၂၀။ လုပ်ငန်းအောင်မြင်မှု

susunosukiJune 1, 20101min651

အရူတွေကတော့ သူတို့လုပ်ငန်းအတွက်အသက်ရှင်
နေကြတယ်။ လုပ်ငန်းတိုးတက်မြင့်မားနေတယ်ဆိုရင်
သူတို့ဟာ လုပ်ငန်းအတိုင်းမြင့်မားနေကြတယ်။
လုပ်ငန်းကျဆင်းနေတယ်ဆိုရင် သူတို့ဟာ
ကျဆင်သွားကြတယ်။
လုပ်ငန်းမှာ ပြဿနာ အရေးကိစ္စတွေ တစ်စုံတစ်ခု ကြုံလာရင်
သူတို့ဟာ လုံးဝပျက်စီးသွားတော့တယ်။

လူတော်တွေကတော့ လုပ်ငန်းကို ယာဉ်ရထားလို
သဘောထားတယ်။ လုပ်ငန်းတိုးတက်မြင့်မားနေတယ်ဆိုရင်
သူတို့ဟာဒီယာဉ်တွေကိုမောင်းနှင်သွားတယ်။
လုပ်ငန်းတိုးတက်မှုကျဆင်းနေတယ်ဆိုရင်တော့
သူတို့ပြုပြင်တယ်။ လုပ်ငန်းမှာ ပြဿနာ အရေးကိစ္စတွေ
ကြုံလာရင်သူတို့ဟာ နောက်ယာဉ်တစ်စီး
ပြောင်းစီးတော့တာပဲ။

ပညာရှိ တွေကတော့ လုပ်ငန်းကိုစဉ်ဆက်မပြတ်
ထွက်ကျနေတဲ့ရေပန်းလို သဘောထားကြတယ်။
သူတို့ရဲ့လုပ်ငန်းဟာ ကမာ္ဘသူ ကမာ္ဘသားတွေရဲ့ လိုအပ်ချက်ကို
ဖြည့်ဆည်းပေးတယ်။ ကမာ္ဘသူ ကမာ္ဘသားတွေရဲ့
လိုအပ်ချက်တွေဟာ အမြဲတစေရှိနေတဲ့အတွက်
သူတို့ရဲ့ လုပ်ငန်းတွေဟာလည်း
စဉ်ဆက်မပြတ် တိုးတက်နေတာပေါ့။

One comment

  • etone

    June 2, 2010 at 2:36 am

    တော်တော်များများက ကျရုံးချိန်ရောက်ရင် ပြုပြင်ထိန်းသိမ်းဖို့မစဉ်းစားပဲ စိတ်ဓါတ်ကျပြီးပျက်ဆီးရတာများတယ်။

Leave a Reply