၁၈။ လုပ်ငန်းသိက္ခာ

susunosukiJune 1, 20101min530


အရူးတွေကတော့ သူတို့ရဲ့လုပ်ငန်း ပန်းတိုင်ကို
လောဘနဲ့ အခြေခံ ကြတယ်။ သူတို့ကိုဆက်ဆံသူ
ဖေါက်သည်များ အနေအထိုင် ကျပ်တယ်။
ဒါနဲ့ပဲသူတို့ဟာ မှေးမှိန်ပျောက်ကွယ်သွားတယ်။

လူတော်တွေကတော့
လုပ်ငန်းပန်းတိုင်ကို အပေးအယူ သဘောမျိုးနဲ့မြင်တယ်။
ဖေါက်သည်များက သူတို့ကိုသတိနဲ့ဆက်ဆံကြရတယ်။
သူတို့ဘယ်လိုအကျိုးရှိမလဲဆိုတာ စဉ်းစားပြီးမှ ဆောင်ရွက်ကြတယ်။

ပညာရှိတွေကတော့ လုပ်ငန်းပန်းတိုင်ကို
ဝန်ဆောင်မှုနဲ့ အခြေခံတယ်။
သူတို့ကိုဆက်ဆံသူ ဖေါက်သည်များဟာ နစ်နာကြေးများ
ပေးရသည့်တိုင် အေးအေးဆေးဆေး နဲ့ အဆင်ပြေကြတယ်။