N+ 250112 5000ကျပ် တန်ဖုံး

natureJanuary 25, 20121min12410

 

ရွာထဲမှာ ၅၀၀ဝကျပ်တန်ဖုံး တွေအကြောင်းဖတ်မိတော့ဈေးပေါပေါနဲ့ ဖုံးကိုင် ရတော့မယ်ဆိုလိုစိတ်ဝင်စားမိပါတယ်။ အဲဒီအတွက်လည်း သမတုကီးဆီ စာတင်ုကမယ်လို့သိရပါတယ်။ ဒါပေမဲ့ဈေးနှုန်းသိပ်ပေါပြီး ကလေးကစားစရာဈေးသာသာ ဖြစ်နေလို့ ဖြစ်နိုင်ချေနဲတယ်လို့ သံသယဝင်မိပါတယ်။

ဒါကြောင့် မဖြစ်နိုင်ဘူးလို့ ထင်မြင်မိပါတယ်။ ဒီ၅၀၀ဝတန် ဖုံးက  သူများဆောက်ထားပြီးသား အိမ်ကို သော့ခတ်ပြီး တက်နေသလိုများဖြစ်နေမလားလို့ထင်မိတယ်။ အဲဒါဆိုအိမ်ဆောက်စရာမလိုပဲ သော့တလုံးဖိုးပဲကုန်ပါမယ်။ ဒီလိုပဲ တာဝါတိုင် ဆောက်စရာမလိုပဲ ဖုန်း၁ လုံးဖိုးပဲ ကုန်ပြီး တော်တော်လေးအလုပ်ဖြစ်နိုင်ပါတယ်။ ဒါဟာနိုင်ငံရေးဖွချက်တွေများဖြစ်နေလေမလားလို့သံသယဝင်မိပါတယ်။

သူုကီးရေ စာလုံးက ဘာဖောင့်တွေလဲမသိဘူး။ နဂိုလက်ကွက်နဲ့မတူဘူး။

q       w      e      r    y     u     i     o     p   [   ]

ဆ   တ       န     မ   အ  ပ  က    သ  စ  ဟ   `

 

a    s    d     f    g      h    j    k    l     ;       ‘

ေ      ျ     ိ       ်     ါ       ့    ြ          ု     ူ    း     ဒ

 

z      x   c      v     b    n     m    ,     .    /

ဖ   ထ  ခ   လ   ဘ   ည    ာ   ယ      .     ။

 

Q   W  E    R   T      Y   U  I       O      P      [      ]

ျှ     ျွှ     န     ျွ     ွှ     ့       ့       ှု       ဥ     ဏ     ဧ     ´

 

A      S     D    F   G   H  J     K   L    ;       ‘

ဗ        ှ       ီ       င်္        ွ      ံ     ဲ     ု      ူ       ါ်     ဓ

 

Z      X    C      V  B  N    M   ,  .     /

ဇ     ဌ     ဃ     ဠ     ြ    ြ        ြ                ၊

 

နှစ်သစ်=နှစ်သစ်

 

https://myanmargazette.net/90448/creative-writing

 

 

10 comments

  • ဦးဦးပါလေရာ

    January 25, 2012 at 10:28 pm

    ကိုနေးချားကပြောလို့ ကျုပ်ကဝင်ပြောရဲတာပါ။
    တကယ်က ဟိုးအစကတည်းကမှားတယ်။
    ဆက်သွယ်ရေး infrastructure တွေကို တည်ဆောက်ပေးမယ့်သူ (လုပ်ငန်းရှင်) ကို
    (အခြားနိုင်ငံများကဲ့သို့) ဖုန်းပြောခပေးစားရမယ့်အစား
    ဖုန်းပြောခကို အစိုးရကစားပြီး
    လုပ်ငန်းရှင်ကို ဖုန်းလိုင်းရောင်းရငွေကို ပေးစားတော့
    ဘယ်လိုလုပ်ပြီး ဖုန်းလိုင်းဘိုးက ဈေးပေါတော့မလဲ။
    အဲဒါသူများဆောက်ပြီးသားနက်ဝပ်ကို အလကားမတ်တင်းနဲ့ သုံးခွင့်ပြုဘို့
    ဘယ်ဖြစ်သင့်ပါတော့မလဲ။

  • kai

    January 26, 2012 at 6:18 am

    ထားဝယ်ကျောက်မီးသွေးလျှပ်စစ်ကန့်ကွက်တာနဲ့.. ၅၀၀ဝဖုန်းကိစ္စက.. လူထုကို မီဒီယာအားနဲ့.. ညို့ဆွဲသွားတာလို့.. မြင်မိတယ်..။
    တကယ်ဖြစ်သင့်..မသင့်စဉ်းစားဖို့ထက်.. လူထုစိတ်ထဲ.. ကောက်ရိုးမီးလို..ဝုန်းကနဲ့ထတောက်တော့တာပါပဲ..။

    ကိုရင်နေးချားရဲ့.. “အိမ်ဆောက်စရာမလိုပဲ သော့တလုံးဖိုးပဲကုန်ပါမယ်။” စာသားလေး… ကြိုက်တယ်.. 😆

  • မှော်ဆရာ

    January 26, 2012 at 9:25 am

    ဖေ့ဘုတ်မှာတော့ ဒီလိုတက်လာတာ တွေ့မိတယ်ဗျ ..
    DVB — တယ်လီဖုန်း ဆင်းမ်ကတ်တခုကို ကျပ် ၅,၀၀ဝ နဲ့ အများပြည်သူ အသုံးပြုနိုင်ဖို့ ရွှေပြည်တံခွန် ကုမ္ပဏီက မြန်မာ့ဆက်သွယ်ရေး စာတိ်ုက်၊ ကြေးနန်း ဝန်ကြီးဌာနနဲ့ ပူးပေါင်းဖို့ တရားဝင် လျှောက်လွှာတင်လိုက်ပြီလို့ မန်းနေဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောပါတယ်။

    “ဒီ နေ့ပဲ ကျနော် ဆက်သွယ်ရေးကို တင်လိုက်တယ်။ အခုထိ ဘာမှ မသိရသေးဘူး။ တင်တယ်ဆိုတာ ကျနော်တို့ ဒီလုပ်ငန်းအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ၊ စီးပွားရေး အစီအစဉ်တွေပေါ့။ နည်းပညာပိုင်း ဆိုင်ရာတွေပါ နှစ်ခုလုံးပါတယ်။ ပြည်သူတွေ စရိတ် သက်သက်သာသာနဲ့ တယ်လီဖုန်းတွေ ကိုင်နိုင်အောင် ကျနော် ကြိုးစားနေပါတယ်။ ဆက်သွယ်ရေး ဝန်ကြီးဌာနလည်း ပူးပေါင်း ဆောင်ရွက်ပြီး ဘယ်လိုလုပ်လို့ ရနိုင်မလဲ ဆိုတဲ့ နည်းလမ်းတွေပေါ့။ ကျနော်တို့က ဥပဒေအရ၊ မူဘောင်အရ သွားနေတာပါ။”

    မြန်မာပြည်မှာ ဆက်သွယ်ရေး နည်းပညာအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေ မရှိသေးတဲ့အတွက် အစိုးရမဟုတ်တဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေ အတားအဆီးလည်း ဖြစ်နေတယ်လို့ ဦးလွင်နိုင်ဦးက ပြောပါတယ်။

    “ကျနော်တို့ ဆီမှာ ဆက်သွယ်ရေးနဲ့ ပတ်သက်လို့ ပြင်သင့်တာတွေ ပြင်ဖို့ နိုင်ငံတော်အကြီးအကဲတွေ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ကျနော်တို့ကို ပြောထားတယ်။ ပြည်သူတွေအတွက် လိုအပ်လို့ရှိရင် မြစ်ဆုံ ကိစ္စပဲကြည့်၊ ထားဝယ်ကျောက်မီးသွေးကိစ္စပဲ ကြည့်ကြည့်၊ နိုင်ငံတော် သမ္မတကြီးက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တယ်။ အခုလောလောဆယ် အစိုးရရဲ့ ဆက်သွယ်ရေး ကွန်ရက်ကလည်း လုပ်နိုင်စွမ်း မရှိတာတို့၊ အင်တာနက်တွေက နှေးနေတာ၊ ဆက်သွယ်ရေးကို မြှင့်တင်အောင် လုပ်မှာဆိုတော့ အဲဒီအပိုင်းတွေကိုလည်း စဉ်းစားထားပါတယ်။”

    အစိုးရက ခွင့်ပြုချက်ရရင် ၂၀၁၃ ခုမှာ အများပြည်သူလက်ထဲ ထုတ်ရောင်း နိုင်မယ်လို့လည်း ပြောပါတယ်။

    ဆင်းမ်ကတ်တခုရဲ့ မူလတန်ဖိုးဟာ မြန်မာကျပ်ငွေ ၃၀ဝ ပတ်ဝန်းကျင်သာ ရှိတယ်လို့လည်း သိရပါတယ်။

    မြန်မာဆက်သွယ် ရေး၊ စာတိ်ုက်နဲ့ ကြေးနန်းဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေကတော့ ဂျီအက်စ်အမ် ဟန်းဖုန်း ဆင်းမ်ကတ် တကတ်ကို ကျပ် ငွေ ၃သိန်း နဲ့ ၂၀၁၂ မှာ ရောင်းချမယ်လို့လည်း သိရပါတယ်။

    မင်းလွင် DVB

  • titanmandalay

    January 26, 2012 at 10:10 am

    ကျွန်တော်ကြားမိတာလေးတော့ရှိတယ်။ ကောလဟာလ လား ဘာလားတော့မသိ၊
    သမတကြီးက ခွင့်ပြုပေးတော့မယ်တဲ့
    နည်းပညာက ဂျာမနီ
    ပညာရှင်က အမေရိကန်က တဲ့ဗျို့

  • တောတွင်းပျော်

    January 26, 2012 at 10:15 am

    **(၅၀၀ဝကျပ်တန်ဖုံး တွေအကြောင်းဖတ်မိတော့ဈေးပေါပေါနဲ့ ဖုံးကိုင် ရတော့မယ်ဆိုလိုစိတ်ဝင်စားမိပါတယ်။ အဲဒီအတွက်လည်း သမတုကီးဆီ စာတင်ုကမယ်လို့သိရပါတယ်။ ဒါပေမဲ့ဈေးနှုန်းသိပ်ပေါပြီး ကလေးကစားစရာဈေးသာသာ ဖြစ်နေလို့ ဖြစ်နိုင်ချေနဲတယ်လို့ သံသယဝင်မိပါတယ်။)**

    ကျနော် ့အမြင်နဲ ့တော ့ ၅၀၀ဝကျပ်တန်ဆိုတာ ဖြစ်သင် ့ပါတယ်။
    မလေးရှားမှာ sim ကတ်တစ်ခုရဲ ့အခြေခံဈေးနှ ူန်းက ၈.၅ဝ ရင်းဂစ်ပဲရှိတာ။
    ကြိုက်တဲ ့နံပတ်ရွေး….! နံပတ်အနေအထားအရ ဈေးနှ ူန်း အပြောင်းအလဲအနည်းငယ်ရှိနိုင်ပါတယ်။
    လက်ရှိငွေလဲနှ ူန်း ၁ရင်းဂစ်ပျမ်းမျှ ၂၅ဝကျပ် နဲ ့တွက်ကြည် ့ရင် ကျပ်၂၀၀ဝ ကျော်လောက်ပဲကျပါတယ်။

  • ginny

    January 26, 2012 at 10:53 am

    ၅၀၀ဝကျပ်တန်ဖုန်းက တကယ်ဖြစ်လာရင်တော့အရမ်းကောင်းမှာပဲ။ တကယ်ဖြစ်လာပါစေလို့လဲ ဆုတောင်းပါတယ်။

  • naung

    January 26, 2012 at 11:30 am

    ၅၀၀ဝ နဲ့ ရအောင်လုပ်ပေးမယ့်ဆိုတာ မဖြစ်နိုင်ဘူးလို့တော့ မထင်ပါ။
    အာဆီယံ နိုင်ငံတွေမှာတောင် ရအောင်ပေးနေတာဘဲ။
    ဆက်သွယ်ရေးဘက်ကနေ တာဝါတိုင်တွေကို ပေးမသုံးနိုင်ဘူးဆိုရင်တောင်မှ ကိုယ်တိုင်တည်ဆောက်ရင် ရနိုင်ပါတယ်။
    အဓိက က ရောင်းချခွင့်ပြု့ဖို့လိုတာပါ။
    သမ္မတကြီးအနေနဲ့ ပြည်သူတွေအပေါ်မှာ စေတနာထားတယ်ဆိုရင် ဒီလိုကိစ္စမျိုးကို ခွင့်ပြုသင့်တယ်လို့ထင်ပါတယ်။

  • ရွာစားကျော်

    January 26, 2012 at 12:33 pm

    ကို nature ရေ
    နည်းပညာ အရ မဖြစ်နိုင်တာလား
    စီးပွားရေးဈေးကွက်ကြောင့် မဖြစ်နိုင်တာလား
    ပေါ်လစီကြောင့် မဖြစ်နိုင်တာလား လင်းပါအုံး

    ကျွန်တော့် အမြင်ကတော့
    ဖုန်းဆိုတာ သူဌေးတွေပဲကစားတဲ့ ဇိမ်ခံပစ္စည်းလိုမဟုတ်ဘဲ
    ဆိုက်ကားသမားကမွေးတဲ့ ကလေးတွေလည်း ကစားချင်ကစားလို့ ရသင့်တယ်ထင်ပါတယ်..

    (ဒီ၅၀၀ဝတန် ဖုံးက သူများဆောက်ထားပြီးသား အိမ်ကို သော့ခတ်ပြီး တက်နေသလိုများဖြစ်နေမလားလို့ထင်မိတယ်။) ငါဆောက်ထားတဲ့အိမ်ဆိုပီး သော့ခတ်၊ ဘယ်သူမှတတ်မနေနဲ့ လို့ပြောနေတာ ဈေးကွက်စီးပွားရေးမဟုတ်ဘူးထင်တယ်.. အကျိုးအမြတ်တခုပေးရင် ဈေးလမ်းဆုံဇရပ်လို ဟင်းလင်းဖွင့်ထားရမှာမလား..
    ဘယ်သူမှ သော့ခတ်မထားသင့်ပါဘူး..

  • awra-cho

    January 26, 2012 at 2:16 pm

    ပြည်သူတွေ ပိုက်ဆံ နဲ့ ဆောက်ထားတဲ့ အိမ်ကို ကိုယ့်အိမ်ဆိုပြီး သော့ခတ် လို့ သင့်ပါ့မလား။
    ငါနဲ့ ပေါင်းမလုပ် ရင် ငါ့ဟာတွေ မထိနဲ့ ဆိုပြီး ကလေး တွေလို လုပ် နေ တယ်၊ ဒီ နက်ဝပ် ကလည်း
    ဘယ်သူ့ ပိုက်ဆံ နဲ့ ဆောက်သလဲ။ ရတာက ဘယ်လောက်၊ သုံးတာကဘယ်လောက်၊ ရှင်းပြကျ/ကြ
    ပါလား၊ ပွင့်ပွင့်လင်းလင်း ပေါ့။

  • windtalker

    January 26, 2012 at 3:50 pm

    ကျွန်တော် သိတာကတော့
    မန်းတလေး ဂျီအက်စ်အမ် ၂၀ဝ နဲ ့စတဲ့ နံပါတ်တွေ စပေါ်တုန်းက
    တစ်လုံးကို သိန်း၅ဝကျပ် ဆိုတာပါဘဲ ။

Leave a Reply