မနေ့က ကိုသစ်မင်း တင်ခဲ့သော သူကြီးသို့ ပေးစာ ပို့စ်ကတော့ ရွာသူရွာသားအားလုံးရဲ့
အစည်းအဝေးကြီးတစ်ခု ဖြစ်လာခဲ့ပါပြီဗျာ။ အခုပို့စ်တင်ကာနီး တစ်ချက်ကြည့်လိုက်တော့
ကွန်းမန့်က ၅၂ ခု ရှိနေပါပြီ။ ကိုယ့်ရပ်ကိုယ့်ရွာအတွက် တက်တက်ကြွကြွ ဆွေးနွေးကြစေ
ချင်ပါတယ်ဗျာ။ Etone ရဲ့ အလှူ ပို့စ်လေးကလည်း ကွန်းမန့် ၁၂၂ ခုနဲ့ ခရီးဆက်နေဆဲပါ။
စာရေးဆရာတွေ မှန်လုံယဉ်မစီးဘူးဆိုတဲ့ ပို့စ်လေး ပျောက်သွားတာ ဘာမှမသိလိုက်ရဘူး သူကြီးရေ။
သူကြီးပိတ်လိုက်တာလား ဆိုတာလေးတော့ သိချင်မိပါတယ်။

Kotun winlatt ရဲ့ ထောင်ချောက်
http://myanmargazette.net/87571/uncategorized-other/copypaste
ပို့စ်လေးကတော့ လွတ်လပ်စွာရေးဖွဲ့ထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ။
ဆင်းရဲခြင်းကို ထောင်ချောက်အဖြစ်တင်စားထားပါတယ်ဗျာ။

အရှိတရားများ၏ နောက်ကွယ်မှ
အသိတရားမွေးရနံ့များ
တိတ်တဆိတ်လှည့်ဖျားခြင်းထံပါး၌
မျက်စိလည်လမ်းမှားလေသောအခါ
အတ္တ၏ မျက်နှာမူရာ၌
မာနတရားသည် တံခွန်ထူအလံလွင့်ကာ
တဏှာလောဘတို့နှင့်အတူ
စစ်ချီလာကြလေပြီ……။
ဝန်းကျင်တစ်ခုလုံးလည်း
ရမ္မက်အမှောင်ဖုံးကာ
သာထေယျများနှင့် လှည့်စားလျက်
လောကအလယ်တွင်
ကျင်လည်ကျက်စားမိလေပြီ…..။
ထိုသံသရာဝဲဂယက်တွင်
အဆိုးကိုထည့်သွင်းပြီး လှည့်ပတ်စေသောအခါ
စာရိတ္တမဏ္ဍိုင်များ တ၀ုန်းဝုန်းပြိုကျလျက်
တွယ်ရာကမ်းလည်းမဲ့ရချေပြီ….။
သစ္စာတရားအရောင်ကိုလည်း မမြင်နိုင်
မေတ္တာတရားတို့သည်လည်းဆိတ်သုန်း
နစ်သထက်နစ်လာ ရေစုန်မှာမျှောရင်း
ကမ္ဘာလောကအတွက် ဆန်ကုန်မြေလေး
လူငခွေးတစ်ယောက်ဖြစ်လေပြီလား ….။
ဒဿနတရားတွေကြားမှာ
ဆက်အတွေးဖြန့်ရင်း
ဆင်းရဲခြင်းထောင်ချောက်အတွင်းမှ
ရုန်းမထွက်နိုင်သော..ငါ ….

အဲဒါလေးပါ။ ကွန်းမန့်လေးတွေကိုတော့ မူရင်းလင့်မှာ သွားဖတ်ပေးကြပါခင်ဗျာ။

စုံစမ်းစပ်စုသွေးပါတယ်ဆိုတဲ့
ကိုပေါက်ရဲ့ “သူကလဲတွေ့သမျှနေရာမှာလက်ဆော့ ကျနော်ကလည်းမြင်သမျလက်ဆော့”
http://myanmargazette.net/87549/travel/photography-pictures-galleries-wallpapers-photo-tips
ပို့စ်လေးကတော့ ဓါတ်ပုံလေးတွေပါခင်ဗျာ။ သူ့ဓါတ်ပုံလေးတွေအကြောင်း
သူရေးပြထားတာ ဖတ်ကြည့်ပြီး စိတ်ဝင်စားရင် တစ်ခါတည်း သွားကြည့်ကြဘို့ပါ။

အကြောင်းကိစ္စအမျိုးမျိုးကြောင့် နေရာအတော်များများကို ကျနော်ရောက်လေ့ရှိပါတယ်။အဲဒီအခါများမှာ စုံစမ်းစပ်စုသွေး ပါနေတော့ မြင်မြင်ရာနေရာမှာ ဟိုကြည့်ဒီကြည့်ပေါ့။ အဲတော့ နံရံ သစ်ပင် တန်းလျားတွေမှာလက်ဆော့ထားတာတွေကို မြင်မိတော့ကျနော်ကလဲလက်ဆော့သပေါ့။အဲတော့ ရွာသူရွာသားတွေမြင်ရအောင် တင်ပေးလိုက်မိတာပေါ့။

ကွန်းမန့်လေးတွေ စည်စည်ကားကားနဲ့ ကြည့်ရမယ့် ဓါတ်ပုံလေးတွေပါဗျာ။

Myanmarcitizen ရဲ့ ဘုန်းကျော်သို့ … ဖတ်ဖြစ်အောင်ဖတ်ပါ ကိုဘုန်းကျော် … (တစ်လုံးမကျန်ဖတ်ပါ)
http://myanmargazette.net/87662/uncategorized-other/copypaste
ဆိုတဲ့ ပို့စ်လေးကတော့ ဘုန်းကျော်ရေးခဲ့တဲ့ပို့စ်တွေကို ဖတ်ပြီး မကျေမနပ်ဖြစ်နေသူတစ်ယောက်ရဲ့ အသံပါ။
ရွာသူရွာသားတွေ အနေနဲ့ ဖတ်ဖြစ်အောင်ဖတ်ကြဘို့ တိုက်တွန်းချင်ပါတယ်။ ဘုန်းကျော်ကို မကျေနပ်ကြသူတွေရဲ့ ကွန်းမန့်တွေနဲ့
ဘုန်းကျော် ရေးတဲ့ ကွန်းမန့်လေးကိုပါ ဖတ်ရမယ့် ပို့စ်လေးပါ။

Etone ရဲ့ ကျောင်းတက်တဲ့အရွယ် ဈေးရောင်းမယ်
http://myanmargazette.net/87653/society-lifestyle
ဆိုတဲ့ ပို့စ်လေးကတော့ ချောင်းသာကမ်းခြေက ကလေးငယ်တွေရဲ့ ဘ၀ကို ဓါတ်ပုံလေးတွေနဲ့ တင်ပြနိုင်ခဲ့တဲ့ ပို့စ်လေးပါ။
စာသင်ခန်းထဲမှာ ရှိနေရမယ့် အရွယ်မှာ ကမ်းခြေတစ်လျောက် ကဏန်းလေးတွေလိုက်ရောင်းပြီး မိသားစု အိမ်စရိတ်ရှာဖွေပေးနေရရှာတဲ့
ကလေးတွေရဲ့ ဘ၀ကို Etone က သံချောင်း ခေါက်နိုင်ခဲ့ပါတယ်ဗျာ။ ဓါတ်ပုံထဲမှာ ပါတဲ့ ကလေးလေးတွေရဲ့ ရုပ်ရည်ကလေးတွေကလည်း
သန့်သန့်ပြန့်ပြန့်လေးတွေပါ။ တတ်နိုင်တဲ့သူတွေများ ဒီပို့စ်လေးဖတ်မိရင်ဖြင့် တစ်ခုခုတော့ ထူးခြားနိုင်ကောင်းရဲ့ လို့ မျှော်လင့်မိပါတယ်။
ဒီပို့စ်လေးကို ရေးတင်ခဲ့တဲ့ Etone ကိုလည်း လက်ခုတ်တီးပြီး အားပေးပါတယ်ခင်ဗျာ။

ကျောင်းလည်း မတတ်ချင် ၊ စာသင်တာကို ၀န်ထုတ်ဝန်ပိုးလို သဘောထားတဲ့ကလေးတွေကြား ကူညီနိုင်တာ ဘာမှမရှိတာမို့ …
ပါလာတဲ့ မုန့်ကျွေး ၊ မုန့်ဖိုးပေးပြီး ပြန်လွှတ်လိုက်ပါတော့တယ် … ။ ပျော်ရွှင်ခုန်ပေါက်ပြီး ပြန်ထွက်သွားတဲ့ သူတို့ကျောပြင်တွေကိုကြည့်ရင်း
သက်ပြင်းသာချမိပါတော့တယ် .. ။ ။

ကလေးငယ်တွေ ကျောင်းနေတဲ့အရွယ်မှာ ကျောင်းခန်းထဲမှာ ရှိနေစေဖို့ တာဝန်ရှိသူတွေအနေနဲ့လည်း အားထည့်ပေးဖို့ လိုနေတယ်လို့ ထင်မိပါတယ်။
ဆင်းရဲတဲ့ မိဘတွေကိုလည်း ပညာပေးဖို့ လိုတယ်ထင်မိပါတယ်။ weiwei ရဲ့ ကွန်းမန့်လေး ဖတ်ကြည့်ပါခင်ဗျာ။

weiwei says:
သူတို့လေးတွေကြည့်ရတာ ပျော်နေပုံပါပဲ …
ရန်ကုန်က ကျောင်းမတက်နိုင်တဲ့ ကလေးတွေထက်စာရင် တော်ပါသေးတယ် …
အသိတစ်ယောက်ကပြောဖူးတယ် .. သူတို့အိမ်နားက ကလေးအမေတစ်ယောက်က ကလေးတွေအများကြီးမွေးတာ အခုနောက်ဆုံး ၉ ယောက်မြောက်တောင်
မွေးပြီးပြီတဲ့ … ယောက်ျားလေးဆို ၈ နှစ်လောက်ရောက်ရင် လက်ဖက်ရည်ဆိုင်ကို အပြီးပို့ပစ်ပြီး အလုပ်ခိုင်းတယ် … မိန်းကလေးကို သူများအိမ်ပို့ပြီး
အိမ်ဖော်လုပ်ခိုင်းတယ်တဲ့ … ပတ်ဝန်းကျင်က ကျောင်းထားပေးပါ့မယ်ဆိုတာတောင် လက်မခံဘူး .. ပိုက်ဆံရှာဖို့ပဲ ခိုင်းစားထားတာဆိုပဲ …
ကျောင်းမတက်နိုင်တဲ့ကလေးတွေအများကြီးရှိနေတာ မိဘတွေကြောင့်လို့ပဲ မြင်မိတယ် … အခမဲ့ကျောင်းတွေ၊ ဘကကျောင်းတွေရှိပေမယ့် မပို့ပဲ ခိုင်းစားချင်ကြတယ်

ကိုအောင်ပု ရဲ့ မတူတဲ့အမြင်နဲ့ ကွန်းမန့်လေးရယ် သူကြီးကွန်းမန့်လေးတွေရယ်ကိုလည်း ဖတ်ရမယ့် ပို့စ်ကောင်းလေး တစ်ခုပါဗျာ။

Super ရဲ့ အမှတ်တရအလွဲ
http://myanmargazette.net/87755/uncategorized-other/copypaste
ဆိုတဲ့ ပို့စ်လေးကတော့ Computer Sales & Service Center မှာ အလုပ်ဝင်ကာစ super ရဲ့ အလွဲလေးတွေပါခင်ဗျာ။
Oki ပရင်တာ ပြင်တဲ့ စူပါရဲ့ အလွဲကြောင့် customer ခင်ဗျာ service ခ တစ်ဝက်ခံလိုက်ရတဲ့ အကြောင်းလေးပါ။
ဘာပဲပြောပြော အဲဒီအမှား လေးတစ်ခုကြောင့် Oki ပရင်တာဆိုရင် စူပါအတွက် အေးဆေးဖြစ်သွားတာလေးနဲ့ ပို့စ်ကို အဆုံးသတ်ပေးထားပါတယ်ဗျာ။

ပညာတော့ရသွားတာပေါ့ဗျာ၊ နောက်ပိုင်း Oki Printer တွေ စာရွက်ညှပ်လို့ မလုပ်တတ်လို့ Service လာခေါ်ရင် Super တို့က အေးဆေးဖြစ်သွားပြီဆိုတဲ့ သီချင်းတောင် ညည်းလို့…………

နောက်အလွဲလေးတွေလည်း ရှိရင်ရေးဦးဗျာ။ ဖတ်ချင်သေးလို့ပါ။ အလွဲလေးတွေကနေ အလွဲကြီးတွေတော့ အဆင့်တက်မလာလောက်ပါဘူးနော့။ နောက်တာပါဗျာ။

ကွန်းမန့်ပေါင်း ၃၅ ခုနဲ့ အောင်မြင်ခဲ့တဲ့ ပို့်လေးတစ်ခုကတော့
ထက်ဝေး ရဲ့ နာမည်ဆိုတာ
http://myanmargazette.net/87763/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle
ပို့စ်လေးပါဗျာ။ အဘဖေါပွဲမှာ တွေ့ခဲ့ရတဲ့ ရွာသူရွာသားတွေရဲ့ နာမည်တွေအကြောင်း ရေးထားတာလေးပါ။
ကျွန်တော့် နာမည်လေး မမေ့မလျော့ ထည့်ရေးပေးတဲ့ အတွက်လည်း ကျေးဇူးတင်ရပါသည်ပေါ့ခင်ဗျာ။
ကိုထက်ဝေးရဲ့ သူ့ မူပိုင် နာမည်လေးအကြောင်းက ဒီလိုတဲ့ ဗျ။

ဟုတ်ကဲ့ .. ကျွန်တော့်ကလောင်နာမည်က ထက်ဝေးပါ ထက်ပြီးမှ ဝေးရသူပါဗျာ။
အငြိမ်းချမ်းဆုံးကိုရှာဖွေရင်း
သောကတွေနဲ့ဝင်တိုးခဲ့ရ
နက်ဖြန်ရှိရင်လှမှာပါ…
ကျွန်တော်ရေးခဲ့တဲ့ စာသားလေးအတိုင်း ကျွန်တော့်ဘ၀မှာ ကြုံတွေ့ခဲ့ရပြီး ထက်ပြီးမှ ဝေးရတဲ့အဖြစ်တွေအများကြီးရှိခဲ့ပါတယ်

ကဲ ကိုထက်ဝေးရေ။ ထက်ပြီးမှ မဝေးရအောင် ဒီတစ်ခါ ရန်ကုန်ရောက်ရင် ဆမ်းမားမှာ လမ်းသလားကြမယ်ဗျာ။
ကွန်းမန့်လေးတွေကလည်း ဖတ်လို့ကောင်းမှကောင်းဗျာ။

Anonymous ရဲ့ မီးသတ်တပ်ဖွဲ့ဝင်ဘဝ
http://myanmargazette.net/87782/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news
ဆိုတဲ့ ပို့စ်လေးကတော့ မီးသတ်တပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေကို အော်ထားတဲ့ ပို့စ်လေးပါဗျာ။

ခေတ်တွေ စနစ်တွေ ပြောင်းလဲလာမှုနဲ့ အတူ မီသတ်တပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေလဲ ပြောင်းလဲ လာခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေကို ကျွမ်းကျင်မှုရှိစေဖို့အတွက် မီးသတ်သင်တန်းတွေ လေ့ကျင့် သင်ကြားပေးနေရာကနေ နိုင်ငံတော်အေးချမ်းသာယာရေး အရန်အင်အား ဆိုပြီး မီးသတ်တပ်ဖွဲ့ဝင်တွေကို အခြေခံစစ်ပညာတွေ ၊ လက်နက်ငယ်ကိုင်တွ ပစ်ခတ်နည်းတွေကို သင်ကြားပို့ချလာပါတယ်။ မီးသတ်ပိုက် ကိုင်တဲ့ လက်တွေဟာ သေနတ်တွေကို ကိုင်လာရပါတယ်။ လက်ထိပ်တွေ ကိုင်လာရပါတယ် နံပါတ်ဒုတ်တွေ ကိုင်လာရပါတယ် ဧည့်စာရင်းတွေစစ် လုံခြုံရေးတွေစစ် ယာဉ်ထိန်းအလုပ်တွေ လုပ်ရဲအလုပ်တွေလုပ် ကိုယ်နဲ့ မဆိုင်တဲ့အလုပ်တွေ ပေါ်လစီအရ ဝင်ပါပြီး လုပ်နေတော့ ပြည်သူတွေ အမြင်မှာ ညိုညင်စရာတွေ ဖြစ်လာရတယ် ဗဟိုမီးသတ်သင်တန်းကျောင်းကြီးတွေဖွင့်ပြီးတော့ တနိုင်ငံလုံးမှာ ရှိတဲ့ သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်တွေကို သင်တန်းတွေ တစ်ခုပြီး တစ်ခု အတင်းအကျပ်ခေါ်ဆိုတော့တာပဲ ၊ မီးသတ်သင်တန်းလို့ အမည်တပ်ထားပေမယ့် တကယ်သင်တာကတော့ စစ်ပညာတွေ ဖြစ်နေတယ် မီးသတ်ပညာ မသင်ရဘူး

မီးသတ်သင်တန်းလို့ ခေါင်းစဉ်တတ်ထားပြီး မီးသတ်ပညာ မသင်ရဘူးတဲ့ ခင်ဗျာ။ အခုလို သိရတဲ့အတွက် ကျေးဇူးပါခင်ဗျာ။
မီးသတ်ဌာနတွေမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုလည်း ရင်ဖွင့်ပါတယ်ခင်ဗျာ။

၆၇ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခန်းအနား” အတွက်တစ်မြို့နယ်ကို မီးသတ်တပ်ဖွဲ့ဝင် သုံးဦး မပျက်မကွက် စေလွှတ်ပေးရမယ် ၊ ပျက်ကွက်လျင်ထိရောက်စွာ အရေးယူခံရမယ် ၊ တစ်ယောက်ကို ခရီးအကွာ အဝေးမြို့နယ်အလိုက် ထောက်ပံ့ပေးရမယ့် ငွေကတော့ တစ်ဦးကို အနည်းဆုံး (ကျပ် တစ်သိန်းခွဲ) ခန့်တော့ ပေးရပါတယ်။ ဒီငွေတွေကို ဘယ်ကသွားရှာပြီး ထောက်ပံ့ပေးရမှာလဲ ။ ဒီမိုကရေစီအစိုးရလက်ထက်မှာ ပြည်သူလူထုကို ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့်ငွေးကြေးကောက်ခံမှု ကိစ္စမျိုးလုံးဝ မလုပ်ရဘူးလို့လဲ ဆိုတယ် ဒါပေမယ့် အခု သင်တန်းသားခေါ်ယူတဲ့ ကိစ္စတွေ ၊ စစ်ရေးပြ ခေါ်ယူမယ့် ကိစ္စတွေ ပေါ်လာပြန်တော့ ပြည်နယ်/တိုင်း ခရိုင် မြို့နယ် မီးသတ်ဦးစီး အရာရှိတွေ စိတ်ညစ်ရပြန်ပြီ ဘယ်ဘဘဏ္ဍာတော်တိုက်ကငွေနဲ့ ဒီသင်တန်းသားတွေကိုထောက်ပံ့ ပေးရမှာလဲ ၊ ပေါင်စရာ နှံစရာ ချေးစရာ လဲ မရှိတော့ဘူး။ ပြည်နယ် ၊ တိုင်း ၊ ခရိုင် ၊ မြို့နယ် တွေနဲ့ ဖွဲ့စည်းထားတဲ့
မြန်မာ တနိုင်ငံလုံးက မီးသတ်ဌာနတွေမှာ ဒီလို အခက်ခဲ အကျပ်တည်းတွေကို ကြုံတွေ့ ရင်ဆိုင်နေရတယ်။

အဲဒီအခက်အခဲ အကျပ်အတည်းတွေကို လူကြီးတွေသိဖို့ ဒီပို့စ်လေးကို တင်လိုက်တာပါတဲ့ ခင်ဗျာ။

အခု ပြည်နယ် တိုင်း မြို့နယ် မီးသတ်ဦးဌာနတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ အကြပ်အတည်းတွေကို ဖြေရှင်းပေးနိုင်စွမ်းရှိသော
အကြီးအကဲများ အချိန်မီ သိရှိ ဖြေရှင်း ကုစားပေးနိုင်ပါရန် လေးစားအားကိုးစွာ ဒီပို့စ်လေးကို တင်လိုက်ရခြင်းဖြစ်ပါတယ်။

လူကြီးတွေ ဖတ်မိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ မန်းဂဇက်ကတစ်ဆင့် အားကိုးတကြီး တင်ပြခဲ့တဲ့အတွက်လည်း ကြိုဆိုပါတယ် ဗျာ။ အဖြစ်အပျက်အမှန်တွေ ဖြစ်ဖို့တော့ လိုတယ်လို့ ထင်မိပါတယ်။ မှန်လို့ကတော့ ကျွန်တော်တို့ ရွာသူရွာသားတွေကလည်း မျိုးကြီးကီးနဲ့လည်း အော်နိုင်ပါတယ်။ ဖြူဖြူကျော်သိန်း ကီးနဲ့လည်း အော်ပေးနိုင်ကြပါတယ်ဗျာ။ အဟမ်းအဟမ်း လိုအပ်ရင် ကိုငှက်ကြီးကီးနဲ့လည်း အော်ပေးနိုင်သေးကြောင်း ကြော်ငြာဝင်လိုက်ပါရစေခင်ဗျာ။
ပို့စ်တင်ခဲ့သူလို့ ယူဆရတဲ့ ဖိုးဇော်ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးလိုက်ပါတယ်ခင်ဗျာ။

pho zaw says:
မီးသတ်တပ်ဖွဲ့ဝင်တွေဆိုတာ တစ်ကယ်တမ်းတွေးကြည့်မယ်ဆိုရင် မွန်မြတ်တဲ့သူတွေပါ။
အားလုံးပဲစဉ်းစားကြည့်ကြပါ မီးလောင်ပြင်တစ်ခုမှာ ကာယကံရှင် အိမ်ရှင်တွေတောင်မှ ပူလွန်းလို့ ကိုယ့်အသက်ကို ကိုယ်လုပြီးထွက်ပြေးလာကြချိန်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေကတော့ အဲဒီအပူတောထဲကို ၀င်ရောက်ငြှိမ်းသတ်ကြရတာပါ။ မီးလောင်ပြင်မှာ ပိုက်ဆံပေးမှပက်တယ်ဆိုတာတော့ရိုးရိုးလေးပဲတွေးကြည့် ကြပါ မီးလောင်လို့ ရပ်ကွက်ထဲကလူတွေ အုတ်အော်သောင်းနင်း အပူမီးဝိုင်းနေတဲ့အချိန် ၊ အချိန်လုပြီး မီးငြှိမ်းနေတဲ့အချိန်မှာ ဆရာရယ်ကျွန်တော့်အိမ်ကိုငြှိမ်းပေးပါ ၅၀၀၀၀ိ ပေးပါ့မယ်လို့ပြောလို့ အဲဒီအိမ်ကိုပက်မယ်ကြံတဲ့အချိန်မှာ တစ်ခြားလူတစ်ယောက်က သူ့အိမ်ကိုပက်ပေးပါ ၆၀၀၀၀ိ ပေးပါ့မယ် နောက်တစ်ယောက်က ၇၀၀၀၀ိ ပေးပါ့မယ် အဲဒီလို ဈေးညှိနေတဲ့အချိန်မှာ မီးက ပြာတောင်ကျနေလောက်ရောပေါ့။ ထားပါဈေးတဲ့သွားပြီး ပိုက်ဆံယူပြီးမီးငြှိမ်းပြီဆိုပါစို့ အဲဒီပိုက်ဆံအပေးအယူလုပ်နေတဲ့ မီးလောင်ပြင်က ဆိတ်ငြိမ်တဲ့နေရာမဟုတ်ဘဲ လူအများမြင်ကွင်းကြီးပါ။
အဲဒီမှာ ပိုက်ဆံအပေးအယူလုပ်နေတာကို အဲဒီလိုပြောနေတဲ့ လူတွေကိုယ်တိုင်မြင်ဖူးကြလို့လား။
သူများယောင်လို့ လိုက်ယောင်တာတော့ မဖြစ်စေချင်ပါဘူး။ မြင်တယ်ဆိုရင်လည်း ဂုတ်ကနေစွဲချုပ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေဆီကို ဖမ်းခေါ်သွားကြပါ။ သက်ဆိုင်ရာဌာနက အရေးယူမှာပေါ့။ ကိုယ်စကားကြောင့်တော့ တစ်ဖက်ကိုမနစ်နာစေချင်လို့ ဒီစာလေးကိုရေးလိုက်မိတာပါ။ ဘယ်သူ့ကိုမှ ဘယ်လိုမှသဘောထားလို့မဟုတ်ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Aye.kk ရဲ့ ခံစားမှု
http://myanmargazette.net/87786/uncategorized-other/copypaste
ဆိုတဲ့ ကဗျာလေးကို ဖတ်ကြည့်ပါဗျာ။

စိမ်းညို့ညို့အေးစိမ့်တဲ့ ဌက်ပျောတော..
လွမ်းမောတဲ့စမ်းရေသံသာနှင့်..
ဖော်စုံကာမြူးထူး ပျံသန်းရင်း..
ကျူးရင့်ကြကျေးဌက် သာတကာ..
မွှေးရနံ့ တွေသင်းပျံ့ တဲ့ ပန်းခင်းထဲ..
လေပြေညှင်းညှင်း လေအဟုံဒါန်းစီးရင်း..
ကူးလူးကာဝတ်မှုံတွေ သယ်ဆောင်လို့..
ကြည်နှူးကာပျော်ရွှင်ကြ ပိတုံးလှလိပ်ပြာ..
ဘောင်ကွပ်ကာအနားသပ် ခံရတဲ့..
ကားချပ်ပန်းချီထဲမှာ နှလုံးသားဆိုတာ..
ပုန်းခိုရင်း ရသစုံ စုက်ချက်တွေနဲ့ ..
လှစ်ဟကာ ဖော်ကျူးပြ ..
စိတ်ဆိုတဲ့ ခံစားမှုပြူတင်းပေါက်များ..။


Aye.kk ရဲ့ ကဗျာတွေထဲမှာ ဒီကဗျာလေးက နည်းနည်းထူးခြားတယ်ထင်မိပါတယ်။ (အထင်)

aye.kk ရဲ့ တခြားကဗျာလေးတွေနဲ့ ကာရန်ယူပုံယူနည်းတွေ မတူဘူးလို့လည်းထင်မိပါတယ်။ (အထင်)

 

ဆရာလေး အင်ဇာဂီ က ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပို့စ်နှစ်ပုဒ်တင်လာပါတယ်။ တစ်ပုဒ်စီဖတ်လည်း အရသာတစ်မျိုးရမှာဖြစ်ပြီး

နှစ်ပုဒ်လုံးကိုဖတ်ပြီး ဆက်စပ်ယူရင်လည်း အရသာတစ်မျိုးရပါလိမ့်မယ်။ တစ်ပုဒ်က ကောင်လေး နေရာကရေးထားတာပါ။ နောက်တစ်ပုဒ်က ကောင်မလေးနေရာက ရေးထားပါတယ်။
အဲသည့်နေ့က
http://myanmargazette.net/87793/creative-writing

ဆိုတဲ့ ပို့စ်လေးက ကောင်လေး ရဲ့ ခံစားချက်ပါ။
နမူနာလေးနည်းနည်း ပေးချင်ပါတယ်။ ရက်ဆားရောင်းသူလိုပေါ့ဗျာ။

အဲ့သည့်နေ့ကပေါ့….
လက်မှန်တဲ့ အဖျော်ဆရာဆီက သောက်နေကျ ကျဆိမ့် တခွက်ဟာ ပိုချိုတယ်လို့ ခံစားရတဲ့နေ့ …
မှန်တာပြောရရင် …သောက်နေကျ နီကိုတင်း 5mg ပါဝင်သော စီးကရက်သည် ပိုမိုရီဝေပါ၏ …
ဒါဆို သူမ ကရော ……အဘယ်ကြောင့် ..အဓိပ္ပါယ် ရေရေရာရာ မရှိဘဲ လက်ဝဲ လက်ယာ
လက်ချောင်းငယ်များကို ..ယှက်ဖြာ ပွတ်တိုက်နေပါသနည်း….

ဒါက ယောက်ျားလေး ဖီလင်။
ထိုနေ့က
http://myanmargazette.net/87822/creative-writing
ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဖီလင်လေးကိုလည်း နမူနာလေးဖတ်ကြည့်ဦးဗျ။

ထို နေ့ကပေါ့ ….
ရှင့် စာအုပ်သေးသေးလေးပေါ်မှာ ကျမ ကိုယ်ပိုင် ဂဏန်း၉လုံးချရေးလိုက်မိတယ်လေ …
လှုပ်ရှားနေတဲ့ စိတ်ကို ထိန်းရင်း …လက်တွေနည်းနည်းတုန်နေတာ …
ဖုန်းသံမြည်မြည်ချင်း မကိုင်ဖြစ်အောင် ..အချိန် စက္ကန့် အနည်းငယ် ကို စောင့်ရတာ
တကမ္ဘာလောက်ကြာတယ် ထင်ရတာ ဘာကြောင့်လဲ သိပါရဲ့လား ရှင် ရယ်….

ကဲ ထူးထူးခြားခြား တင်ဆက်ထားတဲ့ အင်ဇာဂီ နှစ်ကိုယ်ခွဲ အဲသည့်နေ့က နဲ့ ထိုနေ့က ပို့စ်လေးတွေကို ဒီနေ့ပဲ ပြန်ဖတ်ကြည့်ပါဗျာ။

Charm Boy ရဲ့ စင်္ကာပူက ငွေလွှဲသူ မြန်မာအမျိုးသမီးတဦး သိန်းထောင်ပေါင်းများစွာ ခိုးယူထွက်ပြေး ဆိုတဲ့ ပို့စ်လေးကတော့ စင်္ကာပူမှ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးရဲ့ လိမ်လည်မှု သတင်းလေးပါဗျာ။

နီကီတာရဲ့ အချိန်သူခိုး
http://myanmargazette.net/87820/uncategorized-other/copypaste
ပို့စ်လေးကတော့ TV ကို အချိန်သူခိုး လို့ စွပ်စွဲရေးသားထားတာပါဗျာ။
အော် နီကီတာ နီကီတာ သူမကိုယ်တိုင်က အချိန်သူခိုး ဖြစ်နေခဲ့တာ သူမခင်ဗျာ မသိရှာသေးပဲကိုး။ အခုပဲကြည့်လေ
အဲဒီ နီကီတာရေးတဲ့ ပို့စ် ကို ကျွန်ုပ်ဘလက်ခင်ဗျာ စိတ်ဝင်စားစား မ၀င်စားစား ဇွတ်အတင်းကြီးကို အချိန်ပေးဖတ်နေရပါတယ်ဗျာ။
နီကီတာဆိုသော စာရေးသူ သည်လည်း အချိန်သူခိုး စာရင်းဝင်ပင်ဖြစ်တော့သည်တကား။ နီကီတာရေ။ နောက်တာပါဗျာ။
အချိန်လေးများရ ခဲ့ရင် ရွာထဲကို လာလည်ကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။ ရွာထဲ မတွေ့တာ တော်တော်ကြာသွားပြီလားလို့ပါ။

ခရစ္စမတ်အကြို ကာလမှာ မန်းဂဇက်ရဲ့ လူသိအများဆုံးပို့စ်ကို ပြရရင်တော့
မှော်ဆရာရဲ့ အိုဂဇက်ရွာသူရွာသားအပေါင်းတို့
http://myanmargazette.net/87827/society-lifestyle
ပို့စ်လေးကို ပြရမှာပါဗျာ။

ကျွန်တော်တို့ ရွာကြီးမှာ ပျက်စီးရာ ပျက်စီးကြောင်း အကြောင်းလေးတွေ တွေ့နေရပါတယ်ခင်ဗျာ..။
ဒါကြောင့် ဒါတွေကို ရွာသူရွာသားတွေ (အသစ်/အဟောင်း)များ အနေနဲ့ ရှောင်ရှားဖို့ လိုနေပါတယ်..။

မှော်ဆရာ တင်ပြထားတဲ့ အချက်တွေထဲက နံပတ်လေး အချက်ကို ဖေါ်ပြပေးပါရစေ။

၎။ ကိုယ်ပိုင် အမြင်ကို လေးစားပါ..။

ဒါလေးကိုလဲ အထူး ဂရုစိုက်ကြစေချင်ပါတယ်..။ တချို့ ရွာသူားများဟာ အများနဲ့ မတူတဲ့ ကိုယ်ပိုင်အမြင်ရှိတာကို တွေ့ရပါတယ်..။ဒါကို ကျွန်တော်တို့ အနေနဲ့ လက်ခံပေးရမှာ ဖြစ်ပါတယ်..။ ဥပမာ လက်ရှိအစိုးရကို မကြိုက်တဲ့သူ ရှိသလို .. ကြိုက်တဲ့သူရှိနှိုင်တယ်ဆိုတာ လက်ခံပေးပါ..။ အစိုးရ မကောင်းကြောင်း ရေးထားတဲ့ပိုစ်မှာ အစိုးရကို ထောက်ခံတဲ့ အရေးအသား ရေးသားသူကို ၀ိုင်းဝန်းတိုက်ခိုက် ဆဲဆိုကြတာ မြင်နေရတယ်..။ ကြိုက်တယ် မကြိုက်တယ်ဆိုတာ သူ့အမြင်ပါ..။သူစိတ်ကြိုက် ရေးသားခွင့်ရှိနေတယ် ဆိုတာ ကျွန်တော်တို့ ဒီမိုကရေစီ နည်းအရ လက်ခံ ရမှာဖြစ်ပါတယ်။ ပြန်လည် ဖြေရှင်း တင်ပြတာဟာ ကောင်းပါတယ်..။ သူ့ရဲ့အမြင်မှားတယ်ဆိုတာထက် ကိုယ့်အမြင်မှန်တယ်ဆိုတာကိုပဲ ဦးတည်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးစေချင်ပါတယ်..။
ပုဂ္ဂလိကဆိုင်ရာ ထင်မြင်ချက်ပေးခြင်း ( မင်းက ဘာကောင် ၊ ညာကောင် ၊ ဘယ်သူ့ အောက်ဆွဲ ၊ ဘယ်လို လူတန်းစား ) ဆိုတာမျိုးတွေ လုံးဝ မပါသင့်ပါ..။ လူတိုင်းဟာ ကိုယ်ပိုင်ညဏ်နဲ့ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိပါတယ်..။ ထင်ရှားတဲ့ ဒီမိုကရေစီစကားဟာ တုတ်ကောက်ကို လွှဲခြင်သလောက် လွှဲနှိုင်ပါတယ်၊ ဒါပေမယ့် သူတစ်ပါး နှာခေါင်းကို မထိခိုက်စေရ ဆိုတာပါ..။ ဒါကြောင့် အတိုက်အခံတွေကလဲ တုတ်ကောက်လွဲရင် ကျွန်တော်တို့ နှာခေါင်း မထိအောင် ကြိုက်သလောက်လွှဲပါ ခင်ဗျား..။ တန်ပြန်တိုက်စစ်သမားတွေကလဲ ကိုယ့်နှာခေါင်းထိလို့ တုတ်ကောက်နဲ့ ပြန်ရိုက်တာမျိုး ရှောင်ရှားပေးပါ..။

မှော်ဆရာရဲ့ ရွာ့အကျိုးပြုပို့စ်ကောင်းကောင်းလေးတစ်ပုဒ်ပါဗျာ။ ကွန်းမန့်တွေ ၀ိုင်းပေးလိုက်ကြတာလည်း ၅၅ ခုတောင် ရှိခဲ့ပါတယ်။
ဒီလိုပို့စ်မျိုးကတော့ ကိုယ်တိုင်ဖတ်ထားမှ မအမှာမို့ အမြည်းမပေးတော့ဘူးဗျာ။ ဒီပို့စ်လေးကို ရေးသားခဲ့သော မှော်ဆရာကို
လက်ခုတ်တီးပြီးအားပေးလိုက်ပါတယ်ခင်ဗျာ။

နီကီတာ ရဲ့ ထူးဆန်းပေစွ Albania
http://myanmargazette.net/87870/uncategorized-other/copypaste
ဆိုတဲ့ ပို့စ်လေးကတော့ ဥရောပ အရှေ့တောင်ပိုင်းမှာရှိတဲ့ Albania နိုင်ငံရဲ့ ထူးခြားမှုလေးတွေပါ။
ထူးဆန်းမှုလေးတစ်ခုက “yes” ဆိုရင်ခေါင်းခါပြီး ၊ “no” ဆိုရင် ခေါင်းညိတ်တာပါပဲ။ ပြောင်းပြန်ကြီးဗျနော်။ ကိုယ်တိုင်ဖတ်ကြည့်ကြဘို့ပါခင်ဗျာ။

Kyaemon ရဲ့ ဗီယက်နမ်နိုင်ငံ ရဲ့ ကုန်သွယ်မှု နဲ့ဆရာ”ဝီးကီး” (Wikipedia) နဲ့ စီအိုင်အေ CIA တို့ရဲ့အမြင်
http://myanmargazette.net/87847/business-economy
ပို့စ်လေးကတော့ စာရေးသူတစ်ဦးရဲ့ အမြင်ကို ပြန်ဆွေးနွေးထားတာပါ။

စာရေးသူတဦးက
“အမေရိကန်နဲ့ စစ်တိုက်ခဲ့တဲ့ ဗီယက်နမ်တောင် တရုတ်ကြီးနဲ့ ရန်ဖြစ်ပြီး အမေရိကန်နဲ့ ပြန်ပေါင်းလိုက်တာ စီးပွားရေး တဟုတ်ထိုး တိုးတက်နေပါတယ်။”
ဆိုပြီး ရေးခဲ့ပါတယ်၊ မှန်မမှန် ကိုကြည့်ကြရအောင်

ဝီးကီး Web Site က ရတဲ့ အချက်အလက်တွေ ကို ကိုးကားပြီး ဒီလိုမှတ်ချက်ပေးခဲ့ပါတယ်ဗျာ။

စိတ်ကူးယဉ်ပြီး ကိုယ်လိုရာ ကိုယ်ထင်ရာ ရှောက်ရှောက်ပြောနေတာ
အာရှနိုင်ငံအချင်းချင်းကိုနှိမ်ပြီး၊ အနောက်နိုင်ငံတွေကိုကျတော့ မျက်နှာလိုမျက်နှာရ လုပ်ချင်တဲ့ပုံစံမျိုးဘဲ

ဖတ်ကြည့်ကြဘို့ပါ။

ကိုရင်စည်သူ ရဲ့ တကယ်ချစ်မှာလား… ? အပျော်တွဲမှာလား ? (အတည်ကြံချင်သူများအတွက်)
http://myanmargazette.net/87908/education/learn-how-to-do-just-about-everything
ပို့စ်လေးကတော့ ရွာသူတွေ အကြိုက်တွေ့မယ့် ပို့စ်လေးပါ။

လူတစ်ယောက်က ကိုယ့်ကို ချစ်ခွင့်ပန်လာပြီဆို ဒီလူ ငါ့ကိုတကယ်ချစ်လို့လား၊ အပျော်တွဲမှာလား၊ စဉ်းစားပေးရင်ကောင်းမလား၊ ပြန်ချစ်သင့်လား၊ ပြန်မချစ်သင့်ဘူးလား၊ သူကဘယ်လိုလူမျိုးလဲ စသဖြင့် မိန်းကလေးတိုင်း တွေဝေတက်ကြပါတယ်။ ချစ်မိလို့ ရွေးခြယ်မိပြီဆိုလဲ ဒီလူငါ့ကို တကယ်မှ ချစ်ရဲ့လား။ ငါချစ်သလောက်ပြန်ချစ်ရဲ့လား စတဲ့အတွေးလေးတွေနဲ့ ရတက်မအေးတက်ကြပါဘူး။ ဒီအတွက် ကူညီပြီးဒီဗေဒင်လေးကို ကောက်နုတ်တင်ပြလိုက်တယ်နော်။

ကဲ ချစ်သူ ရှိကြသူတိုင်း ဒီပို့စ်လေးကိုဖတ်ပြီး အပျော်ကြံသူလား အတည်ကြံသူလားဆိုတာ တွက်ချက်ကြည့်ကြပါဗျာ။

ကိုရင်စည်သူရဲ့ နောက်ပို့စ်တစ်ခုကတော့
ရွာသူားများ စီးပွားဖွံ့ဖြိုး၊ လာဘ်ပွင့်စေရန် အယူတော်မင်္ဂလာရဲ့ ယတြာအခံ
http://myanmargazette.net/87912/education/learn-how-to-do-just-about-everything
ဆိုတဲ့ ပို့စ်လေးပါ။

ဒီနည်းလေးကတော့ ဈေးဆိုင်များ – ကုမ္ပဏီများ ၊ မင်းသား ၊ မင်းသမီး ၊ အဆိုတော်များ၊ အစရှိသော လူအများနှင့် ပူးတွဲ ပေါင်းစပ် လုပ်ကိုင်ရသော လုပ်ငန်းများအတွက် အထူးပင် သင့်တော်ပါသည်။ လူများစု ထောက်ခံသော လုပ်ငန်းများဆိုလျှင် ပို၍ပင် ကောင်းမွန် ပြုလုပ်သင့်ပါသည်။ ပြီးတော့ လုပ်ရတာလည်း အလွန်လွယ်ကူပါတယ်။ ငွေကုန်ကြေးကျလည်း အရမ်းမများပါဘူး။ ဒါကြောင့် လုပ်ဖို့ပဲ လိုပါတယ်။

ရွာသူရွာသားတွေအတွက် ယတြာ အစီအရင်လေးတွေ တင်ပြထားတဲ့ ပို့စ်လေးပါ။

Aye.kk ရဲ့ အဖေပြောတဲ့ ဘဝ
http://myanmargazette.net/87891/uncategorized-other/copypaste
က ဘ၀သရုပ်ဖေါ် ကဗျာရှည်တစ်ပုဒ်ပါ။

ငါငယ်ငယ်မှသည် ကျောင်းစာသင်ခဲ့စဉ်ဝယ်..
ပညာတော်လို့ နှစ်စဉ်တိုင်းမယ်..
ရွှေဒင်းဂါးဝိုင်း နှစ်တိုင်းဆုအဖြစ်ရခဲ့သည်..
ငါ့ရဲ့ တိုင်းပြေ စနစ်ဆိုးအောက်..
ကျရောက်စဉ်ဝယ် ထိုးဖောက်ထွက်ခွါ..
တိုင်းတစ်ပါးမှာ ချေချ..
ဒုက္ခဆိုတာ ကြီးကျယ်ရောက်ခဲ့တယ်..
ငါ၏ဘ၀ ကူလီထမ်းရ..
နဖူးချေမ ချွေးကျပြီးလျှင် မိဘနှစ်ပါးရိုသေထားကာ..
မညီးညူဘဲရှာဖွေလုပ်ကျွေး ပြုစုခဲ့လေသည်..
ငါ၏ဘ၀ ကူလီထမ်းမှလွတ်မြောက်ရဘို့ ..
ငွေစတစ်ပဲ စုဘို့တွက်တာ..
ငါ၏စိတ်ကို ချိုးနှိမ်ပြီးကာထမင်းကိုသာ ဆားလေးပုံ၍..
ငရုတ်သီးတစ်တောင့်ကိုက်ပြီးစပ်က ရေနဲ့မျှောချစားခဲ့ရသည် နပ်ပေါင်းအလီလီ..
တစ်နေ့ တစ်လံပုဂံ ဘယ်မှမရွေ့ နိုင်တည့်..
မုချငွေစတစ်ပဲ လက်ထဲရောက်မှ ဈေးရောင်းစား၍ရပေမည်..
ငွေစတစ်ပဲ ရသောနေ့တွင် လျှင်လျှင်ဝမ်းသာ..
ဈေးဆိုင်ကိုသွား ပဲတီစိမ်းတောင်းလက်ညိုးထိုးပြ..
ပဲတီတစ်ပဲဘိုးခါးပိုက်တစ်ဖုံလုံချည်ပြင်ဝတ်ထဲ့ဆောင်ပြီးကာ..
ရပြီးသည့်လျှင်ဝယ်ပြီးပြန်ခဲ့မှိုရသကဲ့သို့ ပျော်ရွှင်မိခဲ့သည်တဲ့လေ..
ပဲတီပင်ပေါက် လုပ်ရောင်းရဘို့ကား..
ရင်းနှီးပစ္စည်းစိုက်ဖို့မလို ဖွဲနှင့်ရေက အလကားရသည်..
အပင်ဖောက်ဘို့ တစ်နေ့ကိုလျှင် ရေအထမ်းငါးဆယ်..
ဆွဲကာဖြစ်လျှင်ပုခုံးထမ်းတင်မညီးညူဘဲ ကျွဲပုခုံးဒဏ်ရာ သေရာပါရ..
လုပ်ကာရောင်းစား ခဲ့လေသည်..
ပဲတီရောင်းရ ရတဲ့မြတ်ငွေ မြင်ရလေတော့..
ဒီထက်ကောင်းမယ့်..
အရောင်းအ၀ယ် ပြောင်းကာလုပ်ဘို့ ငါကြိုးစားခဲ့..
ထမင်းလုပ်ကို ငပိတို့ မြုပ်စားလို့ ချွေတာစုမိကာတယ်..
ရင်းနှီးငွေစများတဲ့ခါဝယ်..
နှစ်ဆမြတ်မည့် တွက်ချေ ပိုကိုက်..
ရောင်းဝယ်လိုက်မည့် ကရင်တောထိ
ကိုယ်တိုင်ကိုယ်ကျ လိုက်ခါသွားလို့ ..
ပင်ပန်းခံကာ ကြံသကာချက် အရက်လည်းထွက်တဲ့..
လုပ်ငန်းလုပ်ကာ တွင်ကျယ်လာတော့..
နေ့ ချင်းညချင်းတိုးပွားဝင်ငွေဒီရေအလား…
ငွေများစွာကို ကိုင်တွယ်လာရ စိတ်ဝယ်ပီတိ ဂွမ်းဆီထိသည့်နှယ်..
ငါ၏စိတ်လျှင်..
တက်နိုင်ဖျားရောက် မြင့်သို့ရောက်နိုင်..
ယောက်ကျားတံခွန်လူရည်ချွန်သည်..
ကောင်းကင်တစ်မွတ်ကြယ်ကိုဆွတ်နိုင်..
သေလျှင်မြေကြီး ရှင်လျှင်ရွှေထီးဟု..
ငါတည်းစိတ်ဝယ် ဖြစ်ပြီးကာမယ်..
ရင်းနှီးများစွာလက်ဝယ်ငွေရှိ ၊ ကုန်သွယ်ပြုကာစီးပွားရှာဘို့..
သက်စွန့် ဆံဖျား ရပ်ခြားတိုင်းများ..
စီးပွားစားကျက် နယ်သစ်ရှာဖွေထွက်ခါကွန်ယက်ဖြန့်ခဲ့သည်..
ကုန်သည်ဘ၀ ပရိယာယ်ကြွယ်ရ သူကြွယ်ဘ၀ရောက်ဘို့ရာဝယ်..
စိတ်ကူးကြံလျှက်ရွှေဝယ်ကုန်ကူး ထွက်ခဲ့သည် ပြည်ပြန်အ၀င်..
ရွှေဆိုလျှင်ဖမ်းခံရ ငါ၏ ပရိယာယ်..
ထန်းညက်ကုန်သည် ဟန်ဆောင်ပြီးပြန်ခဲ့ပေါ့..
လှေဝယ်ငါးစီး တစ်စီးကိုလျှင်ထန်းတစ်ဖိုငါးရာတင်ကာဆန့် လို့..
နောက်ဆုံးတစ်စီး လှေ၏ပေါင်းမိုးဝမ်းဗိုက်တွင်းဝယ်..
ရွှေချောင်းများကိုလျှို့ ဝှက်ပြီးကာသယ်ဆောင်ယူကာထဲ့ခဲ့သည်..
ဂိတ်ဝစောင့်ကြပ်ဂျပန့် ထံတွင် စစ်ဆေးခံပြ.. ပစ္စည်းများကထန်းညက်လှေမို့ရှာဖွေစစ်၍မောသည့်ခါမယ်..
နောက်ဆုံးလှေကို မရှာဖွေဘဲလွှတ်ခါပေးလိုက်တော့လေသည်တဲ့..
ငါ၏အကြံ ပြည့်စုံအောင်၍သူဌေးဘ၀ကိုငါကားပိုင်ဆိုင်ရောက်ရှိခဲ့ပေသည်..
သ္မီးသားတို့ ချမ်းချမ်းသာသာနေရဖို့ လျှင်..
အဖေ့ဘ၀ရင်းပြီးရရှိဘ၀တွေ့ ကြုံ ဖြစ်ကြောင်းကုန်စင်ရှင်းပြခဲ့လေသည်..။

မခင်လတ် ရဲ့ ကွန်းမန့်လေးနဲ့ ဖတ်ကြရမယ်ဗျာ။

FattyCat ရဲ့ မြန်မာပြည်အင်္ဂလိပ်စာအရည်အသွေး နှင့် ဘာသာပြန်တတ်တိုင်းစာရေးစားကြသူများ
http://myanmargazette.net/87925/creative-writing
ပို့စ်လေးကတော့ ဘာသာပြန်တဲ့နေရာမှာ အတိအကျတွေ လျှောက်ပြန်လို့ အဓိပ္ပါယ်တွေ ဘေးချော်ကုန်တာလေးကို ရေးပြထားတာပါ။
နမူနာလေး နည်းနည်းဖတ်ကြည့်ပါ။

ကျွန်ပျူတာဆိုတာ အမာထည်နှင့် အပျော့ထည်ပေါင်းစပ်ကာ အလုပ်လုပ်သောအရာတဲ့။ ဖြစ်မှဖြစ်ရလေ Software သည် Software ။ Hardware သည် Hardware ဘာသာပြန်စရာမလိုပါဘူး။ ပညာရပ်ဘာသာစကား ( Technical Terms) ကို ဘာလို့များဘာသာပြန်ချင်ကြတာလဲကွယ်။ နောက်ပိုင်း ကွန်ပျူတာဂျာနယ်ဝယ်ဖတ်ဖြစ်တော့ ဘာတွေတွေ့ခဲ့ရလဲဆိုရင် ပျော့ပြောင်းပြီးလိုသလိုပုံသွင်းရနိုင်သောတဲ့ (Flexible) အချက်အလက်အခြေ (Database) တဲ့ ဒီလိုအသုံးအနှုန်းတွေကို စိတ်ပျက်စရာကောင်းလောက်အောင်တွေ့ရပြန်ရော။

အင်ဇာဂီ၊ ကြောင်ကြီးနဲ့ စူပါတို့ရဲ့ ကွန်းမန့်လေးတွေနဲ့ ဖတ်ရမယ်ဗျာ။

Nigimu77 ရဲ့ Bomb
http://myanmargazette.net/87975/economic-news-international-news-news-industry-people-in-the-news-us-news-news ပို့စ်လေးကတော ဖေ့စ်ဘုတ်ကနေ ကူးယူလာတဲ့ လှည်းတန်းဗုံးပေါက်ကွဲမှု သတင်းဓါတ်ပုံလေးတွေပဲဖြစ်ပါတယ်။
ကွန်းမန့်လေးတွေထဲမှာ ကိုအောင်ပု ကွန်းမန့်လေးဖတ်ကြည့်ကြဘို့ တိုက်တွန်းပါတယ်ဗျာ။

Yaungchikha ရဲ့ ကျမနဲ့ ခါးပိုက်နှိုက်
http://myanmargazette.net/87992/uncategorized-other/copypaste
ဆိုတဲ့ ပို့စ်လေးကတော့ မန္တလေးမှာ ဘတ်စ်ကားစီးရင်း ခါးပိုက်နှိုက်တာ တွေ့လိုက်မိပေမယ့် ခါးပိုက်နှိုက်က ဓါးထုတ်ပြသွားလို့ ကြောက်စိတ်ဝင်ပြီး မဖမ်းလိုက်နိုင်တာကို နောင်တရနေတဲ့ အကြောင်းရေးထားတာပါ။ နောင်တရမနေပါနဲ့ဗျာ။ ရောင်ခြည်ခ က မိန်းခလေးတစ်ယောက်ဆိုတော့ ကြောက်စိတ်ဝင်တာ ရှက်စရာ မဟုတ်ပါဘူး။ ကျွန်တော်တို့လို ယောက်ျားရင့်မကြီးတွေတောင် ဒီလိုကြောက်စိတ်မျိုးက ၀င်တတ်ပါတယ်။ ကားသမားနဲ့ ပေါင်းကြံတယ်လို့တော့ ကျွန်တော်ကတော့ မထင်မိပါဘူး ရောင်ခြည်ခရေ။

အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING ရဲ့ အာရုဏ်ဦးနှင့် ရန်ကုန်သောက်သုံးရေအကြောင်း
http://myanmargazette.net/87967/creative-writing
ဆိုတဲ့ ပို့စ်လေးအကြောင်း ပြောဦးမယ်ဗျာ။ မနက်စောစော လမ်းထလျှောက်တဲ့ KING တစ်ယောက် ၀င်ဆာလမ်းက ၀င်ဆာဟော်တယ်ရှေ့မှာ ရေပိုက်ပေါက်ပြီး ရေတွေစီးနေတာကို မြင်လိုက်ရပါတယ်တဲ့။ အဲဒါနဲ့ ဒေါက်တာ ညိုညိုသင်းက လွှတ်တော်မှာ ရေမလုံလောက်တဲ့ အကြောင်းကို တင်ပြတာ မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ရတာကိုလည်း သတိရမိသွားပါတယ်တဲ့။ မေးခွန်းလေးမေးပြီး ပို့စ်ကို အဆုံးသတ်ထားပါတယ်ဗျာ။

သက်ဆိုင်ရာကရော မသိကြဘူးလား … ကိုယ့်ခြံရှေ့က ဖြစ်ပျက်နေတာကို မသိကျိုးကျွံပြုနေကြတာလား …
ဒါမှမဟုတ် အခုမနက်မှ ဖြစ်တဲ့ကိစ္စမို့ မသိလိုက်တာလား …. ဒီလိုကိစ္စတွေ ကိုယ့်ရှေ့ မှာ ဖြစ်ပေါ်နေရင် ဘယ်ကို အကြောင်းကြားရမလဲဆိုတာ သိသူများရှိရင် ပြောပြကြပါအုံးဗျ

ကမ်းကြီးရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

comegyi says:
လှိုင်သာယာဘက်မှာ လက်တွန်းလှည်းကြီးနဲ့
အလျှံတညီးညီးတောက်နေတဲ့ နွေနေပူမှာ
ကျောကုန်းပြောင်ပြောင်နဲ့ ရေစည်လှည်းတွန်းနေသူတွေကို
ပြေးမြင်မိပါရဲ့…….ထင်သာမြင်သာရှိတယ်ဆိုတာ
ဒါကိုခေါ်သလားမသိ………..

အဲဒီလို ရေပိုက်ပေါက်နေတာမျိုးကို ရန်ကုန်မြို့မှာ မကြာခဏတွေ့မိပါတယ် ကိုကင်းရေ။ သက်ဆိုင်ရာလူကြီးမင်းတွေက တော့ မတွေ့မိကြဘူးထင်တယ်ဗျ။
ဒီပို့စ်လေး ဖတ်မိနိုင်ကောင်းပါရဲ့ဗျာ။

သံလုံး ရဲ့ အပြန်
http://myanmargazette.net/88024/uncategorized-other/copypaste
ဆိုတဲ့ ၀တ္ထုတိုလေးကတော့ ဖတ်နေရင်းနဲ့ ပရိုတစ်ယောက်ရဲ့ လက်ရာတစ်ခုလို့တောင် ထင်မိတဲ့ အထိပါပဲ ခင်ဗျာ။ ဒီအရေးအဖွဲ့မျိုးနဲ့ ဆို ရွှေအမြုတေလို နေရာမျိုးမှာတောင် နေရာရနိုင်ပါတယ်လို့ ဇွတ်အတင်းကြီး မှတ်ချက်ပေးနေမိပါတယ်။
မိုးကောင်းဆိုတဲ့ အသက် ၁၃ နှစ်ခန့် ကလေးလေးတစ်ယောက်။ အဘွားလုပ်သူနဲ့ (အဘွားအရင်းလည်းမဟုတ်ပြန်ပါဘူး)
ဘုန်းကြီးကျောင်းမှာ ကပ်နေရင်း မြို့က လဖက်ရည်ဆိုင်မှာ စားရိတ်ငြိမ်းတစ်လ သုံးထောင်နဲ့ စားပွဲထိုးသွားလုပ်။ ပိုက်ဆံစု။ စုထားတဲ့ငွေ လေးသောင်းလောက်အရောက်မှာ ငွေလေးတွေကို မအိပ်ခင်ထုတ်ကြည့်။ စိတ်ကူးယဉ်။ မနက်ကျတော့ နွားနို့သွားအယူမှာ ကားတိုက်မှုဖြစ်။ ခြေထောက်နှစ်ဖက်စလုံး ဖြတ်ပစ်ရမယ်ဆိုလို့ မိမိကိုယ်ကို သတ်သေပစ်လိုက်တာနဲ့ ၀တ္ထုလေးကို အဆုံးသတ်ပေးခဲ့ပါတယ်ဗျာ။
ဒါက ဇာတ်လမ်းအကျဉ်းချုပ်လေးပါ။
စာရေးသူနာမည်က than lone တဲ့။ ပို့စ်က ပထမဆုံးပို့စ်ပါ။
ဒါပေမယ့် ဒါ ပထမဆုံး ရေးသားမှုတစ်ခုတော့ မဟုတ်တာ သေချာပါတယ်။ ဇာတ်သိမ်းခန်းလေး ဖေါ်ပြပေးပါရစေ။

ကျွန်တော် လက်အုပ်ချီပြီး မျက်လုံးကိုမှိတ် “ ကျွန်တော် လူမမယ်ဘ၀ထဲက ကျွေးမွေးခဲ့တဲ့ အဘွား… ကာယကံ၊ ၀ဇီကံ၊ မနောကံ နဲ့ ကျူးလွန်မိပါက… သားကို ခွင့်လွှတ်ပါနော် အဘွား… ’’
“ အဘွား ကျန်းမာ ချမ်းသာပါစေ….. ’’ လို့ ရည်းမှန်းပြီး ကန်တော့ရင်း စီးကျလာတဲ့ မျက်ရည်ကိုတော့ မသုတ်တော့ပါဘူး…. ကျွန်တော်ငိုမိတိုင်း သုတ်ပေးခဲ့တဲ့ လက်နှစ်ဘက်ကို အားနာလို့လေ…
ဒါကြောင့် ၀ှီးချဲရဲ့ ဘီးနှစ်ခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း….. အနောက်ဘက်လှေကားဆီသို့ တရွေ့ရွေ့…. ကျောပေးပြီး ကျွန်တော် မျက်လုံးအစုံကို မှိတ်လိုက်ပါတယ်…..
____။____။____။
“ အရှင်ဘုရား…. တပည့်တော် အကယ်ရ်ျ အဖန်ငါးရာ ငါးကမ္ဘာ ကျော်ပြီး လူပြန်ဖြစ်ခွင့် ရမယ်ဆိုရင်… အမိ၊ အဖ စုံလင်စွာနဲ့ မိသားစုလေးကို…. ပိုင်ဆိုင်နိုင်ပါစေ… အရှင်ဘုရား ’’

တစ်ခုပဲ စိုးရိမ်မိတာက ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်တာကို ထွက်ပေါက်တစ်ခုအနေနဲ့ ရေးသင့် မသင့် ဆိုတာလေးပါ ဆရာရေ။
ထပ်စိုးရိမ်လိုက်မိတာက မိုးကောင်းတစ်ယောက် သူလိုခြင်တဲ့ သေခြင်းကို ရမှ ရပါ့မလား ပေါ့ဗျာ။ မသေခဲ့ရင်….။
ကျွန်တော်ကတော့ ဒီပို့စ်တစ်ခုတည်းနဲ့ ဆရာကိုသံလုံးရဲ့ ပရိသတ်တစ်ယောက်ဖြစ်သွားခဲ့ပါတယ်ဗျာ။

Khin Latt ရဲ့ Steve Jobs, Bill Gates, GUI နဲ့ ကျွန်မ တို့အတွက် သမိုင်းကြောင်း များ
http://myanmargazette.net/88033/society-lifestyle
ဆိုတဲ့ ပို့စ်လေးအကြောင်းလည်း ပြောချင်ပါတယ်။
BBC ကလွှင့်တဲ့ “Steve Jobs – Billion Dollar Hippy” လို့ အမည်ရှိ Documentary ကနေ ရလိုက်တဲ့ အတွေး တစ်ခုကို Share လုပ်တာပါတဲ့။ မခင်လတ်က သူစသုံးခဲ့တဲ့ မောက်စ် မပါသေးတဲ့ ကွန်ပျူတာအကြောင်းကနေ စပြီး တီထွင်လာမှုသမိုင်းကြောင်းလေးတွေကို အရင် ပြောပြပါတယ်။
ကျွန်တော်တို့ မသိခဲ့တဲ့ Steve Jobs နဲ့ Bill Gates ကြားထဲက အပြန်အလှန်ပြောဆိုမှုလေးတစ်ခုကိုလည်း ဖေါ်ပြပေးထားပါတယ်ဗျာ။

အဲဒီနောက်ပိုင်း မှာတော့ Microsoft ရဲ့ GUI နဲ့ထွက်လာတဲ့ Windows1.0 ဟာ Apple Lisa ကို ကူးချပါတယ် ဆိုပြီး Steve Jobs က စွပ်စွဲခဲ့ပါတယ်။ သူတို့ဟာ လူအများကြား မှာကို အပြန်အလှန် စကားများခဲ့ပါတယ်။ “မင်း ငါ တို့ ဆီက ခိုးတယ်” လို့ Steve Jobs က အော်တော့ Bill Gates က “တစ်ခြားနည်း နဲ့ ကြည့်ရင် ငါတို့ နှစ်ယောက်စလုံး မှာ အိမ်နီးချင်း သူဌေး Xerox ရှိတယ်။ ငါ သူ့ ဆီက TV Set ကို ခိုးဖို့ သူ့အိမ်ကို ဖောက် တော့ မင်းက အဲဒါကို ခိုးပြီး နေပြီ” လို့ အေးအေး ဘဲ ပြန်ပြောခဲ့ပါတယ်။

ဒီသမိုင်းကြောင်းလေးအပေါ် မခင်လတ် ရဲ့ အတွေးအနှစ်ချုပ်လေးက ဒီလိုပါဗျာ။

ကျွန်မ အတွေး (အနှစ်ချုပ်)
အဲဒီ အကြောင်းကို ရှုဒေါင့် အမျိုးမျိုး ကနေ ဝေဖန်ကြည့်နိုင် ကြပါတယ်။ ကောင်းဘက်ကရော၊ ဆိုးတဲ့ဘက်ကပါ ပေါ့။
ဘာဘဲဖြစ်ဖြစ် တကယ် တော့ သူတို့ နှစ်ယောက်လုံး ရဲ့ GUI Idea ဟာ တစ်ခြားသူ တစ်ယောက် ဆီက ကူးချလို့ ရခဲ့ကြတာဘဲလို့ သမိုင်းမှာ Record ဖြစ်ခဲ့မှာပါဘဲ။
ဒါပေမဲ့ ကျွန်မ အနေနဲ့ကတော့ သူတို့ကို လူဆိုး ဗီလိန် တွေ အနေနဲ့ မြင်ကြည့် လို့ မရပါဘူး။
ဘာလို့ လဲဆိုတော့ “သူတို့ နှစ်ယောက်စလုံး ရဲ့ သမိုင်းဟာ အဲဒီ နေရာမှာတင် ရပ်မသွား ဘဲ လူသားတွေ အတွက် ပိုမိုပြီး ကောင်းမွန် အောင်မြင်တဲ့ အကျိုးဖြစ်စေတဲ့ အကြောင်း တရားတွေကို ဆက်ရေးခဲ့ကြလို့” လို့ထင်မိပါ တယ်။
ဒီတော့ ကျွန်မတို့ အားလုံး လဲ ကိုယ့်သမိုင်းကြောင်း ကို အမြဲတိုးတက်အောင် ပြင်ဆင် နေ နိုင်ခဲ့ရင် အရင် က မကောင်း ခဲ့တဲ့ သမိုင်းတွေကိုတောင် ပြန်ပြင်ရေးနိုင်မယ် လို့ ထင်မိ ပါ ကြောင်း ပြောရင်း နိဂုံးချုပ်လိုက်ပါ၏။

လက်ခုတ်တီးပေးပါတယ်ဗျာ။ စာစီစာရိုက်တတ်တာကလွဲပြီး ကွန်ပျူတာအကြောင်းကတော့ သိတ်ပြီး နားလည်လှလို့ မဟုတ်ပါဘူး။
သမိုင်းထဲက အဖြစ်အပျက်တစ်ခုကို အခြေခံပြီး တွေးလိုက်တဲ့ အတွေးလေးကို သဘောကျလွန်းလို့ပါဗျာ။
ကိုယ့်သမိုင်းကြောင်း ကို အမြဲတိုးတက်အောင် ပြင်ဆင်နေနိုင်ခဲ့ရင် အရင်က မကောင်းခဲ့တဲ့ သမိုင်းတွေကိုတောင် ပြန်ပြင်ရေး နိုင်မယ် လို့ ထင်မိပါကြောင်း။
ဆိုတဲ့ အတွေးလေးအတွက် ကျေးဇူးတင်ပါတယ်။
(PS- နောက်ကြုံ ရင် – ပြိုင်ဖက်ဖြစ်နေတဲ့ သူတို့ နှစ်ယောက် ကြားက လှပ တဲ့ Relationship အကြောင်းလေးတွေကို လဲ ပြောချင်ပါသေးတယ်)
လို့လည်း ပြောသွားသေးတဲ့ အတွက် သူကြီးက ကွန်းမန့်ကနေ ကြုံအောင်လုပ်လိုက်ပါလို့ တောင်းဆိုသွားပါသေးတယ်ဗျာ။
ကွန်းမန့်တွေထဲက အင်ဇာဂီ နဲ့ မခင်လတ်တို့ ရဲ့ အပြန်အလှန်ကွန်းမန့်လေးတွေကိုပါ ဖတ်ကြည့်ရမယ့် ပို့စ်လေးပါဗျာ။

ရှူံးနိမ့်မှုများနဲ့လူ ၏ တစ်ချိန်က အိမ်ပြန်ခဲ့ချိန်များ
http://myanmargazette.net/88032/business-economy/jobs-careers
ကတော့ တစ်ချိန်က ကိုရှုံး ၏ အလုပ်ဆင်းချိန်အကြောင်း ရေးထားခြင်းဖြစ်ပါသည်။ တစ်ပိုင်းတည်း ရွေးဖတ်တာထက် အရင်က အပိုင်းလေးတွေနှင့် တွဲဖတ်လျှင်
ပို အဆင်ပြေ နိုင်ပါသည်။ အရေးအသားကောင်းသူတစ်ယောက်ဖြစ်သည့်အတွက် အလုပ်ဆင်းချိန် မြင်ကွင်းကို စာဖတ်သူ မြင်အောင် ရေးဖွဲ့ နိုင်တာတွေ့ရပါသည်။ ထူးခြားတာလေးတစ်ခု ဖေါ်ပြပါရစေဗျာ။

ဦးထုပ်ဝါများမှာ ထိုကဲ့သို့ ကြိုးစားနေရသော်လည်း တစ်နေကုန် ချွေးတစ်စက်မှမထွက်အောင် ကြိုးစားလုပ်ကိုင်ခဲ့ကြသော ဦးထုပ်ဖြူများမှာကား လှေကားမှ အလျှိုလျှိုဆင်းသွားကြသည်ကိုလည်း ရင်နာဖွယ်ရာ မြင်နေရပြန်သေးသည်။ ထိုသူတို့မှာ ဦးထုပ်ဝါများကြားတွင် တိုးဝှေ့ဆင်းရမည်ကို သေမလောက်ပင်ကြောက်ကြလေသည်။ ခမောက်ဝါဆောင်းများသည်ကား ပေကျံနေကြရုံမျှမက သန်မာကြသေးပြန်သေးသဖြင့် ၄င်းတို့မှာ လူကုန်ကာမှ အောက်ဆင်းရကိန်းသာ မြင်သဖြင့် စောစီးစွာ ဆင်းကြခြင်းဟုလည်း တစ်ဖက်လှည့်တွေးကာ နားလည်ပေးရပြန်သည်။ သြော်… ဘာပဲပြောပြော ၄င်းတို့မှာ ကိုရင်ရှူံးတို့ထက် ကျောင်းတွင် အကြာကြီးနေခဲ့ကြရသည်မလား။ လေးစားသမှုတော့ ရှိသင့်ပါတယ်လေဟု။

ပညာရှင် ၀န်ထမ်းနှင့် အလုပ်သမားဝန်ထမ်းတွေကြား မတူညီမှုလေးတစ်ခုကိုလည်း ဖျတ်ကနဲ တွေ့လိုက်ရပါသည်။ အရင်က ကိုရှုံးပို့စ်တွေကိုလည်း ပြန်ဖတ်နိုင်အောင် ကြိုးစားပါဦးမယ် ကိုရှုံးရေ။ ကွန်းမန့်လေးတွေ စည်စည်ကားကားနဲ့ ဖတ်ရမယ့် ပို့စ်ပါဗျာ။

Kotun winlatt ရဲ့ လုံထော်
http://myanmargazette.net/88048/uncategorized-other/copypaste
ဆိုတဲ့ ပို့စ်လေးကတော့ ကျပ်မပြည့်ရှာတဲ့ လုံထော်ဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ မယားတရူး ဖြစ်နေရှာတဲ့ ဇာတ်လမ်းလေးပါ။
ကိုထွန်းဝင်းလတ် ထုံးစံအတိုင်း ရိုးရိုးလေးနဲ့ ဖတ်လို့ကောင်းတဲ့ ပို့စ်လေးပါဗျာ။

ကိုပေါက်ရဲ့ “ပြီးစလွယ် သဘောဆောင်တဲ့ တကယ့် အန္တရာယ်ထောင်ချောက်”
http://myanmargazette.net/88051/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news
ဆိုတဲ့ ပို့စ်လေးကတော့ လမ်းပေါ်က အန္တရယ်တစ်ခုကို ဓါတ်ပုံလေးတွေနဲ့ တင်ပြပေးခဲ့တာပါ။
nigimi77 ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

nigimi77 says:
ကပေါက် ကျွန်တော် တွေးကြည့်တာပါ ဒီရွာထဲက မန်ဘာတွေ အားလုံးကတော့ ၁၀၉ / ၁၁၀ တွေ မဟုတ်လောက် ပါဘူး။ နေရာ အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ လူတွေ ပါမယ် ထင်တယ် အဲဒီ လူတွေ ထဲမှာလဲ ရာထူးရာခံ ရှိတဲ့ လူတွေ ပါမယ် တိုင်စာ ပစ်စာ မဟုတ်တဲ့ ဒီလို အကျိုးပြု ပိုစ့်တွေကို ဖတ်ကြည့်ရင် မန်းထားတဲ့ ရွာသူရွာသားတွေက သာမာန် အရပ်သားတွေမို့ လို့ ပဲလား ……လုပ်သင့်ပါပြီ ပြင်သင့်ပါပြီ သက်ဆိုင်ရာတို့  အရပ်ကတို့  ဆိုတာမျိုးပဲ တွေ့ ရတယ် ဟုတ်ကဲ့ …အခု ချက်ချင်းပဲ Action ယူပြီး ဆောင်ရွက်လိုက်ပါမယ် …..ဆိုတာမျိုးလေး…ပြောကြားလာတဲ့ ရာထူးရာခံကြီးကြီး ရွာသူရွာသား ဆြာ ..ဆြာမ တစ်ယောက်တစ်လေတောင် ရွာထဲမှာ မရှိဘူးလားလို့ …….အားငယ်ထှာ…

ကွန်းမန့်တွေ အများကြီးနဲ့ အားပေးရမယ့်ပို့စ်လေးပါဗျို့။

ကိုသစ်မင်းရဲ့ ဂေဇက်ဆီမီနာ(၁) ၏ရလာဒ် ကို အနှစ်ချုပ်ဆွေးနွေးခြင်း၊(ရာဘင်ဒြာနတ်သ်ဂိုး၊Human Development Index)
http://myanmargazette.net/82364/business-economy
ပို့စ်လေးကတော့ ရွာသူရွာသားအားလုံးနီးပါး တက်ရောက်ခဲ့ကြတဲ့ ဂဇက်ဆီမီနာ ၁ ကို အနှစ်ချုပ်ဆွေးနွေးထားတာပါ။

အကုန်ချုပ်ကြည့်လိုက်ပါတယ်။
(၁)၀န်ထမ်းအားလုံးဟာလာဘ်စားရတာကိုပျော်ရွှင်ကျေနပ်နေတယ်လို့မထင်စေချင်ပါဘူး။
(၂)လမ်းကြောင်းမှန်ဖို့အရေးကြီးတယ်။
(၃)နိုင်ငံတခုမှာအရေးအကြီးဆုံးကအများလက်ခံထားတဲ့တရားဥပဒေကိုလေးစားလိုက်နာဖို့။
(၄)၀န်ထမ်းတွေတင်မကပြည်သူတွေအားလုံးရဲ့စိတ်ဓာတ်တွေကစပြင်ရမယ်။
(၅)စီးပွါးရေးသမားတွေ က လဲ ပေးပျော်ပါတယ်။ တိုင်းပြည် ကို အမှန်ပေးရမဲ့ အခွန်ငွေ တွေ ပေးစရာမှ မလိုဘဲ။
(၆)Incentive ပေးမယ်ဆိုရင် အားစိုက်ထုတ်မဲ့ သူတွေက ဆက်ထုတ်ချင်မယ်။
(၇)မြန်မာ့လူ့အဖွဲ့အစည်းက “စနစ်” နဲ့ အရမ်းဝေလွန်းတော့ စနစ် မှန်ကန်စွာပေါ်လာဖို့ သိပ်ကို
စိုးရိမ်မိပါကြောင်း။
(၈)အထက်ကတာဝန်ရှိသူတွေကလိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေတကယ်လုပ်ရပါမယ်။
(၉)လက်တွေ့ရှိပြီး သီအိုရီမရှိသူတွေကို ပေါင်းပြီး“သားစိုး”လုပ်နိုင်မယ်ဆိုရင်။
(၁၀)ရင်သွေးငယ်မျုားကို အသိတရားဝင်အောင်ပုံသွင်းပေးကြစေချင်ပါကြောင်း။
(၁၁)ပညာရေးစနစ်ကောင်းလျင်ဖြင့်safty needs တွေ ပြေလည်လာပြီး အဂတိတရား တွေ
လျော့ပါးနိုင်ပါကြောင်း။

စသည်ဖြင့် ကိုသစ်မင်း ရဲ့ ဦးဆောင်ဆွေးနွေးနိုင်စွမ်းနဲ့ ရွာသူရွာသားတွေရဲ့ ကွန်းမန့်တွေကိုပါ ဖတ်ရမယ့် ပို့စ်လေးပါ။
ဝင်ပွားရမယ့် ပို့စ်မျိုးလည်း မဟုတ်တာကြောင့် ဖတ်ဖြစ်အောင်ဖတ်ကြဘို့သာ တိုက်တွန်းခဲ့ပါရစေဗျာ။

Kuroko ရဲ့ ဆောင်းပါးကောင်းလေးပါ
http://myanmargazette.net/88086/uncategorized-other/copypaste
ဆိုတဲ့ ပို့စ်လေးကတော့ ကျန်းမာရေး ပညာပေးပို့စ်လေးပါ။ forward မေးလ်ကရတဲ့ ဆောင်းပါးလေးကို ပြန်တင်ပေးတာလို့ဆိုပါတယ်။
အိမ်သာတက်တဲ့အခါ ရိုးရိုးအိမ်သာ (ဆောင့်ကြောင့်ထိုင်ခွက်) မှာတက်တဲ့လူတွေဟာ ဦးနှောက်သွေးကြောပြတ်တတ်တဲ့အကြောင်းတင်ပြထားတဲ့ ပို့စ်လေးပါ။ တန်ဘိုးရှိပါတယ်ဗျာ။ ဗိုလ်လိုထိုင်တဲ့ ဗိုလ်ထိုင်အိမ်သာတွေကို ပြောင်းမသုံးသင့်ဘူးလားလို့ မေးထားပါတယ်။ ဖတ်ကြည့်ကြပါဗျာ။

ကိုရင်စည်သူ ရဲ့ ဗေဒင်ဟောပါ-သင်မပါစေနဲ့
http://myanmargazette.net/88109/creative-writing
ပို့စ်လေးကတော့ ဗေဒင်ဟောတဲ့ ကိုရင့်ထံကို မစံပယ်ဆိုတဲ့ မိန်းကလေး ဗေဒင်လာကြည့်ရာကနေ
ကိုရင် က မစံပယ်အတွက် လိုက်ပူပန်မိနေတာလေးကို ရေးထားတာပါ။ ကိုရင်ပြောချင်တာလေးကို ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

အမှန်က ဗေဒင်ဆရာဆိုတာ ဗေဒင်ဟောဖို့ တစ်ခုပဲလေ။ ဗေဒင်ဟောပြီးရင် ငါ့အလုပ်က ပြီးသွားပြီပဲ။ သူ့ဆီကို ငါ့စိတ်ကေ၇ာက်နေတာကိုက ငါမှားနေတာဟု တစ်ယောက်တည်း ထိုင်စဉ်းစားရင်း ခေါင်းရင်းဘက် နံရံတွင် ချိတ်ဆွဲထားသော ဆရာသခင် အဘမင်းသိင်္ခ၏ ဓာတ်ပုံကို လှမ်းကြည့်လိုက်ရင်း ကျွန်ုပ်သည် အဘအား အောက်ပါအတိုင်း ပြောလိုက်မိလေတော့သတည်း။
အဘရေ… အဘကတော့ တပည့်တွေကို ဗေဒင်ဟောပါ။ သင်…မပါစေနဲ့လို့ ဆုံးမထားခဲ့တယ်နော်။ အခုတော့ ကျွန်တော်က ဗေဒင်ဟောတဲ့ အထဲမှာ ကျွန်တော် ပါနေမိလိုက်ပြီ အဘရေ.. ဟု ပြောလိုက်မိလေတော့သတည်း။

ကိုယ်တိုင်ဖတ်ကြည့်ကြပါဗျာ။

ကိုရင်စည်သူရဲ့ အဘမင်းသိင်္ခ စီးရီး ဖားသားဆီပြန်ဟင်း
http://myanmargazette.net/88115/health-fitness/food-drink
ပို့စ်လေးအကြောင်းပြောချင်ပါတယ်ဗျာ။ ကိုပီတာကြီး စားချင်တဲ့ ဟင်းတွေ ထမင်းတွေ ချက်ကျွေးပြီး ထုံးစံအတိုင်း
ကိုပီတာကြီးက ပုံပြင်လေးတစ်ပုဒ်ပြောပြပါတယ်။ ပုံပြင်လေးက တော်တော်လေးရှည်နေလို့ မဖေါ်ပြလိုက်တော့ပါဘူးဗျာ။ ကိုယ်တိုင်သာ ဖတ်ကြည့်ကြပါ။

ကိုဆန်နီကြီး ရဲ့ ဘုရင်တစ်ပါးရဲ့ ချစ်ခြင်းတရား
http://myanmargazette.net/88111/creative-writing
ကတော့ အပိုင်း ၉ အထိရောက်လာခဲ့ပါပြီဗျာ။

ကိုပေါက်ရဲ့ “{ဧရာဝတီ}={မြစ်ပြင်နဲ့တံတား}(ဆောင်းနေ့လည်ခင်းမြင်ကွင်း)”
http://myanmargazette.net/88117/travel/local-guides
ကတော့ ရှုခင်းဓါတ်ပံလှလှလေးတွေပဲ ဖြစ်ပါတယ်။ အခုမှပြန်ကြည့်မိတော့ ကိုပေါက်ပို့စ်မှာ ပေးထားခဲ့တဲ့ ကျွန်တော့်ကွန်းမန့်လေးကို ဘာတွေများအလိုမကျ ဖြစ်ကြတယ်မသိပါ။ အနီကဒ် ၅ ကဒ်နဲ့ ခန့်ခန့်ကြီးခင်ဗျ။ လူချစ်လူခင်ပေါတဲ့ သဘောပေါ့ဗျာ။

မိုးချမ်းမြေ့ရဲ့ လူနဲ့ အရောင်
http://myanmargazette.net/88101/uncategorized-other/copypaste
ဆိုတဲ့ ပို့စ်လေးအကြောင်း ပြောချင်ပါတယ်။ မိုးချမ်းမြေ့ပြောချင်တာလေးကို နည်းနည်းဆွဲထုတ်ပြပါရစေ။

ယုတ်ညံ့တဲ့စိတ်ပုတ်
စိတ်ယုတ်မွေးပြီး..ရွာထဲဝင်လာလိုက်တာနဲ့…ကိုယ်နာမည်ရဖို့ကြိုးစားတယ်..။ ကိုယ်နဲ့သဟ
ဇာတကျတဲ့..Post တို့ Comment တို့ဆိုရင်..ဖအေရင်းလိုဆက်ဆံပြီး..ကိုယ်နဲ့အယူအဆ
မတူ..ကိုယ်နဲ့သဟဇာတမဖြစ်တဲ့ Post တို့ Comment တို့ဆိုရင် ပထွေးလိုသဘောထားပြီး
အော်ချင်သလိုအော်..ရေးချင်သလိုရေး..။ ခံယူချက်ကျတော့လည်း သူနဲ့ဆက်ဆံပတ်သက်သူ
မှန်သမျှကို “ မကောင်းသူထိပ်..ကောင်းသူဘိတ်ဖြစ်ရင်ပြီးရော..”..“ ကိုယ်ထင်တာ ၀င်ရေး/ပြော ရရင်..အမြတ်ပဲ..” ဆိုတဲ့ ခံယူချက်နဲ့..ပရမ်းပတာအရူးတယောက်လို..ရွာထဲ
လှည့်ပြီး..၀ါးလုံးကို ဟိုဟာသုတ်ပြီးရမ်းချင်တိုင်းရမ်းနေတတ်တဲ့..အရောင်..မျိုးတွေကိုပဲ
တစ်ရှိုက်မက်မက်..ထုတ်လွှတ်နေတတ်တယ်လေ..။
အဲသူတို့ရဲ့အရောင်ကြောင့်..ဆက်ဆံထိတွေ့ခံရတဲ့..ပတ်ဝန်းကျင်ရဲ့ရောင်ပြန်ဟပ်မှု
တွေကိုကြည့်လိုက်ရင်…“ ကျက်သရေမဲ့လိုက်တာ..”..“ အသံတောင်မကြားချင်..အဲ..မှား
လို့..“ ဖတ်တောင်မဖတ်ချင်ဘူး..”…“ သူကြီးရေ..ရွာထဲကမောင်းထုတ်ပါဗျို့..”…..
“ ရွာနာတယ်ဟေ့…” စသည်ဖြင့်ပေါ့ဗျာ..ကြားနေရတော့..အဲ..ဖတ်နေရတော့..သူ့ရဲ့
အရောင်ထွက်ပုံကတော့..တစ်မျိုးပါလားလို့…လေ့လာသုံးသပ်မိတယ်လေ..။

မိုးချမ်းမြေ့ တင်ထားတဲ့ ပို့စ် ငါးပုဒ်ကို ကျွန်တော် အကုန်ပြန်ဖတ်ကြည့်တဲ့အခါ သုံးပုဒ်က ဒီလိုပို့စ်လေးတွေပါပဲ။
ရွာသားတစ်ယောက်၏ ဖွင့်ဟ အဆိုပြုချက်
http://myanmargazette.net/92339/economic-news-international-news-news-industry-people-in-the-news-us-news-news/opinions-and-discussion
ဒီပို့စ်လေးထဲက နည်းနည်းဖတ်ကြည့်ရအောင်ပါ။

ကမ္ဘာဦးအစ…အဲ…ရွာဦးအစတုန်းကနဲ့…မတူတော့သော…ကျွန်ုပ်တို့၏ရွာကြီးသည်…တည်
ထောင်ဦးစီးသူတို့၏ကျေးဇူးကြောင့်…အမှန်ပင်စည်ပင်ဝပြောလာကာ…တိုးတက်ဖွံ့ထွားလာခဲ့ပြီပေါ့..။
ဟိုအရင်…ရွာထဲမ၀င်ခင်…ရွာအကြောင်းကိုလေ့လာမိစဉ်ကလည်း…စိုပြေလန်းဆန်းစွာဖြင့်…. ဖျတ်လတ်တက်ကြွနေသော..ရွာသားတို့၏..ဓလေ့စရိုက်တို့မှာ….လွန်စွာမှပင် အားရနှစ်သက်စရာ ကောင်းခဲ့ရပြီးသကာလ…ရွာသားတစ်ယောက်အဖြစ်…အသင်းဝင်ခွင့်ရပြန်တော့…. ကိုယ်တိုင်ပင်ဂုဏ်ယူမဆုံး..ဖြစ်ရပြန်သည်ပဲ…။
အခုလား….?…။ ဟင့်အင်း….။ မတွေ့မိပါဘူး…။

တစ်စုံတစ်ခုကို မကျေမနပ်ဖြစ်နေတယ် ထင်မိတယ် မိုးချမ်းမြေ့ ရေ။ မှားနေရင်ခွင့်လွှတ်ဗျ။
သတ္တိဆိုတာက

http://myanmargazette.net/96041/uncategorized-other/copypaste
ဆိုတဲ့ ပို့စ်လေးထဲက နည်းနည်း နမူနာဖတ်ကြည့်ရအောင်ပါ။

အဲ…သူများအပြစ်ကိုချည်းထောက်ပြတတ်ကြတဲ့ ရွာသူရွာသားတစ်ချို့လည်း..ဂရုစိုက်ကြပါလို့ ရိုးသားတဲ့
ဆန္ဒနဲ့အကြံပြုချင်ပါတယ်။ ဒီလိုဆိုလိုက်လို့ ဘယ်လိုမှမအောက်မေ့လိုက်ပါနဲ့..။ ဒါမျိုးက လူတိုင်းပြောတတ်
ကြမှာပါ..။ သို့သော်လည်းပဲ..ဒီပို့ရေးသူရွားသားအနေနဲ့ကတော့..အတတ်နိုင်ဆုံးသော သတ္တိကိုမွေးပြီးမှ
ရွာထဲဝင်တတ်ပါတယ်..။ အဲဒီတော့…ပြောကြပါစေ..။ ရေးကြပါစေ..။ ကိုယ်ကြိုက်ရင်လက်ခံလိုက်ပေါ့..။
ကိုယ်သဘောမကျရင်လည်း..လက်မခံနဲ့ပေါ့..။ ခုတော့..ဆန့်ကျင်တဲ့အသံကြားရင်…ဒါမှမဟုတ်..
လက်မခံနိုင်တဲ့အရေးအသားကိုတွေ့ရင်..ဆက်ဆံမှုတွေပြောင်းသွားကြပါရောလားဗျာ..။ တတ်နိုင်ရင်..ဒေါသ
ကင်းကင်း..လောဘကင်းကင်းနဲ့..မဟုတ်တောင်မှ..သတိထားပြီး..ဖတ်ကြ…ရေးကြသင့်တယ်ထင်ပါတယ်။

သေချာသွားပါပြီ။ မိုးချမ်းမြေ့ က ပို့စ် ငါးပုဒ်မှာ သုံးပုဒ်က ရွာကို မကျေနပ်တဲ့အကြောင်းလေးတွေဖြစ်နေပါတယ်။
လေးလေးစားစား လိုက်ဖတ်ပြီး ခင်ဗျားရင်ထဲမှာ ရှိနေတဲ့ အစိုင်အခဲလေးတစ်ခုကို မြင်မိသွားတာပါ။
ခင်ဗျားပြောသလို သတိထားပြီး ဖတ်မယ် ရေးမယ်လို့ ဒီနေရာက ကျွန်တော် ပြောပါရစေဗျာ။ ကဲ ကိုယ်တိုင်ဖတ်ကြည့်ကြပါဗျာ။

ရှုံးနိမ့်မှုများနဲ့ လူ ၏ အကြင် ထိုသူသည်ကား ရပ်ဝေးမြေခြား လင်ယောကျာ်း
http://myanmargazette.net/88260/creative-writing
ဆိုတဲ့ ပို့စ်လေးကတော့ ကိုအောင်ခန့် ဆိုသည့် လူတစ်ယောက်၏ ဘ၀ကို ရေးထားခြင်းဖြစ်ပါသည်။
ဇာတ်လမ်းကိုတော့ ပြောမပြတော့ပဲ ပြည်ပတွင် ဇနီးသည်၏ အဆက်အသွယ်ဖြတ်ခြင်းကို ၆ လလောက် ခံထားရသော ကိုအောင်ခန့်တစ်ယောက်
တစ်မြို့တည်းနေ သူငယ်ချင်းတစ်ယောက်နှင့် လမ်းတွင် မတော်တဆ တွေ့ရာမှ တစ်ဆင့် ဆိုပြီး ပို့စ်ကို ရပ်ထားခဲ့ပြန်ပါသည်။ အလွန်စိတ်ဝင်စားစရာကောင်းသော နေရာရောက်မှ ဖြတ်ချပစ်ခဲ့သော ကိုရှုံးသည်ကား ကိုးရီးယား ကားတို့၏စတိုင်ကို ပီပီပြင်ပြင် ဖမ်းတတ်လွန်းသည်ဟု ဆိုချင်ပါသည်။ နောက်တစ်ပိုင်းကို စောင့်မျှော်နေပါသည် ကိုရှုံးရေ။ ကွန်းမန့် ၂၁ ခုနဲ့ ဖတ်ရမယ့် ပို့စ်လေးပါဗျာ။

ကိုရှုံး ရဲ့ အကြင် ထိုသူသည်ကား တစ်နယ်စီခြား ဇနီးမယား
http://myanmargazette.net/88409/creative-writing
ဆိုတဲ့ ပို့စ်လေးကို ဆက်ဖတ်ရပါတယ်။ ဒီတစ်ခါတော့ ကိုအောင်ခန့်ရဲ့ မိန်းမနေရာက ပြန်ရေးပြထားတာပါ။
အင်ဇာဂီရဲ့ ထိုနေ့က နဲ့ အဲသည်နေ့က ပို့စ်နှစ်ခုကိုတောင် သတိရ မိပါတယ်။ ဒီပို့စ်မှာလည်း ဇာတ်လမ်းက မဆုံးသေးပါဘူးဗျာ။
ဆက်ဦးမှာပါ။ စောင့်ဖတ်ရမယ့် ဇာတ်လမ်းတစ်ပုဒ်တော့ တွေ့နေပြီ ကိုရှုံးရေ။

ဆရာတော် ဆန်နီနေမင်းရဲ့ ကန်တော့ပွဲ ဘယ်ကဖြစ်လာသလဲ
http://myanmargazette.net/88270/uncategorized-other/copypaste
ဆိုတဲ့ ပို့စ်လေးကတော့ အောက်မှာပါတဲ့ မေးခွန်းလေးကို ဖြေကြားပေးထားတာပါ။

မေး။ အရှင်ဘုရား ကန်တော့ပွဲတွေမှာ အုန်သီး၊ငှက်ပျောသီးက မပါမဖြစ် အနေထားလိုဖြစ်နေတာ ဘာဖြစ်လို့ပါလဲဘုရား။
တပည့်တော် သိချင်စိတ်လေး ဖြစ်လာလို့ပါ။
ရိုသေစွာဖြင့်
လင်းမင်းအောင်၊ မန်းလေး။

သိထားသင့်တဲ့ ကိစ္စလေးတစ်ခုကို ဆရာတော်က သေချာ ရှင်းပြထားတာပါ။ သူကြီးနဲ့ nature တို့ရဲ့ ကွန်းမန့်လေးတွေကလည်း စိတ်ဝင်စားဘို့ကောင်းတာကြောင့် ဖတ်ထားကြရမယ့် ပို့စ်လေးပါဗျာ။

ကိုသစ်မင်းရဲ့ ဆုမွန်ကောင်း
http://myanmargazette.net/88277/creative-writing
ဆိုတဲ့ ပို့စ်လေးကတော့ ပီတိဖြစ်စရာပို့စ်လေးတစ်ခုပါ။ ရွာသူရွာသားတွေနဲ့ သူကြီးကို ခရစ္စမတ်နဲ့ နှစ်သစ်ကူး ဆုတောင်းလေး ပေးထားတာပါ။
ကျွန်တော်တို့ သူကြီးအတွက် ကိုသစ်မင်းရဲ့ ဆုတောင်းလေးကို ဖေါ်ပြပေးလိုက်ပါတယ်။

သူသည်…… ဤမည်သောနေရာကိုဖန်တီး၏။ ဤမည်သောနေရာကိုခိုင်ခန့်စေ၏။ လုံ့လစိုက်ထုတ်၏။ အချိန်ကိုပေး၏။ ငွေကိုအကုန်ခံ၏။ “ထကြွနိုးကြားလှပေသည်”။ သူသည် … မရေးတတ်ရေးတတ် ရေးသူများကို လည်းတွဲခေါ်၏။ ရေးတတ်သူများကိုချီးမြှောက်၏။ လွတ်လပ်မှုကိုသူတတ်နိုင်သလောက်ပေး၏။ နိမ့်ကျသူများအား အားပေးမှုဟုဆိုထိုက်၏။ “ဪ သနားတတ်သူပေဘဲ”။ သူသည်… သူ့ကိုစော်ကားပြောဆိုသူ၊များကို သီးခံ၏။ မကောင်းပြောသူကိုပင်လျှစ်လျှူရှူ၏။ ရေးသောစာတွင်မကောင်းခြင်းကိုပင်သတိပေး၏။ လွန်သထက်လွန်လာမှသာ အရေးယူပယ်ဖျက်၏။ “ဪ သီးခံနိုင်သူပါပေ”။ သူသည် ….. ရွာတွင်ဝင်လာသော မကောင်းဆိုးဝါးကိုပင် စောင့်ကြည့်တတ်၏။ ရွာသားများရန်ဖြစ်ခြင်းကိုမပြုစေရန်နှင့် ကာကွယ်တတ်စေရန် ဥပယ်တမျှဉ်နှင့် သင်ကြားတတ်၏။ “ဪ ဝေဖန်ထောက်ရှု နိုင်သူပါပေ”။ ဤသို့ ဤပုံ နာယကဂုဏ်တို့နှင့်ပြည့်စုံသူသည်ကား “သူကြီးဦးခိုင်”ပင်ဖြစ်ပေတော့သည်ဟု အပြစ်ကင်းသော ချစ်ခြင်းဖြင့် ကျနော် မောင်သစ်မင်းမှ မှတ်တမ်းပြုရင်း သူကြီးဦးခိုင်နှင့်တကွမိသားစုဝင်အားလုံး ကျန်းမာ ချမ်းသာ လိုရာဆန္ဒပြည့်ဝ ပါစေလို့ နှစ်သစ် ဆုမွန်ကောင်း တောင်းလိုက်ရပါသည်ခင်ဗျား။

သူကြီးရဲ့ ပီတိဖြစ်နေတဲ့ ကွန်းမန့်လေးကိုလည်း ဖေါ်ပြပေးပါရစေ။

kai says:
ရွာသူားအပေါင်းနဲ့.. စာဖတ်လာသူမိတ်သဟာများ.. မင်္ဂလာအပေါင်းပြည့်စုံကြပါစေခင်ဗျား..
အဟမ်း..
ဆြာသစ်မင်းရေးလိုက်မှ.. လူလည်း.. ဘယ်နားနေရမလည်း မသိဘူးဖြစ်သွားတယ်..။
ဂျပန်မှာ လူ့အလေ့အကျင့်တွေသင်ကြားခံထားရတော့.. အကြီးအကဲနေရာဆိုရင်.. သန့်ရှင်းရေးလုပ်ဖို့နဲ့.. အိမ်သာပြေးတိုက်ဖို့ချည်း.. တွေးမိတော့တာပါပဲ..။
ကိုသစ်မင်းရေ..
အခုလို ချီးမြောက်ရေးပေးတဲ့အတွက်.. ကျေးဇူးကမ္ဘာတင်ပါတယ်နော…။
တကယ်တော့..ဒီရွာကြီးသာယာစည်ကားနေတာ.. ဒီရွာသူားတွေကြောင့်ပါလို့..။
ရွာထဲ.. အဖြစ်အပျက်တွေပေါ်လာရင်.. အလိုလိုထိမ်းညှိသွားတတ်စေအောင်.. ပံ့ပိုးကူညီသူတွေသူတွေကအဓိကပေါ့..။
.. ဒီနှစ်ထဲ.. ဘ၀တသက်တာ.. အင်မတန်အမှတ်ရစေသူတွေ.. တယ်များလာတယ် မြင်မိတယ်.။
ဒီရွာသူားတွေနဲ့.. မန္တလေးဂေဇက်ဟာ.. အင်မတန်ကောင်းမွန်မြတ်တဲ့.. နေရာဒေသ ရွာကြီးတရွာဖြစ်လို့လာတာပေါ့..။
ဘ၀တသက်တာ မမေ့စရာတွေပါပဲ..။ တချို့ဆို.. လူချင်းတွေ့ချင်..စကားပြောချင်မိတယ်..။
မန္တလေးဂေဇက်ကနေ.. ကောင်းတဲ့မိတ်ဆွေတွေ.. အသိသညာ၊ သတိပညာတွေ.. ပေးဝေမျှခဲ့နိုင်တာကို.. ရွာသူားတိုင်းက.. ၀မ်းမြောက်ဝမ်းသာနဲ့.. သတိရကြပါနော..။ ကုသိုလ်ယူကြပါ..။
အဲ..
နောက်ပြီး..
… နောင်နှစ်ဆီ ဆက်ချီတက်ကြရအောင်..။
ရောက်လာမဲ့နှစ်သစ် ၂၀၁၂မှာ..ဒို့မြန်မာတွေ.. ပျော်နိုင်၊မော်နိုင်ကြစေဖို့.. ဆုမွန်မေတ္တာပေးပါရစေနော..။
အခြေအနေတွေပေးလာနေတာ မြင်နေရပါတယ်..။
မြန်မာတွေရဲ့..ရွှေရောင်လွှမ်းသောနေ့ရက်များ.. ပြန်လာတော့မှာပါ…။
.. ကိုယ်တိုင်စီကလည်း.. ကြိုးစားကြပါစို့..။

ကွန်းမန့်ပေါင်း ၅၀ တိတိ နဲ့ ပျော်စရာပို့စ်လေးတစ်ခုဖြစ်ခဲ့ပါတယ်ဗျာ။

ကိုပေါက်ရဲ့ မျှော်ပြီကွဲ့ဝူး(ခွေးအလွမ်းဇာတ်လေး)
http://myanmargazette.net/88313/travel/photography-pictures-galleries-wallpapers-photo-tips
ဆိုတဲ့ ပို့စ်ကတော့ ဖိုးသူတော်ဦးမင်း ရေးတဲ့ လေးချိုးခွေးညည်းချင်း ဆိုတဲ့ ခွေးတစ်ကောင်ရဲ့ အလွမ်းကဗျာလေးကို ဓါတ်ပုံလေးနဲ့ ဖေါ်ပြပေးထားတဲ့ ပို့စ်လေးပါ။ ပေါက်ဖေါ်အတွက်လို့လည်း ဆိုထားပါတယ်။ အင်း ပေါက်ဖေါ် က ခွေးညည်းချင်း ကြိုက်ရတယ်လို့။ အေးလေ သူ့သန်ရာသန်ရာပေါ့။ နော့။

ကျွန်တော် တကယ် နားမလည်ပေမယ့် အကြိုက်တွေ့နေမိသည့် ပို့စ်လေးတစ်ခုကတော့
comegyi ရဲ့ ငါဟာ သူမအပြင်ဘက်က ဝေါဟာရ
http://myanmargazette.net/88312/creative-writing
ဆိုသည့် ပို့စ်လေး ဖြစ်ပါသည်။

ကျွန်တော်ရှာဖွေနေသော ဝေါဟာရကို ကိုရီးယားမင်းသားလေးနှင့်တူသော ကောင်လေးက လုယူသွားသည်။
ငါတို့နှစ်ယောက်တွဲနေကြပြီ နင်ဘယ်လို မြင်လဲ ကျွန်တော့်အား သူမက မဆင်မခြင်မေးသည်။
နင်က မီလာနီလို မဖြစ်နိုင်ဘူး စကားလက်အိုဟာရာ လိုမိန်းမ မာဂရက်မစ်ချယ်၏ လေရူးသုန်သုန်ကို သတိရပြီး ပြောမိတော့ သူမက ကျွတ်တစ်ချက်သပ်လိုက်ပြီး ချီးထုပ် ဟု ကျွန်တော့်အား ထောပနာ ပြုပါ၏။

အဲဒီလို အရေးအဖွဲ့လေးတွေနှင့် comegyi ၏ မော်ဒန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်က တော်တော် မိုက်ပါတယ်ခင်ဗျာ။ ဖတ်ကြည့်ကြပါ။

ကိုပေါက်ရဲ့ “၁၃၀၀ ပြည့်နှစ်က မန္တလေးက မြန်မာအာဇာနည်များခေါင်းချခဲ့တဲ့နေရာ”
http://myanmargazette.net/88318/economic-news-international-news-news-industry-people-in-the-news-us-news-news/myanmar-burma-burmese-bama-myanmarian-myanma-news
ဆိုတဲ့ ပို့စ်လေးကတော့ မန္တလေးမှာ ရှိနေတဲ့ အာဇာနည်ဗိမာန် ကို ဓါတ်ပုံလေးတွေနဲ့ ဖေါ်ထုတ်တင်ပြထားတာပါ။
၁၃၀၀ ပြည့်အရေးတော်ပုံမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည် ၁၇ ဦးတို့ ရဲ့ အာဇာနည်ဗိမာန် လို့ဆိုပါတယ်။
အင်မတန် ခမ်းနားတဲ့ ပို့စ်လေးတစ်ခုပါ ကိုပေါက်ရေ။ မန်းမှာ ဒီလို အာဇာနည်ဗိမာန် ရှိနေတာ ကျွန်တော် တကယ်မသိခဲ့ပါဘူး။ အခုလို ကိုပေါက်က ဖေါ်ထုတ်ပေးလိုက်တာ ကျေးဇူးတင်ပါတယ်ဗျာ။ အာဇာနည် ဗိမာန်သာဆိုတယ် ချုံတွေ ပိတ်ဆို့နေလိုက်တာ ကျားဝင်အောင်းမှာတောင် စိုးရပါတယ်ဗျာ။ ကွန်းမန့်တွေ ကိုပါ တွဲဖတ်ပြီး ဒီအာဇာနည် ဗိမာန်ကြီး ခန့်ခန့်ညားညား ဖြစ်အောင် ဘယ်လိုလုပ်ရင်ကောင်းမလဲ ဆိုတာလေး ကွန်းမန့်လေးတွေနဲ့ အကြံလေးတွေ ပေးကြစေချင်ပါတယ်ဗျာ။

Weiwei ရဲ့ ဇရာတံခါးခေါက်သံ
http://myanmargazette.net/88381/creative-writing/my-dear-diary
ဆိုတဲ့ ပို့စ်လေးအကြောင်း ပြောချင်ပါတယ်ဗျာ။
ညီမလေးက ဆံပင်ညှပ်ပေးတာကို ခံနေရင်း ဆံပင်ဖြူတစ်ချောင်းတွေ့လို့ တုန်လှုပ်သွားတဲ့ အန်တီဝေ ရဲ့ သံဝေဂ ပို့စ်လေးပါ။

နောက်ဆို ဇရာက အခုထက်ပိုပြီး တံခါးပြင်းပြင်းခေါက်တော့မယ်။ ဥပေက္ခာပြုမလား၊ ခံနိုင်ရည်ရှိအောင်လေ့ကျင့်မလား၊ ဇရာကို ရသလောက်အနိုင်ယူမလား၊ သံဝေဂတရားတွေနဲ့ အသေမဦးခင် ဥာဏ်ဦးအောင် လုပ်မလား၊ အမျိုးမျိုးတွေးကြည့်မိတယ်။ ဒါပေမယ့် ကျွန်မအဖြေက လူပီသနေပါသေးတယ်။ ဇရာကို ရသလောက်အနိုင်ယူလိုက်ချင်ပါသေးတယ်။ အသားအရေနဲ့ ဆံပင်ကို ဂရုစိုက်ပြီး ထိန်းသိမ်းမယ်။ စိတ်၏ကြည်လင်မှုက ရုပ်ကိုတိုက်ရိုက်အကျိုးပြုတာမို့လို့ စိတ်ကို ကြည်လင်အောင် အားထုတ်မယ်။ လောဘ၊ ဒေါသ၊ မောဟ နဲအောင်လုပ်မယ်။ ပြုံးပြုံးလေးနေနိုင်အောင်ကြိုးစားမယ်။ ဘယ်လိုပဲ သံဝေဂစိတ်သွင်းသွင်း အဖြေကတော့ ကျွန်မ မအိုချင်သေးပါ ….

ဇရာကို လက်မခံချင်သေးသော အန်တီဝေက ကျွန်မ မအိုချင်သေးပါ တဲ့။ ကွန်းမန့်ပေါင်း ၃၁ ခုနဲ့ ဖတ်ရမယ့် ပို့စ်လေးပါဗျာ။
ဆရာမကြီး TTNU ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးလိုက်ပါတယ်။

TTNU says:
မဝေရေ…
အခုမှ တံခါးဖွဖွလေးလာခေါက်တာနေမှာပါ။
အကြာကြီးမသိချင်ဟန်ဆောင်လို့ရသေးပါတယ်ကွယ်။
“စိတ်၏ကြည်လင်မှုက ရုပ်ကိုတိုက်ရိုက်အကျိုးပြုတာမို့လို့ စိတ်ကို ကြည်လင်အောင် အားထုတ်မယ်။ လောဘ၊ ဒေါသ၊ မောဟ နဲအောင်လုပ်မယ်။ ပြုံးပြုံးလေးနေနိုင်အောင်ကြိုးစားမယ်။”
ဒါအမှန်ဆုံးနေထိုင်မှုအလေ့အကျင့်ပါပဲ။
မေတ္တာဖြင့်
တီချာနု

ကိုဆန်နီ ၏ “ငဆန်နီ၏ Boxing Day ခန္တာဖတ်စာ”
http://myanmargazette.net/88400/creative-writing
ကတော့ ကဗျာလေးတစ်ပုဒ်ပါ။ ဖတ်ကြည့်ကြပါ။
အအေးကကဲကဲလေး နှာကစေးသနဲ့
ချောင်းဆိုးကမညှာ လည်ပင်းကနာ။
မျက်စေ့ကပါဝါတက် ဒူးခေါင်းကွေးဆန့်ခက်။
ခြေစွယ်ကငုတ် ပုဏားမနဲ့ထုတ်။
ခေါင်းကကိုက် ဇက်ကငိုက်။
အာရုံတွေထွေပြား
အို..အစားကပျက် အအိပ်ကခက်။
စိတ်ကမနက် အိပ်ထခက်တဲ့ နှောင်ကြိုးများ။

ကွန်းမန့်လေးတွေကိုတော့ မူရင်းပို့စ်မှာ သာ ဖတ်ကြပါ။

Mashwetote ရဲ့ အင်ထရိုဒတ်ရှင်း
http://myanmargazette.net/88404/creative-writing/my-dear-diary
ဆိုတဲ့ ပို့စ်လေးကတော့ သူ့ကိုယ်သူရွာသူရွာသားတွေနဲ့ မိတ်ဆက်ပေးထားတာပါ။
ရွာထဲက သူ့အချစ်ဆုံးဒေါ်လေးက တော့ပ်ပိုစတာ စာရင်းထဲမှာ ပါပါတယ်တဲ့ ။
စင်္ကာပူမှာ ကျောင်းတက်နေလို့ မြန်မာစာ မရေးတာ ကြာပြီဆိုတဲ့အကြောင်း၊
စာရေးတာ အပေါက်အလမ်းမတည့်တာတို့ အဓိပ္ပာယ်လွဲတာတို့ ဖြစ်ခဲ့ရင်လည်း
အမှားကို ထောက်ပြပေးဘို့ အကြောင်းလေးတွေ ရေးထားတာပါ။
မရွှေတုတ်ကို မန်းဂဇက်ရွာကြီးမှ ကြိုဆိုပါတယ်ဗျာ။ မကြိုဆိုလည်း သူက ရွာထဲရောက်နေပြီလေ နော့။
ရေးစရာရှိတာ ရေးဗျာ။ ဖတ်မယ်။

Pooch ရဲ့ ကိုယ့်အတွေးသူ့အမြင်
http://myanmargazette.net/88418/arts-humanities
ပို့စ်လေးအကြောင်း ပြောချင်ပါတယ်ဗျာ။
ဒီပို့စ်မှာ pooch က ဆဲဗင်းဒေးဂျာနယ်က တွေ့ဆုံခန်းလေးကို ဖတ်ပြီး အတွေးတစ်ခု ကိုရောက်သွားတယ်။
ဓါတ်ပုံဆိုင်မှာ ဓါတ်ပုံကူးရင်း နိုင်ငံခြားသားတစ်ယောက်နဲ့ စကားတွေပြောဖြစ်တယ်။
ပဲရစ်မြို့ကြီးအကြောင်းလည်း ပါတယ်ဗျ။ Midnight in Paris ဆိုတဲ့ ရုပ်ရှင်အကြောင်းလည်းပါတယ်ဗျ။
နိုင်ငံခြားသားကြီးနဲ့ လမ်းခွဲကြတော့ လက်ဆွဲနှုတ်ဆက်ကြတယ်။ ဘာညာပေါ့ဗျာ။
နောက်ဆုံး သူပြောချင်တဲ့အကြောင်းလေးကို ပဲ ဖေါ်ပြပေးလိုက်ပါတယ်။

ပြောချင်တာက ဒီလိုပါ။ နောက်ဆုံး ထီးနန်းစိုက်ရာ နန်းမြို့တော် တခုအနေနဲ့ ကျမတို့ မန္တလေး မြို့ကတော့ မီးသင့် ဘာသင့် အကြောင်းအမျိုးမျိုးကြောင့် ရှေးဆန်တဲ့ ရှေး ဟန်လေးတွေ ကို စွန့်လွှတ်လိုက်ရပြီး ပုံစံသစ် ကွန်ကရစ်တိုက်တွေ ဖြစ်နေပါပြီ။ အရင်တုန်းက မန္တလေးဆိုတာ ရှာလို့တောင် မတွေ့တော့ဘူးလို့ ရှေ့မှီနောက်မှီ လူကြီးများ က ပြောကြပါတယ်။ ကျမတို့လည်း ကွန်ကရစ်တိုက်များ ကြားမှာ အသားကျနေပါပြီ။ ဒါနဲ့ အားမရ ကျန်ရှိနေသေးတဲ့ ကျုံးအနောက်ဖက် က တံတား တစင်းကိုလည်း အကြောင်းမဲ့ ဖျက်ချခဲ့ပါတယ်။ ဘာကြောင့်ဆိုတာ ဒီနေ့ထိလည်း တွေးလို့ မရခဲ့ပါဘူး။
ကျန်နေသေးတဲ့ ရန်ကုန်မြို့ကြီးကိုတော့ ရှေးဟန်မပျက် ရှေးဆန်နေတဲ့ သူ့ပုံစံလေးအတိုင်း ထိန်းသိမ်းစေချင်တာပါပဲ။ ကိုယ့်ထက်ရှေးကျတဲ့ တိုင်းပြည်များတောင် ထိန်းသိမ်းနိုင်သေးတာ လေ။
လမ်းပန်းဆက်သွယ်ရေးစနစ်တွေကိုလည်း ဒီထက်ပိုပြီးတိုးတက်ကောင်းမွန်စေချင်သည်။ မြို့ကြီးကိုလည်း သန့်ရှင်းသာယာစေချင်သည်။ ဒေသတွင်းတိုင်းပြည်များရဲ့ အောက်ဆုံးရောက်နေတဲ့ အနေအထားကနေ ထိပ်ဆုံးကို ရောက်ချင်မိသည်။

တန်ဘိုးထားရမယ့် အရာကို တန်ဘိုးထားရကောင်းမှန်းသိတာကလည်း တန်ဘိုးရှိပါတယ် pooch ရေ။
ဆရာမကြီး TTNU နဲ့ pooch ရဲ့ အပြန်အလှန် ကွန်းမန့်လေးတွေကလည်း မှတ်သားစရာလေးတွေပါတဲ့အတွက်
ဒီပို့စ်လေးကိုတော့ ဖတ်ကြည့်သင့်တယ်ဆိုတဲ့အကြောင်း သံချောင်းခေါက်ခဲ့ပါရစေ။

သူကြီးရဲ့ အယ်ဒီတာ့သင်ပုန်း – ၂၀၁၁ ဒီဇင်ဘာ
http://myanmargazette.net/88425/mandalay-gazette-2/editors-notes-announcements-letters-to-the-editor
ကတော့ ရွာသူရွာသားတွေအနေနဲ့ ဖတ်ဖြစ်အောင် ဖတ်ထားရမယ့်ပို့စ် ပါ။ သူကြီးရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်။

kai says:
ဆိုးရော့စ်၊ သက်ဆင်တို့လို.. ဂျပန်ဝန်ကြီးချုပ်ဟောင်းအာဘေး တို့လိုလူတွေ မြန်မာပြည်ရုတ်တရက်ကြီး.. ၀င်ချလာတာမျိုးက.. တရုတ်နဲ့ အနောက်နိုင်ငံတွေ အားပြိုင်တာတွေဖြစ်သွားနိုင်ပြီး.. မြန်မာပြည်မတည်မငြိမ်ဖြစ်သွားမှာ စိုးပါတယ်..။
တိုင်းပြည်နိုင်ငံရေးတည်ငြိမ်မှ.. ကျန်တာတွေ လာခြင်းကောင်းနိုင်တာမို့ပါ..။
အဲဒီဖက် ဇောင်းပေးပြီး.. နောင်လာမဲ့နှစ်တွေအတွက် ခန့်မှန်းနေတာပါ..။
=
အသေးစားလုပ်ငန်းလေးတွေကတော့.. (သိပ်မှန်းမတတ်သေးပေမဲ့).. ငွေရှင်ကြီးတွေဝင်လာရင်.. ပြည်တွင်းလုပ်ငန်းတွေကို ..အကာအကွယ်ပေးထားတဲ့ ဥပဒေတွေမရှိရင်.. ရပ်တည်ဖို့ တော်တော်မလွယ်ပါဘူး…။
ဥပမာပေါ့..။
စီမီဝီ လိုင်းသစ်ကို တရုတ်ကတာဝန်ယူလုပ်လာမယ်ဆိုရင်.. အင်တာနက်ကဖီးတွေ ရပ်တည်ရခက်သွားမှာပေါ့..။
မက်ခ်ဒါနယ်ဝင်လာမယ်ဆိုရင်… မြန်မာစားသောက်ဆိုင်တွေ တော်တော်များများ… ပြုတ်ကုန်မှာပေါ့..။
ကိုကာကိုလာဝင်လာရင်.. မြန်မာဖြစ်အချိုရည်တွေ ဈေးကွက်ပျက်မှာပေါ့…။
ဘာပဲဖြစ်ဖြစ်…
မြန်မာပြည်ဟာ.. စိုက်ပျိုးရေးနဲ့.. ကုန်ထုတ်လုပ်မှုဖက်ကို.. ဦးစားပေးလုပ်သင့်တယ်ထင်မိပါတယ်..။
ဆားဗစ်..ပွဲစားအလုပ်တွေ သိသိသာသာ လျှော့ချသင့်တယ်..။

Foreign Resident ရဲ့ အဆဲခံခြင်လို့ကို ရေးတယ် (၂)
http://myanmargazette.net/88475/creative-writing/my-thinking-different
အကြောင်းလေးပြောပြချင်ပါတယ်။ အဘ FR က သူ့အမြင်ကို ဒီလို ပြောပါတယ်။

အဘ အမြင်မှာတော့ မြန်မာနိုင်ငံဟာ မှန်ကန်ပြီး တိုးတက်မယ့် ဖက်ကို အမှန်တကယ် စတင် လျှောက်လှမ်းနေပါပြီ ။
အနောက်နိုင်ငံတွေမှာလိုတော့ နိုင်ငံရေးသမားတွေက တွေ့သမျှ လူတွေမှန်သမျှကို ဖားပြီး
ရီပြ နှုတ်ဆက်ပြ ဖက်နမ်းပြ နေရတဲ့ အခြေအနေကိုတော့မရောက်သေးဘူးပေါ့လေ ။
ဒါပေမယ့် အပြောင်းအလဲကတော့ သိသာနေပါပြီ ။ အနဲဆုံး အရပ်ဝတ် ခေါင်းဆောင်တွေ နှင့် ရဲတွေ ကတော့
စပြောင်း နေပါပြီ ။
အဘ တဦးခြင်း Personal အမြင်အရဆိုရင် သူတို့ ပြောင်းလဲသွားတာ ပြောင်းလဲဖို့ ကြိုးစားနေတာကို
အသိအမှတ်ပြု အားပေးမိပါတယ်။

လွဲနေတာလေးတစ်ခုကိုလည်း ထောက်ပြချင်ပါတယ်တဲ့။

အဘ ခုတလော ဖတ်ရတဲ့ December 22nd နေ့ထုတ်
7 Days News ဂျာနယ်ထဲမှာ မန္တလေးမှာ ဆိုင်းဘုတ်တွေကို
မြန်မာစာ နှင့် အင်္ဂလိပ်စာ ကလွဲရင် မရေးရတော့ဘူးလို့ ပါသကွဲ့ ။
အဓိကကတော့ တရုတ်စာ နှင့်ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ဖျက်ခိုင်းတာပေါ့ကွယ် ။

အဲဒါကို မကျေနပ်လို့ အဘ FR က ဒီပို့စ်လေးကို ရေးလိုက်တာပါ။ ကွန်းမန့် ၂၅ ခုနဲ့ ဖတ်ရမယ့်ပို့စ်ပါ။

မှော်ဆရာရဲ့  ဗိုလ်ချုပ်အောင်ဆန်ုးအဖြစ် သရုပ်ဆောင်လိုသူ ကိုနေဦး ဗိုလ်ချုပ်နဲ့ ဘယ်လောက်တူသလဲ
http://myanmargazette.net/88481/politics-news-issues/aung-san-suu-kyi
ဆိုတဲ့ ပို့စ်လေးကတော့ ပြည်မြန်မာ ဂျာနယ်မှာပါတဲ့ ကိုနေဦး ပုံတွေကို ဖေါ်ပြပြီး ရွာသူရွာသားတွေကို အကဲဖြတ်ခိုင်းထားတာပါ။
ကွန်းမန့် ၂၇ ခုနဲ့ ရွာသူားတွေရဲ့ အမြင်ကို ဖတ်ရမယ့်ပို့စ်ပါဗျာ။

ကိုသစ်မင်း ဦးဆောင်တဲ့ဂေဇက်ဆီမီနာ(၂)တဦးချင်း၏ပြုပြင်ပြောင်းလဲရေးအကောင်းလေးတွေတွေးလို့ဒီနေ့ဘဲ
လုပ်ရအောင်

http://myanmargazette.net/88509/society-lifestyle
ပို့စ်ကတော့ အားလုံးလည်း တက်ခဲ့ကြတဲ့ ဆီမီနာ တစ်ခုပါဗျာ။ ကွန်းမန့် ၈၄ ခုနဲ့ ရွာသူားတွေရဲ့ ၀ိုင်းဝန်းဆွေးနွေးမှုတွေကို ဖတ်ကြရမယ်ဗျာ။

ကိုပေါက်ရဲ့ ရွှေကြက်ယက်ဆိပ်ကမ်းက
http://myanmargazette.net/88495/travel/local-guides
ဆိုတာလေးကတော့ ဓါတ်ပုံလှလှလေးတွေပါဗျာ။

ကို nature ကြီးရဲ့ 251211N+ ၂၁ရာစုဆန္ဒန်ဆင်မင်း နှင့် သောနုတ္ထို ဇာတ်
http://myanmargazette.net/88546/creative-writing
ပို့စ်လေးကတော့ ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ကြီးအပေါ် ကို nature ရဲ့ မတူတဲ့ အတွေးလေးတစ်ခုပါ။ ကို nature ရဲ့ အတွေးနဲ့ မေးခွန်းထုတ်ထားတာလေး ဖေါ်ပြပေးလိုက်ပါတယ်။

ကျွန်တော်စဉ်းစားမိသည်မှာ အကယ်၍ သောနုတ္ထို သွားဖြတ်သောဆင်စွယ်သည် ဘုရားအလောင်းဆင်းမင်းမဟုတ်ပဲ ပုထုဇဉ်ဆင်မင်း၏ အစွယ်ကို သွားဖြတ်ခဲ့သော်…….. ဖြစ်ပေါ်လာသောအကျိုးဆက်ပေါ်တွင်- ပုထုဇဉ်ဆင်မင်း၏ အပြစ်ပိုကြီးပါသလော.. သောနုတ္ထို၏ အပြစ်က ပိုကြီးပါသလော.. မည်သူတွင်အပြစ်ရှိလေသနည်း။

ကဲ ရွာသူားတွေ ကိုယ်တိုင်ဖတ်ကြည့်ကြပြီး ကိုnature ကြီး သိချင်တာလေးကို ၀ိုင်း စဉ်းစားဆွေးနွေးပေးလိုက်ကြပါဦးခင်ဗျာ။
ကိုပေါက်ရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးလိုက်ပါရစေ။

ကိုပေါက်(မန္တလေး) says:
ကျနော်စဉ်းစားမိတာတော့ သွေးလွန်သေတာဖြစ်မယ်ထင်တယ်။
အလောင်းတော်ဆင်မင်းမဟုတ်ဘဲ သာမန်ဆင်နဲ့သာတွေ့မယ်ဆိုရင်
သေချာတာတစ်ခုက ဆဒ္ဒါန်ဆင်မင်းဇာတ်ကျနော်တို့ မဖတ်ရတော့ဘူးဗျာ

ကိုnature ကြီးပဲ ရေးတဲ့ နောက်ပို့စ်လေးတစ်ခုက 251211N+ ကမ္ဘာမကြေ ၊ ခမောက် ၊ ခွပ်ဒေါင်း ၊ ဗမာကြက်

http://myanmargazette.net/88556/creative-writing
ဆိုသည့် ပို့စ် လေးဖြစ်ပါသည်။
နိုင်ငံတော်သီချင်းတွင် ပါဝင်သော စာသားတစ်ခုဖြစ်သည့် ကမ္ဘာမကြေ ဆိုသည့် စာသားနှင့် ပတ်သက်၍ လည်းကောင်း၊
NLD ပါတီ၏ တံဆိပ်ဖြစ်ခဲ့ဘူးသည့် ခမောက် နှင့် ခွပ်ဒေါင်း တို့ နှင့် ပတ်သက်၍ လည်းကောင်း၊
ယနေ့ခေတ် ခေါ်ဝေါ်သုံးစွဲနေကြသော မြန်မာကြက်နှင့် စီပီကြက်ဆိုတာတွေနှင့် ပတ်သက်၍ လည်းကောင်း
ကိုnature ၏ အမြင်ကို တင်ပြထားခြင်းဖြစ်သည်။

ဇဗ္ဗူဒီပါ လက်ယာတောင်ကျွန်း နိမိတ်ထွန်းသောမြန်မာပြည်တွင် ပညတ်သွားရာဓါက်သက်ပါတတ်သဖြင့် လူသားများ အနေဖြင့် ကောင်းမွန်သောစိတ်ဓါက်ဖြင့် ကောင်းမွန်သောစကားလုံးများကို သုံးစွဲကြပြီး ကောင်းမွန်သောအလုပ်များကိုလုပ်ကြသော် ကောင်းလေစွတကား။

သူကြီးရဲ့ ကွန်းမန့်လေးကို ဖေါ်ပြပေးချင်ပါတယ်ဗျာ။

kai says:
တရားမျှတ…လွတ်လပ်ခြင်း နဲ့မသွေ…တို့ပြည်…တို့မြေ… များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့… ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်… တို့ပြည်၊ တို့မြေ …ပြည်ထောင်စု အမွေ … အမြဲတည်တံ့စေ … အဓိဋ္ဌာန်ပြုပေ … ထိန်းသိမ်းစို့ လေ…။
အဲဒါက နိုင်ငံတော်သီချင်းရဲ့ ခြေဆင်းအစပိုဒ်ပါ…။
ဒါကို အခုခေတ်မှာဖြုတ်ထားတယ်..
ပြန်ထည့်သင့်တယ်ထင်ပါတယ်..။
==
ဆိုတော့.. ကိုရင်နေးချားစာတွေ ပြန်ဝေဖန်ကြည့်ပါရစေ..။
ကမ္ဘာမကြေ ရဲ့အဓိပါယ်ဟာ.. အင်္ဂလိပ်ကမြန်မာပြည်ကို ကျွန်လာပြုတာ.. ကမ္ဘာပျက်သည်အထိ..အမှတ်ရ.. အကြွေးမှတ်ထားတဲ့အကြောင်း ကျူးရင့်တယ်လို့.. ယူဆမိပါတယ်.။
ဒါဟာ.. အဲဒီခေတ်အချိန်ကာလနဲ့အကိုက်.. ပေါ်ခဲ့တာပါနော..။
ကာရန်ကြောင့်မဟုတ်ပါဘူး..။
=
မြန်မာပြည်ဟာ ဗုဒ္ဓသာသနာကို တိုင်းပြည့်လူဦးရေအားလုံးကိုးကွယ်တာမဟုတ်သလို.. နိုင်ငံတော်သာသနာအဖြစ် အခြေခံဥပဒေမှာပြဌာန်းထားတာလည်း မရှိပါဘူး..။
ဒါကြောင့်.. ထည့်လို့ မသင့်ဘူးလိုပဲ ပြောချင်မိပါရဲ့..။
=
ဒီချုပ်က ခမောက်အမှတ်အသားကို.. ကိုယ်တိုင်ဒီဇိုင်းထုတ်ရွေးတာမဟုတ်ဖူးလို့မှတ်မိပါတယ်..။
အဲဒီခေတ် ..စစ်အစိုးရက.. ချပေးတာကို.. (အမှတ်မမှားရင်) မဲချပေးပြီး.. ရသွားတာလို့ မှတ်မိတယ်.။
(မှားရင်ပြင်ပေးပါ)
=
ခွပ်ဒေါင်းတံဆိပ်က..လွတ်လပ်ရေးမရခင် ကိုလိုနီခေတ်ကတည်းက.. ကျောင်းသားသမဂ္ဂတံဆိပ် အမှတ်အသားပါ။
၈၈ အရေးတော်ပုံကျမှ ထွက်လာတဲ့ တံဆိပ်မဟုတ်ပါဘူးနော..။
တံဆိပ်ကိုအပြည်ပြည်ဆိုင်ရာကျောင်းသားသမဂ္ဂမှာလည်း မှတ်ပုံတင်ထားတယ်လို့.. မှတ်ဖူးတယ်..။
ဒီချုပ်ကို.. သမဂ္ဂဥက္ကဌဖြစ်တဲ့.. ကိုမင်းကိုနိုင်အပါအ၀င်ကျောင်းသားခေါင်းဆောင်တို့ခွင့်ပြုချက်နဲ့.. တရားဝင်သုံးခွင့်ပေးထားတာလို့.. မှတ်မိတယ်..။
အခုဒီချုပ်တံဆိပ်(ကြယ်နဲ့ခွပ်ဒေါင်း)ဒီဖိုင်းကို.. ပန်းချီမောင်မောင်သိုက်ဆွဲတာလို့ သိထားပါတယ်..။
=
ဒေါင်းဟာ.. မြန်မာတို့အတွက်… ဒေါင်းဖန်ဝါသူရိယာနေမင်း… ဖြစ်တာမို့.. အင်မတန်အဓိပ္ပါယ်ရှိပါတယ်.။ နေမင်းကြီးရဲ့အမှတ်အသားဖြစ်ပါတယ်..။
ဘုရင်အဆက်ဆက်လည်း.. အမျိုးသားအမှတ်အသားအဖြစ် သုံးခဲ့ကြတာပေါ့..။
ဒေါင်းဟာ ခွပ်ရင်..အသေအကြေခွပ်လေ့ရှိတယ်..။
ဒေါင်းရဲ့ ခြေထောက်ကအတက်ဟာ.. ကြက်ထက်အများကြီးကြီးသလို.. တခြားသတ္တ၀ါတွေကိုခွပ်ရင်ပါ..အင်မတန်အင်တရယ်ရှိလောက်အောင် ပြင်းပြင်းထန်ထန်ရှိတယ်ကြားဖူးတယ်..။
ဆိုတော့..
ဒေါင်းကို.. ခွပ်ဒေါင်းလုပ်လိုက်ပြီး.. အ၀ိုင်း(ကျော့ကွင်း)ကို ဖြတ်ဖေါက်ထွက်နေတဲ့ဟန်ဟာ.. အင်္ဂလိပ်ကို အပြုတ်တိုက်ထုတ်ကြရမဲ့.. ကိုလိုနီခေတ်က.. အဓိပ္ပါယ်အပြည့်ရှိခဲ့တာပါ..။
အင်္ဂလိပ်အသံထွက်နဲ့..ဖလှယ်ရင်..Dawn လို့ယူကြည့်ပါ..။ အာရုံဦးဆည်းဆာ..တဲ့..။
=
နောက်ဆုံး ဒို့ရွာသားတွေ.. အံ့သြသွားအောင် ပြောချင်တာလေးတခုက..
ဒီရက်ပိုင်းမှသိခဲတဲ့.. နိုင်ငံတော်သီချင်းအလိုက်ဟာ.. ပေါ်တူဂီသီချင်းတခုနဲ့တူနေတယ်ဆိုတာပါပဲ..
ဟုတ်မဟုတ်တော့မသိ..။ လေ့လာကြည့်ဦးမည်ဖြစ်ပါကြောင်း..။
အင်း..ကော်ပီ..ကော်ပီ..။

Weiwei ရဲ့ ဒီတစ်ခါ easy cook အစီအစဉ်ကတော့
ကိုရီးယား ရေညှိဟင်းရည် easy cook
http://myanmargazette.net/88613/health-fitness/food-drink
ပဲဖြစ်ပါတယ်။ အလွယ်တကူ ချက်စားနိုင်အောင် နည်းပေးလမ်းပြလုပ်ထားတာပါဗျာ။
ယောက်ျားလေး စားဖိုမှူးကိုဇော်မင်း ရဲ့ ကွန်းမန့်လေးကိုပါဖတ်ပြီး ကိုရီးယား ရေညှိဟင်းရည် လုပ်သောက်ကြတာပေါ့ဗျာ။

Aye.kk ရဲ့ စကားကုသိုလ်
http://myanmargazette.net/88621/uncategorized-other/copypaste
ပို့စ်လေးကတော့ အလေ့အကျင့်ကောင်းလေးတွေကို မျှဝေပေးထားခြင်း ဖြစ်ပါသည်။ နည်းနည်း ဖတ်ကြည့်ကြပါ။

ကုသိုလ်ရေပေါက်ရေစက်ကဲ့သို့ 
၁။မိမိစားသောက်သောအခါတိုင်းစားသောက်သည့်အစားအသောက်ဟူသမျှကိုလက်နှင့်ဇတိမ”ဗုဒ္ဓံပူဇေးမိ၊ဓမ္မံပူဇေးမိ၊သံဃံပူဇေးမိ”ဟုဆိုပြီး ( အာရုံပြုပြီး ) မှစားသောက်ပါက ကုသိုလ်ရပါသည် ၊ ဒါက စားခါနီးတိုင်းစားသောအခါတိုင်းဒါန-အလှူကုသိုလ်ရခြင်း ဖြစ်သည် ။
၂။အိပ်ခါနီးတိုင်းအိပ်ရာပေါ်ရောက်သောအခါမှာ“သတ္တ၀ါများချမ်းသာကြပါစေ၊ကျမ်းမာကြပါစေ၊
ဘေးရန်ကင်းကြပါစေ၊ကြောင့်ကြခြင်းကင်းကြပါစေ၊မိမိတို့ကိုယ်ကိုကောင်းစွာစောင့်ရှောက်
ဆောင်ရွက်နိုင်ကြပါစေ”စသည်ဖြင့်မိမိကြိုက်နှစ်သက်သလို မေတ္တာပို့ပြီးမှအိပ်ပါက အိပ်ခါနီးတိုင်းမေတ္တာကုသိုလ် ရခြင်းဖြစ်၍ ကုသိုလ်ကအနည်းငယ်စီဖြစ်သော်လည်း နေ့စဉ်နေ့တိုင်းပြုလုပ်သွားပါက ထိုကုသိုလ်နှစ်မျိုးပေါင်းလိုက်သောအခါ ကာတွန်းဆရာတစ်ယောက်ရေးသလို “ရေပေါက်ရေစက်၊ကြိမ်ကြိမ်သက်လည်း၊ထဲနက်ကျယ်ဝန်း၊ပင်လယ်ထွန်း၏”တဲ့ သတိနှင့်အလေ့အထရှိပါက ဆောင်ရွက်ရန်လွယ်ပါသည် ဟုနာယူမှတ်သားရခဲ့ခြင်းအပေါ် စာဖတ်သူတို့ မသိရှိရသေးပါက သိရှိနိုင်ကြပါစေရန် စေတနာထားကာရေးသားလိုက်ရပါပေသည်

ကိုယ်တိုင်ဖတ်ကြည့်ကြဘို့ တိုက်တွန်းပါတယ်ခင်ဗျာ။

ဦးဦး ပါလေရာ ရဲ့ ဆီမီနာ ၂ ကို ပြန်လည်ဆွေးနွေးခြင်း ၁
http://myanmargazette.net/88655/business-economy/think-tank
အကြောင်း ပြောချင်ပါတယ်ဗျာ။

(ကိုသစ်မင်းရဲ့ ဂေဇက်ဆီမီနာ(၂) ကိုဖတ်ပြီး ၀င်ပါချင်စိတ်တွေဖြစ်လာတယ်။ တကယ်တော့ ဆရာသစ်ရဲ့ အောက်လိုင်းအတိုင်း တန်တန်ရာရာ ၀င်ဖြည့်ဆွေးနွေးနိုင်စွမ်းတော့ မရှိပါဘူး။ ဒါကြောင့် ပိုစ့်မူရင်းထဲမှာ ဆွမ်းဆန်ထဲ ၀င်မရောရဲတာနဲ့ အစလေးတွေ ဆွဲထုတ်ပြီး ပြောချင်တာတွေ လျှောက်ပြောပါတော့မယ်။)

အဲဒါလေးပါ။ ကိုယ်တိုင်ဖတ်ကြည့်ပြီး ၀င်ဆွေးနွေးလို့လည်း ရပါတယ်။
ဒီပို့စ်လေးအတွက်လည်း ကိုပါလေရာ ကို ကျေးဇူးတင်တဲ့ အကြောင်းလေးပြောချင်ပါတယ်ဗျာ။

Pyiminlu ရဲ့ ထူးဆန်းတဲ့ သတင်းလေးတစ်ပုဒ်ကတော့
ညီမလေးက ဘ၀ကို စိတ်ညစ်သတဲ့လား
http://myanmargazette.net/88658/society-lifestyle/relationships-family
ဆိုတဲ့ ပို့စ်လေးပါဗျာ။ ဆရာမ မိုးမိုး(အင်းလျား) ကိုတောင် သတိရမိပါတယ်။ သတင်းလေးက ဒီလိုဗျ။

ယနေ့ ၂၅၊၁၂၊၂၀၁၁ ရက် နေ့လည် ၃ နာရီ ၄၅ မိနစ်ခန့် အချိန် မန္တလေးတိုင်း ကျောက်ဆည်မြို့၏ လူ၊ ကား အစည်ကားဆုံးနေရာဖြစ်သော မြို့လယ်ခေါင် လမ်းလေးခွဆုံ (ဒေသအခေါ် လက်ပြတိုင်) အနီးတွင် အမျိုးသမီး တစ်ဦး လသားအရွယ် ကလေးငယ်တစ်ဦးအား ရင်ခွင်ပိုက်လျက် ကားလမ်းမ အလယ်တွင် တင်ပလင်ခွေထိုင် ကာ သူမ၏ စိတ်ညစ်ဖွယ်ကောင်းသော ဘ၀ကို အဆုံးသတ်ရန် ကြံစည်မှု တစ်ခု ဖြစ်ခဲ့ပါသည်။

ဓါတ်ပုံလေးတွေပါ တင်ထားတဲ့ ထူးထူးခြားခြား သတင်းပါ။ ကွန်းမန့် ၁၉ ခုနဲ့ စိတ်ဝင်စားစရာ သတင်းလေးတစ်ပုဒ်ပါဗျာ။

အင်မတန်ထူးခြားသော ပို့စ်ပိုင်ရှင် than lone ရဲ့
နှလုံးသားနွေးထွေးရင်….ဒါဟာလည်း အိမ်
http://myanmargazette.net/88664/uncategorized-other/copypaste
ပို့စ်လေးကိုလည်း ကျွန်တော် ကြိုက်မိပြန်ပါတယ်ခင်ဗျာ။
တေးရေးအရိုး ရေးပြီး ဓိရာဓိုရ် သီဆိုထားတဲ့ ငါတို့ …. အိမ် ဆိုတဲ့ သီချင်းလေးကို ခံစားရေးဖွဲ့ထားတာပါ။
ရွာသူားတွေ ဖတ်ဖြစ်အောင်ဖတ်ပြီး ကွန်းမန့်လေးတွေ ချီးမြှင့်ပေးကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။
စာရေးသူ than lone ရဲ့ လက်ရာတွေကိုလည်း စောင့်ဖတ်ပါမယ်ဆိုတဲ့အကြောင်း ပြောပါရစေ။

YingLamp ရဲ့ ပညာတတ်များသို့  အိတ်ထဲမထည့်ပေးစာ
http://myanmargazette.net/88676/society-lifestyle
ကတော့ ခမာမြေရောက် မြန်မာတစ်ဦးရဲ့ ရင်ဖွင့်သံ တစ်ခုပါ။

ဘယ်သူကစပြီး ကင်ပွန်းတပ်လိုက်တယ်တော့ မသိဘူး .. စက်ရုံပိုင်းမှာလုပ်တဲ့ မြန်မာတွေကိုတော့ “စက်ရုံအသိုင်းအ၀ိုင်း” .. ပညာတတ်ဆိုတဲ့ လူတွေကတော့ “ကျောင်းအသိုင်းအ၀ိုင်း” ဆိုပဲ

“စက်ရုံအသိုင်းအ၀ိုင်းကလူတွေက ကျောင်းအသိုင်းအ၀ိုင်းကလူတွေလို တွေးခေါ်တတ်မှာမဟုတ်ဘူး အတွေးအခေါ်တူမှာမဟုတ်ဘူး ” ဆိုပဲ .. သိပ်မိုက်ရိုင်းတဲ့ စကားလို့ ထင်မိပါတယ် ..

ဒီနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာသံရုံး တခုအနေနဲ့ လဲ မြန်မာနိုင်ငံတခုလုံးကို ကိုယ်စားပြုသောအားဖြင့် တိုးတိုးတိတ်တိတ် ကိုယ့်အိတ်ထဲဖိတ်ရုံလောက် လုပ်နေတာမျိုး ကိုယ့်အိတ်အပြင်က မြန်မာတွေကို လုံးဝဂရုမစိုက်တာမျိုး မြန်မာနိုင်ငံသားချင်းချင်း အဆင့်အတန်းခွဲခြားတာမျိုး လူသားချင်းချင်းစာနာထောက်ထားသောအားဖြင့် မလုပ်မိစေချင်ပါ .. မြန်မာနိုင်ငံဆိုင်ရာ သံရုံးဆိုတာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအားလုံးအတွက် ကောင်းအတူ ဆိုးအတူမျှဝေပေးဖို့  နိုင်ငံတော်မှကိုယ်စား လာရောက်နေပေးထားခြင်းဟု နားလည်မိပါတယ် .. ပေါ်တင်ကြီး ထိုင်ရှိခိုးမနေရင်တောင် မြန်မာနိုင်ငံသားအားလုံးကတော့ သံရုံးကို အားထားကြတယ်ဆိုတာလဲ သိစေချင်ပါတယ် .. ” သံရုံးဆိုတာ ရုံးပဲပေါ့ .. ရုံးအထှာပဲပေါ့ .. သူတို့ ဘာပဲလုပ်လုပ် ရုံးကလူတွေရဲ့  အမျိုးတွေ အသိတွေလောက်ပဲ ပါကြတာ ရုံးအထှာပဲ” လို့  စက်ရုံထဲကမြန်မာတယောက်က ပြောသွားတယ် .. မြန်မာနိုင်ငံမှာတုန်းက တွေ့ ခဲ့ကြုံခဲံ့ဖူးတဲ့ ရုံးအထှာတွေ ဒီအထိ ပါလာတာကို စိတ်မကောင်းပါ … မြန်မာသံရုံးကို မြန်မာတွေကိုယ်တိုင်က အဲဒီလို အမြင်မမှားစေချင်ပါ

လူတန်းစားခွဲခြားမှုကို မကျေမနပ်ဖြစ်နေတဲ့ Ying Lamp အတွက် သူကြီး က အကြံပေးကွန်းမန့်လေး ချီးမြှင့်ထားပါတယ်ဗျာ။

kai says:
လူအများစုဖြစ်တဲ့.. လူ၃၀၀ က..စံနစ်တကျ..အသင်းအဖွဲ့လေးဖွဲ့ပြီး.. လုပ်ကိုင်ကြည့်ပါလား…။
ကိစ္စတခုပေါ်တယ်ဆို.. အချင်းချင်းတိုင်ပင်..စည်းဝေးပြီး.. လုပ်ကြတာက စပေါ့..။
ဘာသာရေးအခြေခံထားရင်.. လောလောဆယ်စုစည်းရလွယ်ဟန်ရှိပေမဲ့.. ကြာရင်.. ပိုထိလွယ်ရှလွယ်.. ကွဲလွယ်တာတော့.. အတွေ့အကြုံအရ မြင်တွေ့မိပါတယ်.။
ဆိုတော့.. တတ်နိုင်၇င်.. ဘာသာရေး၊ မပါ..လုပ်ကြည့်ပါ.။
လူမှုရေးစစ်စစ်..လုပ်နိုင်ပါတယ်..။
မြန်မာတယောက်ယောက် နေထိုင်မကောင်းရင် သွားကြည့်တာ..။ နာရေး၊သာရေး ၀ိုင်းလုပ်ပေးတာ စသဖြင့်.. စနိုင်တာပါ..။
အဲဒီလိုနဲ့.. ကျန်တဲ့လူနည်းစုတွေပါ.. ပါလာအောင် ပြန်စည်းရုံးပေါ့..။ တနှစ်လောက်ကြာရင်.. သိသိသာသာ ထူးခြားတာ တွေ့ရမှာပါ…။
အဲဒီလို လုပ်သင့်တယ်ထင်ပါတယ်..။

တရားပြ ဆရာမလေး whowho ရဲ့ ဒီရက်ပိုင်းက တက်လာခဲ့တဲ့ တရားပြပို့စ်လေးတွေကို
အလွယ်တကူဖတ်လို့ရအောင် စုစည်းပေးလိုက်ပါတယ်ဗျာ။

သုဂတော ဂုဏ်တော်ပွားလို့ ကိုယ်၊နုတ်၊စိတ်တို့စောင့်ထိန်းစို့။
http://myanmargazette.net/87792/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen

ဝိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော်
http://myanmargazette.net/88057/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen

စိတ်အစဉ်ဝယ်ဖြူစင်စေဖို့ အရဟံ ဂုဏ်တော်ပွားကြပါစို့။
http://myanmargazette.net/88272/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen

U pyitkhar နှင့်အတူ ခရီးနှင်မယ်။
http://myanmargazette.net/88274/creative-writing

သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်
http://myanmargazette.net/88463/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen

လောက၀ိဒူ ဂုဏ်တော်
http://myanmargazette.net/88693/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen

အနုတ္တရော ပုရိသ ဒမ္မသာရထိ ဂုဏ်တော်

http://myanmargazette.net/89000/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen

သတ္တာဒေ၀မနုဿာနံ ဂုဏ်တော်
http://myanmargazette.net/89260/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen

ဘဂ၀ါ ဂုဏ်တော်
http://myanmargazette.net/89523/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen

mandalarthu ရဲ့ သစ်ခွချစ်သူတို့ စိတ်ကြည်နူးစေဖို့  နှစ်သစ်လက်ဆောင်(၁)

http://myanmargazette.net/88376/creative-writing
နဲ့
သစ်ခွချစ်သူတို့ စိတ်ကြည်နူးစေဖို့  နှစ်သစ်လက်ဆောင်(၂)
http://myanmargazette.net/88378/creative-writing
ကတော့ သစ်ခွပန်းပုံ လှလှလေးတွေပါဗျာ။

ဒီရက်ပိုင်းမှာ ပွိုင့်တစ်သိန်း ပြည့်သွားတဲ့ မနောဖြူလေးရဲ့ ဒီရက်ပိုင်းတက်လာခဲ့တဲ့
ပို့စ်လေးတချို့ကို စုစည်းဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

ဇာဂနာရဲ့ စကားပြောပွဲ
http://myanmargazette.net/96049/society-lifestyle/events-fundraise

ထွန်းလင်းတောက်ပနေသည့် မန်းဂေဇက်ရွာကလေး
http://myanmargazette.net/96048/arts-humanities

အိပ်မက် မက်ခွင့်ပြုပါ
http://myanmargazette.net/95271/creative-writing

ဟာ့ဒ်ဒစ်ကို ပြန်စီပြီး အစီအစဉ်ပြန်ချမယ်
http://myanmargazette.net/95166/computers-technology

ရန်ကုန်ဘားကမ့်ပွဲ လာတော့မည်။
http://myanmargazette.net/94684/computers-technology

သတ္တမအကြိမ် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ

http://myanmargazette.net/94332/society-lifestyle/events-fundraise


Wikipedia ဝက်ဆိုက် ဗုဒ္ဓဟူးနေ့ တစ်ရက်လုံး ရပ်နားထားမည်

http://myanmargazette.net/94327/computers-technology


အေးချမ်းလှတဲ့ညနေစောင်း ကြည်ညိုစွာဖူးကြရအောင်

http://myanmargazette.net/94154/travel/local-guides


စီးချင်ဦးဟဲ့ အထူးကား

http://myanmargazette.net/94102/creative-writing

အလှတရားဆိုတာ နေရာတိုင်းမှာရှိတယ်

http://myanmargazette.net/93682/travel/photography-pictures-galleries-wallpapers-photo-tips


ကွန်ပျူတာဟာ အထီးလားအမလား

http://myanmargazette.net/93425/computers-technology/learn-more-about-ulcerative-colitis-symptoms-how-it-is-diagnosed

အိန္ဒိယနိုင်ငံရှိတက္ကသိုလ်များတွင်ကွန်ပျူတာနှင့် သတင်းအချက်အလက်နည်းပညာဆိုင်ရာ(IT) မဟာဘွဲ့တက်ရောက်သင်ကြားရန်အတွက် ပညာသင်ဆုခေါ်ယူခြင်း

http://myanmargazette.net/93398/computers-technology


အဖြည့်ခံ ပန်းလေးတွေရဲ့ဘဝ

http://myanmargazette.net/93081/creative-writing/poetry-songs


Process & Product Show နည်းပညာဆိုင်ရာ ထုတ်ကုန်ပြ

http://myanmargazette.net/93110/society-lifestyle/events-fundraise


စည်ကားနေသော မန်းဂေဇက်ရွာလေး

http://myanmargazette.net/92663/arts-humanities

black chaw

About black chaw

black chaw has written 332 post in this Website..