ကျနော်တို့တိုင်းပြည်မှာလိုအပ်နေတဲ့အရာလေးတွေကိုဖြည့်စည်းပေးနိုင်ဖို့တွေးမိပြီးရေးလိုက်ပါတယ်…။

အကြောင်းက ဒီလိုပါ ကျနော်နေထိုင်ရာ မြို့နယ်လေးမှာဒီကနေ့ညနေ (၀၆း၂၀)နာရီ မလေးစံတော်ချိန်လောက်မှာ မိုးသက်လေပြင်းတိုက်ခိုက်သွားပါတယ်…ကျနော်ဒီမြို့နယ်မှာနေထိုင်ခဲ့တာ(၆)နှစ်ကျော်ရှိသွားပါပြီ၊တစ်ခါမှမကြုံခဲ့ပါဘူး၊လေတိုက်နှုံးဘယ်ပြင်းတယ်ဆိုတာမသိရသေးပါဘူး..

ဒီမှာမိုးရွာတာက မဆန်းပေမယ့်၊လေပြင်းကတော့ဝင်ခဲပါတယ်…(၁၅)မိနစ်လောက်ကလေး လေပြင်းတိုက်လိုက်တာ အိမ်ရှေ့ကအပင်ကြီးတွေတောင်လဲကုန်ပါတယ်…အချို့ကားတွေပေါ်လဲပိကုန်ပါတယ်…ကိုယ်ချင်းစာမိတာက နာဂစ်ဝင်သွားတုံးက ခံစားခဲ့ရတဲ့လူတွေကိုတော်တော်သနားမိပါတယ်…ဩော် ကိုယ်တိုင်ကြုံမှပိုပြီးစာနာထောက်ထားတတ်တာလူ့သဘာဝပါပဲ…ကိုယ်ကြုံတွေ့တာဘာမှမဟုတ်ပေမယ့် အိမ်ကတရုတ်ကဒ်မှန်တွေလွင့်စင်ထွက်လာမှာတောင်စိုးမိပါတယ်…

အဓိက အကြောင်းအရာကလေပြင်းတိုက်ပြီးလို့ တစ်နာရီလောက်အကြာမှာ လူတွေကိုယ်စီကိုယ်စီလမ်းတွေပေါ်ရောက်လာပါတယ်…နောက်မကြာခင်မှာပဲ မြို့နယ်အပိုင်ရဲတွေ၊မီးသတ်တွေ၊စည်ပင်ကလူတွေ

စုစုပေါင်းအင်အား(၅၀)လောက်ရောက်လာကြပါတယ်၊သူတွေမှာလိုအပ်တဲ့ Equipment တွေအစုံအလင်ပါရှိပါတယ်။အချိန်နာရီပိုင်းအတွင်းမှာ လမ်းတွေကိုရှင်းလင်းဖယ်ရှားလိုက်နိုင်ပါတယ်…

တစ်မြို့နယ်လုံးကို ညတွင်းခြင်းပြီးပြတ်အောင်ဆောင်ရွက်နိုင်ပါတယ်…ဘယ်သူမှတစ်အိမ်တစ်ယောက်ဓါးမကိုင်ပြီးလိုက်ခုတ်စရာမလိုပါဘူး..

ဘာကြောင့်လဲ..လိုအပ်တဲ့ Equipment တွေကိုမြို့နယ်တိုင်းမှာအစဉ်သင့်ရှိပြီးသားပါ၊မီးသတ် ဆိုတာက Civil Defence

လိုအပ်တဲ့ Equipment တွေအပြည့်အစုံရှိဖိုလိုအပ်နေပါတယ်…မင်္ဂလာတောင်ညွန့်မြို့နယ်မှာဖြစ်ပွါးခဲ့တဲ့မီးလောင်ကျွမ်းမူရဲ့ သတင်းဓါတ်ပုံတွေ၊ဗီဒီယိုဖိုင်တွေမှာ မီးသတ်ရဲဘော်နဲ့အရံရဲဘော်တွေမှာ Equipment တွေပြည့်စုံမူမရှိပါဘူး…

Chemical ပစ္စည်းတွေရှိတဲ့နေရမှာ မီးငြိမ်းသတ်နိုင်ရန်အတွက်လိုအပ်တဲ့ Equipment တွေဝတ်ဆင်ထားတွေမတွေ့ရှိပါဘူး၊နိုင်ငံတော်မှ လိုအပ်တာတွေကိုဖြည့်စည်းပေးနိုင်ဖို့တင်ပြလိုက်ရပါတယ်။

ရှင်းလင်းဖယ်ရှားနေစဉ်...

လမ်းများစတင်ရှင်းလင်းနေစဉ်။

 

ပူးပေါင်းဆောင်ရွက်ကြပုံ...

 

ဝန်ချီစက်များနှင့်လမ်းများရှင်းလင်းဖယ်ရှားနေပုံ...

စင်္ကာပူလောက်မဟုတ်တောင် မလေးရှားလောက်တော့ လိုက်လုပ်နိုင်ကောင်းပါရဲ့လို့ မျှော်လင့်မိပါတယ်ဗျာ…

မြို့နယ်တွင်းကလူတွေ ဘယ်သူကမှ ဓါးမကိုင်ပြီး၊ကိုယ့်လမ်းကိုယ်ရှင်းစရာမလိုပါဘူးဗျာ…

စေတနာရှင်တွေကရေသန့်ဘူးတွေ၊အအေးတွေပေးတာလောက်ပဲရှိပါတယ်…ဒါတောင်သူတို့ကားတွေပိနေတဲ့ အထဲကဖယ်ပေးလို့ ပေးသွားတာတွေပါ…

အဲဒီတော့…ဟိုတစ်ချိန်တုံးကလို လိုအပ်သည်များကို မှာစားပြီးပြန်သွားမယ့်လူတွေလိုမဟုတ်ပဲ…တစကယ်လိုအပ်တာတွေကို ဖြည့်စည်းပေးနိုင်မယ့် အမတ်မင်းများပေါ်ထွက်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ခင်ဗျားးးးး…

သစ်ပင်တွေလဲပြီး တစ်ချို့ ဓါတ်တိုင်တွေလဲတာတောင်မီးမပျက်ဘူးခင်ဗျ…

 

About ခေတ်သစ်ပေါက်ကျိုင်း

zaw min has written 92 post in this Website..