 2012 at 4:14 am

      အစ်မ အေး စကား ကိုသာ ရာနှုန်းပြည့်ထောက်ခံ လိုက်ပါတယ်။

  • Khin Latt

    January 25, 2012 at 4:18 am

    ခူးပြီးနွမ်း သွားရင် အမှိုက်ပုံး ထဲ ရောက်မည်။
    အခူးမခံ ရဘဲ ဒီအတိုင်း နွမ်းရင် မြေမှာဘဲ မြေဩဇာ ပြန်ဖြစ်မည်။ အကျိုးရှိ၏။
    ကြည့်ရတာ သူကြီး ရဲ့ မြန်မာပြည် လူသန်း ၁၀ဝ စီမံကိန်း အတွက် မဲဆွယ်တာထင်ရဲ့။
    ညီမငယ် များ၊ တူမငယ်များ နားမယောင်ကြနှင့်။ 😉

  • kai

    January 25, 2012 at 4:27 am

    ဟေ့.. ဟိုမှာ…

    အဘဖောပြောတယ်
    ခူးပြီးနွမ်းလည်း
    ပန်းသာဖြစ်
    ရမ်းကာချစ်မဲ့သူတွေ
    ရှိသတဲ့..။

    မှန်းလို့သာလစ်
    လမ်းသစ်နဲ့
    လှမ်းဝံ့ရမယ့်
    ဩဇီမှာလေ..။ ။

    • Khin Latt

      January 25, 2012 at 4:54 am

      သူကြီး က ဒီလို ကဗျာစပ်လဲ ဖြစ်တာဘဲကိုး … 😉

    • pooch

      January 25, 2012 at 10:58 am

      အယ် … သူကြီးလည်း ကဗျာစပ်တယ်လား ။ တခါတလေများ သူကြီးရဲ့ ရသ ရင်တွင်းဖြစ်လေးတွေလည်း ဖတ်ကြည့်ချင်တယ်။ ကဗျာပဲ ဖြစ်ဖြစ် အတိုအထွာလေးပဲ ဖြစ်ဖြစ်။

      အင်း.. သူကြီး ပြောသလို ဥပဒေ ထုတ်ပြီးရင် မက်လုံးအနေနဲ့ အိ်မ်တလုံးနဲ့ ငွေပါ ချေးမယ်ဆိုရင်တာ့ ယူကြမယ်ထင်ပါတယ်။

      မြန်မာပြည်ရဲ့ လူဦးရေ ကို ပြောရမယ်ဆိုရင်လည်း အခြေခံလူတန်းစားများက ခပ်ငယ်ငယ်ထဲက အိမ်ထောင်ပြုဖြစ်ကြတယ်။ ကလေးကိုလည်း တော်တော်များများ မွေးလိုက်တယ် ။ သိပ်လည်း မစဉ်းစားကြဘူး။ ကြုံသလိုနေ ကြုံသလိုတွေး ပျော်သလိုပဲ နေကြတယ်။ အဲ့ဒီတော့ အခြေခံလူတန်းစားတွေက တဖြည်းဖြည်းများလာတယ်။

      လူလတ်တန်းစား ( ပညာတတ်အများစုပါတယ်) တွေကတော့ ဘာပဲလုပ်လုပ် စီမံကိန်းလေးတွေနဲ့ စဉ်းစဉ်းစားစားလုပ်ကြတယ်။ ကလေးဆိုလည်း ကိုယ်တာဝန်ယူနိုင်တာကို စဉ်းစားပြီး ၂ ယောက် ၃ ယောက်အလွန်ဆုံးယူကြတယ်။ အပျိုကြီး လူပျိုကြီး အများစုက ဒီအတန်းအစားထဲမှာ ပါတယ်။

      အဲ့ဒီတော့ ဒီလူတွေကို မက်လုံးပေးမှဖြစ်မှာ သူကြီး ဥပဒေနဲ့ တော့ရမယ် မထင်ဘူး။
      သူကြီးပြောသလို ဟိုက ဒီက လူတွေ ဝင်လာပြီး ကိုယ့်လူမျိုးတွေ မျက်နှာ ငယ်ရမှာလည်း ကြောက်တယ်။

      အဲ့ဒါကြောင့် စင်ကာပူက ” အမေးဘွဲ့လွန်ကျောင်းသူ အဖြေလီကွမ်ယု “ဆိုပြီး ဆောင်းပါးလေးဖတ်ဖူးတယ် weekly eleven ထဲမှာ ။ စင်ကာပူ နိုင်ငံသား ကျောင်းသူက သူတို့နိုင်ငံထဲ ကို နိုင်ငံခြားသားတွေ နေရာယူလာတာကို ဝေဖန်တော့ လီကွမ်ယုက အခု ညည်းမှာ ရည်းစားရှိပြီလား အိမ်ထောင်ပြုဖို့ စိတ်ကူးရှိပြီလားလို့ မေးတယ် ။ ဟိုက မဖြေနိုင်တော့ ညည်းတို့လို လူတွေ အိမ်ထောင်ပြု ကလေးယူရင် အပြင်က လူတွေ ငါတို့ အထဲသွင်းစရာမလို ဘူးလို့ ဖြေလိုက်တယ်။

      ကိုယ့်နိုင်ငံလည်း အဲ့လို မဖြစ်ချင်ဘူး။ ဒို့အရေးလို့တော့ မအော်ချင်ဘူး ။ သူတို့ အရေးလို့ပဲ အော်ချင်တယ်။ :mrgreen:

      • kai

        January 26, 2012 at 7:17 am

        အခွင့်အရေးတွေ.. ဥပဒေထုတ်ပြီး..ပေးရမှာပေါ့…
        မွေးလာတဲ့ကလေးတွေကို.. ဂရင်းကတ်ပေးထားတဲ့သူတွေရဲ့ တဦးစီဒေါ်လာ၂သိန်းကနေရတဲ့အတိုးနဲ့.. ကလေးအသက်၁ဝနှစ်အထိ.. ကျမ်းမာရေး၊ပညာရေးနိုင်ငံတော်ကတာဝန်ယူပေးမယ်..။
        မမွေးချင်ရင်.. နိုင်ငံလက်ထဲအပ်လိုက်.. နိုင်ငံက မွေးပေးမယ်..။

        ဒါက.. ယူအက်စ်ကလုပ်နေတာပဲ..။
        ပိုက်ဆံမရှိဘူးကြေညာတဲ့..မိဘမရှိတဲ့.. အမေရိကန်ကလေးတွေကို.. အသက်၁၉နှစ်အထိ.. ကျမ်းမာရေးအာမခံပေးတယ်.။
        မမွေးထားချင်ဘူးပြောတဲ့..မိဘတွေရဲ့ကလေး.. အစိုးရကသိမ်းသွားပြီး.. မွေးချင်တဲ့သူကို တလ၅၀၀-၈၀ဝ စသဖြင့်ပေးပြီး.. မွေးစားခိုင်းတယ်..။
        ကလေးမွေး,စားတဲ့အလုပ်လုပ်နေသူတွေရှိပါတယ်..။ 😆

        http://www.dhhs.nh.gov/foryou/families.htm

    • စိန်ပေါက်ပေါက်

      January 25, 2012 at 5:39 pm

      သဂျီးရေ
      သများတို ့ထန်းသီးတွေကော ဘယ်နိုင်ငံကို မှန်းပြီး လစ်ရမလဲဂျ
      😆

      ကိုကင်းရေ
      ကဗျာကော.ပုံကော…အားပေးသွားပါတယ်

  • ဖားသက်ပြင်း

    January 25, 2012 at 7:48 am

    ဒဲ့ ပြောဇမ်းဘာဂျာ ….ဝင်္ကဝုတ္တိဒွေ လုပ်မနေပါနဲ့ …
    😀

    ခု လူဦးရေ သန်း ၅ဝ (၆ဝမပြောနဲ့နော..ပိုမတွက်တာ စိတ်ချရတယ်..)
    မျှော်မှန်းတာ- သန်း ၁၀ဝ အင်း …ဘယ်လိုလုပ်ရပါ့… အရှင်မွေး ..နေ့ချင်းကြီးသတဲ့….
    ကြာဘာဒယ်ဂျာ ..တီလုပ်မလေးဒွေ သန်း-၂ဝလောက် အင်ပိုထ့် လုပ်လိုက်စမ်းဘာ…

    ကိုကြောင်ကြီးနဲ့ ဖားသက်ပြင်း အမြန်ဆုံး ပြန်လာလိမ့်မယ် …
    မယုံရင် ကြည့်…. ခိခိ….

    😛

    ခင်တဲ့

    • kai

      January 25, 2012 at 9:07 am

      ထားပါတော့…
      အခုကနေ.. ၁ဝနှစ်..။
      မြန်မာပြည်ဖြတ်ပြီး. တရုတ်-အိနိ္ဒယ-အာစီယံ-မဲခေါင်ဒေသ နိုင်ငံတွေကုန်သွယ်လိမ့်မယ်…။

      အလုပ်အကိုင်တွေလည်း ပေါလာမှာပေါ့..။
      မြန်မာက..လုပ်သားအင်အားမရှိရင် ဘာဖြစ်မယ်ထင်သလည်း…။
      ရှေးပရီဝါး..ပို့စ်ဝါးလို.. အိနိ္ဒယ-ဘင်္ဂလားဒေ့ရှ်-တရုတ်က အလုပ်သမားတွေလှိမ့်ဝင်လာလိမ့်မယ်..။ လက်ဗလာနဲ့ လာသူတွေများမှာပေါ့..။

      ဒီအတွက် လဝက ဥပဒေတွေပြင်ထားသလား..။

      ကျုပ်ကတော့.. လဝကဥပဒေကို ယူအက်စ်လို.. ဒေါ်လာငွေ ၂သိန်းပါလာရင်..ဂရင်းကတ်- အမြဲနေခွင့်ပေးတာနဲ့ စစေချင်နေတယ်..။
      …. မြန်မာကျား-မ အသက်၂၅ အထက်အိမ်ထောင်မပြုမနေရ ကလေးမယူမနေရ ဥပဒေတွေထုတ်စေချင်နေတယ်..။ 🙂

      • amatmin

        January 25, 2012 at 10:21 am

        သဂျီးကလဲဗျာ..အိမ်ထောင်ရေးဥပဒေပဲမထုတ်ခိုင်းနဲ့လေ.
        လိုက်နာချင်အောင် ဘယ်လိုမက်လုံးလေးတွေ ပေးသင့်တယ်ဆိုတာ
        လွှတ်တော်မှာ ဆွေးနွေးခိုင်းလိုက်ပေါ့.. 🙂

        ကိုကင်းရေ.ဖတ်ပြီး ကိုယ့်ကို ကိုယ်ပြန်သနားမိပါတယ်. 🙁

  • Moe Z

    January 25, 2012 at 9:02 am

    သဘာဝဟာ သဘာဝပါ ဘဘကင်းရယ် သင်္ခါရကို ဘယ်သူမှလွန်ဆန်လို့မရပါဘူး 😀
    အချင်းချင်းမို့ပြောရဦးမယ် တဂ်ထည့်ထားတာ သတ်ပုံမှားနေတယ်
    ထင်မြင်ယူ”ဆ”ချက်ပါ ထင်မြင်ယူ”စ”ချက်မဟုတ်ပါဘူး 😛

  • jujuma

    January 25, 2012 at 12:26 pm

    ပန်ဆင်သူမဲ့

    ချွေလက်မရှိက

    ကြွေကာနွမ်းခြောက်

    ကြွေကျလိမ့်မည် ….

    ပန်ဆင်သူရှိ …ချွေလိုက်ကာမှ

    မြန်မြန်နွမ်းလျ ..စောစော ကြွ …

    အော် အနိစ္စ..အနိစ္စ

    မမြဲတဲ့သဘောမို့ ………………………………………..

  • ကြောင်ကြီး

    January 26, 2012 at 10:09 am

    ပန်းနှင့်တူတဲ့
    မိန်းခလေး
    နန်းမြင့်သူမို့
    ရတက်မအေး
    နမ်းခွင့်ယူဖို့
    အခွင့်အရေး
    လှမ်းစွင့်ခြူစို့
    လက်မနှေး….။

  • etone

    January 26, 2012 at 10:13 am

    ဪ .. ပန်းနဲ့နှိုင်းတဲ့ ခေတ်ရဲ့ အငွေ့သက်ကလည်း ကျန်သေးပါလားနော် …
    နောက်မျိုးဆက်သုံးခုစာလောက်ဆိုလျှင်တော့ …. ဘာနဲ့များနှိုင်းကြမလဲ .. ရင်မောရင်း သိချင်မိတယ် … ။ 🙄

  • @ ကိုပေရေ
    ကြောင် တွေ တယ်များပါ့လား
    ကြောင် ဆိုတဲ့ အကြောင်း ခဏခဏ မပြောနဲ့ဗျာ
    ဦးကြောင်နဲ့ ကျွန်တော်နဲ့က တရုတ်မလေးတွေကို လုဖော်လုဖက်ဗျ … 😛
    ==============================================================
    @ ကိုပေါက်ရေ
    ပန်ဆင်သူမဲ့
    ချွေလက်မရှိက
    ကြွေကာနွမ်းခြောက်
    ကြွေကျလိမ့်မည် …
    အဲဒါက အပျိုကြီး အပျိုလေး တွေကို ယူရင်လည်း ရတယ်ဗျ … ကိုယ့်အတွေးနဲ့ကိုယ်ပေါ့ ကြိုက်သလိုတွေးလို့ရတယ်ပေါ့ဗျာ … ကျွန်တော်က ဒိထက်မက ဘုံသုံးလို့ရအောင် တစ်ခြား အတွေးလေးတွေလည်းပါတယ်ဆိုတာ … …
    ============================================================
    @ ကိုထွန်းဝင်းလတ်ရေ
    ကိုပေါက်ကတော့ ထန်းနဲ့တူသော အကြောင်းကို ဆက်ပြီးသွားတော့ ….
    ထန်းပင်
    လှမ်းချင်
    နမ်းရင်
    ပန်းသခင်
    နွမ်း ……… 😛
    ===========================================================
    @ မ Thel Nu Aye ရေ
    ကျွန်တော်လည်း မေ့နေတယ်ဗျ အမှန်က အဝိဇ္ဖာ အမှောင်ဖုံးပြီး မသိချင်ယောင်ဆောင်ထားတာဗျ … 🙂
    ===========================================================
    @ အတိသဉ္ဇာ နာဂရ ချစ်သူ ရေ
    ပြောင်းလဲခိုက်မှာ ကျွန်တော်တို့တွေ တစ်တပ်တစ်အားနဲ့ လုံ့လ စိုက်လိုက်ကြစို့ဗျာ …
    ===========================================================
    @ aye.kk
    အခုခေတ် မိန်းကလေးတွေ
    ပန်းနှင့်တူသောမိန်းကလေးသည်၊ပန်ဆင်ချင်သူပေါများကာ၊ဆွတ်ခူးချွေယူမည့်သူပေါများလှပေ၏။ ဆိုတဲ့ စကားရဲ့နောက်မှာ ဆက်ရန်ကျန်သေးတဲ့ စကားလုံးတွေကို နားလည်မယ်ဆိုရင်ဗျာ …..
    ===========================================================
    @ မခင်လတ်ရေ
    ခူးပြီးနွမ်း သွားရင် အမှိုက်ပုံး ထဲ ရောက်မည်။
    အခူးမခံ ရဘဲ ဒီအတိုင်း နွမ်းရင် မြေမှာဘဲ မြေဩဇာ ပြန်ဖြစ်မည်။ အကျိုးရှိ၏။

    အမပြောသလို ဆိုရင် အရမ်းတစ်ဖက်သတ်ဆန်မလားလို့ ….
    ပြောမယ့်သာပြောရတာ ယောကျင်္ားလေးတွေက ပန်းကလေးတွေကို မိန်းကလေးတွေထက် ပိုချစ်တတ်သလားလို့ဗျ (ကျွန်တော့်အထင်ပါ)
    အငြင်းအခုန်လေးများလည်း မျှော်လင့်မိပါတယ်ဗျ …
    ==========================================================
    @ သူကြီး
    ကပေါက်ဖော် မေးသလို
    ထန်းသီးတွေလည်း
    ဘယ်နေရာသွားလို့ရလဲဗျ
    ဖျက် ဖောက် ချုပ် တော့ မလုပ်ခိုင်းနဲ့နော်ဗျ …. 😛
    ==========================================================
    @ pooch ရေ
    ဆွေးနွေးခဲ့သလို ကျွန်တော်လည်း တွေးမိပါရဲ့ဗျာ
    ==========================================================
    @ ကပေါက်ဖော်ရေ
    အားပေးတဲ့အတွက် ကျေးဇူးပါဗျ …
    ထန်းသီးကိစ္စကတော့ မေးပြီး
    ဘာလို့ ထန်းသီးခြောက်ကိစ္စလည်း တင်ပြလေဗျာ .. 😛
    =========================================================
    @ ဂီရေ
    စီလုတ်မလေးတွေ တင်သွင်းဖို့နေနေသာ သူတို့တောင် တို့ဆီက အဝယ်လိုက်ကြမ်းနေတာ
    သူ့ဆီက လာတာ မလာတာ အရင်ထား ကိုယ့်ဆီက မထွက်ဖို့ စည်းရိုးလုံအောင်ကာကြစို့ …. လူပျိုတွေ မှာ တာဝန်ရှိတယ်နော် … 😛
    ========================================================
    @ အမတ်မင်းရေ
    အမတ်မင်းအတွက် သူကြီးက စေတနာနဲ့ ချီးမြှင့်ပါလိမ့်မယ်
    အဲဒီအခါမှ “သားမှားပြီ အမေရဲ့”လို့ သီချင်းမဆိုနဲ့နော် … 😛
    =======================================================
    @ မြေးမလေး မိုးဇက်
    ငါ့မြေးက အမြင်စူးရှတယ် …. ဘဘလဲ ဗိုက်ဆာဆာနဲ့ သေချာမကြည့်မိဘဲ ရိုက်လိုက်မိလို့ပါကွယ် …
    ဒီအချက်နဲ့တင် မြေးမလေးကို လုပ်ငန်းကြီးတွေမှာ သုံးဖို့ ဘဘ ဆုံးဖြတ်လိုက်ပြီကွယ်
    (မှတ်ချက်။ ဘဘ အိမ်ထောင်ပြု ကလေးရရင် ကလေးထိန်းခိုင်းရမယ်) … 😛
    ======================================================
    @ Ju Ju ma
    ပန်ဆင်သူရှိ …ချွေလိုက်ကာမှ

    မြန်မြန်နွမ်းလျ ..စောစော ကြွ …

    နှစ်သက်မိတဲ့ စာသာလေးပါပဲဗျ
    ဒါကတော့ ခူးယူတဲ့သူ အပေါ်မှာ မူတည်ပါတယ်ဗျ
    ဥပမာ ပန်းတစ်ပွင့် ဆိုပါတော့
    တစ်ချို့က ဘုရားတင်ဖို့ ခူးတယ်
    တစ်ချို့က ဈေးမှာရောင်းဖို့ ခူးတယ်
    တစ်ချို့က ပန်းအိုးမှာ အလှထိုးဖို့ခူးတယ်
    တစ်ချို့က ပန်ဆင်ဖို့ ခူးတယ်
    တစ်ချို့က လက်ဆောင်ပေးဖို့ခူးတယ်
    တစ်ချို့က သုတေသနလုပ်ဖို့ခူးတယ်
    တစ်ချို့က ……….
    တစ်ချို့က ………
    …………………
    =========================================================
    @ ကိုကြီးကြောင်
    ပန်းနှင့်တူတဲ့
    မိန်းခလေး
    နန်းမြင့်သူမို့
    ရတက်မအေး
    နမ်းခွင့်ယူဖို့
    အခွင့်အရေး
    လှမ်းစွင့်ခြူစို့
    လက်မနှေး …
    သူကြီးတူမလေးကို
    တောင်းလို့ပေး ….. 😛
    ================================================================
    @ မ etone
    အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းနား တဝဲလယ်လယ် ဖြစ်နေအုံးမှာပဲဗျာ
    ================================================================

    အားလုံးကို အစဉ် လေးစားချင်ခင်လျှက်
    KING

    • Moe Z

      January 26, 2012 at 1:29 pm

      ဘဘကင်း အရီးလတ်အစားဝင်ငြင်းမလို့ စဉ်းစားပေမယ့်
      တော်ပြီ မပြောတော့ဘူး 😛
      ဘဘကင်းအိမ်မှာတော့ ကလေးမထိန်းချင်ပါဘူး
      မိုးစက်ရဲ့ကျောင်းကို လာပို့လေ ဝင်ကြေးတစ်ဝက်ပဲယူမယ်

  • comegyi

    January 27, 2012 at 5:41 am

    ကျွန်တော်ကတော့ဗျာ
    အဲသည့်ပန်းကို မရည်ညွှန်းလိုပါ . .ကိုကင်းရယ်…….
    သို့ပေမဲ့ ……….
    ဆရာမ မခင်စောမူရဲ့( လိပ်ပြာနဲ့ကြာကုမုဒ် ) ဆိုတဲ့ ကဗျာလေး
    သတိရမိတယ်
    အဲဒီကဗျာလေးအကြောင်း အလျှင်းသင့်ရင် ဆွေးနွေးချင်ပါသေးတယ်ခင်ဗျာ…..
    ခင်တဲ့
    ကီးဂျမ်း……….

Leave a Reply