Easy Computer Part -3

Wai PhyoeJanuary 25, 20121min1194

ဒါတွေအားလုံးက ကျွန်တော်လေးစားရတဲ့ ကွန်ပျူတာဆရာကြီး ညီနေမင်း ရဲ့စာလေးတွေဖြစ်ကြောင်းအသိပေးချင်ပါတယ်။ကျွန်တော်ကတော့သူဘာပြောပြောနားထောင်တယ်ဗျ။ တစ်ကယ်တော်တဲ့သူပါ။

RECYCLER ဆိုပြီးhidden folder တစ်ခု ရောက်နေတယ် virus ဆိုလို့ shift+del လုပ်တာခဏပဲပျက်တယ်။ နောက်နေ့ပြန်ရောက်နေပြန်ရော အဲဒါအန္တရာယ် ရှိပါသလား။အဖြေက ရှင်းရှင်းလေးပါ လုပ်ရအင်မတန်လွယ်ကူပါတယ်။ဒါလေးကိုစမ်းကြည့်ပါ။
၁။ Tools >>Folder Options >> View ကိုသွားပြီး အောက်မှာပြထားတဲ့နံပါတ်တွေကို အမှန်ခြစ်လေးပြန်ဖြုတ်ပေးလိုက်ပါ။
— (I) display the contets of system folders
— (II) hide extensions for known file types
— (III) hide protected operating system files(Recomended)

၂။ Download unlocker ကို Download လုပ်လိုက်ပါ . ပြီးတာနဲ့ recycler ဆိုတဲ့ဖိုင်ကို unlock လုပ်ပြီး ဖျက်ပစ်လိုက်ပါ . Unlocker ကို အောက်မှာ တစ်ခါတည်း တင်ထားပေးပါတယ် ..
Download ifile.itDownload mediafireDownload 4sharedDownload megaupload

၃။ သတ်တဲ့အချိန်မှာ ” can not delete RECYCLER:access is denied.” ဆိုပြီး error message ပေါ်လာတဲ့အခါမှာ OK ပေးလိုက်ပြီး unlocker ပေါ်လာတတ်ပါတယ် . အဲ့လိုပေါ်လာတဲ့အခါ “noaction”,”delete”,”rename”,”move” ထဲက Delete ကိုပေးလိုက်ပြီး ဖျက်ပစ်ပါ .. RECYCLER virus ပျက်သွားပါလိမ့်မယ် ..

အားလုံးအဆင်ပြေကြပါစေ။မပြေခဲ့ရင်လည်း comment လေးတွေကတစ်ဆင့်မေးမြန်းနိင်ပါကြောင်း

4 comments

  • စိန်ပေါက်ပေါက်

    January 25, 2012 at 4:04 pm

    ဖျက်ပြီးလဲ ပြန်ပေါ်တယ်ဂျ
    စဉ်းစားနေတာ.
    အဲတာတွေက ဒုက္ခတော့ ကြီးကြီးမားမား မပေးဘူး
    ဒါကြောင့်
    ဗိုင်းရပ်စ် မှ ဟုတ်ပါလေစ ဆိုပြီး သံသယ ဝင်နေတာ
    ရှာကြံသတင်းပေးကြပါဦး

    Recycler နဲ ့ System Volume Information က ဘာတုန်းဂျ

    • amatmin

      January 25, 2012 at 4:12 pm

      ကပေါက်ဖော် မေးတာဟုတ်တယ်ဗျ..
      အဲဒါက ဘာဂျီးတွေဒုံးဂျ..
      hide လဲခနပဲ..သတိရရင်ပြန်ပေါ်လာရော..ဒင်းတို့က 🙁

    • TTCG

      January 25, 2012 at 5:41 pm

      Yes, it will re-appear in your stick because the virus service keeps copying these files onto your stick. The only way is find and kill that virus service.

      Or go to another PC which is not affected.
      Press Shift key when plugging in ur stick. Shift key will stop the autorun program from your stick.
      Explore ur stick by using Windows explorer (Don’t double click on ur stick drive, it will trigger autorun program).
      Delete all virus files.
      DONE!!!

  • zarlay

    January 26, 2012 at 11:03 am

    ဟုတ်ကဲ့အခုလို နည်းလေးတွေပြောပြပေးတာ ကျေးဇူးတင်ပါတယ် နောက်တစ်ခါ virus ဝင်ရင်လုပ်ကြည့်လိုက်ပါ့မယ် လုပ်လို့မရရင်လည်း ပြောပြပေးပါအုံးနော်

Leave a Reply