ရောက်တတ်ရာရာဟာသ ( အပျိုကြီးဖြစ်ရခြင်းအကြောင်း)

htet wayJanuary 25, 20121min13413

လောက၌ အပျိုကြီးလူပျိုကြီးဖြစ်ရခြင်းသည် အင်မတန်ကုသိုလ်ထူးသောအမူကိစ္စသာဖြစ်သည်ဟု ကျွန်ပ်ဆိုချင်ပါသည်။မိမိစိတ်ကို ထိမ်းနိုင်ခြင်း သတ္တိထူးကိုပင် ချီးမွှမ်းစရာပင်ဖြစ်လေသည်။
အပျိုကြီးဖြစ်သူတွေသည် ကလေးဒုက္ခကင်း၏၊ယောကျာ်း၏အဆူခံရသောကိစ္စ၊ ဝတ်ကြီးဝတ်ငယ်များကင်း`၏၊အိပ်ရေးပျက်ခြင်းကင်း၏အစစအရာရာ တွင်အပျိုလူပျိုကြီးများကား လူသာမာန်များမဟုတ် သမာဓိရှင်
များနီးနီး စိတ်စွမ်းအားပြင်းပြထိန်းကွပ်နိုင်ကြလေသည်။(ဤကား စကားချပ်)
အိမ်မဲမြို့ျနှင့် ၈မိုင်ခန့်ဝေးသော ရွာသာယာသပြေတန်း၌ ကျွန်တော်နေခဲ့ဖူးလေသည်။တတ်သည့်ဆေးပညာလေးနှင့်ဆေးကုပေးခဲ့သည်။ ဤတွင် အပျိုကြီးတစ်ယောက် ကိုဆေးကုသပေးခဲ့သော အဖြစ်အပျက်လေးကို သတိရမိလေသည်။အပျိုကြီးကား ရူးသွပ်ခဲ့လေသည်။ရူးသွပ်သည်မှ သွက်သွက်ခါအောင်ရူးနေသည်။ရွာ၏ ထုံးစံအတိုင် ရွာသူဖမ်းစားသည် အောက်လမ်းနှင့်လုပ်ခံရသည် ဟု ယိုးစွပ်ကာ အထက်လမ်းဆရာတွေခေါ်ယူကာကုသ
ကြသည်။ အထက်လမ်းဆရာကား ပွဲတင် ပြီး ကြိမ်လုံးတစ်လုံးဖြင့် ရိုက်ကာမေးသည်။ ဆိုင်ရာပုဂ္ဂိုလ်ဖမ်းချုပ် ဆိုသလို ဘယ်သူလဲ။ကဲလာစမ်း စသည့် အသံများ၊လာရောက်ကြည့်သူများဖြင့် ဖြင့် ထိုအိမ်ကား စည်ကားနေ၏။
ထို အပျိုကြီးကား မစမ်းကြည်ဟုခေါ်ပြီး သူမ၏ရူးသွပ်မူကား သံကြိုးတုပ်နှောင်ရသည်ထိဖြစ်ခဲ့ ရလေသည်။ ဆရာတစ်ယောက် ရောက်ရှိလာချိန်မှာ အစောင့် အကြပ်ထားရသည်။သို့မဟုတ်က ၎င်းဆရာကားမစမ်းကြည်
လက်စာမိသွားနိုင်သည်။ တခါက ဆရာတစ်ဦးရောက်ရှိလာရာ ကြိုးတုပ်ထားသည်အချိန်မဟုတ်သည့်အတွက် မစမ်းကြည်က ၎င်းဆရာကို နပန်းဖက်လုံးပြီး ပါးကို ဘယ်ပြန်ညာပြန် ရိုက်ခဲ့ သည်။ပုဆိုးကို ဆွဲချွတ်၍ ဆံပင်ဆွဲကာ
ဖနောင့်နှင့်ခေါင်းကိုပေါက်ခဲ့ဖူးသည်။ မစမ်းကြည်ကားဗလကောင်းကောင်းနှင့် တောသူပေတကား။
ထို မစမ်းကြည်သတင်းက ရွာတွင် ဟိုးလေးတကြော်ကြော် ဆရာတွေလည်းမလာရဲတော့ပါ။ကျွန်တော်က မရဲတရဲနှင့် မစမ်းကြည်မိဘတွေကို ကျွန်တော်ကုပေးချင်တယ်ဟုတောင်းဆိုတော့ ဟာသကြားရသူအလား
ရယ်ကြသည်။ မစမ်းကြည်အမေကို ကျွန်တော်တိုးတိုးတိတ်တိတ် မေးကြည့်တော့ ကျွန်တော်ထင်တာဟုတ်နေသည်။ဒါကြောင့် ကုမယ်ပေါ့ သို့သော် မစမ်းကြည်ကို ကြိုးတုတ်ထားပေးရန်ပါ တောင်းဆိုထားရသည်
တော်ကြာနပန်းဖက်လုံးရင် ဒုက္ခ။ ထိုနေ့က မစမ်းကြည် အိမ်တွင် လူတွေတဝုန်းဝုန်းနဲ့ ဆရာထက်ဆေးကုမည်ဆို၍လာကြည့်ကြသည်။ တစ်ချို့က မစမ်းကြည် ရိုက်လွှတ်သည်ကို ကြည့်ချင်၍လာကြခြင်းဖြစ်သည်။ကျွန်တော်က
တမာခေါက်ပြုတ်ရည်ကို နန်းတွင်းသွေးဆေးနီတစ်ဇွန်းရောစပ်ပြီးတိုက်လိုက်ရုံသာ ။မစမ်းကြည်က အဆိပ်တိုက်တာလို့အော်နေသေးသည်။
ထို့သို့တိုင်းရင်းဆေးကို ၃ရက် တိုက်ပြီးသော် မစမ်းကြည်အဝတ်အစားကို အတင်းအကြပ်ဝတ်ပေးစရာမလိုတော့ ရှက်တတ်ကြောက်တတ်လာသည် ကြိုးဖြေပေးပါ သူကောင်းပြီဟုလည်းပြောလာခဲ့ပြီ။တိုတိုပြောရလျှင် မစမ်းကြည်ကား ဓမ္မတာထိမ်၍ လကျော်ကာရူးသွပ်စိတ်ဖေါက်ပြန်ခဲ့လေသည်တည်း။မည်သည့်အောက်လမ်းမှမဟုတ်ပါလေ။
ထိုမှစ၍ ကျွန်တော်သည် အပျိုကြီးမစမ်းကြည်နှင့်ပတ်သက်သော အတွေးစိတ်ကူးလေးမှတစ်ဆင့် အပျိုကြီး ဖြစ်ရခြင်းအကြောင်းကိုရေးသားမိခဲ့ပါသည်။
အပျိုကြီးဖြစ်ရခြင်းအကြောင်း
ရွာသာယာ သပြေတန်းသို့ ပုသိမ်မှ တက္ကသိုလ်ကျောင်းသားတင်အောင်စိုးကျွန်တော်အိမ်သို့ အလည်အပတ်ရောက်ရှိလာခဲ့သည်။တင်အောင်စိုးကားအသားဖြူဖြူ ၊ ရုပ်ရည် ခန့်ညားသော ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်
ပင်တည်း။ ကျွန်တော်အိမ်အနီးအနားတွင်ကား ဂွက်ထော်ဟု ငယ်နာမည်ရှိသူ လှလေးစိန် ဆိုသော အင်မတန်မှ အလှပြင်သည့် အပျိုကြီးရှိပါသည်။တင်အောင်စိုးရောက်လာသည်နှင့် ထိုလှလေးစိန်ခေါ် ဂွက်ထော်သည်
မောင်လေးဆရာထက်ရေ ဟင်းကောင်းလေးချက်လို့ လေ ဧည့်သည်အတွက်လာပို့တာ ဟူ၍တစ်မျိုး မောင်လေးရေ ဧည့်သည်ရေနွေးကြမ်းသောက်ရင် မြည်းရအောင် အမကိုယ်တိုင် ခွဲထားတဲ့ ငါးခြောက်ပါဟူ၍တစ်ဖုံ။
အပျိုကြီးတို့ ၏နည်းဗြူဟာမျိုးစုံဖြင့် ချည်းကပ် ရေလာမြောင်းပေးလုပ်လေ၏။
ညနေဆို အိမ်ဘေးကကလေးကို ချော့သလို ချစ်သလိုလုပ်ကာလာရောက်ပြီး တင်အောင်စိုးကို အလှပြလေသည်။ အကြောင်းရှာစကားပြောသည်။ထမိန်စကဒ်မှသည် ဂျင်းစကဒ်မျိုးစုံ ဝတ်ပြသည်။တင်အောင်စိုး
အဝတ်တွေယူလျှော်ပေးသည်။ ဤသို့ ရေလာစေရန် မြောင်းကတအားချဲ့ပေးလေတော့ တင်အောင်စိုးနှင့် မေတ္တာမျှကြလေသတည်းပေါ့။
ချစ်သူတွေဖြစ်တော့ ဂွက်ထော်က တင်အောင်စိုးကို မောင်တဲ့ တင်အောင်စိုးက အလှလေးတဲ့ ချစ်လိုက်ကြသည်လေ မိုးမမြင်လေမမြင်။ကျွန်တော်ကားသူတို့ ချစ်သူနှစ်ယောက်ကို မြင်လျှင် ကြိတ်ပြုံးမိခဲ့ပါသည်။
တစ်နေ့တွင် တင်အောင်စိုးက “အလှလေး တို့အေးအေးဆေးဆေး စကားပြောရအောင်ကွာ ရွာထိပ်ကရေကန်ကြီးမှာတွေ့ရအောင်” ဟုဆိုလာသောအခါ ဂွက်ထော်က “အား..မောင်ရယ် ကြိုက်တဲ့နေရာခေါ်ပါ
ရေကန်ကြီးတော့မသွားရဲပါဘူး”” ဘာလို့လဲအချစ်ရယ် တကယ်ချစ်ရင်မောင်ခေါ်ရာလိုက်ရဲရမှာပေါ့ ”
တင်အောင်စိုးကားချော့မြူခေါ်၏ ဂွက်ထော်ကားငြင်း၏ နောက်ဆုံးတော့ ဂွက်ထော် လက်လျှော့လိုက်ရပါသည် ညနေတွေ့မည်ပေါ့။ကျွန်တော်ကို တင်အောင်စိုးကပြောပြသည့်အတွက် သူတို့ချိန်းတွေ့မည့်
နေရာ အချိန်ကိုသိနေခဲ့သည်။ကျွန်တော်ကား နေဝင်ဖြိုးဖြအချိန်တွင် ကန်ဘေးက ခြုံပုတ်ကို အကာအကွယ်ယူ၍ချောင်းနေခဲ့သည်။
အလှလေး တကယ်ချစ်လား
“ အင်း… သူများကို ပစ်မသွားရဘူးနော်”
“အင်းပါ မောင့်က အပျော်ကြံတာ မဟုတ်ရပါဘူး”
“ မောင်ကို ယုံပါတယ် ယုံလို့လည်း အလှက အရဲစွန့်ပြီးလာရတာပေါ့”
ကျွန်တော်က သူတို့ပြောနေသည်ကို ရင်တထိတ်ထိတ်နှင့်နားထောင်နေရသည်။ ကျွန်တော်မျှော်လင့်ထားသည့် အချိန်ကိ်ု စောင့်နေခဲ့ရပါသည်။
အလှလေးရယ် ဒီနားတိုးပါကွယ်
တင်အောင်စိုးကပြောလည်းပြော ဂွက်ထော်ကိုယ်လုံးကြီးကို ပွေ့လိုက်ရာ အပျိုကြီးခမျာ ရုန်းရင်းဖြင့် ကန်ဘက်မျက်နှာမူပြီးဆန့်ငင် ဆန့်ငင် ဖြစ်ကာ ပါးစပ်မှ အမြုပ်တွေ ထွက်ကာ လဲကြသွားပါတော့သည်။
တင်အောင်းစိုးကား အပျိုကြီးကို ကိုင်လုှပ်၍ ခေါ်ကြည့်သည် ကောက်ကွေးနေပြီးခေါ်မရတော့ အချစ်ကြီးချစ်သည်ဆိုသောတင်အောင်စိုး ကန်ဘောင်ပေါ်က ဆင်းပြေးသည်မှာကျွန်တော်အော်ခေါ်သည်ကိုပင်လှည့်
မကြည့်တော့
ကျွန်တော်ကား ခါးကြားက ၅လက်မခန့် ပြောင်းတိုလေးကို ဆွဲထုတ်ကာ အပျိုကြီးဆီပြေးသွားခဲ့မိသည်။ ဆေးမှုန့်ကိုပြောင်းနှင့်အပျိုကြီးနှာခေါင်းထဲမှုတ်သွင်း၊ ခြေမကိုချိုးရသည်။ ဘယ်ဘက်ရင်အုံကို လက်သီးဆုပ်
နှင့်ထုပေးသည်။ သလုံးမောင်းတင်ကြောဟုခေါ်သော ခြေသလုံးကို ဖိထောက်နိပ်နှယ်ပေးရသည် ။အဲ့ဒီတော့မှ အပျိုကြီးက အင်း.. ဟုညည်းတွားကာ သတိရလာပါတော့သည်။
“မောင်..မောင်ရေ..”
“ဂွက်ထော် နင့်မောင်က အခုဆို ပုသိမ်ကို ကုန်းကြောင်းလျှောက်နေလောက်ပြီ။”
“ ရက်စက်လိုက်တာ ငါ့ကို က အဖြစ်ဆိုးပါတယ်ဟယ်။ နင်ငါ့ကို ကယ်တာ အခုပါဆိုနှစ်ခါရှိပြီနော်…”
“ရပါတယ် ကိစ္စမရှိပါဘူး နင် ကောင်းသွားရင် ပြန်မယ်နော် ဂွက်ထော်…ငါနင်တို့ရေကန်မှာချိန်းကတည်းက ရာသီက ဝကိရူးပြန်တတ်တဲ့ ရာသီလေ နင်ရောဂါကို ငါကသိနေတော့ လိုက်လာခဲ့ရတာပါ
ဟိုခြုံလေးဘေးကနေ ငါချောင်းနေခဲ့တာပါဂွက်ထော်”
ဂွက်ထော်ကားရှက်ရွံ့ခြင်း အားနာခြင်း ကျေးဇူးတင်ခြင်း များစွာဖြင့်တစ်ချက်ကြည့်ကာ ရေကန်ကြီးမှ ထွက်ခွာသွားပါတော့သည်။ကျွန်တော်မှာသာ ရန်ကုန်သား စည်သူတစ်ယောက်လည်း ဒီရေကန်ကြီးမှပဲ
ဒီအဖြစ်အပျက် အတိုင်း ဆုတ်ခွာပြေးခဲ့ရပုံ၊ အပျိုကြီး၏မချိတင်ကဲ ငိုကြွေးခဲ့ရပုံတို့ကို ပြန်မြင်ယောင်မိပါတော့သည်။
အော်ဂွက်ထော် ……….သင်းအပျိုကြီးဖြစ်ရတာ ဒါကြောင့်ကိုး ဟုသာရွေရွတ်မိပါတော့သည်။

13 comments

  • etone

    January 25, 2012 at 4:50 pm

    အပျိုဂျီးတွေအကြောင်းကို လူပျိုဂျီးက သံခမောက်ဆောင်းပြီး … စတင်ဖွပါပြီ .. … ။ 😀 😀 😀 😀

    ( မရေးဘူးအောက်မေ့တာ .. တကယ်ရေးတယ်ဗျို့ … )

  • စိန်ပေါက်ပေါက်

    January 25, 2012 at 5:51 pm

    ကိုထက်ဝေးဆိုရင်ကော ပြေးမှာလား ဟင်
    😆

  • htet way

    January 25, 2012 at 8:18 pm

    ဆရာစိန်ပေါက်ပေါက်ခင်ဗျား
    ကျွန်တော်ဆိုရင် မပြေးပါဘူး တကယ်ကြုံခဲ့ပါတယ်
    အဲ့ဒီကောင်မလေးက ပါးစပ်က အမြုပ်တွေ၊နောက်သွေးလည်းကျတယ်ဗျ။
    အသက်မရှူတော့ဘူး။
    ကျွန်တော်လုပ်ပေးခဲ့ပါတယ်။ချိန်းတွေ့တာတော့မဟုတ်ဘူး ရေမြင်ရင် ဝက်ရူးပြန်တတ်တယ်ဗျ
    အဲ့ဒီမှာဖြစ်နေတာ အော်ကြခေါ်ကြတော့ သွားကူလိုက်တာပဲ
    နောက် ကျေးဇူးတွေတင်ပြီး လမ်းတွေ့ရင်ရှောင်သွားတော့တာပဲ
    ရှက်လို့တဲ့။

  • hmee

    January 25, 2012 at 8:26 pm

    ဝက်ရူးပြန်တဲ့သူကို မြင်ဖူးတယ်။ တခါက လမ်းမှာ ကိုယ့်ရှေ့က သွားနေတဲ့သူက ရုတ်တရက်လဲကျပြီး တွန့်လိမ်ပြီး ပါးစပ်က အမြုပ်တွေထွက်လို့။ ရုပ်ကလေးက သန့်သန့်လေး အဝတ်အစားလည်း သန့်သန့်လေး။ သူ့ခမျာ သနားပါတယ် သတိဝင်လာတော့ တကိုယ်လုံး ပေတူးလို့ ရှက်လို့ထင်ပါရဲ့ မျက်နှာကို မမော့လာဘူး။ အဲ့ တုန်းက သနားလိုက်တာ သူ့ခမျာ ရုပ်လေး သန့်သန့်လေးကို ဒီရောဂါ ရနေတာ ဝဋ်နာ၊ ကံနာပဲလို့လေ။

  • htet way

    January 25, 2012 at 8:37 pm

    ဒီရောဂါကို အမြစ်ပြတ်ကျွန်ပ်ကုပေးနိုင်ပါကြောင်း
    ဆေးဖိုးဝါးခလုံးဝပေးစရာမလိုပါကြောင်း
    ဂွက်ထော် သည် ယခု `ရောဂါပျောက်သွား၍ ကဗျာဆရာ
    လူငယ်လေးတစ်ယောက်နှင့် ရည်ငံနေသည်ဟုကြားသိရပါကြောင်း
    ၎င်းကဗျာဆရာလေးမှာ ရန်ကုန်မြို့တွင်နေထိုင်ပြီး မဂ္ဂဇင်းများ၌ရေးသူတစ်ယောက်
    ဖြစ်ပြီးကျွန်ပ်နှင့်လည်းခင်မင်ပါကြောင်း ။

  • ဦးဦးပါလေရာ

    January 25, 2012 at 10:52 pm

    အော်…. ကိုယ့်ဆရာ …… အရိုးပဲကုတာမှတ်တယ်
    ဒါမျိုးလဲ ရတယ်လား။

    အဲဒါဆို ဦးနှောက် အာရုံကြောဆိုင်ရာရောဂါမျိုးလဲ ရမယ့်ပုံပဲ။
    အားကိုးရမယ့်လူတော့ တွေ့ပြီ။ 🙂

  • kyeemite

    January 26, 2012 at 8:31 am

    ကိုထက်ဝေကတော်တော်စွမ်းတာဘဲ…ကုလဲကုပါ..ပီးတော့ ဒီပညာတွေကိုလဲတတ်နိုင်သလောက်..
    လက်ဆင့်ကမ်းဖြန့်ခဲ့ပါအုံးလို့ အကြံပြုပါရစေ..

  • htet way

    January 26, 2012 at 12:48 pm

    လက်ဆင့်ကမ်းပါတယ် လိုချင်သူတွေကို သင်ပေးပါတယ်
    နောက်တစ်ခုစွမ်းတာရှိသေးတယ်
    အိမ်ထောင်ပြုချင်သူတွေကျွန်တော်နဲ့သာတိုင်ပင်လိုက် အလိုလို ပြတ်သွားကြတယ်
    လူငယ်တွေက ကျွန်တော်ကို တိုင်ပင်ရင် အဲ့ဒီအတွဲ အကြောင်းတစ်စုံတရာဖြစ်ပြီးကွဲ
    တော့တာပဲ။ ကဲဆရာရေ အစွမ်းအစက အဲ့ဒီဘက်မှာတော့ ပါရမီပဲ
    ကိုရင်စည်သူတောင် တိုင်ပင်ဖို့လုပ်သေးတယ် ကိုယ်က နားမထောင်လို့ မဟုတ်လို့
    ကတော့ သင်း ကွဲပြီမှတ်တော့။ကို ကမ်းကြီးလည်းဒါကို သိပုံရတယ်ဗျ တိုင်ပင်တာမလုပ်ဘူး
    ကြိတ်ကြံနေတာပဲ။ အဲ့ မှော်ဆရာကတော့ လုံးဝအသံမထွက်ဘူး ။
    လူပျိုကြီးဖြစ်ချင်သူများ အချစ်ရေးချစ်ရာကိစ္စကျွန်တော်နဲ့ တိုင်ပင်ပါ။
    ဒါလည်းစွမ်းသေးတယ် ဟဲ..ဟဲ

  • nature

    January 26, 2012 at 6:50 pm

    ကျွန်တော်စဉ်းစားမိတာကတော့ ..အင်း….ဝက်ရူးများမပြန်ခဲ့ရင် ……။ 🙂

  • htet way

    January 26, 2012 at 8:21 pm

    အင်း ဝက်ရူးမပြန်ခဲ့ရင်တော့
    အချစ်တုကိုတွေ့ပြီးညားကြ၊ဒုက္ခရောက်ကြလေသတည်းပေါ့ဗျာ။

  • comegyi

    January 26, 2012 at 11:53 pm

    ဟူး အနော်ထင်ထားဒါက
    အပြိုကြီး မိစမ်းကြည်က
    သင်း၏ ရောဂါထူးကို ကုပေးတဲ့
    လူပယိုဂျိ ဆရာထက်ကို
    ကျေးဇူးတော် အထပ်ထပ်အခါခါတင်လို့
    မဝသည်နှင့် နှလုံးသားဖြင့်ပါတင် …….
    သို့ဂလို သို့ဂလို …ထင်မိကြောင်းရယ်ပါ
    ဟုတ်ကဲ့လား ဆြာထက်…….

  • htet way

    January 27, 2012 at 10:12 am

    အော် ဆရာရယ်
    ဆေးဆရာဝိနည်းအရ လူနာကို စိတ်ဖြူစင်ရမယ်လေ။
    မရဘူးဆရာရဲ့ အင်း ….သင့်တော်မယ်ထင်ရင်တော့ ကိုယ့်အပေါင်းအသင်းတွေထဲက
    လူနဲ့ နေရာချထားပေးလို့ရပါတယ်။
    ကိုရင် ကမ်းကြီးအိမ်လာလည်ပါလေ။ဖိတ်ခေါ်ပါတယ်။
    ခင်မင်မူဖြင့်……။

Leave a Reply