“ဆွေမျိုး”…စပ်ကြသည်

aye.kkJanuary 24, 20121min10011

ကျမသည်ငယ်စဉ်တောင်ကျေးကလေးဘဝမှသည်၊ကြီးပြင်းလာသည်အထိ ပင်မိဘများကပြည့်ပြည့်စုံစုံကျွေးမွေးစောင့်
ရှောက်ခံရသူဖြစ်ပေသည်။ ပြည့်ပြည့်စုံစုံဟုဆိုရာတွင် ကျမငယ်စဉ်က မိဘများက၎င်းတို့ပိုင်ဆိုင်သည့် ကုမ္ပဏီအသိမ်းခံရသည်ဆိုသော်လည်း ဆင်ပိန်လျှင်ကျွဲလောက်ကျန်သေးသည်ဟုဆိုကာ အဖေသည် စုဆောင်းထားသောရွှေ့များအား ထုခွဲရောင်းချကာ ကျမတို့မောင်နှမများအား လိုလေသေးမရှိထားခဲ့၍ ဖြစ်ပါသည်။
ထိုသို့ပြည့်ပြည့်စုံစုံနေလာခဲ့ရာ ၊ ကျမဘဝတလျှောက်၌ ဆွေမျိုးတော်စပ်ကြသည့် ကိစ္စများအား ၊ ကြုံတွေ ့ခံစားခဲ့ရမှုလေးများအပေါ်၊ပြန်လည်ကာအောင်းမေ့ ခဲ့ပါသည် ။ ထိုကြုံတွေ့ခံစားမိသည့်အဖြစ်သနစ်များအားလည်း စာဖတ်သူတို့အား ပြန်လည်ပြောပြချင်မိခဲ့ပါသည် ။
ကျမ(ပဉ္စမတန်း)တက်ရသည့်နှစ်တုံးက သင်္ချာ(ဂျီဩမေတြီ)အတန်းပိုင် ဆရာမ ဒေါ်ကြည်ကြည်ဝင်းတာဝန်ယူသော ၊ အတန်းခွဲ၌ ပညာသင်ကြားခွင့်ရရှိခဲ့ပါသည် ။ သူငယ်ချင်းနှင့် အတန်းခွဲမတူသဖြင့် ဆရာမအား သူငယ်ချင်းရှိသော အတန်းသို့ပြောင်းရွေ ့ချင်ပါကြောင်းတင်ပြမိပါသည် ။ ထိုအခါဆရာမက အတန်းပိုင်နာမည် စာရင်းရှာကြည့်ရာတွင်အဖေ့နာမည်အား တွေ ့သွား၍ ဆရာမကသ္မီးအဖေနှင့်ဆရာမက ဆွေမျိုးအရင်းခေါက်ခေါက်ကြီး တော်စပ်နေသည်ဟု ပြောပြသောအခါ ကျမမှာအံ့ဩကာ မှင်သက်မိသွားခဲ့ပါသည် ။ ကျမအားအဖေက ဆွေမျိုးရှိသည်ဆိုတာကိုယောင်၍မျှပင် ဖွင့်ဟထားခြင်းမရှိ ၊ ဆွေမျိုးများမရှိကြဟု ပြောပြထားသလိုပင် သိထားခဲ့ရ၍ဖြစ်ပါသည် ။ ကျမကလုံးဝမသိပါ.. ဆရာမဟုပြောလျှင် မယုံရင်အဖေ့အားပြန်မေးကြည့်ပါဟုဆရာမက
ပြောပြခဲ့ပါသည် ။ ဆရာမအတန်းမှာနေရတာသိမ်ငယ်၍လားဟုလည်းမေးပါသည်။ ဆရာမကသူတာဝန်မကျချင်သော မြို့ဖြစ်နေ၍ အသနားခံစာတင်ကာ ပြောင်းရွေ ့စာပြန်တင်ထားသည် ခြောက်လလောက်တော့စောင့်ရမည်၊ကျမအားပြောဆိုပါသည်။ ကျမမှာအဖေမပြော၍ မသိရကာ အတန်းဖော်များရှေ ့၌ ရှက်မိသွားခဲ့ရပါသည် ။ အိမ်ရောက်၍အဖေ့အား ပြောပြလျှင် အဖေကဟုတ်ပါသည် ၊ ဆွေမျိုးအကြောင်းနှင့်ပတ်သက်၍ အဖေ့အားဘာမျှမမေးပါနှင့် ဟုဆိုကာ ၊ သူကိုယ်တိုင်ကျောင်းအုပ်ကြီးထံသွားကာ ဆရာမအတန်းမှ လွဲရင်ဟုဆိုကာ အခြားတန်းသို့ပြောင်းရွေ ့စေခဲ့သဖြင့်ကံကောင်းစွာဖြင့် သူငယ်ချင်းရှိရာအခန်းခွဲသို့မမျှော်လင့်ပါဘဲ သင်ကြားခွင့်ရရှိခဲ့ပါတော့သည် ။ ကျတို့အခန်းသို့ ဆရာမဒေါ်ကြည်ကြည်ဝင်း တာဝန်ယူရသည့်အချိန်တွင် စာသင်ပြီးသွားသောအခါ၌၊ဆရာမကသ္မီးအဖေသည် ဆွေမျိုးများအပေါ်၌ယနေ့အထိပင်ခွင့်မလွတ်နိုင်သိရ၍ စိတ်မကောင်းဖြစ်မိရပါသည်၊ဟုပြောပြပါသည်။ အဖေက ကျမအားအတန်းခွဲပြောင်းခဲ့ရခြင်းအကြောင်းမှာလည်း အတိတ်ကနောက်ကြောင်းတွေ၊ပြန်မတူးဆွချင်တာဖြစ်ခဲ့သလို နောက်ကြောင်းဇတ်လမ်းတွေလည်း၊ကျမအားသိမည်စိုးရိမ်ကာ အတန်းပြောင်းပေးခဲ့ခြင်းသာဖြစ်ပေသည် ။ ကျမအတွေးတွင်ကား…………………………. ဆရာမသည်ကျမတို့မိသားစု ဆင်းရဲနေပါလျှင် ဆွေမျိုးတော်ချင်ပါ့မလားဟု မဆီမဆိုင်တာကိုပင် လျှောက်တွေးနေမိပါသည် ။ ဆင်းရဲနေရင်ကော ဆွေမျိုးအရင်းခေါက်ခေါက်ကြီးဟုပြောပါ့မလားဟု သို့လောသို့လောနှင့် အတွေးများရှိနေမိခဲ့ပါသည် ။ မကြာပါချေ…..ဆရာမလည်းပြောသည့်အတိုင်းခြောက်လအတိတွင်ကျမတို့မြို ့မှရန်ကုန်သို့ပြောင်းရွေ ့သွားခဲ့ပါတော့သည် ။
ကျမ(ဆဌမ)တန်းစတက်သည့်နှစ်တွင်လည်း ၊ ပဉ္စမတန်းတက်ရောက်လာသော ကျောင်းသူပြုံးပြုံးဆိုသူက ထူးထူးခြားခြား ကျမအားစကားပြောချင်၍ဟုဆိုကာခွင့်တောင်းခံလာခဲ့ပါသည် ။ နာမည်လည်းသူ့ကိုယ်သူပြောပြကာ
မိတ်ဆက်လာခြင်းဖြစ်ပေသည်။ ကျမအားသူက ဘယ်သူအသက်ကြီးသည်ငယ်သည်ကို မသိ၍အမဟုခေါ်ဆိုကာသုံးနှုံးခဲ့ပြီးကျမအားပြောပြသည်မှာ…………
သူမ၏အမေသည် ကျမအဖေ၏တူမအရင်းခေါက်ခေါက်ဖြစ်ကြာင်း ၊ ကျမကသူနှင့်ဆိုလျှင် ကျမကဆွေမျိုးအရဝါကြီးနေသူဖြစ်ကြောင်း၊အဒေါ်တော်ရှိကြောင်းပြောပြလာပြန်သည် ။ ကျမသည်တမြို ့တည်းနေ တရေတည်းသောက်ကြပါလျှက် သူနှင့်ကျမဆွေမျိုးတော်သည်ကို သူပြောမှသိရလျှင် အဖေ့ကိုအပြစ်တင်ရနိုးနိုးနှင့် စိတ်ထဲမှာဝေခွဲမရ အတွေးမှာစဉ်းစားမရ နောက်ကျိကာဖြစ်နေမိပါသည် ။
ကျမကစိတ်မှသိချင်စိတ်ပြင်းပြကာ မနေနိုင်ပါဘဲအဖေအားပြန်မေးပါလျှင် ၊ အဖေက..ငါ့အစ်ကိုမွေးစားသ္မီး ဖြစ်ကာငါ့အဖေက.. မြေးအဖြစ်သတ်မှတ်ခဲ့သည်။ ဆွေမျိုးအစစ်မဟုတ်ဟုအဖေကဆိုပြန်သည် ၊ ဒီအကြောင်းတွေမသိချင်နှင့်ဟုဆိုကာ ၊ ကျမအားနောက်မမေးရန်ပိတ်ပြောလိုက်ပါသည် ။ တစ်ခါပြောလျှင်မမှတ်ထား၊အမှတ်သည်းချေမရှိဟု ဆိုကာဆူပါသည် ။ မရှိတုံးကတော့ အမျိုးလာမတော်………..၊ အခုငါရွှေရှိကာမှပင်…………..အမျိုးလာတော်သည်ဟု
ပြောပြခဲ့ပါသည် ။ ကျမလည်းအဖေပြောသည်ကိုမှတ်
ထားကာ ၊ ငယ်တုံးကအဖေ့ပေါ်တွင် အကြောက်တရားကလည်းရှိနေသဖြင့် ၊ ပြုံးပြုံးအားတွေ့လျှင် အဝေးမှပင်ရီကာပြုံးကာနှုတ်ဆက်လိုက်ပါသည် ။ နောက်ကွယ်တွင်…. ကျမတို့အားပိုက်ဆံရှိ၍မာနကြီးသည်ဟုပြောကြကြောင်း ပြန်ကြားသိခဲ့ရပါသည်။ တော်သေးသည်က သူနှင့်ကျမ အတန်းမတူ၍စိတ်သက်သာရာရရှိခဲ့ပါသည် ။
အဖေ့အမျိုးနှင့်ပတ်သက်၍အမေ့အားမေးရင်၊
အမေကနင့်အဖေလုံးဝမကြိုက်သဖြင့်၊အဖေ့ဘက်ကအမျိုးမရှိဟုသာ၊ နင့်အဖေသတ်မှတ်ခိုင်း၍ ငါ့မှာဘယ်သူ့ကိုမှမဆက်သွယ်ရဲပါ၊ပတ်ဝန်းကျင်ကဲ့ရဲ့ကခံရယုံသာရှိမည်ဟုပြောပြပါသည်။ အမေစိတ်မကောင်းဖြစ်သည်ကိုသိရ၍ ကျမကဆက်မမေးတော့၊အမေကလည်းကျမအား
နောင်ကိုမမေးပါနှင့်ဟုပြောပါသည် ။
တစ်ရက်တွင်အိမ်ရှေ ့ပန်းခြံဆင်ဝင်လမ်းတံခါးပေါက်အဝ၌ ကျမထက်အသက်မတိမ်းမယိမ်းရှိမည်ဟုယူဆရသည့် ယောက်ျားလေးတယောက် အကြာကြီးရပ်စောင့်ကာကြည့်နေသည်ကို ကျမမြင်တွေ ့သွားရကာထိထ်လန့်သွားရပြီး ဘာကိစ္စရှိလဲဟုမေးလျှင် ဦးလေးကိုလာတွ ့တာ ၊ တူအရင်းခေါက်ခေါက်ဟု
ဆိုပြန်သည် ။ ကျမထိုစကားကြားရကထိတ်လန့်တုန်လှုပ်မိပြန်ပါသည် ၊ ဆွေမျိုးကပေါ်ဘဲပေါ်လာနိုင်လွန်းတော့သည် ၊အဖေပြောတော့အမျိုးမရှိ၍သာ တော်တော့သည် ။ အဖေမရှိချိန်နှင့်တိုက်ဆိုင်နေသဖြင့်လည်းတော်သေးသည် ကျမကအဖေမရှိပါဟုပြောလျှင်… နင်နဲ့ငါကမောင်နှမတဝမ်းဘဲကွဲတာပါဟု ပြောပြပြန်ပါသည် ။ ကျမကအဖေတကယ်မရှိပါဟုပြောလျှင်
အမေ့ကိုတွေ ့ချင်သည်၊တွေ့ပါရစေဟုတောင်းဆိုပြန်ပါသည် ။ အမေအားပြောပြလျှင်.. အလိမ္မာနှင့်အမေမရှိဟုကောင်းကောင်းမွန်မွန်ပြောလိုက်ဟုဆိုကာကျမကမညာချင်သဖြင့် အမေကမတွေ့နိုင်ပါဟု ကျမကပြန်ပြောပြမိပါသည် ။ ထိုအခါသူက ကျမအသက်ဘယ်လောက်ရှိပြီလဲ ဟုမေးပါသည် ။ သူနှင့်ကျမကငါးနှစ်ကွာတာကို သိလိုက်ရပါသည်။ သူ့နာမည်အားဌေးနိုင် မှတ်ထားပါဟုဆိုပါသည်။အခုဒုက္ခရောက်လွန်းသဖြင့် အကူညီလာတောင်းတာခြင်းဖြစ်သည်ဟုကျမအားပြောပြပါသည်။ဆွေမျိုးတကယ်တော်၍ အိမ်လိပ်စာအတိုင်းစုံစမ်းမေးမြန်းကြည့်ပါဟုပြောဆိုကာ ကျမအားစေ့စေ့ကြည့်လျှက် ရွှေရှိကအမျိုးလာတော်ပါမည်ဟုပြောဆိုကာ မျက်နှာတွင်ရှက်စိတ်တို့ဖြင်မွှန်ထူနီမြန်းနေကာ လက်သီးအားကျစ်ကျစ်ပါအောင်ဆုတ်လျှက် အံကြိတ်ကာကျမအားပြောဆိုပြီးထွက်ခွာသွားပါတာ့သည် ။
ကျမမှာမနေနိုင်ခဲ့ပါ ။ ပြောသည့်လိပ်စာအတိုင်း မေးမြန်းကာရှာကြံ၍၊သွားရောက်တွေ ့ဆုံခဲ့ပါသည်။ထိုအခါဌေးနိုင်မိသားစုက ကျမအား အလာကောင်းပေမယ့် အခါနှောင်းသွားခဲ့ပြီ ၊ မောင်ဌေးနိုင်ကဦးလေးနှင့်တွေ ့ ့ချင်သည်ဟုပြောဆို၍ထွက်သွားရာကနေ့ထိပေါ်မလာ၊ငါတို့မှာကတစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ရကာမယ်ပဋာမြေလူးဖြစ်ရသည်
်ဟုကျမအားပြောဆိုကြပါသည်။ ကျမမျက်နှာအားလည်းမကြည့်ချင်ဟုပြော၍မောင်း
ထုတ်ကြပါသည် ။ ကျမလည်းငိုယိုကာတောင်းပန်၍ ကျမပြောသည့်စကားဆုံးအားနားထောင် ပေးပါရန်တောင်းဆိုပြီး မိဘတို့ကိုယ်စားတောင်းပန်ခဲ့ကာ ပါလာသမျှမုန့်ဘိုးတို့အားပေးခဲ့ပြီး ထိုအိမ်ပေါ်မှပြေး ဆင်းလာခဲ့ပါတော့သည်။ ထိုနေ့ကသူငယ်ချင်းအိမ်၌ စိတ်ရှိသမျှငိုပစ်ခဲ့ပြီးမှ သာအိမ်ပြန်လာခဲ့ပါတော့သည် ။
တစ်ခုသောနွေရာသီကျောင်းပိတ်ရက်တွင် ၊ အမေ့ဘက်ကဆွေမျိုးဟုဆိုကာ ကျမနှင့်အတန်းဖော်ဖြစ်ကာ တရက်တွင်ကျမတို့အိမ်ရောက်ရှိလာကာ မောင်နှမတော်စပ်သည်ဟုပြောလာပြန်သည် ။ ကျမကကျောင်းမှာတွေ ့တုံးကဘာမျှမပြောဘဲနေခဲ့သည်ဖြစ်၍ လွန်စွာအံ့ဩနေခဲ့မိပါသည် ။ အခုမှလာပြောပြနေသည်ကိုအံ့ဩသဖြင့်မေးမိပါသည် ၊ ထိုအခါမဝင်းဝင်းပြောပြသည်မှာ… အဒေါ်တို့ကကြိုက်မှန်းသိမသိဖြစ်နေ၍ မပြောပြခဲ့တာဟုပြောပြပြန်ပါသည်။ အမေကအိ်မ်လာလည်ခွင့်ပြုပေးခဲ့သဖြင့် ၊ ကျမကဆွေမျိုးမှန်းသိသွား၍ပိုပြီးချစ်ခင်ခဲ့ရပါသည်။ ထိုအချိန်မှစတင်၍ ကျမတို့အိမ်မှာပင် စားအတူနေအတူသွားအတူ ဖြစ်လာကြကာ အလွန်ပင်ချစ်ခင်စွာဖြစ်နေလာခဲ့ကြပါသည်။ ထိုမျှပင်မကသေး နွေရာသီကျောင်းပိတ်ရက်ရှည်တွင် အမေ့အားငယ်စဉ်တောင်ကျေးကတည်းက ကျေးဇူးတရား ကြီးမားပါကုန်သော အမေ့အားအမွေထိမ်းအဖြစ်စောင့်ရှောက် ထိန်းသိမ်းလာသော ဆွေမျိုးဟုလည်းခေါ်ဆိုထိုက်ပါပေသော အမေနှင့်အတူတကွကြီးပြင်းကာ နေထိုင်ကြသည့် အမွေထိမ်းဘက်က ၊ မောင်နှမသားသ္မီးများ အလယ်ရောက်ရှိလာခဲ့ကြခြင်းပင်ဖြစ်ပါသည် ။ ကျမတို့နှင့်ရွယ်တူမတိမ်းမယိမ်း များလည်းဖြစ်နွေရာသီကျောင်းပိတ်ရက်
ကာလများလည်းဖြစ်၊ကျမတို့အိမ်နှင့်မျက်နှာချင်း
ဆိုင်နေထိုင်ကြသည်ဖြစ်၍
တစ်အိမ်နှင့်တစ်အိမ်ကူးချည်သန်းချည်သွားလာကြကာ အတူဆော့ကစားကြပါသည်။ (လွန်စွာလည်းချစ်ခင်ကြပါသည်)
ကျမတို့မှာသွေးသားတော်စပ်မှု မရှိကြ၍မောင်နှမဆွေမျိုးဟုပြော၍မရနိုင်သည့်ပြဿနာအခက်ရှိသည်ကိုအဖြေရှာရာက ၊ လှလှကပြောပြောဆိုဆို ကျမလက်ညိုးအား ယူကာလက်တဆစ်တွင် အပ်ချည်ကြိုးဖြင့်တင်းတင်းစည်းကာ လက်ထိတ်ဖောက်၍ သွေးဖောက်ထုတ်မည် ဖောက်ရဲလားဟုအလန့်ထညက်မေးလိုက်ပါသည်။ကျမကလက်ကိုအတင်းပြန်ဆွဲယူ၍မဖောက်ချင်ဟု အကြောင်းပြကာ သွေးမြင်လျှင်အလွန်ပင်လန့်သည်ဟု ပြောပြကာကြောက်ပြီးငြင်းခဲ့ပါသည် ။ ဆွေမျိုးမတော်စပ်လည်း ငါတို့ကသွေးသောက်မောင်နှမလုပ်၍ရသည်ဟု ပြောပြပါတော့သည် ။ ကျမ၏အစ်မဖြစ်သူခင်ခင်နှင့် လှလှဖြစ်သူ၏အစ်ကိုနှစ်ယောက်စလုံးကမူ ဒါးချွန်ထိတ်ဖျားဖြင့် သူတို့၏လက်မောင်းအားသွေးများဖောက်ထုတ်ကာ ကြက်ဥပန်းကန်လုံးလေးတစ်ခုတွင် ထည့်၍ နှစ်ယောက်စလုံးဒူးထောက်ကာ….. သွေးများထည့်ထားသည့်ကြက်ဥပန်းကန်လုံးအားရှေ့ ့မှောက်၌ချ၍မိုးနတ်မင်းကြီးအားတိုင်တည်သည်မှာ……….
ဤကမ္ဘာမြေပြင်ပေါ်တွင်…….. အသက်ရှင်သန်နေသမျှကာလပတ်လုံးသွေးသောက
်မောင်နှမအဖြစ်ခံယူလိုပါသည်၊တစ်ဦးအပေါ် တစ်ဦးသစ္စာမေတ္တာစစ်မှန်စွာဖြင့်သေတပန်သက်တဆုံးထိတိုင် ဂတိကဝတ်ထားရှိကြမည်ဖြစ်ကြောင်းသစ္စာပြုပါသည်။ ဤသစ္စာပျက်ယွင်းပါကမိုးနတ်မင်းကြီးပေးသမျှအပြစ်အားလုံးတို့အားကျေနပ်စွာခံယူပါမည်။ ဒုက္ခအခက်ခဲတွေ ့ပါကတစ်ဦးကိုတစ်ဦးကူညီကာစောင့်ရှောက်သွားပါမည်။
ယခုသောက်မည့်သွေးသစ္စာရည်တို့သည်၊
ကျွနုပ်တို့နှစ်ဦးလုံး၏ခန္ဓာကိုယ်တွင်အသက်ရှင်သန်နေသမျှ ကာလပတ်လုံးတိုင်အထိပင်……
လည်ပတ်စီးဆင်းကာတည်တန့်နေပါစေသတည်း။ ဟုပြောဆိုကြကာ…. သွေးထည့်ထားသည့်ကြက်ဥပန်းကန်လုံးအားနှစ်ယောက်
အတူတကွကိုင်ယူကာသောက်ကြပြီးလျှင်.. မိုးနတ်မင်းကြီးအားတိုင်တည်၍သွေးသောက်မောင်နှမဖွဲ့ ့ခဲ့ကြပါတော့သတည်း ။ နင်နဲ့ငါကယနေ့ယခုအချိန်မှစတင်ကာသွေးသောက်မောင်နှမဖြစ်သွားပြီ……………. ။ အမျိုးမတော်ဟုပြော၍ကားမရတော့ဟုဆိုခဲ့ကြပါတော့သတည်း ။
ကံကြမ္မာချားရဟတ်တို့တပတ်လည်ခဲ့သောအချိန်တွင်…………..
ကျမအား အမျိုးအဆွေကတွေ့ ့ချင်သည်ဟုပြောကြားကာ၊ကျမထံရောက်အောင်ပင်၊ အလည်လာ၍တွေ ့ခဲ့ပါသည် ၊ ကျမအားကိုယ်ရွှေကိုယ်မျိုုးဟုဆိုကာသုံးနှုံးပြောခဲ့ပါသည်။ကျမကထိုအသုံးအနှုံးကိုမူနှစ်သက်ခြင်းအလျှင်းမရှိပါ။ ကျမကကိုယ့်ဆွေကိုယ့်မျိုးဟုသုံးနှုံးတာကိုဘဲနှစ်သက်မိပါတော့သတည်း။ “ဆွေမျိုး”စပ်ကြသည်ဟုဆိုရာတွင်ရွှေရှိမှမျိုးတော်သည်ဆိုသည့်စကားအား….
ယနေ့တိုင်ထိကျမ၏ရင်ထဲတွင်…..
လိပ်ခဲတည်းလျှက်ရှိနေဆဲပင်ဖြစ်နေပါတော့သည်။
(ကျမ၏ကိုယ်တွေ့ခံစားချက်များသာလျှင်ဖြစ်ပါသည်၊
ဝေဖန်ထင်မြင်ချက်အားရေးသားပေးနိုင်ကြပါရန်တောင်းခံအပ်ပါသည်။)

11 comments

  • koyinmaung

    January 24, 2012 at 11:17 pm

    အိမ်တအိမ်မှာစာကပ်ထားတာမြင်ခဲ့ဘူးတယ်
    ( ရွှေမျိုးမလာရ )တဲ့…
    နာကြည်းချက်နဲ့ရေးထားတာလို့တော့ထင်တာဘဲ…..

  • Khin Latt

    January 25, 2012 at 4:05 am

    အစ်မအေးရေ –
    အများအားဖြင့်တော့ ရွှေရှိမှ အမျိုးတော်ချင်ကြသူများ ဆိုတာ ကိုယ့်အားကိုယ်ကိုးချင် စိတ်မရှိဘဲ သူများ ကို အားကိုး ချင်၊ မှီခိုချင် သူတွေ မို့ သူတို့ကို ပေးကမ်းနိုင်တဲ့ သူကို ရှာတဲ့ သဘောနေမှာပါဘဲ။
    တစ်ချို့ ကတော့ ငွေကြေးမချမ်းသာပေမဲ့ သူများကို အားမကိုးဘူး။ သူများ ပေးကမ်းစာ မစားဘူး ဆိုတဲ့ မာန ရှိပြီး ဘယ်သူ့ အထောက်အပံ့ မှမယူဘဲ ကိုယ့်ဖာသာ ကြိုးစား နေကြပါတယ်။
    တစ်ချို့ သူဌေး တွေ ကြပြန်တော့ လဲ ဆင်းရဲတဲ့ သူ တစ်ယောက် ရိုးရိုးသားသား နဲ့ လာရင်တောင် လိုချင်လို့ လာတယ် ထင်တတ်ပါတယ်။
    တကယ် တော့ လူအမျိုးမျိုး စိတ်အထွေထွေ ပါဘဲ အစ်မအေး ရာ။

    ဟိုးတုန်းကကြည့်ဘူးတဲ့ “ဖာတစ်လုံး ခေါင်းကျား” ရုပ်ရှင်မှာ မင်းသား က ဆင်းရဲသား ရူးချင်ယောင် ဆောင်လိုက်တော့ သူ့ကို အမှန်စိတ် ရင်းနဲ့ ခင်မင်တာမဟုတ် ဘဲ ဘုရင်ဖြစ်မဲ့ မင်းသားမို့ ပေါင်းသင်း နေသူတွေ က အနားကို မကပ်ကြ တော့ဘူး။ ဒါပေမဲ့ တကဲ့ မေတ္တာနဲ့ ချစ်ခင် သူများကြတော့ လဲ အသက်ဘေး ကိုတောင် ဂရုမစိုက်ဘဲ သူ့ကို ကူညီခဲ့ကြတယ်။

    အစ်မ အဖေ သဘော ကမှန်ပါတယ်။
    ကိုယ်နဲ့ ဆက်ဆံ လို့မရဘူး၊ ကိုယ် နဲ့ သဘောမမျှဘူး ထင်ရင် ဝေးဝေး ကနေနေတာဘဲ ကောင်းပါတယ်။ မဟုတ်ရင်နေရင်းထိုင်ရင်း ကိုယ့်ထမင်းကိုယ်စားပြီး အကုသိုလ် ဖြစ်တတ် တယ် မဟုတ်လား။
    ကျွန်မ လဲ ချမ်းသာ ဆင်းရဲ ပဓာန မဟုတ်။
    ကိုယ် နဲ့ စိတ်ချင်း၊ စကားချင်း၊ ရည်ရွယ်ချက်ချင်း တူ မှ ပေါင်းချင်ပါတယ်။

    လူတစ်ယောက် နဲ့ တစ်ယောက် ဟာ မောင်ရင်းနှမ ဖြစ်ဦး၊ စိတ်သဘောမတူ ရင် ရင်းနှီးဖို့ရာ ခက်ပါတယ်။ သွေးမတော် သားမစပ် လဲ စိတ်တူတဲ့ လူတွေ စုမိပြီး သွေးသားတွေ လို တစ်စိတ်ထဲ ဖြစ်ပြီး ချစ်ကြ ခင်ကြ တာတွေ လဲ အများကြီး။
    ဥပမာ – အခု ရွာထဲက ကျွန်မ တို့ လိုပေါ့။ မြင်လဲ မမြင်ဘူး။ သိလဲမသိဘူး။
    ဘယ်သူဘာမှန်း မသိဘူး။( နောက်မှတော့ ဖြေးဖြေး ချင်းသိချင်သိမပေါ့။)
    ဒါပေမဲ့ စကားတွေ ပြောရင်း စိတ်ထဲ က အတော်လေး ရင်းနှီး လာကြ သလိုပေါ့။
    ဒီရွာမှာတော့ လူတိုင်းဟာ ” ငါတော့ သူ့ဆီ က ဘာတော့ ရကောင်း စေ” ဆိုတဲ့ စိတ်မရှိ ဘဲ
    “ငါတို့ ဒီမှာ ကိုယ်ရှိသမျှ ဗဟုသု စွမ်းအင် လေးနဲ့ အတွေ့အကြုံလေး တွေ မျှကြမယ်” ဆိုတဲ့
    တူညီတဲ့ စိတ်ထား က ကျွန်မတို့ ကို အစ်မပြောခဲ့တဲ့ သွေးသောက် ရဲဘော် တွေလို ချစ်ခင်သွားစေတာပါ။

    ဒါပေမဲ့ ဒီလို ရင်းနှီးနိုင်ဖို့ လူနှစ်ယောက်ကြား မှာ ပြောတဲ့စကား ရှိရမယ်။
    ရှိတဲ့ စကား တူရမယ်။
    ဒါမှ ပေါင်းစပ်လို့ ရမယ် လို့ ထင်တာပါဘဲ အစ်မအေးရေ။

    အခု ကျွန်မ ဆိုရင် ကျွန်မ ဒီကို ပုံမှန် ဝင်တဲ့ ညအချိန် လေးတွေမှာ အစ်မအေးရဲ့ Post လေးတွေ ကို အရင်မြင်ရလေ့ ရှိတယ်။ အဲတာကို ဖတ်ရင်း အစ်မကို သိပြီး သံယောဇဉ် ဖြစ်နေပါရောလား။
    တစ်ခါတစ်ခါ အလုပ်တွေပါလာလို့ ရွာထဲ ကိုပုံမှန်အချိန် မဝင်ဖြစ် ရင် တောင် သတိရ နေပါရောလား။
    တစ်ချို့ ရွာသူ/သား တွေ ရေးတဲ့ Post တွေကတော့ ကိုယ်ဝင်ချိန်၊ သူတို့ တင်ချိန် မကိုက်တော့ စကား မပြောဖြစ်သလို ဖြစ်နေရော။
    ကိုယ်နဲ့အချိန်တူ မှတ်ချက်ပေးသူ တွေ ကိုတောင် စကားမပြောဖြစ်ရင်တောင် မှ ခင်လို့၊ မင်လို့ ပါဘဲ။
    ဒီနေ့ လဲ အစ်မအေး Post မှာ ပြည်မကြီး ကနေ အစောကြီးထပြီး ဖြစ်နေတဲ့ ကိုရင်မောင့် ရဲ့ မှတ်ချက်က ဦးသွားပြန်ပြီ။ 😀

    အစ်မ နဲ့ ကျွန်မ ကြားမှာ ဘာမှ ရယူလိုခြင်း ဆိုတာမရှိဘဲ အစ်မ နဲ့Post လေး တွေ ကတစ်ဆင့် စကား ပြောတဲ့ အဖြူရောင် သံယောဇဉ် လေးဘဲ ရှိတယ် ဆိုတော့ ဒါဟာ ခင်မင်ခြင်း အစစ်ပေါ့။
    အစ်မဆိုလဲ ကျွန်မ ဘယ်မှာနေ၊ ဘာလုပ်မှန်း မသိဘဲနဲ့ ကျွန်မ ကို ခင်နေတာဘဲ မဟုတ်လား။
    မဟုတ်လား။
    ထင်တာဘဲ။ အဟိ။ 😉

    စာကြွင်း – အစ်မ ရေးတာလေးတွေ ကို အမြဲ စိတ်ဝင်စားစွာ စောင့်ဖတ်နေပါတယ်။
    ဒါနဲ့ အစ်မအေး နှစ်ကူးမှာ ချက်ရပြုတ်ရ နဲ့ အတော်ပန်းသွားလား။
    စားဖွယ်လေးတွေ ကို ဓာတ်ပုံရိုက်တင် ပေးပါလို့ မတောင်းဆိုခဲ့မိဘူး။
    နှစ်သစ် မှာ အစ်မအေး နဲ့ မိသားစု အားလုံး ကိုယ်ကျမ်းမာ စိတ်ချမ်းသာ ရှိပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်။

    ချစ်ခင်စွာဖြင့်
    မလတ်

  • kai

    January 25, 2012 at 4:10 am

    အဲဒီအောက်က ရုပ်ရှင်ကားလေးကြည့်စေချင်ပါတယ်..။
    သွေးမတော်ပေမဲ့..အရမ်းချစ်ကြတဲ့.. သူငယ်ချင်း၂ယောက်အကြောင်းပါ..။


    Snow Flower and the Secret Fan (2011)
    A story set in 19th century China and centered on the lifelong friendship between two girls who develop their own secret code as a way to contend with the rigid cultural norms imposed on women.

  • ဆွေမျိုးအရင်းအချာမဟုတ်သော်လည်း ဆွေမျိုးထက်ပိုရင်းသောမိတ်ဆွေကောင်းများသေချာပေါက်ရှိပါ၏။

  • zarlay

    January 25, 2012 at 10:15 am

    ဆွေမျိုး ဆိုတာ များသောအားဖြင့် ရွှေရှိမှ အမျိုးတော်ချင်ကြတာလေ

  • kyeemite

    January 25, 2012 at 10:18 am

    ကျွန်တော်တော့ ဆွေမျိုးထက်သူငယ်ချင်းကိုပိုချစ်တယ်..
    ဘဝတလျှောက်မှာ..အခက်အခဲတွေ့တိုင်း..သူငယ်ချင်းကောင်းတွေကသာ
    အားပေးဖေါ်ရခဲ့တယ်..အကူအညီတွေရခဲ့တယ်…
    ဒါပေသိ..ဆွေမျိုးတွေကိုလဲလိုအပ်ရင်ငဲ့ကြည့်တတ်ပါတယ်…ကူညီနိုင်တာရှိရင်ကူညီလိုက်တာဘဲ…
    ဘာမှတုံ့ပြန်မျှော်လင့်မထားပါဘူး..ကိုယ်ကသာကူညီတာ..ဆွေမျိုးတွေဆီကအကူအညီတော့ဒီနေ့
    အထိမတောင်းခဲ့ဘူး..လိုအပ်ရင်သူငယ်ချင်းတွေကိုဘဲအားကိုးတယ်..ဒါကတော့ကျွန်တော်တဦးတည်းရဲ့
    ခံယူချက်သာဖြစ်ပါကြောင်း….

  • တောတွင်းပျော်

    January 25, 2012 at 10:28 am

    တစ်ဆွေမျိုးလုံး တသက်စာ အဆက်ဖြတ်ခဲ ့တဲ ့ အစ်မ aye kk အဖေရဲ ့နာကြည်းခံစားချက်က
    သားသမီးတွေကိုတောင် ဖွင် ့မပြောနိုင်လောက်အောင်ဆိုတော ့ တော်တော်ကြီးကိုပြင်းထန်တာပဲ!!
    အစာအိမ်ရောဂါတောင် ဖြစ်လောက်တယ်။

    **( ကျမအတွေးတွင်ကား…………………………. ဆရာမသည်ကျမတို့မိသားစု ဆင်းရဲနေပါလျှင် ဆွေမျိုးတော်ချင်ပါ့မလားဟု မဆီမဆိုင်တာကိုပင် လျှောက်တွေးနေမိပါသည် ။ ဆင်းရဲနေရင်ကော ဆွေမျိုးအရင်းခေါက်ခေါက်ကြီးဟုပြောပါ့မလားဟု သို့လောသို့လောနှင့် အတွေးများရှိနေမိခဲ့ပါသည် ။ )**
    အစ်မ aye kk တို ့မသိခဲ ့တဲ ့အဖေနဲ ့ဆွေမျိုးတွေရဲ ့ပြဿနာကို တစ်ချို ့တစ်ချို ့သောအမျိုးတွေကလည်း
    သိကြမှာမဟုတ်ဘူး။ အဲဒီ ့အပေါ်မှာလည်း နားလည်မှ ုတွေထပ်လွဲကြမယ်။
    အစ်မ aye kk ရဲ ့အတွေးမျိုး သူတို ့ဖက်ကလည်းတွေးကြလိမ် ့မယ်။ ဒီနေရာမှာ အဖေတို ့ရဲ ့သမိုင်းကိုသိတဲ ့
    ဆရာမကြည်ကြည်ဝင်းတို ့အရွယ်အမျိုးတွေကိုဆိုလိုတာမဟုတ်ဘဲ နောက်ပေါက် အစ်မaye kk တို ့အရွယ်တွေ
    ကိုပြောချင်တာပါ။
    အစ်မရယ်……..
    အမျိုးတွေဆိုတာ လည်း လူထဲကလူတွေပါ။ ကောင်းတဲ ့သူ ရှိသလို မကောင်းတဲ ့လူလည်းရှိကြမှာပဲ။
    အဖေတို ့ခေတ်ကပြဿနာတွေကြောင် ့ ဒီနေ ့ခေတ်သားသမီးတွေ ဆက်ပြီးတော ့အထင်အမြင်တွေဆက်ပြီး
    မလွဲစေချင်ဘူး။ ရွှေရှိမှမဟုတ် ငွေရှိမှမဟုတ် သူဟာနင် ့အမျိုးပဲဆိုတာနဲ ့ ရင်ထဲအလိုလိုနွေးထွေးသွားတဲ ့
    ခံစားမှ ုမျိုးကို အစ်မ aye kk ခံစားဖူးမှာပါ။ သွေးစကား လို ့ဆိုရမလား ?
    ဘုရားကတောင်မှ ဆွေမျိုးရဲ ့အရိပ်ကပိုအေးမြတယ်လို ့ လူမျိုးနှစ်စုရဲ ့စစ်ပွဲမှာ မိန် ့ခဲ ့သေးတာပဲ။
    အစ်မ aye kk ရင်ငြိမ်းနိုင်ပါစေ…….

    တောတွင်းပျော်

  • awra-cho

    January 25, 2012 at 1:31 pm

    သုမောင် တောင် သူ့အမျိူးတွေ အကြောင်း ရေးတုံးက ဝိုင်းအ ပြော ခံရတယ်၊ နိုင်ငံ ကျော် ကြီးနော်
    အခု လည်း ဘာပြောရမှန်း မသိ တော့ပါ။လက်စမ်းတယ်လို့ ပဲမှတ်ရမှာပဲ။( ပြောသာပြော ရတယ် အနော်
    လည်းမရေးတတ်ပါခင်ဗျား)

  • etone

    January 25, 2012 at 2:06 pm

    ဆွေမျိုးဆိုတာမျိုးနဲ့ ပတ်သတ်လို့ ကျွန်မလည်း …. စိတ်အနှောက်ယှက်ဖြစ်ခဲ့ရဖူးတယ် … ။
    တော်စပ်ပုံချင်းတူတူဖြစ်တဲ့ ကျွန်မတို့ညီမ(ဝမ်းကွဲသက်တူရွယ်တူ) နှစ်ယောက်ကို ဆက်ဆံတဲ့ပုံချင်း မတူခဲ့ဘူး … ။ ငယ်ငယ်ကတည်းက ဂျစ်တီးဂျစ်ကန်ကျွန်မထက် … အလိုက်သိပါးနပ်တဲ့ သူမကို … အားလုံးက မြှောက်ပင့်ထားကြတယ် … ။ကျွန်မကတော့ ကလေးဆိုးပေါ့ …. ။ အကျိုးနဲ့အကြောင်းနဲ့ အချက်လက်တကွ ထောက်ပြတာကို ကလေးစကားမို့ … နားမထောင်တဲ့ လူတွေကြား ကျွန်မက တကယ့်ကို ဘုကလန့်ပါ .. ။

    တကယ်ပဲ သူတို့ မြှောက်ပင့်ထားခဲ့သလို … သူမကလည်း ပညာရေးမှာ ထူးချွန်ခဲ့ပြီး ဆရာဝန်ဖြစ်ခဲ့တယ် … ကျွန်မကတော့ … ကွန်ပျူတာကသာမန်ဘွဲ့တစ်ခုနဲ့ … ကုမ္ပဏီတစ်ခုမှာ တောက်တိုမယ်ရလုပ်နေခဲ့တယ် … ။ သိပ်တော်လွန်းတဲ့ သူမ …ဆရာဝန်ဖြစ်ချိန် ၊ အမျိုးတွေကြားလျှမ်းလျှမ်းတောက်ချိန် မိဘကို အပျိုကြီးလုပ်ပြီး လုပ်ကျွေးမယ်လို့ အသံကောင်းဟစ်ကာ … ယောက်မမြင်းစီးထွက်ပြီး … ယောကျာ်းယူပါလေရော … ။ အဲ့ဒီအချိန်ထိ ကျွန်မက အမျိုးဆွေတွေကြားမှာ ဖွတ်ကျား …….. ။ ဖုတ်လေတဲ့ ငပိရှိတယ်လို့ အထင်မခံရတော့ဘူး … ။

    အမျိုးတွေ ဖူးဖူး မှုတ်ထားတဲ့ .. အဖိုးတန်သမီးလေး လင်ယူသားမွေးလုပ်ကာ အိမ်တွင်းအလုပ်နဲ့ အချိန်ကုန်နေတဲ့ အချိန် … တစ်ယောက်တည်း ကိုယ့်လှေကိုယ်ထိုးပဲခူးရောက်ရောက်စိတ်နဲ့ .. တောက်တိုမယ်ရလုပ်နေတဲ့ ကျွန်မရှိသေးမှန်း သတိရသွားကြတယ် .. ။ ဂရုမစိုက်မိတာတွေအတွက် နောင်တရသလိုလိုနဲ့ …. ငယ်ငယ်တုန်းက ဖတ်စာအုပ်ထဲက ဝတ်ကြီးဝတ်တွေလာရွတ်ပြပြီး … ယောကျာ်းလိုက်စပ်ပါလေရောလား … ။ (မျောက်ပြ ဆန်တောင်းချင်တဲ့ စိတ်လေးလည်း ပါမှာပေ့ါလေ .. ) ဘာကောင်ညာကောင်ကို .. တီကောင်လောက်တောင် မသတီတဲ့ စိတ်နဲ့ … အရွဲ့တိုက်တာကြောင့် ဘယ်သူနဲ့မှ အဆင်မပြေခဲ့ဘူး … ။
    အဲ့ဒီတော့မှ .. တသက်လုံး ဒီလို စိတ်တွေဖြစ်အောင် လုပ်ခဲ့တဲ့ကိုယ့်လုပ်ရပ်ကိုယ်နောင်တမရပဲ …မဆီမဆိုင်မွေးထားတဲ့ အမေကို ပြသနာရှာ … အသုံးမကျဘူး လက်ညှိုးထိုးပြန်တယ် … ။ အမေနဲ့သမီး … လူသာ တူချင်တူမယ် .. စိတ်မတူနိုင်တာ .. ထမင်းအရင်စားတဲ့ … ကျွန်မအမျိုးတွေ ဘာလို့မသိခဲ့လဲ ….

    အခုတော့လည်း အေးဆေးပါပဲ…သူတို့ အဖိုးတန်သမီးလေးက … ဝင်ငွေတပြားမှ မရှာနိုင်၊ မိသားစုကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်တဲ့ အပြင် …. ကလေးတစ်ကောင်ကိုတောင် မထိန်းနိုင်လို့ .. တမျိုးလုံး ဝိုင်းထိန်းနေရလေရဲ ့………. ။ ကျွန်မကတော့ မရှိမရှား လစာလေးနဲ့ … ဝအောင်စား လှအောင်ဝတ်နိုင်နေတာ … ကျိန်စာဝလေ .. လှလေဆိုတဲ့ စကားလိုပါပဲ … ။

    အစ်မအေးရေ..ကျွန်မကတော့ … ရွှေမျိုးတွေကို မုန်းတယ် … သွေးသားတော်စပ်မှုအရမဟုတ်ပဲ… ပကာသနကြောင့် တွယ်ကပ်ချင်နေတဲ့ လူတွေကိုလည်း မုန်းတယ် .. ဒါကြောင့် အစ်မအေး အဖေရဲ့ သဘောထားကို အပြည့်ဝနားလည်ပါတယ် … ။ ရွှေမျိုးတွေရဲ့ ဒဏ်ကို တော်ရုံတန်ရုံခံရလို့ ဒီလောက်မနာကြည်းပေမယ် ့… ခါးခါးသီးသီးဖြစ်သွားလို့သာ … အဖေဖြစ်သူက နာကြည်းခဲ့တယ်လို့ .. ထင်ပါတယ ်… ။ 🙂

  • aye.kk

    January 25, 2012 at 8:47 pm

    ကိုရင်မောင်,ေ၇…အဖေကရင်ထဲမှာခပ်နှိပ်ထားတော့၊အတူတူဘဲလို့မြင်မိပါတယ်။
    မလတ်,ရဲ ့…..ခင်မင်ခြင်းအစစ်ဆိုတဲ့ရင်ထဲကစကား၊ကြားရတာလေးစားမိပါတယ်…၊
    (အမလဲတကယ်ခင်မိပါတယ်၊ Email – aye.kk62@gmail.com)ပါဘဲနော်။
    kai,…ဟုတ်ကဲ့ပါ၊ကြည့်ဖြစ်အောင်ကြည့်မှာပါ၊ကျေးဇူးပါဘဲနော်..သူကြီး။
    ကိုပေါက်,ေ၇…အမြင်တူနေလို့မှတ်သားသွားပါတယ်။
    zarlay,ေ၇…အတွေးတူနေမိပါ၏ ။
    ုkyeemite,..မောင်လေးက၊အမရဲ ့အစ်မနဲ့ခံယူချက်တူတယ်လို့မြင်မိပါတယ်၊
    သူငယ်ချင်းကနေအရမ်းချစ်သွားတော၊့သွေးသောက်မောင်နှမတောင်ဖွဲ ့သွားခဲ့လို့ပါ။
    တောတွင်းပျော်,….ရေ
    အဖေဆင်းရဲစဉ်ကပေါ့နော်…
    ကူလီထမ်းခဲ့ရတဲ့ဘဝ..
    လုံးတီးဆန်ထမင်းကို..
    ငရုတ်သီးတောင့်စပ်စပ်ကိုက်ပြီးရေနဲ့မျှောချပြီးစားခဲ့ရတဲ့ဘဝ..
    ဘယ်ဆွေမျိုးမှ၊လာပြီးအမျိုးမတော်ကြခဲ့ဘူးပေါ့နော်..
    နောက်ထပ်ဘာတွေဖြစ်ကြထားသေးလဲဆိုတာတော့တကယ်မသိတာပါ..
    နောက်ဆက်တွဲဆိုးကျိုးက၊အမတို့အတွက်က..
    စိတ်မကောင်းစရာဖြစ်လောက်အောင်၊ကြောက်စရာကောင်းခဲ့ရပါတယ်..
    အမျိုးဆိုတာ…
    ရင်ထဲနွေးထွေးသွားတဲ့ခံစားမှုခံစားဖူးတာအမှန်ပါ…
    မောင်လေးရဲ ့မေတ္တာမုဒိတာအားပေးစကားကြားရတာကျေးဇူးပါနော်။
    awra-cho,ဝင်ဖတ်ကာအားပေးသွားလို့၊ဝမ်းသာရပါတယ်။
    etone,ရဲ ့ခံစားချက်လေးကို၊သိရလို့နားလည်မိပါတယ်၊ထပ်တူထပ်မျှပါ…
    ထင်မြင်ချက်လေးပြောပြပေးသွားတာလည်းကျေးဇူးပါနော်။

  • ကြောင်ကြီး

    January 26, 2012 at 11:57 am

    ဆွေမျိုး
    ရေချိုး
    ငွေတိုး
    ရွှေအိုး..။

Leave a Reply