၁၆။ ကြွယ်ဝချမ်းသာခြင်း

susunosukiJune 1, 20101min700

အရူးတွေကတော့
ကြွယ်ဝချမ်းသာဖို့ဖြတ်လမ်းကလိုက်တတ်ကြတယ်။
သို့သော်မကြာခဏဆိုသလို ဆင်းရဲတွင်းထဲကို
ဖြတ်လမ်းကနေ ရောက်သွားကြတယ်။

လူတော်တွေကတော့ကြွယ်ဝချမ်းသာဖို့အတွက်
စနစ်တကျလုပ်ဆောင်ရတာကို သဘောကျတယ်။
အဲဒီစနစ်ပျက်စီးရင်တော့
သူတို့ရဲ့ကြွာယ်ဝချမ်းသာမှု လည်းပျက်သုဉ်းသွားတယ်။

ပညာရှိတွေကတော့ ကျေနပ်ရောင့်ရဲခြင်းဟာ
ဘဝမှာ ချမ်းသာခြင်းပဲလို့ သတ်မှတ်တယ်။
ဒါကြောင့်သူတို့မှာ ရှိသမျှကို တန်ဖိုးထားတယ်။
ပစ္စည်းဥစ္စာများရဲ့ တန်ဖိုးအစစ်အမှန်ကို သိရှိတယ်။
ဒီအတွက်သူတို့ဟာ အမြဲတစ်စေချမ်းသာနေကြတယ်။