ဂလိုဘယ် ရွာကလေး

comegyiJanuary 25, 20121min16410

ငါ့ရွာ  . . .

ရွာအဝင်တံခါးဝမှာ ရွာအဝင် ဆိုင်းပုဒ်ဟာ

အပြာရောင် အပြုံးတွေနဲ့

ကြိုဆိုနေတဲ့ရွာ. . .။

 

ကွန်ဆာဗတစ် ကားကြီးပေါ်က ခုန်ဆင်းလိုက်တော့

ငါတို့ ငယ်ငယ်ကလို

ကလေးတွေ ကားဆီ ဒုန်းပြေးလာကြတာ

မတွေ့ရတော့တဲ့ ငါ့ရွာ . . .။

 

၁၅ နှစ်သားမှာ ရွာက ထွက်ခဲ့ပြီး

၁၅ နှစ်ကြာပြီးမှ ရွာပြန်ရောက်ဖြစ်တဲ့ အခါ . .  .။

 

င့ါရွာ

အိုသွားတာလား  .  . .

ခုမှ အပျိုဖြစ်လာတာလား . . .

လူအမြင်ကတ်လောက်အောင် လည်လွန်းတဲ့

ကလေးပေါက်စန တစ်ယောက်လား

ခေတ်စနစ်ကြီးမှာ ယောက်ယက်ခတ်နေပြီလား

ငါ့ရွာ . . .။

 

ငါ့ရွာသား အသစ်

၁၉ နှစ်သားလူပျိုညိုထွားထွားကြီးတွေ

မြို့မှာသွားနေတဲ့ ဖြူကပ်ကပ်ထောင့်မကျိုးတဲ့ငါ့ကို

ထောင့်ကျိုးတဲ့ အကြည့်နဲ့ကြည့်လို့

ငါ့ရွာ ပြောင်းလဲသွားတာပေါ့ . . .။

 

ငယ်ငယ်က ငါ့ရွာမှာ

ရုံးကန္နားကိစ္စဆို ကြက်ခြေခတ်လက်မှတ်ထိုးတဲ့

င့ါရွာသားတွေ

ပိုက်သာဂိုရပ် သီအိုရမ် မလိုတဲ့

သချင်္ာတွေလည်း တွက်တတ်နေလို့

ဗွီဒီယိုရုံလည်း ၃ ရုံရှိသွားပြီ . . .။

 

ဟိုတုန်းက

နေညိုရင် ရိုးရိုးတန်းတန်းလေပြိုတဲ့ငါ့ရွာမှာ

နေညိုရင် ပါးစပ်ဖျား ဆိုနီမိုက်ကရိုဖုန်းတေ့လို့ . . . .

ကိုင်းတံနဲ့ ငါးမျှားစားခဲ့တဲ့ ငါ့ရွာမှာ

ငါးဖမ်းလှေကြီးပေါ်က ဆင်းပြီး

ရေခဲရိုက်ငါးရဲ့ ဗိုက်ထဲက ပိုက်ဆံတွေ ခွဲထုတ်လို့

ဆိုင်ကယ် စီးတတ်သွားတဲ့ရွာ . . .။

 

င့ါရွာက

ကောင်မလေးတစ်ယောက်က

`ညီမလေးကို  မော်ဒန်နဲ့  ပို့(စ်)မော်ဒန်

အကြောင်းရှင်းပြပါ´

ငါ့ရွာ . . .။

 

လူငယ်နဲ့ လူလတ်တွေ စွန့်ခွာသွားခဲ့ကြ

သက်ကြီးရွယ်အိုတွေနဲ့

သားသမီးမျှော် အဖေအမေအိုတွေနဲ့

မျိုးဆက်ပြတ်မတတ် ခန်းခြောက်သွားတဲ့ရွာ . . .။

 

လယ်စိုက်ယာစိုက် တစိုက်မတ်မတ်ခရီးရှည်မှာ

အရွယ်ညောင်းကြရင်

လောကဓံမဟုတ်တဲ့ ဘဝဒဏ်တွေနဲ့

ဒူးကိုက် ခါးကိုက် ရွာလုံးကျွတ်ဆေးကုရတဲ့ရွာ . . .။

 

ရွာဦးကျောင်းမှာ မီးစက်ရှိလာပြီ

စာသင်ကျောင်းကလေး သွပ်မိုးဖြစ်လာပြီ

ငါ့ရွာသား မျိုးဆက်သစ်လူငယ်လေးများ

ဆေးကျောင်းမီပြီ၊ ကျောင်းဆရာဖြစ်ပြီ

နို်င်ငံခြားဘာသာ တက္ကသိုလ်ရောက်ပြီ . .  .

 

င့ါရွာမှာ

ရည်းစားဦး သားကလေးလည်း

ဘောလုံးကန်တတ်နေပြီပေါ့။

ရွာထိပ်ကုန်စုံဆိုင်ကြီးရဲ့ ခေါင်မိုးပေါ်က

ဝါးလုံးရှည်မတ်မတ်ကြီးရဲ့ ကြေးနန်းကြိုးမှာ

ရွာသားစစ်စစ်ကြီးတွေ တယ်လီဖုန်းပြောတတ်ကြပြီ . . .။

 

ရွာကလေးရဲ့ လယ်၊ မြေ၊ ရေ

ရွာကလေးရဲ့မိဘတွေ ၊ ငယ်ပေါင်းတွေနဲ့

ကွဲကွာခဲ့ ၁၅ နှစ်မှာ

ခုလို ကဗျာလေးတစ်ပုဒ်ပဲ တတ်နိုင်သေးလေတော့

ကျေမှ  ကျေနပ်ပါ့မလား . .

င့ါရွာ . . .။           ။

 

ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာ ရွာကလေးများသို့………….

10 comments

  • စိန်ပေါက်ပေါက်

    January 25, 2012 at 6:39 pm

    ဂျမ်းပိန်တို ့လဲ ပွေးတွေပျောက်ပြီး
    အတိုအပြတ် စကတ်တွေ ဝတ်လို ့ပါလား
    အို
    ူငါ့ရွာ
    😀

  • “ဘီလူးကြီး”ogre

    January 25, 2012 at 7:42 pm

    ကျေနပ်တယ်…ကျေနပ်တယ်
    ကဗျာတစ်ပုဒ်နဲ့လဲကျေနပ်တယ်
    ဂျော်လကီ ဝါးကား နဲ့ဆိုရင်ပိုကျေနပ်တယ်
    ပုံ/ရွာထိပ်က ဘိုးဘိုးကြီး

  • င့ါရွာမှာ

    ရည်းစားဦး သားကလေးလည်း

    ဘောလုံးကန်တတ်နေပြီပေါ့။

    ကို comegyi ရေ
    အဲဒီကိစ္စက ဟိုတုန်းကဆိုရင်တော့ ရှင်းလင်းဖို့များပေမယ့်
    အခုခေတ်မှာဆိုရင်တော့ ကိုရီးယားကားတွေလို သို့လော သို့လော လို့သာ ထင်မှတ်မိကြောင်း …. 😛

    ကဗျာ အရသာ ပျက်သွားအောင်လုပ်မိတာမဟုတ်ပါ
    သူကြီးကြောင့်ပါ သူကြီးကြောင့်ပါ (သူက မတူတဲ့အမြင်ပဲ ပြောပြောနေလို့)
    ကဗျာအပေါ်မှာ စီးမျောခံစားရင်း ငယ်ငယ်တုန်းက အဖြစ်အပျက်တွေကို ပြန်ပြောင်း သတိရစေလို့ ကျေးဇူးတင်မိပါရဲ့
    ကဗျာကောင်းလေးတစ်ပုဒ်ကို ဖတ်ရှုသွားပါတယ်
    ခင်တဲ့ KING

  • htet way

    January 25, 2012 at 8:45 pm

    ရေခဲရိုက်ငါးရဲ့ ဗိုက်ထဲက ပိုက်ဆံတွေ ခွဲထုတ်လို့
    ဆိုင်ကယ် စီးတတ်သွားတဲ့ရွာ . . .။
    အော်ရွာကလေးဟာ……….။
    ရွာအပြန်သီချင်းလားအကို.. အားပေးပါတယ်။

    င့ါရွာမှာ
    ရည်းစားဦး သားကလေးလည်းဘောလုံးကန်တတ်နေပြီပေါ့။
    ခံစားလိုက်ပါတယ်အကိုရေ
    ကိုကမ်းကြီးရေ
    ကဗျာကောင်းလေးတစ်ပုဒ်ကို ဖတ်လိုက်ရတာ ကျေးဇူးပါ

  • မှော်ဆရာ

    January 25, 2012 at 9:42 pm

    ရွာအဝင်ဝက အပြာရောင်အပြုံးဆိုတာလေး နဲနဲရှင်းပြပါဆရာကမ်း ..

  • surmi

    January 26, 2012 at 12:51 am

    Men may come and men may go
    but I go on forever

    (for My village)

  • windtalker

    January 26, 2012 at 4:10 pm

    ဂလိုဘယ် စာကလေး
    အိုဘယ် ဆာတေး
    လိုတယ် ညှာလေး
    အပျိုကွယ် လာပေး
    ဆိုမယ် အချစ်တေး

  • water-melon

    January 26, 2012 at 4:21 pm

    စာကလေးက သေးတယ် တစ်လုပ်စာဘဲရှိတာ
    ဆာတေးကတော့ စန္ဒာမေမှာရောင်းတယ်
    တစ်ခွက်တစ်လေ သွားသောက်ရအောင် ကိုပြောင်

  • comegyi

    January 26, 2012 at 10:44 pm

    စိန်စိန်ပေါက်….
    ဂျမ်းပိန်ပွေးပျောက်သွားဒါ
    နင်ဘာဆေး ပေးလိုက်လို့ဒုန်း….
    ………………..
    ရွာထိပ်က ဘိုးဘိုးဂျီး
    ကျွန်တော်က ဂျော်နကီဝါလကား ဝယ်လာရင်
    ဘိုးဘီလူးက စိတ်ညစ်နေတဲ့မြို့ကကြက်တွေလိုမဟုတ်ဘဲ
    တောမှာ လွတ်လွတ်လပ်လပ် ပျော်မြူးပြေးလွှားနေတဲ့
    ကြက်မဒန်းမလေး တစ်ကောင်ချက်ထားပေးမှာလား
    ဲငြုတ်သီးဇိမ်း စပ်စပ်လေးနဲ့…..
    …………..
    မဟာရာဇာစော်ဘွားဂျီး အံဇာတုံးက ဗီဒယို ရုံပိုင်ရှင်လားဗျ
    …………..
    ဘွဲ့များဒဂါ ထိပ်ခေါင် ကိုကင်းရေ့
    ခီများပြောတဲ့ အဲကိစ္စက အဲဂတည်းက ချင်းချင်းလင်းလင်းပါဗျ
    ယုံပါ ……ခင်ဗျ
    ……….
    ကိုထက်ရေ့
    ကျုပ်လည်း ခင်ဗျားကို ဆက်သွယ်ဖို့ပျက်ကွက်တာ
    ကြာနေပြီ ဆောရီးပါဗျာ …နောက်တစ်ခုက
    စနေ၊ တနင်္ဂနွေဆို ကျွန်တော်က အားဘူးဗျ
    အဲဒါလည်း ပါတာပေါ့ဗျာ တစ်နေ့တော့တွေ့ကြတာပေါ့ဗျာ
    ………..
    ဆြာမှော်ရယ် ပြောလိုရင်းကတော့
    ရွာသားတစ်ယောက်က အနေကြာပြီး
    ရွာပြန်လာလို့ ကိုယ့်ရွာဆိုင်းပုတ်လေးကို မြင်လိုက်ရတော့
    ရင်ထဲ ဘယ်လောက် နွေးထွေးသွားမလဲဗျာ ဒုတ်ဒုတ် ….
    ဒုတ်ဒုတ်နဲ့ နေမပေါ့ ….
    ဒီသဘောပါ ဆြာမှော်ရယ်….
    ………..
    Surmi ခင်ဗျား
    ဆယ်တန်းတုန်းက ကဗျာလေး သတိရအောင်
    လုပ်ပေးလို့ ကျေးဇူးနော် ….
    ………..
    water-melon ရေ့
    ခင်ဗျားတစ်ယောက်တည်းတော့ မသွားပါနဲ့ဗျာ
    ကျွန်တော်လည်း လိုက်မပေါ့ ဟဲဟဲ…
    ခင်တဲ့…….
    ကီးဂျမ်း……

    ရဲဘော်ဂျီး ခင်ဗျားပျောက်လှချည်လား
    ………

Leave a Reply