နိုဗွီရဲ့ကင်မ်ချီ (လုပ်နည်း)

NovyJanuary 25, 20121min25216

ကင်မ်ချီလုပ်ရန်ပါဝင်သော ပစ်စည်းများ

၁). မုန်ညင်းဖြူထုပ် – ၅ဝ သား

၂). မုန်လာဥနီ –  ၁ လုံး ကြီးကြီး

၃). မုန်လာဥဖြူ – ၁ လုံး ကြီးကြီး

၄).ဂျူမြစ် – ၁ဝ သား

၅).ကြက်သွန်ဥနီ – ၅လုံးဥသေး

၆).ကြက်သွန်ဖြူ – ၃လုံးဥသေး

၇).ဂျင်း – ၂လက်မ

၈).နှမ်းလှော် – ၂ ထမင်းစားဇွန်း

၉). သကြား – ၂ ထမင်းစားဇွန်း

၁၀). ဆားနု /ဆားကြမ်း

၁၁). ငရုတ်သီးခြောက် အပုတောင့် – ၅ ကျပ်သား

၁၂). ကိုရီးယား /ယိုးဒယား ငံပြာရည် – ၂ ထမင်းစားဇွန်း

၁၃). နာနက်ပွင့် -၂ပွင့်

ပစ်စည်းတွေဆုံရင် စပြီးလုပ်မယ်နော်

မုန်ညင်းဖြူထုပ်တွေကို တစ်လွှာချင်းခွာ ရေဆေး/ရေစစ်

ပြီးရင် ဆားကြမ်းနဲ့တစ်ရွက်ချင်းစီကို သေချာပွတ် ပြီးရင် ဇလုံကြီးထဲထည့်ပြီး ၅နာရီလောက် နှပ်ထားလိုက်

ငရုတ်သီးခြောက် အပုတောင်ကို အညှာချွေပြီး ရေနွေးစိမ်ထားလိုက်

နူးလာရင် အစေးပေါက်အောင်ထောင်း / စက်နဲ့ကြိတ်လည်းရပါတယ်

မုန်လာဥနီ / ဂျင်း ကို ရေဆေးပြီး အချောင်းလေးတွေလှီထားပါ

မုန်လာဥဖြူကိုလည်း မထူမပါး အဝိုင်းလေးတွေလှီးပါ

ဂျူမြစ်ကိုလည်း ရေဆေးပြီး ၁လက်မလောက်လေးတွေဖြတ်ထားလိုက်

ကြက်သွန်နီကို အတုံးလေးတွေတုံးထား

ကြက်သွန်ဖြူကို တော့ ဓါးပြားရိုက်ထား

နာနက်ပွင့်ကိုတော့ လှော်ပြီး ထောင်းထားနော်

အစာတွေ အားလုံးလုပ်ပြီးသွားပြီ

မုန်ညင်းဖြူထုပ်တွေ နှပ်ထားတာအချိန်ပြည့်ပြီဆိုရင်တော့

ရေနဲ့ ၂-၃ခါလောက်ပြန်ဆေးပါမယ် ပြီးရင် ရေတွေစင်အောင် ဖြေးဖြေးညှစ်ပါ ဇလုံ /အိုးကြီးထဲမှာ မုန်ညင်း၊ဥနီ၊ဥဖြူ၊ကြက်သွန်နီ/ဖြူ၊ဂျင်း၊ငရုတ်သီးနှစ်၊နှမ်းလှော်၊သကြား၊ငံပြာရည်၊နာနက်ပွင့်လှော်မှုန့်၊ဂျူးမြစ်၊

ဆားနုကလွဲပြီး ကျန်တာတွေကို အကုန်ရောသမမွေပါ ( လက်အိတ်စွပ်ဖို့တော့ မမေ့နဲ့နော် )

သမသွားရင် အပေါ့အငန်မြည်းပါ ပေါ့ရင်တော့ ဆားနုလေးထည့်လိုက်ပေါ့

ပြီးရင်တော့ လေလုံတဲ့ဘူးထဲကို သိပ်ထည့်လိုက်တော့နော်

မြန်မြန်စားချင်ရင်တော့ အပြင်မှာပဲဘူးတွေကိုထားလိုက်ပေါ့

ပူတဲ့ ရာသီဆိုရင်တော့ ၃ရက်လောက်ဆို ချဉ်ပါပြီ

ချဉ်ရင်တော့ ရေခဲသေတ်တာ ထဲထည်ဖို့ မမေ့နဲ့နော် အပြင်မှာဆက်ထားရင် အရမ်းချဉ်သွားမယ်

တစ်ချို့တွေကတော့ နာနက်ပွင့်ကို မထည့်ကျဘူး

မနိုကတော့ ကင်မ်ချီဘူးကို ဖွင့်လိုက်တဲ့ အချိန်မှာ ချဉ်နံ့စူးစူးကြီးကို မကြိုက်ဘူး

နာနက်ပွင့်ကို ထည့်လိုက်တော့ ဘူးဖွင့်လိုက်ရင် မွေးတဲ့ အနံ့လေးရတယ်လေ

သကြားကတော့ အချဉ်ဖေါက်ဖို့ အတွက်ထည့်တာပါ

ကဲ. အားလုံး လုပ်စားကြည့်လိုက်အုံးနော်

16 comments

  • Novy

    January 25, 2012 at 11:55 am

    စမ်းလုပ်ပြီးသွားရင်တော့ မနိုကို ခေါ်ကြွေးဘို့လည်းမမေ့နဲ့နော်
    ဆိုဂျူးလေးပါ ပါစေနော် …

  • htet way

    January 25, 2012 at 12:02 pm

    အင်း ဒီကင်(မ်)ချီဆိုတာကို လုပ်ကြည့် စားကြည့်ချင်တယ်
    ကိုယ်တဆိုင် လည်းလုပ်ကြည့်ချင်တယ်
    ညီမလေးကို ဖတ်ခိုင်းပြီးလုပ်ခိုင်းအုံးမပဲ
    သင်းက နှစ်ကူးကိစ္စတွေ နဲ့ အလုပ်ရှုပ်နေမလားပဲ

  • windtalker

    January 25, 2012 at 12:30 pm

    အားပါး
    မနိုရဲ ့ကင်ချီ နဲ ့ဆိုဂျူး နဲ ့ဆွဲ လိုက်တော့မယ်နော
    မနို လဲ စိတ်ပါရင် လာဆွဲဖို ့ဖိတ်ခေါ်တယ်နော်

    • Novy

      January 25, 2012 at 12:57 pm

      မန်လေးကို လာလည်ဖြစ်ရင် ကင်မ်ချီယူပါမည်
      အဲ့ကျမှ မဒန်ပေ ခွင့်မပြုလို့ မသောက်ရဘူးမလုပ်နဲ့နော်

  • nigimi77

    January 25, 2012 at 12:46 pm

    @ Novy

    အစောပိုင်းက ဓါတ်ပုံတွေကို ကြည့်ပြီး သားရေယိုနေတာရယ်…..

    အခု လုပ်နည်းကို ဖတ်ပြီးတော့ မနေနိုင်တော့ဘူးဟူးဟူး………..

    ထမင်းစားချိန်လည်း ရောက်နေပြီ ဆိုတော့ ကင်မ်ချီနဲ ့ ရှင်လာမြောန် နဲ ့ တွေ ့ကြပြီပေါ့ဗျာ ။

    တံတွေးတွေ ဂလုဂလုနဲ ့ကို မြိုချနေရတယ် ။

    ======================

    ဒါနဲ ့ Novy ရဲ ့ ကင်မ်ချီ ပို ့စ်ကို ဖတ်ပြီး ကွန်မန် ့ရေးချင်လာတယ် ။

    ကျုပ်လည်းပဲ ကင်မ်ချီကို အရူးအမူးကြိုက်နှစ်သက်သူဆိုတော့ နှစ်ပေါင်းများစွာ

    မွှေနှောက် လေ့လာ ထားတဲ့

    ၁ ။ သူ ့ရဲ ့ အမျိုးအစားကွဲများ

    ၂ ။ သူ ့ရဲ ့ ကောင်းကျိုးများ

    စတာတွေကို ကွန်မန် ့ရေးရမယ် ဆိုရင်ဖြင့် အလွန်ကို ရှည်လျားတဲ့ ကွန်မန် ့ကြီး ဖြစ်သွားပါလိမ့်မယ် ။

    ဒါကြောင့် Novy ရဲ ့ ပို ့စ်ကို ဖတ်ပြီး အာရေ လျှာရေ တွေ ..ဝေ…စေတဲ့ ကင်မ်ချီ အကြောင်းကို

    ပိုစ့် တခု အနေနဲ ့ တင်ချင်ပါတယ် ။ ကြိုက်ရာတူသူတွေ အချင်းချင်း ရန်သူလို ့တော့ မသတ်မှတ်လိုက်

    ပါနဲ ့ …… 🙂 ဝေဖန်ရ ၊ ဆဲဆိုရတာ အားပြတ်နေလို ့ အစားအသောက်ဖက်ကို လှည့်လိုက်ဦး

    မယ် ။

    ခင်တဲ့

    နိုမူ နိဂိမိ

    • Khin Latt

      January 26, 2012 at 7:10 am

      ဝမ်းသာပါတယ်။
      အစားလုပ်နည်း တွေ တိုးလာမှာမို့ပါ။ 😉

  • Novy

    January 25, 2012 at 12:53 pm

    ၁ ။ သူ ့ရဲ ့ အမျိုးအစားကွဲများ
    ၂ ။ သူ ့ရဲ ့ ကောင်းကျိုးများ

    ဖတ်ရန် စောင့်မျော်နေပါကြောင်း

  • Thel Nu Aye

    January 25, 2012 at 3:49 pm

    မနက်ဖြန်ဈေးသွားမှာမို့ကူးထားလိုက်ပါတယ်။ လုပ်ပြီးရင်မနိုကိုအကြောင်းကြားလိုက်မယ်နော်။

    • Novy

      January 26, 2012 at 9:26 am

      သဲနုရေ..
      ကဲ အစွမ်းပြလိုက်ပါအုံး

  • စိန်ပေါက်ပေါက်

    January 25, 2012 at 4:49 pm

    အန်တီနို့ရေ
    သများလဲ စားသောက်ဆိုင်ဖွင့်မလား စဉ်းစားနေတာ
    ရွာထဲမှာ ချက်နည်းပြုတ်နည်းတော်တော်များသမို ့..တယ်ပဲ အကျိုးများ လှပါကြောင်း…
    စကားမစပ်
    ပေါင်းမတင်တော့ဘူးလားဂျ

    • Novy

      January 26, 2012 at 9:32 am

      စာဖိုမှူး လိုရင် လက်တို့လိုက်နော်

      ပေါင်မတင်တော့ဘူး
      ဒီတစ်ခါတော့ ရင်နင့်ဖွယ် သရဲဇာတ်လမ်းလာမယ်

  • we R one

    January 25, 2012 at 6:54 pm

    ပြောရင်းဆိုရင် သရေ ကျလာပြီ.. 😀 ကျွန်မ က ကင်ချီသပ်ကြိုက်တာ..

    • Novy

      January 26, 2012 at 9:34 am

      ဝမ်းရေ..
      ရန်ကုန်မှာဆိုရင်တော့ လာစားလို့ရတယ်နော်

  • MaMa

    January 25, 2012 at 8:58 pm

    ကိုရီးယားဇာတ်လမ်းတွေ ခေတ်စားလာတာနဲ့အမျှ ကိုရီးယားအစားအစာတွေလည်း ရင်းနှီးလာတယ်။
    ဘန်ကောက်ရောက်တုန်းကတော့ နိုင်ငံခြားသားတွေ ဇလုံကြီးနဲ့ ထည့်ထားတဲ့ အရွက်တွေကို အားရပါးရစားနေတာတွေ့တော့ ကိုယ်လည်း အားကျမခံ သွားယူကြည့်တော့ ကင်မ်ချီဖြစ်နေတယ်။
    အဲဒီကနေ စားဖူးပြီး ကြိုက်သွားတာ။
    အိမ်မှာ လက်တည့်စမ်းလုပ်ကြတာတွေ စားရတော့ သိပ်အဆင်မပြေဘူး။
    မနိုဆီက နည်းရပြီဆိုတော့ … ဂွတ်ရှယ်ပေ့ါ။ ကျေးဇူးပါ။

  • Khin Latt

    January 26, 2012 at 7:13 am

    နိုဗွီ ရေ – ဒီလို ရေးပြတော့လဲ သိပ်မခက်လောက်ဘူး။
    တစ်ခါမှ မလုပ်ကြည့်ဘူးပေမဲ့ ဒီတစ်ခါစမ်းကြည့်ဦးမယ်။
    ကျေးဇူးပါ။
    ခင်မင်စွာဖြင့်

  • Novy

    January 26, 2012 at 9:38 am

    မမ နဲ့ မလတ် ရေ.

    လုပ်ရတာ လွယ်ပါတယ်
    တစ်ခါလောက်စမ်းလုပ်ပြီးသွားရင် နောင်ထက်လုပ်ရင်လွယ်သွားပါပြီ

Leave a Reply