သူကြီးသို့ ပေးစာ

thit minJanuary 25, 20121min53182

သူကြီးသို့

((ကြိုပြောပါရစေ၊ ကျနော်ပြောတာကိုလုံးဝသဘောမတူရင်လည်း အဆင်ပြေပါတယ်ခင်ဗျား၊

စိတ်ထဲ ရှိတာပြောပြချင်လို့ အကြံပြုခြင်းသာပါ၊ သူကြီး ဆန္ဒကသာ အဓိကပါ။)

နိုင်ငံတခုရဲ့ပြုပြင်ရေးဟာ နိုင်ငံရေးစနစ်က100% ဆိုတဲ့နေရာကရှိမနေဘူးဆိုတာ သူကြီးနဲ့

ကျနော်သဘောထားချင်းတိုက်ဆိုင်မှုရှိတဲ့အတွက် ကျနော်သဘောထားကို တိုက်ရိုက်တင်ပြခြင်းပါ။

(မဆိတ်ပါနှင့်)။

ခုလက်ရှိအနေအထားမှာ နိုင်ငံတော်မှာ ပြောင်းလဲမှုတွေဖြစ်လာပြီး အဲဒီအတွက်ဘာတွေပြု

ပြင်လုပ်ဆောင်ရမလဲဆိုတာ စဉ်းစားကြတဲ့အချိန်ကာလမဟုတ်ပါလား။ ပြည်သူ့ပြည်သားတွေရဲ့

လမ်းကြောင်းတွေကိုခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင်

(၁) အစိုးရအပါအဝင်အားလုံးညီညီညွတ်ညွတ်နဲ့ပူးပေါင်းရေးလမ်းကြောင်း၊

(၂)ကိုယ့်အဖွဲ့အစည်းအလိုက်နိုင်ငံတော်အတွက်လုပ်ချင်လို့ရွေးကောက်ပွဲဝင်တဲ့လမ်းကြောင်း၊

(၃) နိုင်ငံတော်ပိုင်းဆိုင်ရာလိုအပ်ချက်တွေထဲက ကိုယ်တတ်နိုင်တဲ့လူမှူ့အဖွဲ့တွေလုပ်နေတဲ့လမ်းကြောင်း၊

(၄)ဘုံရန်သူမရှိတော့လို့ အချင်းချင်းပြန်ချ လမ်းကြောင်း၊

(၅) အတိတ်သမိုင်းကမကောင်းသူများကိုမပူးပေါင်း၊ဆိုုတဲ့လမ်းကြောင်း၊

ဆိုပြီး လမ်းကြောင်းတွေပေါ်လာပါတယ်။ ဆိုလိုတာက နိုင်ငံတော်အဆင့်နဲ့၊

နိုင်ငံရေးစနစ်ဆိုတဲ့အပေါ်မှာပြုပြင်ပြောင်းလဲရေးကို အများစုဝိုင်းလုပ်နေ ကြပါတယ်။

စဉ်းစားရင်လဲ အဲဒီဟာကိုဘဲစဉ်းစားကြပါတယ်။ ကျနော့အမြင်ကတော့တမျိုးပါ။

ကိုဖက်တီးရဲ့ ဈေးမရောင်းရ ဆိုင်းဘုတ်အောက်ကဆိုင်ရယ်။

ဒေါ်ဧတုန်ရေးတဲ့ အဓိပတိ စပယ်ယာတွေဟာ နိုင်ငံရေးစနစ်နဲ့ရော၊အစိုးရနဲ့ရောမပါတ်သက်ပါဘူး။

ပါတ်သက်တယ်လို့ ဆိုရင်တော့ အစိုးရဟာ ကြိမ်လုံး နေရာကဖြစ်သွားပါပြီ။

ပြောလို့ရရင်ရ၊ မရရင် အရိုက်ခံရတယ်ဆိုတာ “လူ” လို့ပြောရခက်သွားပါလိမ့်မယ်။

(ရိုင်းသွားရင်ခွင့်လွှတ်ပါ၊စေတနာစကားပါ)

လူဆိုတာ ရှက်တတ်၊ကြောက်တတ်ရပါတယ်။(ဟီရိဩတပ္ပ)။

စည်းကမ်းမလိုက်နာတာကို မရှက်တတ်တဲ့စိတ်။(ကိုပေါက်ရဲ့ မန်းဒလေး-သေးပေါက်၊အမှိုက်ပွတဲ့ပုံ)

ကိုယ့်တာဝန်မကျေတာကို မရှက်တတ်တဲ့စိတ်။(ဒေါ်ဧတုန်ရေးတဲ့ အဓိပတိ စပယ်ယာတွေ)

သူတပါးကိုကလိန်ကကျစ်ကျပြီး စီးပွါးရှာတာကိုမရှက်တတ်တဲ့စိတ်။(ဆူးလေမှငွေလဲ ဝယ်/ရောင်း များ)

အဲဒီဟာတွေဟာ လူတိုင်းကိုယ်ပိုင်အသိနဲ့ လုပ်လို့ရတဲ့ ဟာတွေချည်းပါ။ဘယ်အစိုးရနဲ့မှကိုမဆိုင်ပါ။

ပြောလိုတာက အစိုးရပြုပြောင်းလဲရေးတွေကိုအာရုံစိုက်လုပ်ကိုင်သူတွေများစွာရှိနေပြီဆိုတော့(ကျနော်တို့

မှာလဲတာဝန် ရှိပါတယ်၊ပါဝင်တာကတော့ပါဝင်လုပ်ဆောင်ရမှာပါ။) လူများများသိပ်မစဉ်းစားတဲ့အပိုင်း

လေးတွေကို မန်းဂေဇက်စာမျက်နှာကနေ ကျနော်တို့ လုပ်ကြည့်ချင်ပါတယ်။

၁။ဘာတွေဖြစ်နေတယ် ဆိုတဲ့ အပြစ်ပြော ရောဂါရှာ မကောင်းတာထိုင်ပြောမဲ့ အဆင့်မဖြစ်ရပါဘူး။

၂။ ဘယ်လိုပြင်သင့်တယ်ဆိုတဲ့အကြံပေးဆွေးနွေးရေးအထိလုပ်ပေးရပါမယ်။

နိုင်ငံတော်အဆင့်ကလုပ်သင့်တယ်ဆိုတာထက် လူတဦးချင်း(သို့)အစုအဖွဲ့တခုကနေ

လုပ်နိုင်တာကိုပိုလို့ဆွေးနွေးချင်ပါတယ်။လုပ်နိုင်တာတခု စဉ်းစားမိပါတယ်။

မြန်မာ့သတင်းတွေ သူကြီး စတစ်ကီ လုပ်သလိုမျိုး….

အဲဒီလိုအပ်ချက်နဲ့ အကြံပေးချက်တွဲလျှက်လေးတွေ ကို ပို့စ်တင် စတစ်ကီလုပ်စေချင်တာပါ။

ပို့စ်တခုစာဆို ရပါပြီ။ နောက်ပိုင်းရေးသူတွေက “ကော်မန့်”မှာ နေ့စွဲနဲ့ ရေးရင်အစဉ်လိုက်ဖတ်လို့

ရသွားမှာပါ။ အဓိက ပင်မ ရေသောက်မြစ်ကတော့ နိုင်ငံတော်အဆင့်တွေ၊နိုင်ငံရေးပြုပြင်ပြောင်းလဲမှု

တွေနဲ့ တိုက်ရိုက်မပါတ်သက်တဲ့ လူတိုင်းလိုက်လုပ်သင့်တာလေးတွေဆွေးနွေးဖို့ပါ။

နိုင်ငံအဆင့်ပြုပြင်ပြောင်းလဲမှူတွေဆွေးနွေးမယ်ဆိုရင်တော့ တခြားဆိုဒ်တွေနဲ့တူတူဘဲဖြစ်သွား မှာပါ။

မန်းဂေဇက်ကို ထူးခြားစွာ လစ်ဟာချက်များကိုထောက်ပြထားတဲ့ “နေရာ” ကိုယူစေချင်တာပါ။ လက်တွေ့

အကြံပေးရေး “နေရာ” ကို ရစေချင်တာပါ။ စည်းကမ်းချက်အနေနဲ့ကတော့

၁။တိုင်စာများမဖြစ်စေရပါ။

၂။သက်သက်အပုတ်ချစာမဖြစ်စေရပါ။

၃။နိုင်ငံတော်နဲ့နိုင်ငံသား၊ စာပေနဲ့လူမျိုးတွေကိုစော်ကားတဲ့စကားတွေမပါစေသင့်ပါ။

၄။မကောင်းတာတွေဘဲပြောသွားပြီး၊အကြံပေးခြင်းမရှိတဲ့စာမျိုးမဖြစ်စေရပါ။

၅။လူနာမည်တပ်ပြီးဖြစ်စေ၊လူပုဂ္ဂိုလ်ရေးကို ပြောဆိုတဲ့စာမဖြစ်စေရပါ။အပိုတွေပါလာတတ်လို့ပါ။

လက်တွေ့မဆန်တော့ဘဲ လက်ညှိုးထိုးမိုးချုပ်ကြီးတွေဖြစ်ဖြစ်နေလို့ပါ။

(ဒီနေရာမှာသူကြီးရဲ့ရှိပြီးသားစည်းကမ်းထက်ပိုတင်းကြပ်စေချင်ပါတယ်၊မန်းဂေဇက်မဲန်းဘာတွေ

အပါအဝင် ဘယ်လိုလူမျိုးရဲ့အကြောင်းကိုမှ ဝေဖန်တိုက်ခိုက်တဲ့စာမျိုးမဖြစ်စေချင်တာပါ။ ဦးနေဝင်း

ကြောင့်တိုင်းပြည် ပျက်တာမှန်ပေမဲ့ လမ်းဘေးသေးပေါက်တာကတော့ ဦးနေဝင်းနဲ့မှမဆိုင်တာဘဲနော်)

၆။ဘာသာရေးလုံးဝမပါစေရပါ။ဆိုလိုတာက သူများကိုးကွယ်ရာကိုမစော်ကားစေချင်တာရယ်။

တချို့ ဟာတွေက ဘာသာရေးအရပြောလို့ကောင်းပေမဲ့ ဘာသာမတူသူတွေက လက်မခံနိုင်ဖြစ်တတ်လို့

ယူနီဗာဆယ်ထရူ့ ကိုဘဲ အခြေခံစေချင်ပါတယ်။

၇။ ဂျာနယ်လစ်ဝါရင့်တဲ့သူကြီးကမသင့်ဘူးထင်တဲ့စာကိုဖျက်ခွင့်အာဏာယူထားပါ။

(ပြတ်ပြတ်သားသားလုပ်ပါ၊အားနာစရာမလိုပါဘူး၊သည်နေရာမှာ ဗြုန်းထဲခဲကျ

ရောသမမွှေပေါက်ကရ တွေလာတင်ရင် တန်ဖိုးကျသွားပါလိမ့်မယ်)။

——————-

ဒီကနေ့

စာတွေထဲကဥပမာ ထုတ်ပြရရင် မပဒုမ္မာရဲ ့လက်ရေး ပို့စ်လေးလိုဟာမျိုးပါ။ လူ့အသက်ထိ အရေးပါတဲ့

ပြုပြင်ပြောင်းလဲရေးပါ။ ဆရာဝန်ဆိုတာလူ့အန့္ဒမဟုတ်ပါဘူး။လူ့တိက္ခတွေ၊လူ့အဖိုးတန်တွေပါ။

ဒီစာမျိုးကိုဖတ်မိရင် သူအသိတရားတခု ရနိုင်ကောင်းပါတယ်။ ဆရာဝန်တယောက်ဒီစာကို ဖတ်ပြီးသူ့

လက်ရေးလေးပြင်လိုက်မယ်ဆိုရင်လူတယောက်ရဲ့ အသက်ကိုကယ်ရာရောက်ချင်လဲရောက်သွားမှာပါ။

တိုက်ရိုက်ကြီး —ခင်ဗျား လက်ရေးပြင်ရေးဗျာ လို့သွားပြောလို့ သူလက်မခံပါဘူး။

သူတို့လိုလူမျိုးတွေကို ခုလို မသိမသာ လမ်းကြောင်း ရတာမျိုးဆိုတာသူကြီးလဲသိမှာပါ။

ပြီးတော့နိုင်ငံတော်အဆင့်နဲ့ ကွန်ပြူတာစနစ်တွေလုပ်ဖို့ဆိုတာကလဲ မြေကြီးချည်းဘဲရှိတော့တဲ့

ကျနော်တို့နိုင်ငံအတွက် မနက်ဖန်၊သန်ဘက်မလုပ်နိုင်သေးပါဘူး။ အဲ ဖတ်မိသွားတဲ့ဆရာဝန်က

သူ့လက်ရေး သူ ပြင် တာကျတော့ ချက်ချင်းလုပ်နိုင်ပါတယ်။ အရမ်းကိုမြန်ပါတယ်။

လက်တွေ့ကျပါတယ်။ ဘယ်နှစ်ယောက်ပြင်သွားမှာမလို့လဲ မေးစရာရှိပါတယ်။

ကြယ်ငါးလေးတကောင်ပါ။ တယောက်ပြင်ရင် ကိုဘဲ မြတ်ပါတယ်။

တယောက်မှ မပြင်ဘူး ဆိုရင်ကောကွာတဲ့။

ဟုတ်ကဲ့ပါ။ သူကပညာတတ်ပါ၊ သူ့စိတ်မှာ ကောင်းတယ်ဆိုတာကိုမှတ်သားမှာပါ။

နောက်နောင်မှာ အဲဒီ “အဝဲယျားနက်=အသိတရား” ကသူ့ကို အော်တိုရီမိုင်း =အလိုလိုပြန်သတိရစေ

ပါလိမ့်မယ်။အဲဒီအချိန်ကျ သူပြင်ပါလိမ့်မယ်။

ဆိုလိုတာက ” အသိတရား ” တော့ပေးလိုက်နိုင်မှာပါ။

လက်တွေ့အကြံပေးစကားလေးပြောကြည့်ရရင် လက်ရေးလှအောင်မရေးရင် သေဒါဏ်ပေးမယ်ဆိုရင်

လူတိုင်းလှအောင်ရေးမှာပါ။ အဲဒီလို ဆိုတော့ အချိန်လေး စက္ကန့်ပိုင်းလောက် စိတ်ရှည်ရှည်ထားပြီး

ရေးလိုက်ရင် အရင်ထက်ပို ကောင်းသွားမှာပါ။

နောက်လူနာကစောင့်ရမဲ့အချိန်ကအရေးကြီးကောင်းကြီးပါလိမ့်မယ်။ဒါပေမဲ့ လက်ရှိလူနာအသက်

ကိုကယ်တင်ရေး ကလဲ အရေးကြီးတာပေါ့ဗျာ။

———————–

အဲဒီလိုလေးတွေ ကျနော်တို့ရေးနိုင်ပါတယ်။အသိတရားပေးနိုင်ပါတယ်။

ထူးခြားတဲ့ ခေါင်းစဉ်နဲ့ထိပ် တက်ကပ်နေရင် ဝင်လာသူကဖတ်မိမှာပါဘဲ။

ဆက်ရရင် ဒီဂေဇက်မှာ အတွေးအခေါ်ကောင်းသူတွေများစွာရှိကြောင်း ကျနော့ရဲ့

ဆီမီနာတွေကတဆင့်သိခဲ့ရပါတယ်။ ဆီမီနာလုပ်တာက တားဂက်တခုပေးပြီးစင်ထိုးလိုက်တာပါ။

စင်ပေါ်တက်လာတဲ့ သူတွေရဲ့ အဲဒီ ဘောင်ထဲက (ပြန့်ကျဲမနေတဲ့) အဖိုးတန်အတွေးအခေါ်တွေဖတ်ချင်လို့ပါ။

သည်ကနေ့ လူ့ဘောင်ဟာ ပညာရှင် ပညာတတ် ဆိုတာ အရမ်းကိုများသွားပြီ။

ဘယ်လိုဘဲ ပညာရှင် ပညာတတ်များပါစေ၊ အတွေးအခေါ်ကောင်းတဲ့ သူဆိုတာကတော့

နည်း နည်းလေးဘဲ ရှိနေအုန်းမှာပါ။ အမေစု ၂ ယောက်မရှိလာပါဘူး။ စတိဂျော့ဗ် ၂ ယောက်မရှိပါ။

အဲဒီထက်ပိုပြောရရင် နှလုံးသားလှသောအတွေးအခေါ်ကောင်းသူများကိုကျနော်က ပညာရှင်၊

ပညာတတ်တွေထက်ပိုလို့တန်ဖိုးထားလေးစားပါတယ်။ ပညာဆိုရင်သင်ရင် တတ်ပါတယ်။

ကြိုးစားရတာတော့ရှိပါတယ်။ အတွေးအခေါ်ကောင်းဖို့နဲ့ နှလုံးသားလှဖို့ကတော့ အဲဒီထက်

ပိုခက်ပါတယ်။ ဟုတ်ကဲ့။ ကိုပေါက်(မန်းဒလေး) ဆိုရင် ခင်ဗျားတို့ငြင်းနိုင်ပါ့မလား။။

သူ့အတွေးအခေါ်၊သူ့စေတနာနှလုံးသားတွေမြင်သာထင်သာကြီးပါ။

တချက်ချက် ထဆော် လိုက်တဲ့ ကို(ဦး)ဖက်တီးကလဲ လက်သံပြောင်တယ်ဆိုတာသိမှာပါ။

ဟိုနေ့က မမ ရဲ့ စာတွေကိုဘလက်ဖော်ထုတ်လို့ပြန်ဖတ်ကြည့်မိတယ်။

အားလုံးအနှစ်တွေချည်းပါလားလို့ စဉ်းစားမိလိုက်တယ်။ စာရေးနည်းပြီး ရေးသမျှစာတွေမှာ

အတွေးအခေါ်၊စေတနာအပြည့်ပါတဲ့ မမ၊ မပဒုမ္မာ၊မပူးချ် ၊မမိုးဇက် တို့ရဲ့အတွေးအခေါ်တွေကလဲ

ပြောင်မြောက်တယ်ဆိုတာ ကျနော်ပြော စရာတောင်လိုမယ်မထင်ပါဘူး။ ကျနော်ရေးခဲ့တဲ့

စာတွေထက်တောင် သူတို့ရဲ့ စာတွေ ကပိုပြီး လက်တွေ့နဲ့ နီးစပ်လှပါတယ်။

ကျနော့ပေတံအရ စာကောင်းပေမွန်တွေချည်းပါဘဲ။ အကြောင်းအရာတခုကို

လေးလေးနက်ထားဆွေးနွေးတတ်သူတွေလဲ အများကြီးပါဘဲ။စာရင်းတင်မယ်ဆိုအကုန်လုံးနီးပါးပါ။

——————————————–

အဲဒီလိုအတွေးအခေါ်ကောင်းသူ အဲဒီ အရည်အချင်းတွေနဲ့ပြည့်စုံနေတဲ့ သည်နေရာမှာ ကျနော်တို့

ရဲ့ပြန့်ကျဲနေတဲ့အတွေးတွေကိုပူးပေါင်းတဲ့ ” ပူးပေါင်းတွေးခေါ်ခြင်းမှအကြံကောင်းများကဏ္ဍ”

ကိုဖန်တီးကြည့်ချင်ပါတယ်။ အကြောင်းအရာတခုထဲကို ကွန်ဆဲန်ထရေး=အလေးပေး လုပ်ပြီးတွေးမိ

တာမျိုးကိုရေးမှာမို့ စူးကနဲ ဒက်ကနဲ ထိချက်ပြင်းမလားလို့ စဉ်းစားရင်း ဟင်းစားနဲ့ကွန်ချက်ကိုတွက်ချက်၊

လက်သွက် စွာရေး အကြံပေးရေး မနှေးခုပင် စ။ ပါလို့

~~~~~~~~~~~~~~~~~~~~~~~

လေးစားခင်မင်စွာ

မောင်သစ်မင်း

82 comments

  • Khin Latt

    January 26, 2012 at 10:08 pm

    ကြုံတုန်း အလာပ သလာပ လိုက်မိတာစောဒီး ပါ။
    နောက်ဆို ဆင်ချင်ပါ့မယ်ချင့်။ 😉

  • captainamerica

    January 26, 2012 at 11:07 pm

    သူဂျီးရေ ကျွန်တော်ကွန်မန်.က ဘီလိုဖြစ်လို.ပျောက်သာွးရတာတုန်း????????

  • aye.kk

    January 26, 2012 at 11:22 pm

    အမှားကိုမြင်၊အမှန်ပြင်ပါ့မယ်။

  • captainamerica

    January 27, 2012 at 1:06 am

    အင်း ဖစ်မှဖစ်ရလေခြင်း ဟာသဘဲ 😀 😀 😀

  • တောတွင်းပျော်

    January 27, 2012 at 1:33 am

    ပြီးခဲ ့တဲ ့ တရုပ်နှစ်သစ်ကူးအားလပ်ရက်အတွင်း မြိ ု ့ထဲကိုဈေးဝယ်ကိစ္စနဲ ့ရောက်..
    မလေးရှားမြိ ု ့တော် KLရဲ ့လူစည်ကားဆုံး kotaraya ဝန်းကျင်မှာ လူတွေကကြိတ်ကြိတ်တိုး
    လူအုပ်ကြားတရွေ ့ရွေ ့တိုးရင်း ရုတ်တရက် လူနှစ်ယောက်ကိုတွေ ့လိုက်ရတယ်။
    နှစ်ယောက်စလုံးကမူးနေ၊ တစ်ယောက်ကရမ်း၊တစ်ယောက်ကထိန်းပေးနေ…
    ဒီကထိန်းပေးလေ…ဟိုတစ်ယောက်ကသောင်းကျန်းလေ…
    နောက် အကျီင်္ကိုဖြဲချွတ် ဓါတ်တိုင်ကို နဖူးနဲ ့ပြေးဆောင် ့ပြ……
    အဲဒါ..
    မြန်မာကွ………..!
    _________________________________________________________
    အထက်အစိုးရပိုင်းက ပြ ုပြင်ပြောင်းလည်းဖို ့လုပ်ဆောင်နေချိန် ကျနော်တို ့က တဟေးဟေးနဲ ့
    လက်ခုပ်တီး အားပေးရုံသက်သက် ရပ်တည်နေကြအုံးမှာလား…?
    ကျနော်တို ့နိုင်ငံကြီးတိုးတက်သည်ဖြစ်စေ၊ဆုတ်ယုတ်သည်ဖြစ်စေ ကျနော်တို ့ကိုယ်တိုင်ဟာ
    နိုင်ငံကြီးသား ပီသတဲ ့အပြ ုအမူအကျင် ့အကြံတွေရှိကြရမယ်။အတွေးအခေါ်ကအစ ရင် ့ကျက်တတ်အောင်
    ဆင်ခြင်နေထိုင်တတ်ရမယ်။

    ကျနော်တို ့တစ်တွေဟာ ဒီရွာလေးထဲမှာ မိသားစုသဏ္ဍာန် အသိုင်းအဝိုင်းလေးတစ်ခုဖြစ်နေတယ်။
    ဒီထဲမှာရှိကြတဲ ့မိသားစု ရွာသားများရဲ ့ အတွေ ့အကြံ ု၊ဗဟုသုတ၊အကြားအမြင်တွေ တစ်ဦးကိုတစ်ဦး
    လေးလေးစားစားဖလှယ်ရင်း၊ ထောက်ပံ ့အားပေးကူညီရင်း၊ မိသားစုဂေဇက်ရွာကို အိန္ဒြေရရ အရှည်တည်တန် ့ခိုင်မာ
    သန် ့ရှင်းအောင်ပြ ုစုစောင် ့ရှောက်ရင်း၊ မိမိနဲ ့မိမိပတ်ဝန်းကျင်ကို တည် ့မတ်ပြ ုပြင်ရင်းနဲ ့
    ့ကိုယ်ကိုတိုင်က အစပြ ု..ပြ ု…ပြ ု
    အား…မရေးတတ်တော ့ဘူး…….
    ဂေဇက်ပေါ်ထားတဲ ့ကိုသစ်မင်းရဲ ့ သံယောဇဉ်နဲ ့စေတနာကိုတော ့ မြင်တွေ ့ခဲ ့ပါတယ်။
    ______________________________________________________________

    ကောင်းကင်ကြီးကိုသာ မော ့ကြည့်
    ပရမ်းပတာလွတ်လပ်ခြင်းတွေနဲ ့အတူလမ်းလျှောက်တတ်ခြင်းက
    တောတွင်းပျော်ရဲ ့တန်ဖိုးကို မှတ်တမ်းပေးခဲ ့သည်။

  • MTY

    January 27, 2012 at 10:01 am

    ကိုသစ်မင်းကြိုဆိုပါတယ်။
    အဆင့်အတန်းရှိတဲ့ဂေဇက်ဖြစ်စေချင်တာလဲကျွန်တော့်မျော်လင့်ချက်ပါ။
    တစ်ခါတစ်လေcommentတွေကအစဆဲရေးတိုင်းထွာနေတာတွေ့ရတော့စိတ်ပျက်မိတယ်။
    မရေးတတ်၊မဝေဖန်တတ်လဲ၊လဲဝင်ဖတ်သွားပေါ့။ဒီကရေစီမှာလွတ်လပ်စွာကွဲလွဲခွင့်ရှိတာဘဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 27, 2012 at 10:08 am

    ကျုပ်ဘဲ ဝေးတာလားသိဘူး ကျုပ်အဝင်ပါပေါ့ဗျာ
    တစ်ယောက်မှကို မဆွေးနွေးကြသေးဘဲနဲ့
    ဘာတွေလိုက်စောက်ပြောနေဂျလဲသိဘူး
    ဆိုတော့ကာ
    ခင်ဗျားတို့ဟာက
    လမ်းခင်းဘို့ ရပ်ကွက်ပိုက်ဆံကောက်ပြီး အဲ့သည်ပိုက်ဆံနဲ့
    လက်ဘက်ရည်ဝိုင်းသောက်နေကြသလိုမျိုးဖြစ်နေတယ်လို့
    မညှာမတာဝေဖန်လိုက်ပါတယ်

  • char too lan

    January 27, 2012 at 2:39 pm

    စည်းကမ်းမလိုက်နာတာကို မရှက်တတ်တဲ့စိတ်။(ကိုပေါက်ရဲ့ မန်းဒလေး-သေးပေါက်၊အမှိုက်ပွတဲ့ပုံ)
    ကိုယ့်တာဝန်မကျေတာကို မရှက်တတ်တဲ့စိတ်။(ဒေါ်ဧတုန်ရေးတဲ့ အဓိပတိ စပယ်ယာတွေ)
    သူတပါးကိုကလိန်ကကျစ်ကျပြီး စီးပွါးရှာတာကိုမရှက်တတ်တဲ့စိတ်။(ဆူးလေမှငွေလဲ ဝယ်/ရောင်း များ)
    အဲ့ဒါတွေကိုလုပ်နေတာက လူများစု ပြုပြင်ဖို့ထိန်းသိမ်းဖို့ပြောပြနေ လုပ်ပြနေရတာကလူနဲစုဖြစ်နေလို့ ထိရောက်မှုနဲတာပါ။ ပီးတော့ ဒီနိုင်ငံမှာ လူတွေစည်းကမ်းရှိဖို့ နေရာတိုင်းမှာ လူတွေလူလိုစနစ်တကျနားလည်ဖို့ ဦးဆောင်ပေးမယ့် အမိန့်ရခေါင်းဆောင်ကောင်းကောင်းနဲ့ အဖွဲ ့အစည်းကောင်းကောင်း ရှိစေချင်တယ် (မရှိဘူးထင်လို့ပြောတာနော်)။
    မြို့တော်သန့်ရှင်းဖို့စည်ပင်ကလုပ်ပေးတာမှန်ပေမယ့် ရန်ကုန်တစ်မြို ့လုံး သန့်ရှင်းပေးဖို့အတွက်ကျတော့ စည်ပင်ဝန်ထမ်းကနဲလွန်းနေပြန်ပါတယ်။ စည်ပင်ဝန်ထမ်းတွေကိုယ်တိုင်ကလဲ စည်းကမ်းမရှိကြပါဘူး။ {ဘာလို့အဲ့လိုပြောလဲဆိုတော့ရပ်ကွက်အတွင်းမှာညတိုင်းစုပုံပေးရတဲ့ တော်ရုံအမှိုက်ပုံသေးသေးတစ်ခုဆို သူတို့လိုချင်တာ ရှာဖွေယူနေတာနဲ့ အပုံအကြီးကြီးဖြစ်သွားလို့ပါလေ.. 🙁 }
    စည်းကမ်းမရှိတာကျတော့ တစ်မြို ့လုံးနီးပါးဖြစ်နေတာပါ။ ဒဏ်ငွေ၊ ကြိမ်ဒဏ်၊ ဘာဒဏ်၊ ညာဒဏ်တွေ စနစ်တကျနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့လိုနေပါပီ…………… အဲ့လိုအဖွဲ ့အစည်းတွေပေါ်လာပီးမှ လစာကောင်းလျှင်ဖြင့် မြို ့ထဲလမ်းတွေမှာ ကားရပ်နားရင်ရပ်နားခ ပြေးပီးလာကောက်တဲ့လူလိုမျိုး ကိုယ်တာဝန်ကျတဲ့နယ်မြေမှာ အမှိုက်ပစ်တဲ့လူကိုဆွဲပီး ဒဏ်ငွေကောက်တဲ့ ဝန်ထမ်းဖြစ်ချင်ပါတယ်ဗျာ……. 😀

  • Mr. MarGa

    January 27, 2012 at 4:07 pm

    ဦးမာဃ လဲ ဒီကိစ္စကို စိတ်ဝင်စားပါတယ်
    အစ်ကို သစ်မင်းရဲ. ရည်ရွယ်ချက် တော်တော် ကောင်းပါတယ်
    ဒါမျိုး ဖြစ်သင့်တာ ကြာပါပြီ။
    တင်လာသမျှ ပို့စ် တွေထဲကနေမှ အကောင်းဆုံးနဲ. အကျိုးအပြုနိုင်ဆုံးကို ရွေးထုတ်မယ်ဗျာ
    နောက်ပြီး ပွိုင့်ထပ်တိုးပေးမယ်
    ဂေဇက်ရဲ. ဦးတည်ချက်နဲ. ဆန်.ကျင်တာတွေ နောက်ပြီး အများက မတင်သင့်ဘူးလို. ယူဆတာတွေကို ဖြုတ်မယ်
    ဒါဆိုရင် ကျွန်တော်တို.ရဲ.ဂေဇက်ဟာ အများလေးစားတဲ့ ဆိုက်တစ်ခု ဖြစ်လာမယ်လို. ထင်ပါတယ်
    အခုလဲ လေးစားခံရမှု မရှိဘူးလို. မဆိုလိုပါဘူး
    ပိုလေးစားလိမ့်မယ်လို. ပြောချင်တာပါ။
    ဒီကိစ္စ ကို သူကြီးလဲ သေချာ စဉ်းစားပြီး တစ်ခုခု လုပ်ပေးပါလား
    လေးစားစွာဖြင့်
    ဦးမာဃ(ခေတ္တ လူ.ပြည်)

  • nayminn

    January 27, 2012 at 4:59 pm

    ” Everyone thinks of changing the world , but no one thinks of changing himself ”

    ” Leo Tolstoy “

  • MaMa

    January 27, 2012 at 8:18 pm

    (ရွာသူားတွေ.. လွတ်လပ်စွာရေးသားတိုင်ပင်ကြစေလိုပါတယ်နော…
    သေသေချာချာ စောင့်ဖတ်နေပါတယ်..)

    သဂျီးကတော့ တာဝန်ကျေပါပေတယ်။ ကိုရီးယားတွေလို ပြောရရင်ဖြင့် ပင်ပန်းလိုက်ပါဦး။ 😛

    င်္ဆြာသစ်ရေ-
    အရင်တုန်းက အင်္ဂလိပ်လိုကော်မန့်တွေရေးရေးနေတာကို ကိုဇော်မင်းနဲ့ မှားမှားနေလို့ သတိထားမိတယ်။
    ကိုယ့်ပိုစ့်မှာ လာရေးရင်တော့ အဓိပ္ပါယ်ပေါက်အောင် ၂ခါ ၃ခါ ပြန်ဖတ်တယ်။
    သူများပိုစ့်တွေမှာရေးတာတွေ့ရင်တော့ မဖတ်ဖြစ်တော့ဘူး။
    ဆြာသစ်ကို စပြီး သတိထားမိတာက ဝါးရုံတောက ဘီးလေးလုံးနှင့် ကျွန်တော်တို့။
    (မှတ်မိသလောက်ရေးတာမို့ ခေါင်းစဉ်က အပြည့်အစုံမှန်ချင်မှ မှန်ပါလိမ့်မယ်)
    အဲဒီပိုစ့်ကို ဖတ်ပြီးကတည်းက ဆြာသစ်ပိုစ့်တွေကို သတိထား ဂရုစိုက်ပြီး သေသေချာချာ ဖတ်ပါတယ်။
    ဖတ်ရှု့မှတ်သားတယ်ဆိုရင် ပိုမှန်မလားပဲ။
    ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့ အဲဒီလို စာတွေ ဖတ်ရမယ်လို့လည်း မြင်မိတယ်။
    ကိုယ်တိုင်ဖတ်ပြီး ဆွေမျိုးမိတ်ဆွေတွေကိုလည်း လက်တို့ဖြစ်ခဲ့တာပေ့ါ။
    ကျမတို့က ဘဝမှာ ကြုံတွေ့လာရတဲ့ အဖြစ်အပျက်တွေကို ပြန်ပြောပြရာမှာ ဆြာသစ်တို့လို ပညာရှင်တွေက ဖြည့်ဆည်းပေးတာ၊ ကွန်ချက်ပြတာ၊ (အချိန်ပေး အလေးထားတာတွေ) ကို ဝမ်းမြောက်ဝမ်းသာ လှိုက်လှဲစွာ ကြိုဆိုပါတယ်။
    ဒီဆိုဒ်ကို လာတဲ့လူတွေထဲမှာ လူအမျိုးမျိုး စရိုက်အထွေထွေ ဆိုသလို လူပေါင်းစုံပါဝင်လာကြတာမို့ အကြောင်းအရာ၊ အတွေးအခေါ်တွေလည်း စုံလင်နေတာပေ့ါ။
    သဂျီးပြောသလို မတူတဲ့အတွေးနဲ့ ရေးသားပြောဆိုနေကြတာဟာ ဆြာသစ်ပြောသလို စတုဒီသာမဏ္ဍပ်ကြီးမှာ ဟင်းမျိုးစုံ၊ အရသာမျိုးစုံနေသလိုပေ့ါ။
    ပြောချင်တာကတော့-
    ရွာထဲမှာ တစ်ယောက်တိုးလို့ တစ်မျိုးပိုလှတာမို့ ဒီရွာကြီးဟာ အရင်ကထက် စည်ပင်ဖွံ့ဖြိုးလာတယ်ဆိုတာ လူတိုင်းသတိထားမိကြမယ် ထင်ပါတယ်။
    တစ်ယောက်နဲ့တစ်ယောက် ကြည်လင်သောအမြင်တွေနဲ့ ပေါင်းစည်းကြခြင်းဖြင့် ပိုမိုကောင်းမွန်ဖွံ့ဖြိုးနိုင်ကြပါစေလို့လည်း ဆန္ဒပြုမိပါတယ်။

  • thit min

    January 27, 2012 at 8:45 pm

    ကျနော် လေးစားခင်မင်ရသောမိတ်ဆွေများခင်ဗျား
    ကော်မန့်တွေအရရွာထဲကလူရင်းတွေရဲ့ သဘောထားကို နားလည်နိုင်သွားပါတယ်။
    အားလုံးသော ရွာသူရွာသားတို့ရဲ့ စာလေးတွေကို ညီတူမျှတူ အလေးပေးစေချင်တဲ့
    စေတနာနဲ့ ခုလိုစဉ်းစားပြီး ပြောခဲ့ပါတယ်။
    ကျနော့ အပေါ်မှာ အထင်မြင်လွဲသူတွေရဲ့ ကော်မန့်မှာအိုင်ပီတွေပါလာတာမို့ကြည့်မိပြီး
    စိတ်မကောင်းဖြစ်ရပါတယ်။
    ကျနော်က အားလုံးစည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ဖြစ်စေချင်တာပါ။
    ဂေဇက်ကိုအလည်လာတဲ့ “ဧည့်သည်ကျနော်” ဟာ ဂေဇက်ကိုကောင်းစေချင်တဲ့ စေတနာတွေပိုမိခဲ့ပါတယ်။
    အားလုံးကိုလက်တွဲခေါ်တာမျိုးထက်ပိုတဲ့ ဦးဆောင်ကြပါလို့ ကျနော်ပြောနေခဲ့တာပါ။
    ဒါပေမဲ့ ကျနော့စာလေးကိုတောင်နားလည်အောင် မဖတ်တော့ဘဲ ရေးတဲ့စာနဲ့ မဆိုင်တဲ့ ကော်မန့်တွေ
    ကြောင့် ဘာကိုဦးတည်နေသလဲဆိုတာသိသာပါတယ်။

    ကျနော့ တယောက်ထည်းက အားလုံးရဲ့ အနှောင့်အရှက်ဖြစ်နေတယ်။ဖြစ်ခဲ့တယ်ဆိုရင်တော့
    စေတနာအမှားအတွက် ခွင့်လွှတ်ကြပါ။
    အားလုံးပျော်ရွှင်နိုင်ပါစေလို့ ဆုမွန်ချွေရင်း
    မေတ္တာဖြင့်
    မောင်သစ်မင်း

  • wailinn

    January 27, 2012 at 8:48 pm

    ပို့စ် ပိုင်ရှင်ဆြာဂျီး
    ကျုပ် comment ကို ဖျက် လိုက်ရလို့ ကျေနပ်ပလား
    ခင်ဂျားသာ စည်းကမ်းထိမ်းသိမ်းသူဆိုရင်
    ကျုပ်တော့ အထုတ် ခံရမှာ ကျိမ်းသေပဲဗျို့
    ကိုယ့်ကိုကိုယ် အရင်ပြင်ဖို့ ကြိုးစားပါဦး ။

    • thit min

      January 27, 2012 at 9:03 pm

      အထင်လွဲမှုတွေအဆုံးသတ်သင့်ကြောင်းပါဗျာ။
      လေးစားပါတယ်။

  • nature

    January 29, 2012 at 12:04 am

    လေးစားရပါသော ဆရာသစ်ရေ-
    ကျွန်တော်ဟာ ဆရာသစ်ရဲ့ ဗဟုသုတများစွာရစေတဲ့ စာတွေကိုဖတ်ပြီး ဆရာသစ်ကို စီးပါွးရေးပညာရှင်တယောက်အဖြစ်မြင်ပြီး လေးစားမိပါတယ်။ ဆရာသစ်ရဲ့ ပိုစ့်တွေကိုမန့်ဖို့ အကြိမ်တော်တော်များများကြိုးစားခဲ့ပေမဲ့လဲ ဆရာသစ်ကိုလေးစားတဲ့အနေနဲ့ ပေါ့ပေါ့ဆဆ မမန့်ရဲတာကြောင့်မမန့်ဖြစ်ခဲ့တာက များပါတယ်။

    ဆရာသစ်ရဲ့ပညာသားပါတဲ့ ပိုစ့်တွေ တက်လာရင် ကျွန်တော်တို့လို စိတ်ထဲရှိတာလျှောက်ရေးတဲ့ ပိုစ့်တွေဟာ စိန်ကောင်းကျောက်ကောင်းရောင်းဝယ်တဲ့နေရာမှာ ဆေးရိုးသည် ကန့်လန့်ကန့်လန့် ဆိုသလိုဖြစ်မှာစိုးလို့ ရေးရမှာ တွန့်ကုန်တယ်ဆိုတာကတော့ ကျွန်တော်ကိုယ်တိုင်ဖြစ်ခဲ့ဘူးပါတယ်။ ဒါကိုတော့ဆရာသစ်အနေနဲ့သိချင်မှသိမှာပါ။ ဒါလေးကိုလည်းဆရာသစ်အနေနဲ့ ကိုယ်ချင်းစာပေးစေလိုပါတယ်။ ဆရာသစ်နဲ့မန်းဂေဇက်ဟာ ကျွန်တော်ဖတ်ဖူးတဲ့သိုင်းဝထ္ထုထဲကလိုပြောရမယ်ဆိုရင်တော့ သူရဲကောင်းများဟာ မိန်းမချောလေးနဲ့လိုက်ဖက်တယ်ဆိုသလိုပဲ အင်မတန်လိုက်ဖက်တယ်လို့မြင်ပါတယ်။ မြင့်သောသစ်ပင်ဟာလေပိုပြီးအတိုက်ခံရတတ်တယ်တဲ့။

    ဆရာသစ်ရဲ့ စေတနာအပြည့်နဲ့ အချိန်ယူပြီး ရေးတာတွေကိုမမျှော်လင့်ပဲ ဝေဖန်တိုက်ခိုက်ခံရ တဲ့အခါ ငါ့စေတနာကို အပြစ်တင်ရက်လေခြင်းဆိုပြီး အရှိုက်ကိုထိုးမိသလို ဝမ်းနည်းစွာခံစားရမယ်လို့ ဆိုတာကို ကိုယ်ခြင်းစာမိပါတယ်။ ဆရာသစ်ရဲ့ပတ်ဝန်းကျင်မှာ တော့ကိုယ့်ပညာကြောင့်ဝေဖန်အပြစ်တင်ရဲသူမရှိပေမဲ့ ရွာထဲမှာတော့လူတကိုယ်စိတ်တမျိုးဆိုသလို အမြင်မတူရင်မတူသလို လက်သံပြောင်ပြောင်နဲ့ နည်းမျိုးစုံနဲ့ တွယ်တတ်ကြပါတယ် ။ ယုတ်စွအဆုံးသူကြီးတောင် မနေရပါဘူး။ ဒီလိုအမြင်မတူတွေက အပြစ်တင်တာကို လွယ်လွယ်နဲ့အလျှော့ပေးမယ်ဆိုရင် ဆရာသစ်ကိုအပြစ်တင်ဝေဖန်တာကို ဝေဖန်မခံနိုင်တဲ့ စိတ်ဓါက် ပျော့ညံ့သူ တယောက်လို့မြင်သွားပါလိမ့်မယ်။ ဆရာသစ်ကိုဝေဖန်တဲ့သူတွေ သူတို့ရည်ရွယ်ချက် အောင်မြင်သွားလို့ လက်ခုတ်တီးပြီး အောင်ပွဲခံသွားပါလိမ့်မယ်။ အမြင်မတူသူတွေရဲ့ ဝေဖန်အပြစ်တင်မှုကြောင့် ကိုယ့်ရဲ့မှန်ကန်တဲ့လမ်းကြောင်းကသွေဖယ်သွားမယ်ဆိုတာကတော့ မဖြစ်သင့်ဘူးလို့ဆိုချင်ပါတယ်။

    လေးစားချစ်ခင်စွာဖြင့်
    nature

  • padonmar

    January 29, 2012 at 1:07 am

    ကိုသစ်ရေ
    ဒီပို့စကိုဝင်ဝင်ဖတ်တာ အကြိမ်မနည်းတော့ဘူး၊
    စိတ်ဓာတ်ပြုပြင်ရေးပို့စတွေကို စတစ်လုပ်ပေးစေချင်တာ၊ကဏ္ဍလေးတစ်ခုပေးစေချင်တာ သဘောတူပေမယ့် ကိုသစ်က ကျွန်မလက်ရေးပို့စကို နမူနာပေးထားတာဆိုတော့ ကိုယ့်အချင်းချင်း ဘုတ်ကျီးမြှောက် ကျီးဘုတ်မြှောက်လုပ်နေကြတယ် အထင်လွဲမှာစိုးလို့ ပြန်ပြန်လှည့်သွားမိပါတယ်။
    ကျွန်မက တစ်ခါပဲ စတစ်လုပ်ပေးခံရဘူးတော့ စတစ်လုပ်ထားရင် ဖတ်သူမန့်သူ ဦးရေ အများကြီးပိုများတာသတိထားမိပါတယ်။
    ကိုပေါက်ရဲ့ လမ်းဘေးစိုပြေရေးတို့ ဦးဖက်ရဲ့ ဈေးမရောင်းရဆိုင်းဘုတ်တို့လို လူတွေမမှန်တာလုပ်တာရှက်စရာဆိုတဲ့ အသိဝင်စေတာလေးတွေ လူများများဖတ်မိသိမိစေချင်တာလည်း အမှန်ပါပဲ။
    ကျွန်မသဘောသက်သက်ဆိုရင်တော့ ၁၀၀% ထောက်ခံပါတယ်။
    လူဆိုတာက အရသာအမျိုးမျိုးခံတတ်ကြိုက်တတ်ကြလေတော့ အကြိုက်ချင်းတော့မတူနိုင်ပေဘူးပေါ့နော်။
    ဒူးရင်းသီးဘယ်လောက်ကောင်းကောင်း ကြိုက်ချင်မှကြိုက်ကြမှာပေါ့။
    ကျန်းမာရေးအတွက်မသင့်ဘူးလို့သိပေမယ့် ဝက်သားဒုတ်ထိုးကို ငရုပ်ဆီနီရဲရဲနဲ့ စားရမှ အာသာပြေတဲ့
    ပညာတတ်တွေလည်းရှိတာပဲလေ။

    ဂေဇက်ကို အလှူမဏ္ဍပ်ကြီးလို့ ကိုသစ်ပဲရေးခဲ့တယ်မလား၊
    ကိုသစ်က ဒီမှာ ဧည့်သည်မဟုတ်တော့ဘူးလေ၊ကြယ်နှစ်ပွင့်ရ အိမ်ရှင်မိသားစုဝင်ပါ။
    အလှူမှာ ကြက်ဆီပြန် ငါးသလောက်နှပ်မစားပဲ အချဉ်သုပ်နဲ့ ငပိရည်က စားကောင်းသွားတာလည်းရှိမှာပါ။
    ချက်ထားတာတစ်ခုမှ အပေါက်အလမ်းမတဲ့ဘူးဝေဖန်ချင်လည်းဝေဖန်သွားကြမှာပဲ။
    ဒီတစ်ခါ မကြိုက်ကြသေးရင် နောက်တစ်ခါချက်ရင် ထပ်မြည်းကြအုံးပေါ့။
    ဒါတွေဟာ လောကဓံ နိန္ဒံ ပသဿံ တွေလေ။
    ွှဒါကို စိတ်ပျက်လို့ ကိုယ်ရေးသင့်တာ မရေးပဲနေလို့ မရဘူးနော်၊
    (ကိုဘလက်လိုပဲ ခြိမ်းချောက်လိုက်မယ်)

    နောက်တစ်ခု ပြောချင်တာက
    ကျွန်မတို့က အပြင်မှာတွေ့ဖူးသည်ဖြစ်စေ မတွေ့ဖူးသည်ဖြစ်စေ တစ်ယောက်စာတစ်ယောက်ဖတ်ပြီး စိတ်ချင်းရင်းနှီးကြတော့ မောင်ရင်းနှမတွေလို ခင်မင်မိကြတယ်၊ တစ်ယောက်နဲ့တစ်ယောက် ကော်မန့်တွေမှာတွေ့ရင် ရင်းရင်းနှီးနှီး နှုတ်ဆက်မိ၊စမိနောက်မိတတ်ကြတယ်
    ဒါလေးတွေ ဖတ်မိရင် ရွာသူရွာသားတွေ ချစ်ချစ်ခင်ခင်ရှိပါလားလို့လည်း မုဒိတာပွားမိပါတယ်။
    ဒါပေမယ့် တစ်ဖက်က စဉ်းစားကြည့်လိုက်တော့လည်း ဂေဇက်က အများဆိုင်စာမျက်နှာဖြစ်တော့
    အလှူမှာ ဘုန်းကြီးပွဲအကျကို ကိုယ့်သူငယ်ချင်းတွေ လက်တို့ကျွေးမိရင် အများမျက်စောင်းထိုးစရာဖြစ်နေသလားလို့၊ကျွန်မတို့ ဆင်ခြင်ဖို့ပါ။

    • Khin Latt

      January 29, 2012 at 3:17 am

      အစ်မ ပဒုမ္မာ ရေ – ဆင်ခြင်စရာ ထုတ်ပြတာလေး ကို နမူနာ နဲ့ရှင်းပြတာ အလွန်သဘောကျ သွားပါတယ်။
      အပြင်မှာ တကယ်လုပ်နေကျကိုး။
      ကျွန်မ လဲ သတိထားပြီး လိုက်နာပါ့မယ်။
      ကျေးဇူးပါဘဲ အစ်မရေ။ 🙂

  • thit min

    January 29, 2012 at 3:11 am

    လေးစားခင်မင်ရပါသောကိုနေးချား
    လေးစားခင်မင်ရပါသော မပဒုမ္မာ

    ကျနော်ကို စိတ်ပူပြီး ခုလို တခုတ်တရပြောကြတဲ့အတွက် လွန်စွာ ဝမ်းသာကျေးဇူးတင်ကြောင်း
    ပြောပါရစေခင်ဗျာ။
    ကျနော့စာရဲ့ ရည်ရွယ်ချက် လေး ကို ထပ်ပြောပါရစေ။ပြောချင်လွန်းလို့ပါ 🙂

    ပြည်တွင်းမှာရှိတဲ့ အားနဲချက်၊လိုအပ်ချက်တွေကို တနေရာထဲမှာ စုပြီး ထားစေချင်တာက
    မြင်သာစေချင်လို့ပါ။
    ဒီစာစုတွေကိုဖတ်ပြီး “အစွမ်းရှိသူု” တွေ သတိထားသွားမိစေချင်တာမျိုး၊
    တတ်နိုင်ရင် ကူညီဖြေရှင်းပေးလာတဲ့ အထိ ရည်ရွယ်တာပါ။
    ကျနော့ရဲ့ ရပ်တည်ချက်က အများနည်းတူ ဝိုင်းအကြံပေးတဲ့ ကော်မန့်ရေးသူ တယောက်ဘဲဖြစ်မှာပါ။
    ပြည်တွင်းကဖြစ်တာတွေကို သိသူတွေက ဦးဆောင်ရမှာပါ။ဦးဆောင်နိုင်သူတွေလဲများစွာရှိနေတာပါ။
    အဲဒါကတချက်ပါ။
    နောက်တချက်အနေနဲ့ ၂၀၁၂ အတွင်းမှာ အရင်ကထက် အလုပ်တာဝန် ၂ ဆတိုးသွားတဲ့ကျနော်ဟာ
    ဂေဇက်ကို အဝင်နဲတော့မယ် ဆိုတဲ့အကြောင်း ၂၀၁၁ နှစ်ကုန်၊၂၀၁၂ နှစ်စတွေမှာကတည်းက
    ပြောခဲ့တာပါ။အဲဒီလို မသွားခင်မှာ ဂေဇက်ရဲ့တိုးတက်မှုအတွက် အခန်းသစ်အနေနဲ့
    ဒါလေးရှိသွားရင်ကောင်းမယ်လို့စဉ်းစား မိလို့ ရိုးရိုးလေးအကြံပြုခြင်းပါဘဲ။
    သဘောမတူရင်လဲ မလုပ်ဘဲနေနိုင်ကြောင်း ပို့စ်ရဲ့အစမှာရေးခဲ့ပါတယ်။
    ပြီးတော့ စည်းကမ်းဆိုတာလဲ အဲဒီပို့စ်အတွက်ပါ။
    ခိုင်ခိုင်လုံလုံမရှိဘဲ လာတင်တာမျိုးတွေကာကွယ်ဖို့ပါဘဲ။
    သဘောမပေါက်စရာ အကြောင်းမရှိတဲ့ ပို့စ်က ိုလမ်းကြောင်းလွှဲပြီး တိုက်ခိုက်တာမျိုးကိုတွေ့လိုက်
    ရပေမဲ့ ကျနော် စိတ်ရှင်းတဲ့အတွက်ဘယ်လိုမှ မနေပါဘူး။ကိုယ့်လိပ်ပြာကိုယ်လုံပါတယ်။

    ကိုနေးချားရဲ့ စေတနာနဲ့ ပြောသလို ကျနော်အဲဒီအတွက် နောက်ဆုတ်အရှုံးပေးစရာအကြောင်း
    လုံးဝမရှိပါဘူး။ အခြေအနေအရပ်ရပ်တွေအပါအဝင်
    ကျနော်ဖြတ်သန်းလာခဲ့ရတဲ့ ဘဝအတွေ့အကြုံအရ ဒါမျိုးတွေဟာအကြိမ်ကြိမ်ကြုံခဲ့ပြီးပါပြီ။
    တမင်တကာကြီး တိုက်ခိုက်တာဘဲဖြစ်ဖြစ်၊ ကိုယ်တကယ်မှားလို့ လာပြောတာဘဲဖြစ်ဖြစ်
    လောကဓံသဘောကို ခံနိုင်ရည်ရှိပြီးသားပါ။
    ဒီထက်မက ဆိုးဝါးတဲ့ ရိုက်ပုတ်ထုထောင်းမှုတွေကိုတောင် ကျနော်ကျော်ဖြတ်နိုင်ခဲ့ပါပြီ။
    အဲဒီအတွက်တော့ စိတ်မပူပါနဲ့ခင်ဗျာ လို့လေးစားချစ်ခင်စွာဖြင့်ပြောပါရစေ။
    နောက်တခုက ကျနော်တို့စာတွေကောင်းလို့ နောက်လူတွေမရေးရဲဘူးဆိုတာမျိုး ကိုနေးချားက
    စပြောတာမဟုတ်ပါဘူး။အရင်လဲအဲဒီလို ပြောကြပါတယ်။
    ဒါပေမဲ့ ဒါက ကိုယ့်ယုံကြည်ချက် ကိုယ်မွေးသင့်တယ်လို့ ကျနော်ယူဆပါတယ်။(ကျနော့အထင်ပါ)
    ဘယ်သူမှ အကုန်မသိ၊မတတ်ကြပါဘူး။ အတွေ့အကြုံတွေလဲမတူနိုင်ကြတာမို့ ကိုယ့်စိတ်ကူးနဲ့
    ရေးနိုင်ကြတာမျိုးပါဘဲ။ အဲ တခုပါဘဲ။ စာမကောင်းလို့မတင်ပေးဘူးဆိုရင်တော့ တမျိုးပါ။
    ခုတော့ ဘာစာဘဲရေးရေး(စည်းကမ်းနဲ့ညီရင်)မတားပါဘူး။
    အဲဒီတော့ ကိုယ်သန်ရာ သန်ရာ ပုံမှန်ရေးနေသင့်ပါတယ်။မုဆိုးစိုင်သင် နဲ့ ပိုပိုကောင်းသထက်ကောင်း
    လာမှာပါ။ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်ပြီး ရေးနေဖို့လိုပါတယ်။ အဲဒါဆို လူတိုင်းစာကောင်းတွေ
    တနေ့ ရေးနိုင်လာမှာပါ။ ကျနော်ကိုယ်တိုင်လဲ မရေးတတ်၊ရေးတတ်နဲ့ရေးခဲ့တာပါဘဲ။
    အဲဒီတုန်းက နာမည်ကြီးတွေ၊အားပေးခံရများသူတွေ ရှိနေတာတွေ့ပေမဲ့ ကိုယ်ရေးချင်တာ ရေးလိုက်ရလို့
    “အာသာပြေ”မှု ကပို အဓိကဖြစ်နေတာမို့ ထူးထူးခြားခြားမခံစားရဘူး။
    ကျနော် ကော်မန့်တခုထဲရတဲ့စာမျိုးလဲ ရှိခဲ့ပေမဲ့ စိတ်ပျက်မသွားပါဘူး။ ကိုယ်လမ်းကိုဆက်ရှောက်ပါတယ်။
    အားလုံးကိုလဲ စိတ်ထဲမှာဘာမှ မထားဘဲ ရေးကြပါလို့ တိုက်တွန်းလိုပါတယ်။
    ကျနော်တို့အားလုံးဟာ ဖတ်စေချင်တဲ့ စေတနာနဲ့ ရေးတာမျိုးဖြစ်လို့ “စာ” ကွဲပေမဲ့ “စိတ်” တူတာမို့
    ဘယ်သူ့ ဘယ်သူမှမသာ ပါဘူးလို့ဘဲ လေးစားစွာ ပြောပါရစေခင်ဗျာ။
    မပဒုမ္မာရဲ့ နွေးထွေးတဲ့ စိတ်ပူသံလေးကိုကြားရလို့လဲ တကယ်ဘဲလှိုက်လှိုက်လှဲလှဲဝမ်းသာမိပါတယ်။
    ဟုတ်ကဲ့ပါခင်ဗျာ၊ ကျနော် နိုင်သလောက် ကျနော်ကြိုးစားပြီး ရေးပါ့မယ်။ အချိန်ကတော်တော် ရှားနေတာ
    တော့အမှန်ပါဘဲ။ ခုဒီစာတွေဖတ်ပြီး ရေးနေတာ မနက် ၄ နာရီခွဲလောက်ပါ။
    ~~~~~~~~~~~~~~~~
    လေးစားကျေးဇူးတင်လျှက်
    မောင်သစ်မင်း(^^)

    • Khin Latt

      January 29, 2012 at 3:35 am

      ကိုသစ်မင်းရေ – ဒီလို စကားကြားရတာ အများကြီးဝမ်းသာပါတယ်။
      တကယ်လို့ ကျွန်မ ရေးတာ၊ ပြောတာ တွေ မှာ ကိုယ့်ယိုးကားယား မျက်စိနောက် စရာ တွေ့လဲ ထောက်ပြပေးပါ။
      ကိုသစ်မင်း တင်မဟုတ်ပါဘူး။ ဘယ်သူမဆိုပါဘဲ။
      ကျွန်မ က အပြင်မှာလဲ ပေါက်တတ်ကရ လျှောက်ပြော ၊ဗရုတ်ကျ တတ်တဲ့ အကျင့်ရှိလို့ပါ။ 😉

      ဘာဘဲဖြစ်ဖြစ် ဒီလို မတူတဲ့ အမြင်၊အတွေး တွေ စုစည်းမှသာ ကျွန်မတို့ အမိနိုင်ငံ အတွက် အကျိုးရှိမဲ့ အမြင်တွေ၊ အတွေးတွေ ရနိုင်မှာမဟုတ်လား။
      ကျွန်မ ကတော့ ကိုသစ်မင်း ရဲ့ အားစိုက်ထုတ်မှု တွေကို လေးစား ရုံမက အားလဲကျပါ တယ် ရှင့်။

      ခင်မင်စွာဖြင့်
      အစ်မလတ်

Leave a Reply