သူကြီးသို့ ပေးစာ

thit minJanuary 25, 20121min58182

သူကြီးသို့

((ကြိုပြောပါရစေ၊ ကျနော်ပြောတာကိုလုံးဝသဘောမတူရင်လည်း အဆင်ပြေပါတယ်ခင်ဗျား၊

စိတ်ထဲ ရှိတာပြောပြချင်လို့ အကြံပြုခြင်းသာပါ၊ သူကြီး ဆန္ဒကသာ အဓိကပါ။)

နိုင်ငံတခုရဲ့ပြုပြင်ရေးဟာ နိုင်ငံရေးစနစ်က100% ဆိုတဲ့နေရာကရှိမနေဘူးဆိုတာ သူကြီးနဲ့

ကျနော်သဘောထားချင်းတိုက်ဆိုင်မှုရှိတဲ့အတွက် ကျနော်သဘောထားကို တိုက်ရိုက်တင်ပြခြင်းပါ။

(မဆိတ်ပါနှင့်)။

ခုလက်ရှိအနေအထားမှာ နိုင်ငံတော်မှာ ပြောင်းလဲမှုတွေဖြစ်လာပြီး အဲဒီအတွက်ဘာတွေပြု

ပြင်လုပ်ဆောင်ရမလဲဆိုတာ စဉ်းစားကြတဲ့အချိန်ကာလမဟုတ်ပါလား။ ပြည်သူ့ပြည်သားတွေရဲ့

လမ်းကြောင်းတွေကိုခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင်

(၁) အစိုးရအပါအဝင်အားလုံးညီညီညွတ်ညွတ်နဲ့ပူးပေါင်းရေးလမ်းကြောင်း၊

(၂)ကိုယ့်အဖွဲ့အစည်းအလိုက်နိုင်ငံတော်အတွက်လုပ်ချင်လို့ရွေးကောက်ပွဲဝင်တဲ့လမ်းကြောင်း၊

(၃) နိုင်ငံတော်ပိုင်းဆိုင်ရာလိုအပ်ချက်တွေထဲက ကိုယ်တတ်နိုင်တဲ့လူမှူ့အဖွဲ့တွေလုပ်နေတဲ့လမ်းကြောင်း၊

(၄)ဘုံရန်သူမရှိတော့လို့ အချင်းချင်းပြန်ချ လမ်းကြောင်း၊

(၅) အတိတ်သမိုင်းကမကောင်းသူများကိုမပူးပေါင်း၊ဆိုုတဲ့လမ်းကြောင်း၊

ဆိုပြီး လမ်းကြောင်းတွေပေါ်လာပါတယ်။ ဆိုလိုတာက နိုင်ငံတော်အဆင့်နဲ့၊

နိုင်ငံရေးစနစ်ဆိုတဲ့အပေါ်မှာပြုပြင်ပြောင်းလဲရေးကို အများစုဝိုင်းလုပ်နေ ကြပါတယ်။

စဉ်းစားရင်လဲ အဲဒီဟာကိုဘဲစဉ်းစားကြပါတယ်။ ကျနော့အမြင်ကတော့တမျိုးပါ။

ကိုဖက်တီးရဲ့ ဈေးမရောင်းရ ဆိုင်းဘုတ်အောက်ကဆိုင်ရယ်။

ဒေါ်ဧတုန်ရေးတဲ့ အဓိပတိ စပယ်ယာတွေဟာ နိုင်ငံရေးစနစ်နဲ့ရော၊အစိုးရနဲ့ရောမပါတ်သက်ပါဘူး။

ပါတ်သက်တယ်လို့ ဆိုရင်တော့ အစိုးရဟာ ကြိမ်လုံး နေရာကဖြစ်သွားပါပြီ။

ပြောလို့ရရင်ရ၊ မရရင် အရိုက်ခံရတယ်ဆိုတာ “လူ” လို့ပြောရခက်သွားပါလိမ့်မယ်။

(ရိုင်းသွားရင်ခွင့်လွှတ်ပါ၊စေတနာစကားပါ)

လူဆိုတာ ရှက်တတ်၊ကြောက်တတ်ရပါတယ်။(ဟီရိဩတပ္ပ)။

စည်းကမ်းမလိုက်နာတာကို မရှက်တတ်တဲ့စိတ်။(ကိုပေါက်ရဲ့ မန်းဒလေး-သေးပေါက်၊အမှိုက်ပွတဲ့ပုံ)

ကိုယ့်တာဝန်မကျေတာကို မရှက်တတ်တဲ့စိတ်။(ဒေါ်ဧတုန်ရေးတဲ့ အဓိပတိ စပယ်ယာတွေ)

သူတပါးကိုကလိန်ကကျစ်ကျပြီး စီးပွါးရှာတာကိုမရှက်တတ်တဲ့စိတ်။(ဆူးလေမှငွေလဲ ဝယ်/ရောင်း များ)

အဲဒီဟာတွေဟာ လူတိုင်းကိုယ်ပိုင်အသိနဲ့ လုပ်လို့ရတဲ့ ဟာတွေချည်းပါ။ဘယ်အစိုးရနဲ့မှကိုမဆိုင်ပါ။

ပြောလိုတာက အစိုးရပြုပြောင်းလဲရေးတွေကိုအာရုံစိုက်လုပ်ကိုင်သူတွေများစွာရှိနေပြီဆိုတော့(ကျနော်တို့

မှာလဲတာဝန် ရှိပါတယ်၊ပါဝင်တာကတော့ပါဝင်လုပ်ဆောင်ရမှာပါ။) လူများများသိပ်မစဉ်းစားတဲ့အပိုင်း

လေးတွေကို မန်းဂေဇက်စာမျက်နှာကနေ ကျနော်တို့ လုပ်ကြည့်ချင်ပါတယ်။

၁။ဘာတွေဖြစ်နေတယ် ဆိုတဲ့ အပြစ်ပြော ရောဂါရှာ မကောင်းတာထိုင်ပြောမဲ့ အဆင့်မဖြစ်ရပါဘူး။

၂။ ဘယ်လိုပြင်သင့်တယ်ဆိုတဲ့အကြံပေးဆွေးနွေးရေးအထိလုပ်ပေးရပါမယ်။

နိုင်ငံတော်အဆင့်ကလုပ်သင့်တယ်ဆိုတာထက် လူတဦးချင်း(သို့)အစုအဖွဲ့တခုကနေ

လုပ်နိုင်တာကိုပိုလို့ဆွေးနွေးချင်ပါတယ်။လုပ်နိုင်တာတခု စဉ်းစားမိပါတယ်။

မြန်မာ့သတင်းတွေ သူကြီး စတစ်ကီ လုပ်သလိုမျိုး….

အဲဒီလိုအပ်ချက်နဲ့ အကြံပေးချက်တွဲလျှက်လေးတွေ ကို ပို့စ်တင် စတစ်ကီလုပ်စေချင်တာပါ။

ပို့စ်တခုစာဆို ရပါပြီ။ နောက်ပိုင်းရေးသူတွေက “ကော်မန့်”မှာ နေ့စွဲနဲ့ ရေးရင်အစဉ်လိုက်ဖတ်လို့

ရသွားမှာပါ။ အဓိက ပင်မ ရေသောက်မြစ်ကတော့ နိုင်ငံတော်အဆင့်တွေ၊နိုင်ငံရေးပြုပြင်ပြောင်းလဲမှု

တွေနဲ့ တိုက်ရိုက်မပါတ်သက်တဲ့ လူတိုင်းလိုက်လုပ်သင့်တာလေးတွေဆွေးနွေးဖို့ပါ။

နိုင်ငံအဆင့်ပြုပြင်ပြောင်းလဲမှူတွေဆွေးနွေးမယ်ဆိုရင်တော့ တခြားဆိုဒ်တွေနဲ့တူတူဘဲဖြစ်သွား မှာပါ။

မန်းဂေဇက်ကို ထူးခြားစွာ လစ်ဟာချက်များကိုထောက်ပြထားတဲ့ “နေရာ” ကိုယူစေချင်တာပါ။ လက်တွေ့

အကြံပေးရေး “နေရာ” ကို ရစေချင်တာပါ။ စည်းကမ်းချက်အနေနဲ့ကတော့

၁။တိုင်စာများမဖြစ်စေရပါ။

၂။သက်သက်အပုတ်ချစာမဖြစ်စေရပါ။

၃။နိုင်ငံတော်နဲ့နိုင်ငံသား၊ စာပေနဲ့လူမျိုးတွေကိုစော်ကားတဲ့စကားတွေမပါစေသင့်ပါ။

၄။မကောင်းတာတွေဘဲပြောသွားပြီး၊အကြံပေးခြင်းမရှိတဲ့စာမျိုးမဖြစ်စေရပါ။

၅။လူနာမည်တပ်ပြီးဖြစ်စေ၊လူပုဂ္ဂိုလ်ရေးကို ပြောဆိုတဲ့စာမဖြစ်စေရပါ။အပိုတွေပါလာတတ်လို့ပါ။

လက်တွေ့မဆန်တော့ဘဲ လက်ညှိုးထိုးမိုးချုပ်ကြီးတွေဖြစ်ဖြစ်နေလို့ပါ။

(ဒီနေရာမှာသူကြီးရဲ့ရှိပြီးသားစည်းကမ်းထက်ပိုတင်းကြပ်စေချင်ပါတယ်၊မန်းဂေဇက်မဲန်းဘာတွေ

အပါအဝင် ဘယ်လိုလူမျိုးရဲ့အကြောင်းကိုမှ ဝေဖန်တိုက်ခိုက်တဲ့စာမျိုးမဖြစ်စေချင်တာပါ။ ဦးနေဝင်း

ကြောင့်တိုင်းပြည် ပျက်တာမှန်ပေမဲ့ လမ်းဘေးသေးပေါက်တာကတော့ ဦးနေဝင်းနဲ့မှမဆိုင်တာဘဲနော်)

၆။ဘာသာရေးလုံးဝမပါစေရပါ။ဆိုလိုတာက သူများကိုးကွယ်ရာကိုမစော်ကားစေချင်တာရယ်။

တချို့ ဟာတွေက ဘာသာရေးအရပြောလို့ကောင်းပေမဲ့ ဘာသာမတူသူတွေက လက်မခံနိုင်ဖြစ်တတ်လို့

ယူနီဗာဆယ်ထရူ့ ကိုဘဲ အခြေခံစေချင်ပါတယ်။

၇။ ဂျာနယ်လစ်ဝါရင့်တဲ့သူကြီးကမသင့်ဘူးထင်တဲ့စာကိုဖျက်ခွင့်အာဏာယူထားပါ။

(ပြတ်ပြတ်သားသားလုပ်ပါ၊အားနာစရာမလိုပါဘူး၊သည်နေရာမှာ ဗြုန်းထဲခဲကျ

ရောသမမွှေပေါက်ကရ တွေလာတင်ရင် တန်ဖိုးကျသွားပါလိမ့်မယ်)။

——————-

ဒီကနေ့

စာတွေထဲကဥပမာ ထုတ်ပြရရင် မပဒုမ္မာရဲ ့လက်ရေး ပို့စ်လေးလိုဟာမျိုးပါ။ လူ့အသက်ထိ အရေးပါတဲ့

ပြုပြင်ပြောင်းလဲရေးပါ။ ဆရာဝန်ဆိုတာလူ့အန့္ဒမဟုတ်ပါဘူး။လူ့တိက္ခတွေ၊လူ့အဖိုးတန်တွေပါ။

ဒီစာမျိုးကိုဖတ်မိရင် သူအသိတရားတခု ရနိုင်ကောင်းပါတယ်။ ဆရာဝန်တယောက်ဒီစာကို ဖတ်ပြီးသူ့

လက်ရေးလေးပြင်လိုက်မယ်ဆိုရင်လူတယောက်ရဲ့ အသက်ကိုကယ်ရာရောက်ချင်လဲရောက်သွားမှာပါ။

တိုက်ရိုက်ကြီး —ခင်ဗျား လက်ရေးပြင်ရေးဗျာ လို့သွားပြောလို့ သူလက်မခံပါဘူး။

သူတို့လိုလူမျိုးတွေကို ခုလို မသိမသာ လမ်းကြောင်း ရတာမျိုးဆိုတာသူကြီးလဲသိမှာပါ။

ပြီးတော့နိုင်ငံတော်အဆင့်နဲ့ ကွန်ပြူတာစနစ်တွေလုပ်ဖို့ဆိုတာကလဲ မြေကြီးချည်းဘဲရှိတော့တဲ့

ကျနော်တို့နိုင်ငံအတွက် မနက်ဖန်၊သန်ဘက်မလုပ်နိုင်သေးပါဘူး။ အဲ ဖတ်မိသွားတဲ့ဆရာဝန်က

သူ့လက်ရေး သူ ပြင် တာကျတော့ ချက်ချင်းလုပ်နိုင်ပါတယ်။ အရမ်းကိုမြန်ပါတယ်။

လက်တွေ့ကျပါတယ်။ ဘယ်နှစ်ယောက်ပြင်သွားမှာမလို့လဲ မေးစရာရှိပါတယ်။

ကြယ်ငါးလေးတကောင်ပါ။ တယောက်ပြင်ရင် ကိုဘဲ မြတ်ပါတယ်။

တယောက်မှ မပြင်ဘူး ဆိုရင်ကောကွာတဲ့။

ဟုတ်ကဲ့ပါ။ သူကပညာတတ်ပါ၊ သူ့စိတ်မှာ ကောင်းတယ်ဆိုတာကိုမှတ်သားမှာပါ။

နောက်နောင်မှာ အဲဒီ “အဝဲယျားနက်=အသိတရား” ကသူ့ကို အော်တိုရီမိုင်း =အလိုလိုပြန်သတိရစေ

ပါလိမ့်မယ်။အဲဒီအချိန်ကျ သူပြင်ပါလိမ့်မယ်။

ဆိုလိုတာက ” အသိတရား ” တော့ပေးလိုက်နိုင်မှာပါ။

လက်တွေ့အကြံပေးစကားလေးပြောကြည့်ရရင် လက်ရေးလှအောင်မရေးရင် သေဒါဏ်ပေးမယ်ဆိုရင်

လူတိုင်းလှအောင်ရေးမှာပါ။ အဲဒီလို ဆိုတော့ အချိန်လေး စက္ကန့်ပိုင်းလောက် စိတ်ရှည်ရှည်ထားပြီး

ရေးလိုက်ရင် အရင်ထက်ပို ကောင်းသွားမှာပါ။

နောက်လူနာကစောင့်ရမဲ့အချိန်ကအရေးကြီးကောင်းကြီးပါလိမ့်မယ်။ဒါပေမဲ့ လက်ရှိလူနာအသက်

ကိုကယ်တင်ရေး ကလဲ အရေးကြီးတာပေါ့ဗျာ။

———————–

အဲဒီလိုလေးတွေ ကျနော်တို့ရေးနိုင်ပါတယ်။အသိတရားပေးနိုင်ပါတယ်။

ထူးခြားတဲ့ ခေါင်းစဉ်နဲ့ထိပ် တက်ကပ်နေရင် ဝင်လာသူကဖတ်မိမှာပါဘဲ။

ဆက်ရရင် ဒီဂေဇက်မှာ အတွေးအခေါ်ကောင်းသူတွေများစွာရှိကြောင်း ကျနော့ရဲ့

ဆီမီနာတွေကတဆင့်သိခဲ့ရပါတယ်။ ဆီမီနာလုပ်တာက တားဂက်တခုပေးပြီးစင်ထိုးလိုက်တာပါ။

စင်ပေါ်တက်လာတဲ့ သူတွေရဲ့ အဲဒီ ဘောင်ထဲက (ပြန့်ကျဲမနေတဲ့) အဖိုးတန်အတွေးအခေါ်တွေဖတ်ချင်လို့ပါ။

သည်ကနေ့ လူ့ဘောင်ဟာ ပညာရှင် ပညာတတ် ဆိုတာ အရမ်းကိုများသွားပြီ။

ဘယ်လိုဘဲ ပညာရှင် ပညာတတ်များပါစေ၊ အတွေးအခေါ်ကောင်းတဲ့ သူဆိုတာကတော့

နည်း နည်းလေးဘဲ ရှိနေအုန်းမှာပါ။ အမေစု ၂ ယောက်မရှိလာပါဘူး။ စတိဂျော့ဗ် ၂ ယောက်မရှိပါ။

အဲဒီထက်ပိုပြောရရင် နှလုံးသားလှသောအတွေးအခေါ်ကောင်းသူများကိုကျနော်က ပညာရှင်၊

ပညာတတ်တွေထက်ပိုလို့တန်ဖိုးထားလေးစားပါတယ်။ ပညာဆိုရင်သင်ရင် တတ်ပါတယ်။

ကြိုးစားရတာတော့ရှိပါတယ်။ အတွေးအခေါ်ကောင်းဖို့နဲ့ နှလုံးသားလှဖို့ကတော့ အဲဒီထက်

ပိုခက်ပါတယ်။ ဟုတ်ကဲ့။ ကိုပေါက်(မန်းဒလေး) ဆိုရင် ခင်ဗျားတို့ငြင်းနိုင်ပါ့မလား။။

သူ့အတွေးအခေါ်၊သူ့စေတနာနှလုံးသားတွေမြင်သာထင်သာကြီးပါ။

တချက်ချက် ထဆော် လိုက်တဲ့ ကို(ဦး)ဖက်တီးကလဲ လက်သံပြောင်တယ်ဆိုတာသိမှာပါ။

ဟိုနေ့က မမ ရဲ့ စာတွေကိုဘလက်ဖော်ထုတ်လို့ပြန်ဖတ်ကြည့်မိတယ်။

အားလုံးအနှစ်တွေချည်းပါလားလို့ စဉ်းစားမိလိုက်တယ်။ စာရေးနည်းပြီး ရေးသမျှစာတွေမှာ

အတွေးအခေါ်၊စေတနာအပြည့်ပါတဲ့ မမ၊ မပဒုမ္မာ၊မပူးချ် ၊မမိုးဇက် တို့ရဲ့အတွေးအခေါ်တွေကလဲ

ပြောင်မြောက်တယ်ဆိုတာ ကျနော်ပြော စရာတောင်လိုမယ်မထင်ပါဘူး။ ကျနော်ရေးခဲ့တဲ့

စာတွေထက်တောင် သူတို့ရဲ့ စာတွေ ကပိုပြီး လက်တွေ့နဲ့ နီးစပ်လှပါတယ်။

ကျနော့ပေတံအရ စာကောင်းပေမွန်တွေချည်းပါဘဲ။ အကြောင်းအရာတခုကို

လေးလေးနက်ထားဆွေးနွေးတတ်သူတွေလဲ အများကြီးပါဘဲ။စာရင်းတင်မယ်ဆိုအကုန်လုံးနီးပါးပါ။

——————————————–

အဲဒီလိုအတွေးအခေါ်ကောင်းသူ အဲဒီ အရည်အချင်းတွေနဲ့ပြည့်စုံနေတဲ့ သည်နေရာမှာ ကျနော်တို့

ရဲ့ပြန့်ကျဲနေတဲ့အတွေးတွေကိုပူးပေါင်းတဲ့ ” ပူးပေါင်းတွေးခေါ်ခြင်းမှအကြံကောင်းများကဏ္ဍ”

ကိုဖန်တီးကြည့်ချင်ပါတယ်။ အကြောင်းအရာတခုထဲကို ကွန်ဆဲန်ထရေး=အလေးပေး လုပ်ပြီးတွေးမိ

တာမျိုးကိုရေးမှာမို့ စူးကနဲ ဒက်ကနဲ ထိချက်ပြင်းမလားလို့ စဉ်းစားရင်း ဟင်းစားနဲ့ကွန်ချက်ကိုတွက်ချက်၊

လက်သွက် စွာရေး အကြံပေးရေး မနှေးခုပင် စ။ ပါလို့

~~~~~~~~~~~~~~~~~~~~~~~

လေးစားခင်မင်စွာ

မောင်သစ်မင်း

82 comments

  • ဂျက်ကီချီးပေ

    January 25, 2012 at 10:34 am

    သက်ဆိုင်တဲ့အကြောင်းပေါ်မှာ ကိုယ်လည်းဘာမှ မလုပ်ဘဲနဲ့
    ဘယ်သူ့ကို ဘာပြောခြင်နေဂျသဒုံးကွယ်
    ဥပမာ
    ဈေးမရောင်းရနေရာမှာရောင်းတယ်
    လမ်းဘေးမှာသေးပေါက်တယ်
    ကားစပယ်ယာတွေ ဘာဖြစ်တယ်ဘာဖြစ်တယ်
    ကဲ ဒီကိစ္စကို ခင်ဗျားတို့သိတယ် ခင်ဗျားတို့ဘာလုပ်ပေးနိုင်လဲ
    ဟိုလူမကောင်းဘူး ဒီလူမကောင်းဘူး ပြောနေရတာ ခင်ဗျားတို့ ပါးစပ်မညောင်းသေးဘူးလား
    ကျုပ်အိမ်ဘေးမှာရှိတဲ့ကိစ္စတစ်ခုဖြစ်ကြည့် ကျုပ်လက်တွေ့လုပ်ပြမယ်
    လုပ်နေတဲ့ကိစ္စတွေလည်းရှိတယ်
    ကျုပ်နေတဲ့ရပ်ကွက်ထဲ ကျုပ်အကြွေးမသောက်ဘူးတဲ့အရက်ဆိုင် မရှိတော့ဘူး 😀 လက်တွေ့
    ဖွားသီလသားသားလေးတစ်ယောက် အရက်ဆိုင်ထဲဝင်ပြီးအလှူခံတယ်
    ပြောနေလိုက်ကြတာ မိုးလားကဲလား
    ပုဂ္ဂိုလ်တစ်ယောက်က သာသနာရေးဌာန ဖုံးနံပါတ်တွေပေးပြီး တော်တော်လက်တွေ့ကျတဲ့အကြောင်းလေး
    ဆွေးနွေးပြောဆိုထားတယ် ဒိုင်းမွန်းလား ဘာလားသိဘူး
    အံ့ဩစရာကောင်းတာက အဲ့သည်ပုဂ္ဂိုလ်ရဲ့ အဆိုလေးက ဘာမှ မရေရာဘူးဖြစ်နေတယ်
    တကယ်ဆို အဲ့ဒါ လက်တွေ့ကျတဲ့အကြောင်းဘဲ
    ကျုပ်တို့လက်တွေ့လုပ်နိုင်တယ် ဒီကိစ္စကို သက်ဆိုင်သူတွေဆီအကြောင်းကြားတာဘာခက်လဲ
    ကဲဘုန်းကြီးတွေ ဂီတ သီချင်းရောင်းတဲ့ဆိုင်ထဲသွားတယ်
    ခင်ဗျားတို့ကဲ့ရဲ့တယ် ဘာဖြစ်လဲ ဘာမှမဖြစ်လာဘူး
    အဲ့သည်ဆိုင်တွေ ကုမ္မဏီတွေကို အကြောင်းကြားသင့်တယ်
    ဒီလိုဌာနတွေကို ဗုဒ္ဓနဲ့ ဆိုင်တဲ့အမှတ်သားတွေ မရောထွေးဘို့
    လမ်းဘေးအမှိုက်ပုံနဲ့ သေးပေါက်နေတယ် ဘယ်ရပ်ကွက်လဲ ခင်ဗျားတို့ကိုယ်တိုင်
    သွားပြီးတင်ပြပါလား
    ကားစပါယ်ယာတွေ ရိုင်းတယ် ဘယ်ကားလဲ ဘယ်နံပါတ်လဲ ဘယ်သူလဲ
    သက်ဆိုင်ရာဌာနတွေကို ဆက်သွယ်မယ် ခရီးသည်တွေကို လက်ကမ်းစာစောင်တွေဖြန့်မယ်
    ခင်ဗျားတို့သိထားဘို့က ခင်ဗျားတို့လို စားဝတ်နေရေး မပြေလည်ဘူးဗျ
    အချီကြီးခိုးမရလို့ ထမီခိုးစားနေတဲ့ကောင်တွေကို သူခိုးလို့ မအော်နေနဲ့
    ခင်ဗျားတို့ကိုယ်တိုင် လက်တွေ့လုပ်နိုင်တာတွေပြော
    ဆက်ပြောရရင်တော့ မျက်ရည်တွေကျကုန်တော့မှာဘဲ

    • thit min

      January 25, 2012 at 11:36 am

      ကောင်းတယ်ဗျာ။
      ကျနော်ကို ကောင်းတာချည်းဘဲပြောနေလို့ ဘာမှမထူးဆန်းဘူးဖြစ်နေတာ။
      ခင်ဗျားပြောမှဘဲ ရှင်းသွားတော့တယ်ဗျာ။ ကျေးဇူးတင်လိုက်တာတကယ်ပါဘဲ။
      ခင်ဗျားက ဒီအထဲကလူတွေကိုတယောက်ချင်းစီကို အမှန်အတိုင်းဝေဖန်နေတဲ့
      လူတယောက်လို သရုပ်ဆောင်ထားတယ်နော်။
      ကိုဂျော်နီအောင်ပုလို့တော့ထင်မိပေမဲ့ ကိုအောင်ပုကတော့ ဒီထက်မြင့်မားတဲ့အတွေး
      အခေါ်ရှိတယ်လို့ ကျနော်ထင်မိတာပါဘဲ။ကိုအောင်ပုမဟုတ်ရင်ပေါ့နော်။
      ခင်ဗျားကကိုအောင်ပုဆိုရင်လဲ ကျနော်ကလေးစားပီးသားမို့ ကောင်းပါသည်ခင်ဗျားလို့ဘဲပေါ့။
      ~~~~~~~~~~~
      ဒီလိုရှိတယ်ဗျ။
      ကျနော်လဲဘာမှမလုပ်ဘူး။ဆိုတာမှားတယ်ဗျ။ကျနော် စဉ်းစားခြင်းနဲ့ပါတ်သက်လို့ရှင်းပြနေတာ။
      ခက်တာကကိုယ့်ဆရာ ကိုယ်တိုင် ကျနော့စာတွေ သေသေချာချာမဖတ်တာပါဘဲ။
      ကျနော်ဘယ်သူ့မကောင်းကြောင်းမှမပြောပါဘူး။
      သူများမကောင်းကြောင်းမပြောကြပါနဲ့ ကိုယ်ကိုကိုယ်ဘဲပြုပြင်ကြပါလို့ ပြောနေတာ
      ကျနော်ပါဘဲ။
      ခိုးစားရမှ၊လာဘ်စားရမှ စားတဲ့သူတွေကို တောင် စားဝတ်နေရေးပြေလည်အောင်ထိလုပ်သင့်
      တာပေါ့လို့ ပြောခဲ့တဲ့သူပါဗျာ။
      အဲခိုးစားပြီး ဘီယာသွားသောက်တာမျိုးတော့မလုပ်ပါနဲ့ပေါ့။
      ဆိုတော့ကာ
      ကိုယ့်ဆရာက ကျနော်ကိုအမြင်ကပ်ပြီးပြောသလိုပုံပေါက်နေတယ်ခင်ဗျာ။
      ဆုံးမဩဝါဒ ချွေချင်တယ်ဆိုရင်လဲ “သဘောအမှန်”ကိုသိအောင် ကျနော့စာတွေအရင်ဖတ်လိုက်ပါအုန်းနော်။
      ဒီမှာ စာလာဖတ်နေတဲ့သူတွေက အချဉ်တယောက်မှ မပါ၊ ပါဘူး။
      သူတို့ကျနော့ကို အကြောင်းမဲ့ တော့ လက်မခံဘူးဗျ။
      ကျနော့စေတနာကို ဆရာသမား မြင်အောင်ပါ။
      မမြင်ရင်လဲ ဘာမှတော့ မဖြစ်ပါဘူး။ကျနော်အတွက်ထိခိုက်နစ်နာမှုရှိတဲ့အနေအထားလဲမရှိပါဘူး။
      လူတိုင်းရဲ့ တဦးချင်းစိတ်ကလေးတွေပြုပြင်ပြောင်းလဲရေးကို ဦးတည်တာမို့ကျနော့စီးပွါးရေးနဲ့လဲ
      မပါတ်သက်ပါဘူး။ပြောရရင် အချိန်တောင်ပေးရပါသေးတယ်။
      အများအတွက် အကျိုးတစုံတရာ ရှိမယ်လို့ စဉ်းစားပြီး ရေးတဲ့စာတွေမလို့
      ဘာမှ မဖြစ်လာပါဘူးကွာ လို့ ပြောလာတဲ့ ဆရာသမားကိုလဲ ဝေဖန်သူ တယောက်အနေနဲ့
      လေးစားစွာ ပြန်လည်ဖြေကြားအပ်ပါသည် ခင်ဗျား။
      မောင်သစ်မင်း(^^)

  • Zippo

    January 25, 2012 at 11:18 am

    ဟုတ်ဗျ ၊ ဒီအတိုင်းလေး ပဲထားလိုက်ပါ ၊ လူများရင် ပါးစပ်များတာ အစဉ်အလာပဲလေ ၊
    စည်းကမ်းတွေ သိပ်တင်းကြပ်နေရင် အနေရခက်သဗျ ၊
    ခုအတိုင်းလဲ အဆင်ပြေသား ၊ စာရေးသူတွေ အားလုံးကြားမှာ သဂျီးလဲ အဆင်ပြေသလို
    နေ နေရတာ အားလုံးအသိပါ ၊ ခင်ဂျား တင်ပြချက်တွေလဲ ဖြစ်သင့်ဖြစ်ထိုက်သား ။
    ပြင်မှ ဖြစ်မယ်ဆိုလဲ သဂျီးရဲ့ အာဏာ သိမ်းဗျာ ။ :mrgreen:

    • thit min

      January 25, 2012 at 11:41 am

      လုပ်ပါ၊မလုပ်နဲ့ဆိုတာမျိုးကိုမပြောပါဘူးဗျာ။
      စိတ်ကူးမိတာကိုပြောတာပါ။မလုပ်သင့်ဘူးဆိုရင်လဲ၊လုပ်စရာကိုမလိုပါဘူးလို့
      ထိပ်ဆုံးမှာကတည်းကရေးပြီးသားပါ။
      ကျနော့အကျိုးစီးပွါးလဲ၊မဟုတ်ပါဘူး။
      နာမည်ကြီးစရာလည်းမလိုပါဘူး။ ကျနော့နေရာမှာ (သစ်မင်းလို့တော့မဟုတ်ဘူးပေါ့ဗျာ)
      ကျနော် နေရာ တခု ရထားသူပါဘဲ။
      အကြံပေးတင်ပြမှုသက်သက်သာ ဖြစ်လို့မလုပ်ဘူးဆိုလဲ လုံးဝကိုအေးအေးဆေးဆေးပါဘဲခင်ဗျာ။
      လေးစားလျှက်
      မောင်သစ်မင်း

  • htet way

    January 25, 2012 at 11:39 am

    ဆရာသစ်ရေ
    ကောင်းတယ်ဗျာရည်ရွယ်ချက်ရော စေတနာပါ
    ကြိုဆိုတယ်

  • etone

    January 25, 2012 at 11:46 am

    ကိုသစ်မင်းရဲ့စာအတော်များများကို အသံတိတ်ပြီး ဖတ်ဖြစ်ပေမယ့် ..ကော့မန့် မပေးခဲ့မိဘူး …. ။ စာတွေက မြင့်နေပြီး ကျွန်မလို ဖြုတ်ဦးနှောက်နဲ့ မနည်းမှီအောင် လိုက်နေရတာကြောင့်ပါပဲံ … ။
    ဒီပို့စ်ကိုလည်း ထင်မြင်ချက် တစ်စုံတစ်ရာ မပေးလိုပါဘူး …. ။ ဖတ်ယုံသာ ဖတ်သွားခဲ့ပါတယ် ကိုသစ်မင်းရေ … ။

  • December Snow Lay

    January 25, 2012 at 11:57 am

    ထိုင်ခုံ ကိစ္စတွေက ဘယ်နေရာမဆို အရေးကြီးသထက် ကြီးနေတော့တာပဲနော်
    “ နာမည်ကြီးစရာလည်းမလိုပါဘူး။ ကျနော့နေရာမှာ (သစ်မင်းလို့တော့မဟုတ်ဘူးပေါ့ဗျာ)
    ကျနော် နေရာ တခု ရထားသူပါဘဲ ”
    အဲဒီ နေရာလေး လဲ မဆိုးလှပါဘူး ကိုသစ်မင်းရယ်
    ထိပ်တန်းရောက်လုလု ဖြစ်နေပါပြီ
    ဒီထက် အထက်တက်ချင်လာရင် ဒိုမိန်းတွေ ဂုတ်တင်းတွေ ဝယ်နေရတော့မယ်

    • thit min

      January 25, 2012 at 12:04 pm

      နားလည်မှုလွဲပြန်ပါပြီနော်။
      အဲဒီလိုမဟုတ်ပါဘူးဗျာ။
      ကျနော်ကို သူကြီးအာဏာသိမ်းပါလို့လာပြောလို့ပါ။
      ကျနော်အတွက် ဂေဇက်ကနေရာ မလိုပါဘူးလို့ရိုးရိုးလေးပြောတာပါ။
      ဪ အမြင်ကက်သူတွေရှိတာ ခုမှသိရတော့တယ်။ပြီးတော့လဲ အကောင့်တွေကအသစ်တွေချည်းပါလား။
      တမျိုးဘဲနော်.??
      ————–
      ကျနော် ဦးဆောင်ပြီး လုပ်မယ်လို့လဲမပြောထားလို့ ထိုင်ခုံနဲ့ ဘာမှမဆိုင်ပါဘူးခင်ဗျာ။
      ဂေဇက် ကို အရည်အသွေးတက် အောင်လုပ်ရေးကိုဘဲ ပြောပြတာပါ။
      ဘယ်သူ ဦးဆောင် ဆောင် ရတာမျိုးပါ။
      ဂေဇက်က နေရာ ကို နေရာ လို့ထင်သူများထဲမှာ “ကျနော်မပါပါဘူး”လို့။
      ကြိုဆိုပါတယ်။

      • Zippo

        January 25, 2012 at 12:13 pm

        ကိုသစ်ရေ ကျနော်က အကောင့်အသစ် ဟုတ်ပါဘူး ဗျ ၊
        မန်းဂေဇက်ထဲကို ဝင်ပီး အားရင်အားသလို မန့်နေတာ တစ်နှစ်ရှိနေပါပီဗျ ၊
        အမြင်ကပ်သူတွေရှိတာ ခုမှသိရတော့တယ် လို့ ပြောလိုက်တယ်နော် ၊
        အဲဒါလဲ တမျိုးပဲလို့ ထင်ပါရစေခင်ဗျ ။

        • thit min

          January 25, 2012 at 12:20 pm

          ဟုတ်ကဲ့ခင်ဗျ။
          ရပါတယ်။ကျနော်ဆိုလိုတာက အကောင့်အသစ်(မမြင်ဘူးသူ)တွေကိုပါ။
          ကျနော် စေတနာ နဲ့ ဘဲ စာတွေရေးပါတယ်။ဘာ “ရ”လိုမှုမှမပါပါဘူး။
          အဲဒါကို ခုလိုလာပြောလို့ အမြင်ကတ်သူတွေရှိတာသိရတယ်လို့ဆိုလိုပါတယ်။
          ဘာအတွက်မှ စာရေးတာမဟုတ်သူကို ခုလိုဖြစ်တာအံ့ဩမိသွားလို့ပါ။
          လွတ်လပ်စွာသဘောကွဲလွဲနိုင်ပါတယ်ခင်ဗျာ။
          လေးစားစွာ
          မောင်သစ်မင်း

  • blackchaw

    January 25, 2012 at 12:03 pm

    ကိုသစ်ရေ။
    တံခါးစောင့်ပို့စ် ရေးနေလို့ ကျွန်တော် နည်းနည်းမအားပေမယ့်
    ခဏရောက်တုန်း ဝင်ကွန်းမန့်ပေးခဲ့ပါတယ်ဗျာ။
    စေတနာရောင်ပြန်ဟပ်ပါလိမ့်မယ်လို့
    ပြောခဲ့ချင်ပါတယ်ဗျာ။

    • amatmin

      January 26, 2012 at 10:00 am

      ဆရာသစ်..
      ကိုဘလက်နဲ့ထပ်တူစကားပဲပြောချင်ပါတယ်..အကိုရေ.
      ကျနော့အနေနဲ့တော့တန်ဖိုးရှိတဲ့ ပို့စ်မရေးတတ်တောင်..ပို့စ်အကောင်းမှာ
      အကျိုးရှိမဲ့ ကွန်မန့်လေးတွေ ပေးနိုင်အောင်ပိုအားထုတ်ရမှာပေါ့ဗျာ..
      အမှန်ပြောရရင် ပို့စ်တခုရေးဖို့စဉ်းစားတိုင်း သဂျီးမင်းရဲ့.
      အောက်ပါစည်းကမ်းပဲပြေးပြေးမြင်နေမိတဲ့ အဝဲယျားနက်ကြီးက..အော်တိုရီမိုင်းလုပ်နေတတ်တာဗျ..

      12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။

      လေးစားချစ်ခင်မှုဖြင့်

  • ကြောင်ကြီး

    January 25, 2012 at 12:15 pm

    ကြောင်ကြီးရဲ့ငယ်ချစ် ကြေးမုံလေးတို့အဘိုး မြန်မာနိုင်ငံကို ဂုတ်သွေးစုပ် အမြတ်ထုတ်နေတဲ့ တရုတ်မဟာခေါင်းဆောင်ဂျီး မော်စီတုံးက ပြောဖူးတယ်။ စည်းကမ်းဆိုတာ အခါအားလျော်စွာ ချိုးဖောက်ပေးရတယ်တဲ့။ ဒါကြောင့် လူတော်ဆိုရင် အနည်းဆုံးတော့ လူလစ်တဲ့အခါ မီးနီ ဖြတ်မောင်းရတယ်။ ညဖက်လူခြေတိတ်ချိန် လမ်းပေါ်ကိုယ့်ကား တစီးထဲ မီးပွိုင့်မိတဲ့အခါ လက်တွေ့ကျကျ လုပ်တာကိုပြောတာပါ။။ တခါ လောကနီတိမှာ ထင်ပါရဲ့…မြို့ရွာစည်ပင်ဖို့ အရူး၊ သဘင်သည် ရှိရမယ်ဆိုတယ်၊ ရှေးအခါကဆိုရင် ကုန်သွယ်စီးပွားဖြစ်တဲ့မြို့မှာ ကြေးရတတ်တွေကို ဆွဲဆောင်ဖို့ ပြည့်တန်ဆာတောင် ထားပေးရတယ်။။
    ဆြာသစ်က ဂျပန်လို စည်းကမ်းကြီးတဲ့နိုင်ငံမှာနေတဲ့ အဆင့်မြင့်ပညာတတ် တဦးမို့ စည်းနဲ့ကမ်းနဲ့ နားအေးပါးအေး နေချင်တာ သဘာဝကျတယ်။ ဂျပန်လို မတင်းကြပ်ပေမယ့် တိုးတက်တဲ့ နိုင်ငံအများအပြား ရှိပါတယ်။ လူမျိုး စရိုက်အစုံရှိတယ်၊ ပြောင်းလဲလှုပ်ရှားမှု (စည်းကမ်းအမြင်နဲ့ဆို ပွက်လောရိုက်နေတယ်) ကနေ စွမ်းအားအဖြစ် ပြောင်းယူလည်ပတ်တယ်။ အရေးကြီးတာ ရာဇဝတ်မှုများ ထိန်းမနိုင် သိမ်းမရမဖြစ်ဖို့။။ အဲဒီမြို့ကြီးပြကြီးတွေမှာ လမ်းဘေးသေးပေါက်သူ၊ လမ်းပေါ်အရက်မူး ဘိန်းမူးသူ၊ အချဉ်ဖမ်းဈေးကြီးတင်၊ အတုရောင်းသူ၊ အုပ်စုဖွဲ့ရမ်းကားသူ၊ မိုက်ကြေးခွဲသူ၊ ခိုးဝှက်လုယူသူ စတဲ့ မကောင်းတာမှန်သမျှ အကုန်ရှိပါတယ်။ သူ့စည်းကမ်းနဲ့သူ သူ့ဂွင်နဲ့သူ လူကောင်းနဲ့လူဆိုး လှုပ်ရှားတယ်။ ဘယ်လိုပြောမလဲ စိတ်လှုပ်ရှားစရာကောင်းတယ်။ မတူညီတဲ့ အလှနှစ်ခုလို့ ပြောချင်တယ်။
    မန်းလေးဂေဇက်ရဲ့အလှဟာ လွတ်လပ်ပွင့်လင်းမှု၊ ကွဲပြားခြားနားစွာ တွေးခေါ်ရေးသားမှုတို့ ဖြစ်ပါတယ်။ ကိုယ်စည်းနဲ့ ကိုယ်ရးချင်တာရေး၊ ရွာသားအများစုအမြင်နဲ့ ထိန်းကျောင်းသတ်မှတ်ယူ၊ နောက်ဆုံး တချက်လွှတ် အမိန့်ကို သဂျီးဆီမှာထား၊ သူနဲ့သဘောထားမတဲ့ရင် ဝိုင်းဆဲ… အဲဒီအတိုင်းသွားနေတာကာင်းတယ် ထင်ပါတယ်။ စည်းကမ်းသိပ်ကြပ်လွန်းရင် အတွေးအခေါ် ပိတ်သွားမယ်၊ လူစစ်သလို ဖြစ်သွားပါမယ်။ တဖက်ကလည်း ပညာရှင်ဆန်လွန်းသူ၊ ပရော်ဖက်ရှင်နယ် ဆန်လွန်းသူများ လက်ရှောင်ကောင်းရှောင်ကြမယ်။ လူတော်လူကောင်း သိပ်များနေရင် အချင်းချင်း ရန်ဖြစ်တတ်တယ်၊ နှိုင်းရသီအိုရီအရ ရှော်သူ ဆိုးသူမရှိရင် ကိုယ့်အချင်းချင်း ပြန်လှည့်တိုင်းကြလိမ့်မယ်။ လူတော်များအတွက် အတွေးသစ် အမြင်သစ်တွေလည်း ပိတ်သွားလိမ့်မယ်။ လူတွေအားလုံး ကောင်းနေရင် ဘယ်လိုလုပ် တရားရနိုင်ပါတော့မလဲ။ ဒါကြောင့်မို့ ဘုရားအလောင်းတွေ လူ့ပြည်ဆင်း ပါရမီဖြည့်ရတယ် မဟုတ်လား။ အဓိက ဆုံးဖြတ်ရမှာ သဂျီးဦးခိုင်ဖြစ်ပါတယ်။ သူ့ဆိုက်ရည်ရွယ်ချက်၊ ပေါ်လစီကဘာလဲ၊ အဲဒီအတိုင်း ဖြစ်သင့်ပါတယ်။

    • thit min

      January 25, 2012 at 12:25 pm

      ဆရာကြောင်ရေ
      ဆိုဒ်တခုလုံးကို ပြောင်းခိုင်းတဲ့ အဓိပ္ပါယ် ကို ဘယ်လိုသက်ရောက်သွားပါလိမ့်။
      ကျနော် အဲဒီလိုမဆိုလိုပါဘူးဗျ။
      စတစ်ကီ ပို့စ်လေး တခုလုပ်ပေးပါလို့ဘဲ ပြောကြည့်မိတာပါ။မလုပ်ချင်ရင်မလုပ်ရုံပါဘဲ။
      ရွာ့စည်းကမ်းနဲ့လဲမဆိုင်ပါဘူး၊အဲဒီစာတွေအတွက်ကိုဘဲပြောပြတာပါ၊
      ဘယ်လိုတွေ နားလည်ကုန်ကြပါလိမ့်။
      (^^)ခင်မင်စွာ
      သစ်မင်း

      • ကြောင်ကြီး

        January 26, 2012 at 9:33 am

        ဆြာသစ်ခင်ဗျား…
        ကျနော်ပြောလိုတာ စည်းကမ်းကလနား သိပ်မတင်းကျပ်၊ သိပ်formal မဆန်ဖို့ ယေဘူယျ ပြောလိုရင်းပါ။ ဆြာသစ်ဆွေးနွေးတဲ့ ကွာလတီမြှင့်တင်ရေး၊ ကဏ္ဍသစ် ဖွင့်လှစ်ရေးကို ရည်ညွှန်းခြင်း မဟုတ်ပါဘူး။ နားလည်ထားတာ မန်းဂေဇက်သည် ပေါ့ပေါ့ပါးပါးရှိတဲ့ ဆုံရပ်တခု အနေနဲ့ စခဲ့တယ်၊ ယခုထိအောင် ဖြစ်နေဆဲပါ။ နောက်ပိုင်း ဆြာသစ်တို့လို ပုံမှန် စာအတည်ရေးသူများ ရှိလာတယ်။ ရွာဂုဏ်တက်စေလို့ နားလည်လည် မလည်လည် ကြိုဆိုရပါမယ်။ သဂျီးမှ စတစ်ကီပို့ရွေးချယ်ခြင်းကိုလည်း သဘောကျပါတယ်။ ဖတ်သင့်တဲ့ပို့စ်နဲ့ သာမာန်ပို့စ်များ (အရည်အသွေးကို ပြောချင်းမဟုတ်ဘဲ ရည်ရွယ်ချက်ကို ဆိုလိုပါသည်) ခွဲပြီးသား ဖြစ်သွားပါတယ်။
        မန်ဘာ ၇၆၀ဝကျော်ရှိလို့ အရည်အသွေးမြှင့်တင်ရမယ်လို့ သဂျီးကတော့ ပြောနေပြီ။ သူ့ဘဂျီးနွား သူကျောင်းတာ ပြောစရာ မရှိပါ။ နွားကို ပုံမှန်အစာမကျွေးရင်၊ အရမ်းကာရော နှိပ်စက်ခိုင်းစေရင် ကျနော်တို့ တားမြစ်မယ်၊ မရရင် လေးဂွနဲ့ ချောင်းပစ်မယ်။
        သဂျီးအနေနဲ့ ပွိုင့်ဖောင်းပွနေတာကို ပြင်ချင်ရင် ပို့စ်တိုင်း ကွန်းမန့်တိုင်းကို ပွိုင့်ပေးတဲ့စနစ်ကို ပြောင်းရမယ်။ စည်းကမ်းချက်မှာ ယခုပေးထားသော ပွိုင့်အရေအတွက်သည် ယာယီသာဖြစ်ပြီး အယ်ဒီတာရုံးအဖွဲ့ကြီးမှ စစ်ဆေးအတည်ပြုရမည်လို့ ထပ်ဖြည့်။ ပွိုင့်အရေအတွက် threshold level တခုထား၊ တဦးချင်းအလိုက် အပတ်စဉ် အပြောင်းအလဲကို အဲဒီလယ်ဗယ်နဲ့ ချိန်ကိုက်ပြီးစစ်၊ အဓိပ္ပါယ်မဲ့ ကွန်းမန့်ပွိုင့်တွေကိုပြန်နှုတ်၊ ပို့စ်အရည်အသွေးကိုစစ်ပြီး တိုးသင့်တာတိုး ထားသင့်တာထား လျော့သင့်တာလျော့၊ အကြောင်းအရင်းကို အယ်ဒီတာ မှတ်ချက်အနေနဲ့ ပီအမ်မေးလ်ပို့။ ဒါဆိုရင် လူတိုင်းကို လိုက်စစ်နေစရာလည်း မလိုတော့ဘူး။ မစစ်ရသေးတဲ့သူများကိုလည်း ပွိုင့်အတည် မဟုတ်သေးကြောင်း ပြောပြီးသားဖြစ်သွားမယ်။ ကျန်သူများ ပွိုင့်အရေအတွက် level တခုရောက်လာပြီဆိုရင် အပတ်စဉ် ပွိုင့်အတိုးအလျော့ မရှိ၊ မသိသာလည်း သူတို့ရေးထားတာတွေ ပြန်စစ်ပြီး၊ လိုတိုးပိုလျော့လုပ်။ ဒါဆိုရင် သဂျီးအနေနဲ့ ပွိုင့်အပိုများစွာ ထွက်လာပြီး စိတ်တိုင်းကျတဲ့ပို့စ်များကို ပွိုင့်များများ ပေးနိုင်ပါလိမ့်မယ်။

        • thit min

          January 26, 2012 at 9:06 pm

          ဆရာကြောင်ရေ…
          ကျေးဇူးပါ..။
          မှန်ပါတယ်။ခုလိုရှင်းလင်းပြောပြပေးသွားတာကိုလေးစားတန်ဖိုးထားရပါတယ်။
          ကြီးကြီးမားမားပြောင်းလဲမှုဆိုလို့ သတင်းစတစ်ကီ တခုပါ။
          ကျန်တာအားလုံး နဂိုမူလ အတိုင်းပါဘဲ။
          အဲဒီဟာလေးပါ။
          လေးစားလျှက်…
          (^^)သစ်မင်း

        • kai

          January 28, 2012 at 5:48 am

          ကိုကြောင်ကြီးက.. ကောင်းတဲ့ အိုင်ဒီယာလေး ချပြထားတာမို့..မူရင်းစံနစ်ကို.. ပြန်လေ့လာကြည့်နေပါတယ်..။
          အရင်တခါက.. ကိုဖက်တီးပြောထားတဲ့.. ကဒ်ကိစ္စနဲ့.. ဒါကို ပြန်ချိန်ဆနေတာလည်း ပါပါတယ်..။
          http://myanmargazette.net/92781/mandalay-gazette-2/editors-choice

          အခုလောလောဆယ်တော့.. Membership နဲ့ပါတ်သက်တဲ့ စံနစ်လေးတခု တိုးထည့်ထားပါတယ်..။ ပြသနာရှိရင် ပြောကြပါနော…။

          မကြာခင် ကိုသစ်မင်းလိုချင်တဲ့.. Category လုပ်ကြည့်မယ်ဖြစ်ပါကြောင်း..နဲ့..

          …ဘာစည်းကမ်းသစ်ထွက်လာထွက်လာ.. မန္တလေးဂေဇက်ရဲ့.. မူလလက်ကိုင်ဆောင်ပုဒ်ဖြစ်တဲ့.. “မတူသောအတွေးနဲ့ ကိုယ်ပိုင်စာချရေးပါ” ရယ်…. “လွတ်လပ်စွာရေးသားပြောဆိုနိုင်ခြင်း”ရယ်ကို ထိခိုက်မှုရှိမယ်မဟုတ်ပါကြောင်းပါနော..။

        • ကြောင်ကြီး

          January 28, 2012 at 10:13 am

          သဂျီးမြောက်ပေးတာမို့ နည်းနည်းထပ်ကလိုက်အုံးမယ်။
          တလအတွင်း သတ်မှတ်ထားတဲ့ပွိုင့်(ဥပမာ ပွိုင့်သုံးရာ) ပြည့်အောင် မရှာနိုင်သူတွေကို သူတို့ရထားတဲ့ပွိုင့် ဆယ်ရာခိုင်နှုန်းစီ လစဉ်လျော့ပစ်။ တဖက်ကလည်း ပေါက်တတ်ကရ ရေးထားတာတွေကို ပွိုင့်မပေးနဲ့။ ဒါဆိုရင် ရွာသာတွေလည်း ရေးချင်တာ ရေးခွင့်ရှိမယ်။ သဂျီးအနေနဲ့လည်း ပွိုင့်ပိမသေတော့ဘူး။

  • Gipsy

    January 25, 2012 at 12:30 pm

    ကိုကြောင်ကြီး တင်ပြလာတာကို ကြိုဆိုထောက်ခံပါတယ်…၊
    ရင်ထဲမှာ ရှိတာတွေကို ဖွင့်ပြလိုက်သလိုမျိုး ခံစားမိပါတယ်…၊
    ဘာမှပြောစရာ မရှိတော့လောက်အောင် ပါပဲ…၊
    နောက်တကြိမ်ပြန်အသုံးချ ခွင့်ရှိရင် သုံးရအောင် ကိုကြောင်ကြီးရဲ့ idea ကို
    share လုပ်ထားပါရစေ ….။

  • Gipsy

    January 25, 2012 at 12:33 pm

    အော် ကျန်နေသေးလို့ ဖျက်တာ ဖြုတ်တာ သတ်တာတွေ ပါလာရင်
    ကျနော် လဲ အဝေးသို့ ရောက်သွားမယ်စိုးတာလဲ ပါ ပါတယ်
    mandalaygazette မှာ ဖတ်ခွင့် ၊ ရေးခွင့် ၊ မန်ဘာ အဖြစ်ရှိနေခွင့်ကိုတော့
    မက်မောနေမိလို့ပါ …။

  • awra-cho

    January 25, 2012 at 1:20 pm

    တစ်ယောက်ချင်း ကောင်းအောင် နေ ရင်တော့ ကြာလာရင် စည်းကမ်း ရှိလာမယ်ထင်ပါတယ်။ လက်ရှိက
    တော့မိမိ ကိုယ်ကို ကောင်းအောင် ကြိုးစားရမှာစေပါ့။(မဆလ ခေတ်က သီချင်းလိုပေါ့။)ပြီးတော့ပတ်ဝန်း
    ကျင်က သူတွေကို စည်းရုံး ရမှာ၊ တဖြည်းဖြည်း လုပ်ယူရမှာပဲ။ တခြားနိုင်ငံ ဆို လူကြားထဲ ဆေးလိပ်
    သောက် ရင် တောင် ဝိုင်းကြည့်ပြီး ရှုံ့ ချကြတာ။ မကောင်းမှုလုပ်ရတာ ရှက်စရာ လို့မမြင်ပဲ ကျန်တဲ့
    သူတွေ ကပါ အားကျ သလို ကြည့်တော့သွားရော။ ပြီးတော့ ဂဇက် ထဲမှာလည်း သီအိုရီတွေ များနေ
    သလားလို့။ case study တွေဆို ပိုကောင်းမယ် လို့ထင်မိ ကြောင်းပါ ခင်ဗျား။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 25, 2012 at 1:23 pm

    ကြည့်နေတာကြာဘီ
    ဘယ့်နှယ်ကြောင့် မိုက်ကယ်ဂျော်နီအောင်ပု က ဂျက်ကီချီးပေ ဆိုပြီးဖြစ်ရသဒုံး
    အဆင့်အတန်းမြင့်ပုဂ္ဂိုလ်တွေဖြစ်တဲ့
    သဂျီးမင်းသော်လီးကောင်း ကိုသစ်မင်းသော်လီးကောင်း blackchaw သော်လီးကောင်း
    ဘကြီးFR သော်လီးကောင်း တပ်မ77သော်လီးကောင်း ကိုကြောင်ကြီးသော်လီးကောင်း
    ကိုပေါက်မန္တလေးသော်လီးကောင်း ကျောက်ကုန်သည်ကိုပေသော်လီးကောင်း
    အခြောက်မပေါက်ဖေါ်သော်လီးကောင်း ဦးဖက်တီးသော်လီးကောင်း ဘုန်းကျော်သော်လီကောင်း
    ကဗျာဆရာနေဝန်းနီသော်လီကောင်း အန်ကယ်ကြီးသော်လီးကောင်း
    ဟိုလူသော်လီးကောင်း
    ဒီလူသော်လီးကောင်း
    အဆင့်တန်းမြင့်ဆရာကြီးတွေနဲ့မမှားနိုင်ရင်တောင်
    ဒီရွာထဲက အပျိုကြီးတစ်ယောက်ယောက်ရဲ့ မရှင်းမရှင်းလိုလိုဘာလိုလို ထင်ရင်တောင်တော်သေးတယ်
    ခုတော့ ဘယ်ဂျောင်ဂျို ဘယ်ဂျောင်ဂျားကမသိတဲ့..ပြောမပြောခြင်ဘူး
    အဲ့သည်သတ္တဝါ ကျုပ်ကိုလည်းဘယ်နေရာမှာမမှတ်မိဘူး ဝင်ဆဲသွားဘူးသေးတယ်
    ကျုပ်ကထွက်သွားတယ်ဆိုတာ
    ဘဒ္ဒ န္တဦးဘဇင်းမိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့နာမည်ကိုနှုတ်ထွက်တာလေဗျာ
    မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့နာမည်ကိုဘယ့်နှယ့်ကြောင့် ထွက်ရမှာလဲ
    အသက်နဲလဲဘလိုက်မယ်
    သဂျီးမင်းဆီမှာ ကျုပ်ရစရာရှိတဲ့ပွိုင့်က နှစ်သောင်းခွဲကျော်တယ်ဗျာ ဘယ်လိုလုပ်ထွက်မှာလဲ
    အဲ့သည်သတ္တဝါက
    သဂျီးမင်းရဲ့ မဆဲရအမိန့်တော်မြတ်ကိုဆန့်ကျင်သူဆိုတော့ ကျုပ်တို့စုပေါင်းပြီး
    အရေးယူရမယ်ထင်တာဘဲ ( အထင် )
    မဟုတ်လို့ကတော့ ခွေးအရောဝင်ခေါင်းပေါ်တက်သလိုဖြစ်လာနိုင်တယ်
    ဒါ့ကြောင့် မဖြစ်မနေအရေးယူရမယ်
    ချီးပေ အလိုမရှိ
    ချီးပေ အလိုမရှိ
    ချီးပေ အလိုမရှိ
    အလိုမရှိတာကတော့ အလိုမရှိတာပေါ့ဗျာ
    သူပြောသလိုလက်တွေ့တစ်ခုတော့လုပ်ပြခြင်ပါတယ် ဒါပေသိ ခင်ဗျားတို့သိပြီးသလို
    ကျုပ်က လူချမ်းသာလဲမဟုတ်ဘူး ပညာတတ်လဲမဟုတ်ဘူးဆိုတော့
    ကြီးကြီးကျယ်ကျယ်လုပ်ငန်းဆောင်တာကြီးတွေမလုပ်နိုင်ပါဘူးခင်ဗျ
    ဒါ့ကြောင့်အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့
    ဦးပေါက်မန္တလေး သေးပေါက်ပြတဲ့ပုံလေးနေရာမှာ ဗရမ်းဗတာသေးပေါက်တဲ့သူတွေကို ကာကွယ်ခြင်းအနေနှင့်
    ကြည့်နေတာကြာဘီ
    ဘယ့်နှယ်ကြောင့် မိုက်ကယ်ဂျော်နီအောင်ပု က ဂျက်ကီချီးပေ ဆိုပြီးဖြစ်ရသဒုံး
    အဆင့်အတန်းမြင့်ပုဂ္ဂိုလ်တွေဖြစ်တဲ့
    သဂျီးမင်းသော်လီးကောင်း ကိုသစ်မင်းသော်လီးကောင်း blackchaw သော်လီးကောင်း
    ဘကြီးFR သော်လီးကောင်း တပ်မ77သော်လီးကောင်း ကိုကြောင်ကြီးသော်လီးကောင်း
    ကိုပေါက်မန္တလေးသော်လီးကောင်း ကျောက်ကုန်သည်ကိုပေသော်လီးကောင်း
    အခြောက်မပေါက်ဖေါ်သော်လီးကောင်း ဦးဖက်တီးသော်လီးကောင်း ဘုန်းကျော်သော်လီကောင်း
    ကဗျာဆရာနေဝန်းနီသော်လီကောင်း အန်ကယ်ကြီးသော်လီးကောင်း
    ဟိုလူသော်လီးကောင်း
    ဒီလူသော်လီးကောင်း
    အဆင့်တန်းမြင့်ဆရာကြီးတွေနဲ့မမှားနိုင်ရင်တောင်
    ဒီရွာထဲက အပျိုကြီးတစ်ယောက်ယောက်ရဲ့ မရှင်းမရှင်းလိုလိုဘာလိုလို ထင်ရင်တောင်တော်သေးတယ်
    ခုတော့ ဘယ်ဂျောင်ဂျို ဘယ်ဂျောင်ဂျားကမသိတဲ့..ပြောမပြောခြင်ဘူး
    အဲ့သည်သတ္တဝါ ကျုပ်ကိုလည်းဘယ်နေရာမှာမမှတ်မိဘူး ဝင်ဆဲသွားဘူးသေးတယ်
    ကျုပ်ကထွက်သွားတယ်ဆိုတာ
    ဘဒ္ဒ န္တဦးဘဇင်းမိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့နာမည်ကိုနှုတ်ထွက်တာလေဗျာ
    မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့နာမည်ကိုဘယ့်နှယ့်ကြောင့် ထွက်ရမှာလဲ
    အသက်နဲလဲဘလိုက်မယ်
    သဂျီးမင်းဆီမှာ ကျုပ်ရစရာရှိတဲ့ပွိုင့်က နှစ်သောင်းခွဲကျော်တယ်ဗျာ ဘယ်လိုလုပ်ထွက်မှာလဲ
    အဲ့သည်သတ္တဝါက
    သဂျီးမင်းရဲ့ မဆဲရအမိန့်တော်မြတ်ကိုဆန့်ကျင်သူဆိုတော့ ကျုပ်တို့စုပေါင်းပြီး
    အရေးယူရမယ်ထင်တာဘဲ ( အထင် )
    မဟုတ်လို့ကတော့ ခွေးအရောဝင်ခေါင်းပေါ်တက်သလိုဖြစ်လာနိုင်တယ်
    ဒါ့ကြောင့် မဖြစ်မနေအရေးယူရမယ်
    ချီးပေ အလိုမရှိ
    ချီးပေ အလိုမရှိ
    ချီးပေ အလိုမရှိ
    အလိုမရှိတာကတော့ အလိုမရှိတာပေါ့ဗျာ
    သူပြောသလိုလက်တွေ့တစ်ခုတော့လုပ်ပြခြင်ပါတယ် ဒါပေသိ ခင်ဗျားတို့သိပြီးသလို
    ကျုပ်က လူချမ်းသာလဲမဟုတ်ဘူး ပညာတတ်လဲမဟုတ်ဘူးဆိုတော့
    ကြီးကြီးကျယ်ကျယ်လုပ်ငန်းဆောင်တာကြီးတွေမလုပ်နိုင်ဘူး
    ဒါ့ကြောင့်အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့
    လေးဘောက်သေးပေါက်တဲ့ပုံလေးနေရာမှာ နတ်စင်ကလေးထိုးပြီး
    သတိ ဤနေရာတွင်နတ်ကြီးသည် ဟု စာတမ်းကလေးထိုးကာ
    ဗရမ်းဗတာသေးပေါက်တဲ့သူတွေကို ကာကွယ်ခြင်း အထိုက်အလျှောက်အကျိုးကျေးဇူး
    များရရှိနိုင်ပါလိမ့်မည်ဟု ရိုးသားစွာအကြံပေးအပ်ပါသည် ခင်ဗျား
    ….
    မလိမ်မို့မလိမ္မာ အမိုက်မဲလေး မိုက်ကယ်ဂျော်နီအောင်ပု

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 25, 2012 at 1:29 pm

    ( အိုအသင်လောက ဂေဇက်က ကျုပ်ကိုလက်မခံတော့ပါလားဟရို့ ကျုပ်မန်းလိုက်တာက အောက်ကလိုပါ
    ဘယ့်နှယ်ကြောင့် အပေါ်ကလိုဖြစ်သွားပါလိမ့်)
    ……………………………..
    ……………………………….
    ကြည့်နေတာကြာဘီ
    ဘယ့်နှယ်ကြောင့် မိုက်ကယ်ဂျော်နီအောင်ပု က ဂျက်ကီချီးပေ ဆိုပြီးဖြစ်ရသဒုံး
    အဆင့်အတန်းမြင့်ပုဂ္ဂိုလ်တွေဖြစ်တဲ့
    သဂျီးမင်းသော်လီးကောင်း ကိုသစ်မင်းသော်လီးကောင်း blackchaw သော်လီးကောင်း
    ဘကြီးFR သော်လီးကောင်း တပ်မ77သော်လီးကောင်း ကိုကြောင်ကြီးသော်လီးကောင်း
    ကိုပေါက်မန္တလေးသော်လီးကောင်း ကျောက်ကုန်သည်ကိုပေသော်လီးကောင်း
    အခြောက်မပေါက်ဖေါ်သော်လီးကောင်း ဦးဖက်တီးသော်လီးကောင်း ဘုန်းကျော်သော်လီကောင်း
    ကဗျာဆရာနေဝန်းနီသော်လီကောင်း အန်ကယ်ကြီးသော်လီးကောင်း
    ဟိုလူသော်လီးကောင်း
    ဒီလူသော်လီးကောင်း
    အဆင့်တန်းမြင့်ဆရာကြီးတွေနဲ့မမှားနိုင်ရင်တောင်
    ဒီရွာထဲက အပျိုကြီးတစ်ယောက်ယောက်ရဲ့ မရှင်းမရှင်းလိုလိုဘာလိုလို ထင်ရင်တောင်တော်သေးတယ်
    ခုတော့ ဘယ်ဂျောင်ဂျို ဘယ်ဂျောင်ဂျားကမသိတဲ့..ပြောမပြောခြင်ဘူး
    အဲ့သည်သတ္တဝါ ကျုပ်ကိုလည်းဘယ်နေရာမှာမမှတ်မိဘူး ဝင်ဆဲသွားဘူးသေးတယ်
    ကျုပ်ကထွက်သွားတယ်ဆိုတာ
    ဘဒ္ဒ န္တဦးဘဇင်းမိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့နာမည်ကိုနှုတ်ထွက်တာလေဗျာ
    မိုက်ကယ်ဂျော်နီအောင်ပု ဆိုတဲ့နာမည်ကိုဘယ့်နှယ့်ကြောင့် ထွက်ရမှာလဲ
    အသက်နဲလဲဘလိုက်မယ်
    သဂျီးမင်းဆီမှာ ကျုပ်ရစရာရှိတဲ့ပွိုင့်က နှစ်သောင်းခွဲကျော်တယ်ဗျာ ဘယ်လိုလုပ်ထွက်မှာလဲ
    အဲ့သည်သတ္တဝါက
    သဂျီးမင်းရဲ့ မဆဲရအမိန့်တော်မြတ်ကိုဆန့်ကျင်သူဆိုတော့ ကျုပ်တို့စုပေါင်းပြီး
    အရေးယူရမယ်ထင်တာဘဲ ( အထင် )
    မဟုတ်လို့ကတော့ ခွေးအရောဝင်ခေါင်းပေါ်တက်သလိုဖြစ်လာနိုင်တယ်
    ဒါ့ကြောင့် မဖြစ်မနေအရေးယူရမယ်
    ချီးပေ အလိုမရှိ
    ချီးပေ အလိုမရှိ
    ချီးပေ အလိုမရှိ
    အလိုမရှိတာကတော့ အလိုမရှိတာပေါ့ဗျာ
    သူပြောသလိုလက်တွေ့တစ်ခုတော့လုပ်ပြခြင်ပါတယ် ဒါပေသိ ခင်ဗျားတို့သိပြီးသလို
    ကျုပ်က လူချမ်းသာလဲမဟုတ်ဘူး ပညာတတ်လဲမဟုတ်ဘူးဆိုတော့
    ကြီးကြီးကျယ်ကျယ်လုပ်ငန်းဆောင်တာကြီးတွေမလုပ်နိုင်ပါဘူးခင်ဗျ
    ဒါ့ကြောင့်အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့
    ဦးပေါက်မန္တလေး သေးပေါက်ပြတဲ့ပုံလေးနေရာမှာ နတ်စင်ကလေးထိုးပြီး
    သတိ ဤနေရာတွင်နတ်ကြီးသည် ဟု စာတမ်းကလေးထိုးကာ
    ဗရမ်းဗတာသေးပေါက်တဲ့သူတွေကို ကာကွယ်ခြင်း အထိုက်အလျှောက်အကျိုးကျေးဇူး
    များရရှိနိုင်ပါလိမ့်မည်ဟု ရိုးသားစွာအကြံပေးအပ်ပါသည် ခင်ဗျား
    ….
    မလိမ်မို့မလိမ္မာ အမိုက်မဲလေး မိုက်ကယ်ဂျော်နီအောင်ပု

    • ဂျက်ကီချီးပေ

      January 25, 2012 at 3:19 pm

      ဟုတ်ပ
      ကျုပ်ကအရောဝင်ခင်ဗျားဂျီးဒေါ်ကြီးခေါင်းပေါ်တက်မဲ့ကောင်ပါ
      ခင်ဗျားသာ လှေလူးပေါ်က အရူး
      ခင်ဗျားဆဲလို့ကျုပ်ဆဲတာဘာဖြစ်လဲ
      ဆဲတဲ့ကောင်ကိုများ စေတနာနဲ့ဆဲတယ်လေးဘာလေးနဲ့
      ဆဲတဲ့ကောင်က ဆဲတဲ့ကောင်ပေါ့
      ဘာအဆင့်မှမရှိလို့ဆဲတာပေါ့
      ဒီလိုပြောတမ်းဆို ဘုရားက ခင်ဗျားထက်စေတနာကောင်းတယ်
      မဆဲပါလား စောက်ရူးရဲ့
      ဒီစောက်ရူးကို ကြပ်ကြပ်မြှောက် ဒီဆိုဒ်နာမည်ပျက်လိမ့်မယ်

      • စိန်ပေါက်ပေါက်

        January 25, 2012 at 7:00 pm

        ပြောလိုက်ချမ်းဘာ အခြောက်မရဲ့
        😀

        • thit min

          January 25, 2012 at 8:02 pm

          ဒီမှာလာပြီး ပါတ်လည်ရိုက်နေသလိုဘဲ။
          ညီပေါက်ဖော် မင်းက ကိုယ့်ကိုမူးတယ်တဲ့။
          ကိုယ်ကလဲ တော်တော်မူးနေပြီ။
          ခင်မောင်ရင်ပြောကြားမယ် တောသားလဲဟုတ်ရပေါင်ခင်ရယ်
          ထင်တာတွေအကုန်လုံးမှားကြမယ်
          ဆိုဘဲ။
          ဘယ်သူက ဘယ်သူမှန်းတိတော့ဘူး၊ရှင်းပြအုန်း။
          အ၆ တွေရော။ ဘာတွေရော။ မင်းသိကိုသိရမယ်။နော်ညီလေး။
          (^^)

  • kai

    January 25, 2012 at 2:20 pm

    ရွာသူားတွေ.. လွတ်လပ်စွာရေးသားတိုင်ပင်ကြစေလိုပါတယ်နော…
    သေသေချာချာ စောင့်ဖတ်နေပါတယ်..။

  • လင်းဝေ

    January 25, 2012 at 3:05 pm

    ပိုပြီး တိုးတက်လာဖို့ ပိုပြီး အဆင့်မြင့်တဲ့ ဆိုက်ဖြစ်လာဖို့ စိတ်ပါရင်တော့ အဆင်သင့်သော ပြုပြင်ပြောင်းလဲရေးကို လုပ်သင့်ပါတယ်။
    တင်သမျှဖော်ပြသော စာမျက်နှာ အပြင် လက်ရွေးစင် စာမျက်နှာ၊ သို့မဟုတ်
    အမျိုးအစား ခွဲပြထားသော စာမျက်နှာများပါ ထားသင့်ပါသည်။
    ဒီဇိုင်းဆွဲတာ ကျွမ်းသော သူများ ဆွေးနွေးပေးကြပါ။

  • htoosan

    January 25, 2012 at 3:54 pm

    အတတ်နိုင်ဆုံးကြိုးစားပါဝင်သွားပါမည် ။

  • စိန်ပေါက်ပေါက်

    January 25, 2012 at 4:36 pm

    ဟေ့.
    သများ ဘာမှ တိဘူဟေ့.
    အပေါ်ဖတ် အောက်ဖတ်နဲ ့ မူးတွားဘီ (ဘာမှ မသိလို ့မူးချင်ယောင် ဆောင်တာပါ 😀 )

    သူတစ်ပါးကို –

    ပုတ်ခတ်၊
    စော်တကားမော်တကား၊
    ဂုဏ်ပုဒ်ချ၊
    နှိမ့်ချ၊
    ဝိုက်ချ၊
    အတင်းတုပ်၊
    သန်းတုပ်၊
    ရမ်းတုပ်၊
    ငယ်ကျိုးငယ်နာဖော်၊
    မနာလိုရန်ထောင်၊
    အခြောက်နယ်ချယ့် 😀 –
    အဲသလိုပို ့စ်တွေကလွဲပြီး

    ထူးခြားသတင်း
    Update သတင်း
    တိုင်းကျိုးပြည်ပြုပို ့စ်
    ယနေ ့မြန်မာ့အခြေအနေကို ကွက်ကွက်ဂွင်းဂွင်းဖော်ပြထားတဲ့ သတင်း-ဓာတ်ပုံ-အစုံပလုံ ပို ့စ်
    စိန်ပေါက်ပေါက် ကောင်းကြောင်းပို ့စ်
    စော်ကြည်ထီပေါက် နိဗ္ဗာန်ရောက်ပို ့စ်
    အလုပ်မလုပ်ပဲ သထေးဖြစ်နိုင်မဲ့ပို ့စ်
    ပလက်ဖောင်းခေါင်းအုံး ဘဝက တိုက်ကြီးကြီးမှာနေ ကားကောင်းကောင်းစီး မင်းသမီးနဲ ့ အလျင်အမြန်ညားစေနိုင်တဲ့ပို ့စ်
    စည်ဘီယာ-စမူဆာ-ပလာတာစား ဘဝကနေ ချီးပတ်-အိုင်ပတ်-ဆိုက်ဂနက်စ် နဲ ့သွားနိုင်အောင် ဖန်တီးပေးတဲ့ပို ့စ်
    စသဖြင့်
    သဂျီး စိတ်ကူးရှိတဲ့ဟာလေးတွေကို စိတ်ပါရင် စတစ်ကီ လုပ်ပေးဇေလိုပါကြောင်း

    အဟွတ်..အဟွတ်

  • ကိုရင်စည်သူ

    January 25, 2012 at 4:42 pm

    ဆရာကိုသစ်မင်းရေ… လိုအပ်နေတဲ့အချက်တွေကို
    မြင်သာအောင် ပွင့်ပွင့်လင်းလင်းနဲ့ မှန်ကန်စွာထောက်ပြတယ်လို့ပဲ
    မြင်မိတယ်ဗျာ..
    ကျနော်လည်း အတတ်နိုင်ဆုံး ပါဝင်ပါ့မယ်..
    ရွာကို ဒီထက်မက တိုးတက်ပြောင်းလဲစေချင်ရင်တော့
    အပြောင်းအလဲတစ်ခုခု ဖြေးဖြေးချင်း ဖော်ဆောင်ဖို့လိုမယ်ထင်ပါတယ်..
    အပြောင်းအလဲတွေကိုတော့ ကျနော်တို့ ဆရာသမားတွေကပဲ
    ဝိုင်းဝန်းအကြံပြုပေးဖို့ နှိုးဆော်ပါတယ်ဗျာ…

    လေးစားစွာဖြင့်
    ကိုရင်စည်သူ

  • thit min

    January 25, 2012 at 8:07 pm

    ကော်မန့်တွေဖတ်ပြီးအထင်လွဲနေကြပုံပါဘဲ။
    ပြောတာကတော့ စေတနာစကားပါ။
    ပို့စ်လေးကို နားလည်အောင်ဖတ်ဖို့တော့ တိုက်တွန်းချင်ပါတယ်။
    ပို့စ်ရဲ့ အကြောင်းအရာ ဦးတည်ချက်ကိုရှာကြည့်ကြပါ။
    ရင်ထဲက စိတ်ထဲက ရှိပြီးသားအခံ တွေ ကိုဖယ်ပြီး
    အမြင်ကြည်ကြည်လင်လင်ကြည့်ပေးကြပါ။
    ကော်မန့်တချို့ကပို့စ်ရဲ ့ဆိုလိုရင်းနဲ့ ဘာမှမဆိုင်တာကိုအံ့ဩစွာတွေ့နေရပါတယ်။
    အားလုံးကိုလေးစားပါသည်။
    မောင်သစ်မင်း

    • စိန်ပေါက်ပေါက်

      January 25, 2012 at 8:58 pm

      သေချာမဖတ်ကြလို ့ ဆိုလိုရင်း နားမလည်ကြတာနေမှာပါ အူးသစ်ရေ
      ဖစ်တတ်ပါတယ်…
      ကျနော်တော့ ရီချင်တယ်..
      ခွစ်စ်..ခွစ်စ်…
      😆

  • zawana

    January 25, 2012 at 8:09 pm

    အဆင့်မြှင့်ကြမယ်လား ကောင်းပါလေ့ ဗမာလိုလဲ မရေးကြပါနဲ့တော့
    ဘိုလို ပဲ ရေးကြပါတော့ အဆင့်နိမ့်တဲ့ သူတွေ သီးသန့်ခွဲထားလိုက်ကြပါတော့
    ကျုပ်ကတော့ ဝလုံးတန်းမှာပဲနေပါ့မယ်
    ဪ ဆြာတွေ ဆြာတွေ တော်ကြပါပေတယ်
    အင်း—- ခက်တော့ခက်နေပါပီကွယ်တို့ ကြည့်လဲလုပ်ကြပါဦး

  • Shwemoe

    January 25, 2012 at 8:18 pm

    အကျိုးပြု စာ ကတော့ အကျိုးပြုစာ အမှန်ပါ ၊
    သို့သော်လည်းပေါ့လေ ၊ သို့သော်လည်းပေါ့နော် ၊
    မပြောချင်တော့ပါဘူးကွယ် ၊
    ပြောမယ်စဉ်းစားကြည့်တော့ အရင်ဆုံး ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတယ် ၊
    ဟယ် . . .
    အနိစ္စ၊ ဒုက္ခ ၊ အနတ္တ (အမြဲမရှိပါတကား)

  • windtalker

    January 25, 2012 at 8:26 pm

    ကျွန်တော် က တော့ ဝါသနာပါရာ ဘောပွဲများအကြောင်းနဲ ့ဘဲ ပျော်မွေ ့နေတာပါဘဲ ။
    တစ်ခါတစ်လေ စိုးရိမ်မိတာ တစ်ခု ရှိတယ် ။ တစ်ကယ်လို ့သဂျီးသာ ကျွန်တော့် ကို ၊ မင်း ဘောလုံးပွဲအကြောင်းတွေ မရေးပါနဲ ့တော့ လို ့လာပြောမှာကိုပါ ။ အခြား ခင်မင်ရတဲ့ ဂေဇက်ဝင်တွေ က ပြောတာကိုတော့ ကျွန်တော် ဥပေက္ခာ ပြုခဲ့ပါတယ် ။ သဂျီး ကျွန်တော့် ကို တားတဲ့နေ ့ကတော့ ၊ မန်းဂေဇက် နဲ ့ကျွန်တော် အပြီးအပိုင် လမ်းခွဲမယ့်နေ ့ဖြစ်လာမှာ အမှန်ပါဘဲ ။ အဲ့လို နေ ့မျိုး ရောက်မလာလောက်ပါဘူး လို ့ထင်မိပါရဲ ့။

    • thit min

      January 25, 2012 at 8:39 pm

      ညီလေးရေ
      ကိုယ်ရေးထားတာလေး သေချာဖတ်ပေးပါကွာ။
      ညီလေးတို့ဘာစာမဆို ရေးလို့ရပါတယ်။
      ညီလေးတို့ခုရေးနေတဲ့ စာတွေနဲ့လဲ ဘာမှကိုမဆိုင်ပါဘူးကွာ။
      လက်ရှိဖြစ်ပျက်မှုလေးတွေကိုဟိုက်လိုက်လုပ်တဲ့ ပို့စ်လေးတခုကိုစတစ်ကီလုပ်ပေးဖို့ဘဲပြောမိတာပါ။
      အဲဒီမှာ ရေးချင်တဲ့သူရေး၊
      မရေးချင်ရင်လဲ ကိုယ့်ပို့စ်ကို ကိုယ်ပုံမှန်ရေးနေလို့ရပါတယ်။
      ခုညီလေးတို့ရပ်တည်ချက်ကိုထိခိုက်မှု လုံးဝ(လုံးဝ)မရှိပါဘူး။
      ကိုယ့်စာကို နားမလည်နိုင်အောင်ဖြစ်နေတာကြီးကိုတော်တော်အံ့ဩမိတယ်ကွာ။
      ခင်မင်စွာ။
      သစ်မင်း

    • comegyi

      January 27, 2012 at 5:15 am

      ဒါတော့ ပူပါနဲ့ဆြာရဲဘော်
      သကြီးက မတူတဲ့အမြင်ဆိုတဲ့ဝါဒသမားလေဗျာ

  • pyinlepyaw

    January 25, 2012 at 8:39 pm

    အိုဗျာ …. အဆင့်အတန်း စာမေးပွဲ မေးခွန်းမေးဗျာ
    အဆင့်အတန်းသတ်မှတ် လို့ရအောင်
    ကျွန်တော်ကတော့ဖြင့် အဟီး အဟား.အဟဲ အဟင်း
    ကလွဲပီး ဘာမှ မရေးတတ်လေတော့
    အဆင့်အတန်းသတ်မှတ်ချက်အရ အရေးယူချင်လဲယူပေါ့ .. ဒါဗြဲ

  • ကိုသစ်ရေ
    ဒီမှာရေးဖို့ အတော်လေးကို စဉ်းစားရပါတယ်
    နောက်တော့ တစ်ဦးချင်းစီက စပြီး ပြင်ဖို့ စိတ်ကူးမိပါတယ်
    ဒါနဲ့ တစ်ဦးချင်စီဆိုရင်
    ဘယ်ကစပြီး ပြင်ရင်ကောင်းမလဲလို့စဉ်းစားမိရင်း
    ယနေ့ (25-1-2011)ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂၊ အမှတ် ၇၉ မှာပါတဲ့ ဆရာကြီး မောင်ဝံသ ရေးတဲ့ ဒီမိုကရေစီ ခရီး နီးအောင်ပင်လှမ်း ဆိုတဲ့ ဆောင်းပါးမှ စကားလုံးတစ်ချို့ကို ကူးယူခွင့်ပြုပါလို့လည်း ဒီနေရာကနေ ဆရာကြီးကိုလေးစားစွာဖြင့်တောင်းဆိုလိုက်ပါတယ် ….
    ကျွန်တော်တို့မှာရှိတဲ့ ဒီမိုကရေစီနဲ့ မတန်တဲ့စိတ်တွေကို ရှင်းထုတ်ဖို့အတွက်ပဲဖြစ်ပါတယ် …
    ဆရာကြီး ရေးသားထားတဲ့ ဒီမိုကရေစီနဲ့မတန်တဲ့စိတ်တွေကတော့ ကျွန်တော်ထပ်ပြီးဖော်ပြပေးပါအုံးမယ်ဗျ …..
    ကျွန်တော်တို့တွေ တစ်ဦးချင်းစီ ပြင်ရမယ့်အပိုင်းမှာ ကျွန်တော်တို့ စိတ်ဓာတ်တွေက အစ ပြင်ရမယ်ထင်ပါတယ် … အကုန်လုံးကိုတော့ ကျွန်တော် ဝါးလုံးသိမ်းကြုံး မပြောပါဘူးဗျ … ကျွန်တော်ကိုယ်တိုင်ကအစ စိတ်ဓာတ်ကို ပြုပြင်နေဆဲသူတစ်ယောက်ပါ ….
    စာသင်ကျောင်းတွေမှာ ချိတ်ထားတဲ့ ဆောင်ပုဒ်ကလေး “စိတ်ဓာတ်၊ စည်ကမ်း၊ ပညာ” ကိုမြင်တိုင်းဗျာ …….
    မဟာဂနာ [ (ဓ)ရေးမရ၍ ] ဆရာတော်ဘုရားကြီးက စိတ်ကောင်းရှိဖို့က ပထမလို့ မိန့်တော်မူထားတယ်မဟုတ်ပါလားဗျာ …
    ဒီComment ကိုရေးနေစဉ်မှာ တော်တော်များများ တက်လာကြတာကိုဖတ်ကြည့်တော့ ……..
    နောက်မှ ထပ်မံ လာခဲ့ပါမည် …
    ချစ်ခင်လေးစားလျှက်
    KING

  • unclegyi1974

    January 25, 2012 at 10:13 pm

    ကိုသစ်ဒီတခါတော့ရွာလည်ပြီ
    စကတည်းကိိုကလည်ထွက်သွားတာ
    ပြန်တည့်လို့ကိုမရသေးပါလား
    ဖြစ်တတ်ပါတယ်လေ

  • ဦးဦးပါလေရာ

    January 25, 2012 at 10:15 pm

    “……….လူတဦးချင်း(သို့)အစုအဖွဲ့တခုကနေ
    လုပ်နိုင်တာကိုပိုလို့ဆွေးနွေးချင်ပါတယ်။လုပ်နိုင်တာတခု စဉ်းစားမိပါတယ်။
    …………….
    လိုအပ်ချက်နဲ့ အကြံပေးချက်တွဲလျှက်လေးတွေ ကို ပို့စ်တင် စတစ်ကီလုပ်စေချင်တာပါ။
    ပို့စ်တခုစာဆို ရပါပြီ။….”

    ကျုပ်လဲ အဲဒီရည်ရွယ်ချက်ကို စိတ်ဝင်စားပါတယ်။
    ဝင်ဆွေးနွေးမှာပါ။
    ပြောသာပြောရတယ် ဆီမီနာ(၃)ကိုတောင် ဝင်ဆွေးနွေးဘို့ စိတ်ထဲမှာပဲရှိသေးတယ်။
    စာချရေးတဲ့အဆင့်မရောက်သေးဘူး။
    လက်ဘက်ကောင်းမလားမကောင်းလားတော့မသိ
    ပလောင်အဘိုးကြီးက တောင်တက်နှေးတာတော့အမှန် 🙂

  • blackeye

    January 25, 2012 at 10:28 pm

    ဘယ်လိုဘဲ ဖတ်ဖတ် အဓိပ္ပါယ် နှစ်မျိုးထွက်နေသလို ဖြစ်နေတယ် ။
    ကျုပ် စာဖတ်ညံ့ အတွေးအခေါ်ညံ့လို့ ဖြစ်မှာပါ ။
    အန်ကယ်ကြီးပြောသလို လည်ထွက်နေပီ ။

  • kokothandar

    January 25, 2012 at 10:32 pm

    ဒိုင်လူကြီးမရှိ ဂိုးတိုင်မရှိ ဂိုးသမားမရှိ ကြုံသလိုကန်နေတဲ့ဘောလုံးပွဲ အကြောင်းဖတ်နေရသလိုပါဘဲဗျာ
    ကန်တတ်ကြပေမဲ့ဂိုးသွင်းတာ မမြင်ရတော့ ဘာမှ အရသာမပေါ်ပါဘူး ဟိုကန် ဒီကန်နဲ့…..

  • Mr.lock

    January 25, 2012 at 10:55 pm

    ဟုတ်ပဗျား
    ဘန်ကေး ဘေးကန်နေကြနေရတဲ့ ပုံပေါက်နေတယ်
    ဂိုးပေါက်လဲ ပျောက်နေကြတယ်နဲ့ တူပါရဲ့
    ဝါးတားတား ဖြစ်နေကြပြီ ။

  • captainamerica

    January 25, 2012 at 11:49 pm

    ကိုသစ်ရေ အကိုပြောချင်တဲ့ဖေ(စ်).ကိုနားလည်ပါတယ်။ဒါပေမဲ့လောကကြီးမှာလူစုံစရိုက်စုံ
    ရှိတဲ့လောကကြီးပါ။လူတွေရဲ.စိတ်အတိုင်းကိုယ်လိုချင်တဲ့အချက်အလက်ကိုသာဆွဲယူသာွး
    ကြတယ်လို.သာသဘောထားပေးလိုက်ပေါ့။ကျွန်တော်ဆိုရင်လည်းဝင်တာ၁နှစ်ကျော်ပေမယ့်
    စာလည်းဟုတ်တိပတ်တိမရေးဘူး ကွန်.မန်.လည်းဖီး(လ်)လာမှသာဝင်ရေးမိတာပါ။ဒါပေမယ့်
    မန်းဂေဇတ်မှကိုကို မမ များရေးတဲ့စာတွေကိုနေ.စဉ်စောင့်ဖတ်နေသူတစ်ယောက်ပါ။စေတနာ
    သမားတွေ တွေ.ရသလို အရေမရ အဖတ်မရတွေလည်းအများကြီးပါ။စေတနာစာပေတွေဆိုရင်
    လိုတာတွေထုတ်ပီးယူသာွးဒယ်။အရည်မရ အဖတ်မရတွေကျော်သာွးဒယ်။အခန်.မသင့်ရင်
    ဘုဂလန်.ဝင်ပြောမိဒယ်။ကျွန်တော်ကွန်.မန်.တွေအတော်များများမှာအဲလိုဘုဂလန်.တွေကများနေ
    တော့သောက်ညင်ကတ်တဲ.လူနည်းနည်းတော့များမှာပဲကိုယ့်ကိိုကိုယ်ထင်မိသား။ဒါပေမဲ့ကျွန်တော်
    ဂရုမစိုက်မစိုက်ပါဝူး။ကိုယ်မှန်ထင်လို.ကိုယ်ထင်လုပ်တာဘဲ ကိုယ့်စေတနာကိုယ်အကျိုးပေးမှာဘာ။
    အကိုပြောတဲ့အချက်အလက်တွေကလက်ရှိဒီမိုကရေစီနိုင်ငံလို.ပြောနေကြဒဲ့ကျွန်တော်တို.
    နိုင်ငံအတွက်ဖြစ်သင့်တဲ့ ကောင်းတဲ့အချက်အလက်လေးတွေကိုအများဂျီးတွေနေရလို.ဘာ

  • Khin Latt

    January 26, 2012 at 5:48 am

    ကိုသစ်မင်း ရဲ့ ဆီမီနာတွေမှာ ကျွန်မလဲ ဝင်ဆွေးနွေးသူ တစ်ယောက် ဖြစ်လို့ ဒီကိစ္စမှာလဲ ဝင်ဆွေးနွေးချင်ပါတယ်။

    ကျွန်မ ဂေဇက် ကို ဘလော့ဂ် Link တစ်ခု ကနေစသိလာပါတယ်။
    Member မဝင်ဘဲ ဒီအတိုင်း ဝင်ဖတ်ပါတယ်။
    ဖတ်ရင်း ဂေဇက်ရွာလေးကို အတော်ချစ်လာပါတယ်။ ဘာလို့လဲ ဆိုတော့ ဘလော့တစ်ခု ကို ဝင်ဖတ်ရသလို မဟုတ်ဘဲ လူမျိုးစုံ ရဲ့ အတွေးမျိုးစုံ၊ အတွေ့အကြုံမျိုးစုံ ကို တစ်နေရာထဲ မှာ ရနိုင်လို့ပါဘဲ။ ဒါဟာ ဂေဇက်ရွာ လေးရဲ့ အလှတရားပါ။
    ကျွန်မ အဓိက ဖတ်တဲ့ အကြောင်းအရာ တွေကတော့ ခရီးသွားဆောင်းပါးလေးတွေ၊ နေ့စဉ်ဘဝ အတွေ့အကြုံလေးတွေ၊ ဟင်းချက်နည်းလေးတွေ၊ စကားပြောတဲ့ ဓာတ်ပုံလေး တွေ ပါ။ အဲဒီ စာလေးတွေဖတ်ရင်း၊ အဲဒီ ဓာတ်ပုံလေးတွေကြည့်ရင်း ကိုယ့်ပြည် ကိုယ့်ရွာ ကို အလွမ်းဖြေရပါတယ်။
    တစ်ခြားအကြောင်း တွေသိပ်မဖတ်ဖြစ်ခဲ့ပါ။

    နောက်တော့ အကြောင်းတစ်ခုကို မခံမရပ်နိုင် ဖြစ်ပြီး ရင်ဖွင့်ချင်လွန်းလို့ စာလာဖတ် နေ ကျ ဒီနေရာလေးမှာ ရွာသူ အဖြစ် ဝင်ရေးခဲ့ပါတယ်။ စာရေးဖို့ ကြိုးစားတော့မှ စာရေးတာ ဟာ စာဖတ်တာ ထက် အများ ကြီး ခက်တာ တွေ့ရပါတယ်။ စာဖတ်တာဆိုရင် အချိန် ခဏလေးပေးလိုက်ရုံဘဲ။ စာရေးတာ ကတော့ အချိန်လဲ ပေးရ၊ ခေါင်းလဲသုံးရ နဲ့ တကယ်တော့ အတော်စေတနာ မပါဘဲ စာတစ်ပုဒ် ဆိုတာ ထွက်မလာပါဘူး။ အဲဒီရေးတဲ့ စာကလဲ ကိုယ်သန်ရာ၊ ဝါသနာပါရာကို ရေးကြတာပါ။

    ဒီမှာတင် ကိုယ်ကိုယ်တိုင် စာရေးသူ ရဲ့ Position ကို ရောက်မှ ကိုယ်ရေးတာလေးကို စာဖတ်သူ တွေ အားလုံး ကို ဖတ်စေချင် တာကို နားလည်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီလို ရေးသူ ကို ဘယ်လိုပင် ကိုယ်ချင်းစာ လဲ ကျွန်မ ကိုယ်တိုင် စာဖတ်သူ Position မှာ ကြိုက်တာ ကိုဘဲ ရွေးဖတ်ဆဲပါဘဲ။ ဒီတော့ စာဖတ်သူတွေ မှာ ရွေးချယ်ဖတ်ခွင့် အပြည့် ရှိပါတယ်။ မကြိုက်ရင် မဖတ်ရုံပါဘဲ။ အားလုံး အကြိုက် ပုံသေတူမည် မဟုတ်ပါ။ အားလုံး ရဲ့ စာတွေကိုလဲ ဖတ်နိုင် ရင်တောင်မှ အကုန်ကို မှတ်ချက် လိုက်ပေးဖို့လဲ လွယ်တော့ မလွယ်ပါဘူး။

    အခု ကိုသစ်မင်း ရေးထားတာမှာ တစ်ခြား သူတွေ ရေးတဲ့ Post အကြောင်းတွေကို ဘာဆိုဘာမှ ပြောမထားပါဘူး။ သူဆိုလို တာက မြန်မာပြည် ရဲ့ သတင်းလိုမျိုး နဲ့ပါတ်သက်တဲ့ Post မှာ ဝိုင်း ဆွေးနွေး ဝေဖန်ကြမယ်။ အများရဲ့ အမြင်ကနေ သက်ဆိုင်သူ တွေပါ ကြားလာ၊ မြင်လာဖို့ပါ။

    “သူ လုပ်ချင် တာ ၊ စည်းကမ်း ထားချင် တာကလဲ သူ့ Post မှာပါ။
    တစ်ချို့ နဲနဲ အမြင်လွဲသွားကြတယ် ထင်ပါတယ်။”

    တကယ်တော့ အဲဒီ Idea ဟာ တကယ်ထိ ရောက်နိုင်မယ် လို့ ကျွန်မတော့ ထင်ပါတယ်။ အားလုံး ပူးပေါင်းပါဝင် နိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ တစ်ပုဒ်လောက် ကို စစမ်း ကြည့်ရင်တွေ့လာမှာပါ။ သီအိုရီ တွေ လိုက်မပြော ဘဲ ဒီအတိုင်း ရိုးရိုးစဉ်းစား လဲ ရတာပါဘဲ။

    ဒါပေမဲ့ ဒီလို Post နဲ့ဘဲ လဲ ဂေဇက် ကို မစွဲဆောင်နိုင်ပါဘူး။
    တစ်ခြား သူ တွေကလဲ ကိုယ်ပိုင် ကိုယ်သန်ရာ သန်ရာ ရေးနေရ မှာ ပါဘဲ။
    အရသာ စုံ၊ ပုံစံစုံ မှ သာ ကြိုက်ရာမြည်း နိုင် ပြီး ကျွန်မတော့ရွာ စည်ကားမှာပါ။
    ဒီလို သတင်း ဝေဖန် အကြံပြုရေးက ဟင်းတစ်မျိုးပေါ့။

    ကျွန်မထင်တာ လွဲသွားရင်၊ အကြောင်းအရာက ချော်သွားရင်လဲ ခွင့်လွှတ်ပါကုန်လော့။
    အနည်းဆုံးတော့ ကျွန်မတို့ မတူတာတွေကို ညှိတတ်တဲ့ အကျင့် ၊ မတူတာတွေကို ပေါင်းလုပ်တတ်တဲ့ အကျင့်တော့ ပိုပို ရလာမှာပေါ့။

    PS –
    သူကြီး အနေနဲ့ကတော့ ဒီလို သတင်း တစ်ခု ထဲ ကိုသာ မက တစ်ခြား ရသ စာ လိုမျိုး တွေ ကိုပါ တွဲပြီး Stick လုပ်သင့်ပါကြောင်း။
    မဟုတ်ပါက ကိုကြောင်ကြီး နှင့် ပူးပေါင်း၍ အာဏာသိမ်းမည် ဖြစ်ပါကြောင်း။ 😉

    PS ၏ PS –
    ဤ Post တွင် ဘကြီးဘု ပြန်ပေါ်လာ၍ အထူးပင် အတိုင်းမသိ အားရ ဝမ်းမြောက် ကာ ပီတိ သောမနသ ဖြစ်ရပါကြောင်း။ 😀

    လေးစားစွာဖြင့်

    • weiwei

      January 26, 2012 at 8:58 am

      အရီးလတ်အာဏာသိမ်းဖို့ ကြံစည်တဲ့အခါ ကျွန်မတို့ ရန်ကုန်ကအဖွဲ့ကလဲ ပူးပေါင်းပါရစေနော် … လက်တို့လိုက်ပါ … 🙂

  • kai

    January 26, 2012 at 6:52 am

    ကြည့်ရတာ.. တော်တော်များများ မျက်စိတွေလည်ကုန်ပြီ… :mrgreen:

    ရွာထဲ.. ရွာသူားစုစုပေါင်း ၇၆၀ဝ ရှိနေပြီမို့.. ထိုက်သင့်တဲ့ အဆင့်မြှင့်တိုးချဲ့မှုတွေ လုပ်ရမှာပါ.။
    အဲဒီမှာ.. ကိုသစ်မင်းက…
    လိုအပ်ချက်တွေ.. ဖြည့်စည်းသင့်တာတွေ.. ပြသနာတွေကို Category တခုခွဲပြီးတင်ပြမယ်.. ဒါကို ဝိုင်းဝန်းရှင်းလင်းအဖြေရှာကြမယ် ဆိုတဲ့.. အစိတ်အပိုင်းလိုချင်နေတယ် ယူဆမိပါတယ်..။
    ကျုပ်က..
    http://myanmargazette.net/96058/travel
    မှာ ဒီအတိုင်းရေးထားတယ်..။

    kai says:

    ဒီလိုပုံတွေအတွက် အထူးကတ်တဂရီလုပ်ပြီး.. ပွိုင့်၅၀ဝ ပေးတာမျိုးလုပ်ချင်နေမိတယ်..
    နိုင်ငံတော်သစ်အတွက်.. လိုအပ်ချက်တခုကို.. ကြယ်ငါးကောက်ပစ်ပြီး တတပ်တအား ဖြည့်စည်းတာမျိုးလို့ ထင်မိလို့ပါ…။

    စည်းကမ်းလေးတချို့ချရေးကြည့်ပါလား…။
    ၁) နေရာအချိန် ပါရှိရမည်..
    ၂) စည်းကမ်းနှင့် ချိုးဖေါက်နေသည့် လူ သို့ အဖြစ်တခုပါရမည်
    ၃) ?

    ဆိုတော့…
    ဆက်ဆွေးနွေးကြပါဦးနော…။
    ( ဝင်မပြောလည်း .. ကိုရင်ကြောင်နဲ့.အရီးလတ်ပေါင်းပြီး.. အာဏာသိမ်းမဲ့ ပုံပေါက်နေတာမို့.. မြန်မြန်ဝင်ပြောလိုက်ပါကြောင်း…) 😆

    • Khin Latt

      January 26, 2012 at 7:07 am

      ဒါကြောင့်မို့ လဲ …. သူကြီး က တော့ သူကြီးပါဘဲလေ။
      အလေးပြု သွားပါ၏။ 😉

      • htoosan

        January 26, 2012 at 3:16 pm

        အရီးလတ်ရေ ..တကယ်တော့ သူကြီးက အာဏာသိမ်းမှာ လိုလားနေမှာထင်တယ်နော် ..
        ဆာဗာ ကြီး အော်လာတာတို့…
        အရေးအခင်းများထိန်းသိမ်းရတာတို့…
        စည်းကမ်းတင်းတင်းကြပ်ကြပ် မကိုင်ဘူးတို့…….
        မျက်နှာလိုက်တယ်တို့နဲ့ …….
        ကိုယ့်ပိုက်ပိုက် ကိုယ်စိုက်ပြီး …..ဟိ ဟိ complain တွေ ဖြေရှင်းနေရတာနဲ့ ..
        အာဏာသိမ်းစေချင်မယ်ထင်တာဘဲ….. :mrgreen:

    • nature

      January 26, 2012 at 2:48 pm

      သူကြီးကိုအာဏာသိမ်းမယ်ဆိုရင်တော့ ကန့်ကွက်ပါတယ်။ သူကြီးအာဏာကို လေလံပစ်မယ်။ သူကြီးပေးမဲ့ပွိုင့်ထက်ပိုပေးနိုင်သူများ လေလံအပြိုင်ဆွဲနိုင်ကြပါသည်။ လေလံနိုင်သည့်သူများအား ဒုတိယအဆင့် သူကြီးနှင့် ကလောင်ချင်းစီးချင်းထိုးရမည်ဖြစ်ပါသည်။ 🙂 🙂

  • aye.kk

    January 26, 2012 at 7:12 am

    ကိုသစ်သို့…….(လေးစားစွာဖြင့်)
    ကိုသစ်ရေးသည့်postများအား၊အစဉ်တစိုက်လေ့လာမဖတ်ရှူမိထားသဖြင့်…..
    ကိုသစ်အတွေးအခေါ်များအား……
    ကျမလိုက်မှီနိုင်ခြင်းမရှိဖြစ်ခဲ့ရသူ၊တစ်ဦးဖြစ်သည်ကိုရိုးသားစွာဖြစ်ဝန်ခံပါသည်……
    တစ်ဦးနှင့်တစ်ဦးအတွေးမတူညီသည့်အခါ……
    အမြင်များလည်းကွာဟ၊ခြားနားကြလျှက်၊အထင်မြင်လွဲမှားတတ်သွားနိုင်ပါသည်…
    ပွင့်လင်းမြင်သာသော……
    အားလုံးကိုလည်းအကျိုးပြုနိုင်မည့်စာပေရေးသားမှုမျိုးကိုသာ…..
    ကိုသစ်လိုလားသည်ဟုကျမအနေဖြင့်ထင်မြင်မိပါကြောင်း။

  • Khin Latt

    January 26, 2012 at 7:16 am

    အစ်မအေး – နိုးပြီလား။ နှုတ်ဆက်တာ။ Good Morning.
    ကျွန်မတော့ အိပ်တော့မယ်။ Good Night. 🙂
    ဒီနေ့ အသစ်မတင်ဘူးလား။

  • aye.kk

    January 26, 2012 at 7:55 am

    မလတ်,ေ၇..mail..မှာတွေ ့ပါရစေ။

  • ရေးချင်တဲ့သူကလဲ ကိုယ်ကြိုက်တာ ကိုယ်ရေးခွင့်ရှိပါတယ်။
    ဘယ်သူက မှ ဘယ်လိုကန့်သတ်မယ်လို့ မဆိုလိုသလို
    ဖတ်ချင်သူကလဲသူကြိုက်တာ သူရွေးဖတ်
    ကော်မင်းပေးချင်ပေး မပေးချင်နေ
    ဒါ ဒီရွာလေးရဲ့ အနှစ်သာရပါဘဲ။

    အခု ကိုသစ်မင်းပြောနေတာကလဲ သူများရေးတာတွေကို မရေးရဘူးလို့ကန့်သတ်နေတာမဟုတ်ပါဘူး။
    ရေးတဲ့ပိုစ်တွေကိုလဲလိုက် ဖျက်ခိုင်းနေတာမဟုတ်ပါဘူး။
    အများနဲ့ပါတ်သက်တဲ့ဆွေးနွေးစရာ တစ်ခု ပြုပြင်ပြောင်းလဲစရာတစ်ခုကို သူကြီးက ရွေးပြီး
    ထိပ်မှာတင်ထား အားလုံးက ဝိုင်းဆွေးနွေးကြ။
    အဲဒီဆွေးနွေးချက်ထဲကမှ မသင့်တော်တာပါရင် သူကြီးအာဏာနဲ့ဖြုတ်လိုက်၊
    ကိုသစ်မင်းအခုရေးတာကို ဖတ်ပြီး ဒီလိုဘဲနားလယ်ပါတယ်။
    ဟုတ်တယ်ဟုတ်……………

  • ba gyi

    January 26, 2012 at 11:01 am

    ဆွေးနွေးကြတာအလွန်ကောင်းပါသဗျား။ ကျနော်ကတော့ လူသားတွေကိုပြင်ရာမှာ၊ အုပ်ချုပ်မှု စံနစ်ရော၊လူတွေရဲ့ အသိ၊ဆင်ခြင်တုံတရား၊ကိုယ်ချင်းစာမှု နှင့် အပြုသဘောဆောင် မှုအပေါ်ခံ ယူလိုက် နာ မှုပါတစ်ပြိုင်တည်းအရေးပါတယ်လို့ယူဆပါတယ်။
    သည်နေရာမှာ အုပ်ချုပ်သူများဟာ ဥပဒေ၊နည်းဥပဒေသတွေ ချမှတ်ရုံနဲ့ လူတွေအပေါ်ထိမ်းကွပ် နိုင်တယ် လို့ယူ ဆကြပေမည့်၊ ဥပဒေကို အရင်းအနှစ်အတိုင်း ရည်ရွယ်ချက်ရောက်အာင်ကိုင်တွယ် အသုံးချသူတွေ နဲ လိုက် နာသူပြည်သူအကြားမှာ ရိုးသားလိုက်နာကြမှသာ အဲသည်ဥပဒေဟာ တန်းဘိုးရှိစွာ အသက်ဝင် မှာပါ။
    ဒီလိုဆို ဒါကိုထိမ်းကြဘို့ရာ လူတစ်ဦးချင်စီရဲ့ကိုယ်ကျင့်တရားအရေးပါလာပါပြီ၊ လူတိုင်းဟာ သူလည်း ကိုယ့်ကိုမထိခိုက်၊ကိုယ်လည်းသူ့ကိုမထိခိုက် ဘဲ ကိုယ့် အလုပ်၊ကိုယ့်ရပ်တည်မှု ကိုရိုးသားစွာ အာရုံစိုက်၊ လွတ်လပ် စွာသွားနိုင်ကြရင်၊ ပြဿနာကင်းတဲ့ (အုပ်ချုပ်သူရှိလို့ရှိမှန်းတောင် သတိမထား မိစေသော လူ့ဘောင် တစ်ခုဖြစ်လာမှာပါပဲ။)သည်တော့ မွေးဖွားလာပြီးစတင် အသိရလာတဲ့အရွယ် ၊မှတ်တတ်တဲ့
    အရွယ်မှစလို့ ပညာရေးစံနစ် ၊ပါတ်ဝန်းကျင်စံနစ်တွေထူထောင်ဘို့လိုလာပါပြီ။
    ပျက်ပြီးသားလူတွေအတွက်ကတော့၊တင်းကြပ်တဲ့ ဥပဒေ၊ပညာပေးမှုတွေနဲ့ ဆင့်ကဲ ကြပ်မတ်စေရန်စောင့်
    ကြည့် ပြုင်မည့်လူ့အဖွဲ့အစည်းတစ်ခုအမြန်လိုအပ်နေပါတယ်။ အဲသည်ပြုင်ရေးလူ့အဖွဲ့တွေဟာ၊ပြည်သူလေး
    စားသူတွေ ပါဝင်ရမှာဖြစ်ပြီး၊ ဥပဒေကလည်းခွင့်ပြုမှုရှိရပါမယ်။ကာကွယ်ပေးရပါမယ်၊သည်အဖွဲ့က ဝန်ထမ်းလေကကိုပါပြုင်ရမှာပါ၊ အုပ်ချုပ်တဲ့အဖွဲ့အစည်းနှင့်လည်း မသက် ဆိုင်စေရပါ။သည်လိုအဖွဲ့အ စည်း ကြီးတွေများလာရင် အင်အားကောင်းလာရင်ပြုင်ပြီးတဲ့ လူတွေလည်းများ လာပါလိပ်မယ်။ မီဒီယာ
    လုပ်ငန်းအပြင်၊ လက်တွေ့ပြုင်ဆောင်ရွက်မည့် အပြုသဘောဆောင်၊ပညာပေးရေး အဖွဲ့မျိုး၊လူတွေကို ကူညီပေးတဲ့အဖွဲ့မျိုးဖြစ်ပါတယ်။ကျနော်စိတ်ကူးယာဉ်ခဲ့တာကြာပါပြီဗျာ၊ လက်တွေ့ဖြစ်လာစေချင်တာပါပဲ။

  • lu nyo chaw

    January 26, 2012 at 3:03 pm

    ဆြာသစ်တော့ လည်နေပြီ။ဆြာသစ်ရဲ့စေတနာကို လေးစားပါတယ်။အကိုပြောသလို လုပ်နိုင်မယ်ဆိုရင်တော့ ကျွန်တော့လို အဖတ်သင်တစ်ယောက် အတွက်တော့ဝမ်းသာစရာပါပဲဗျာ။

  • thit min

    January 26, 2012 at 9:04 pm

    မလည်ပါဘူးခင်ဗျာ…။
    ကျနော်ကစိတ်ရှင်းရှင်းနဲ့ရေးခဲ့တာမို့ အထင်မြင်လွဲခဲ့ရင်လည်းလိပ်ပြာလုံပါတယ်။
    တခုပါဘဲ။
    နားမလည်နိုင်တဲ့သူတွေရဲ့ အိုင်ပီ အဲဒရက်စ်က တခုထဲဖြစ်နေတာကတော့အံ့ဩမိပါတယ်..။
    နာမည်အမျိုးမျိုးနဲ့ အီးမေးလ်တခု ထဲ ရှိတာလဲတွေ့တယ်ပေါ့နော်။အဲလိုလေးတွေ။

  • nigimi77

    January 26, 2012 at 9:20 pm

    ဟိုက် ရှာလဘတ်စ် …….

    ဘယ့်နှာကြောင့် သွေးသံတရဲရဲ ဖြစ်နေကြပါလိမ့် ။

    မြေအောက် ဒုဇရိုက် ဂိုဏ်းတော့ ရှိနေပြီထင်ပ ။ 🙂

    …………………………………

    ကိုသစ်ရေ ။ ကျွန်တော်ကတော့ ဝင်ပြီး မန်းခဲ (ခဲ့မဟုတ်) ပါတယ် ။

    မလွတ်တမ်းတော့ ဖတ်တယ် ။ ကျွန်တော့်လို လူမျိုးက ဟောင်ဖွာဟောင်ဖွာနဲ ့

    ကိုသစ်ရေးတဲ့ ပိုစ့်တွေ အတွက် မန်းဖို ့ ကီးမကိုက်ဘူးဖြစ်နေတယ် ။

    • thit min

      January 26, 2012 at 9:25 pm

      ကော်မန့်တခုမှာ သူကြီးကပြောဘူးတယ် ကိုနိဂိမီရေ။
      အနီပေးတဲ့သူ ကိုတောင် လေးစားပါတယ်တဲ့။
      ဆိုတော့ သူကြီးလေးစားထဲ့ အထဲတော့ပါသွားတယ်ပေါ့ဗျာ။ (^^)

  • wailinn

    January 26, 2012 at 10:01 pm

    – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် လုံးဝ(လုံးဝ)အခွင့်မရှိ….

Leave a Reply