ကျုပ်က .. နိုင်ငံရေးလည်းမလုပ်ဘူး … ဘယ်ပါတီမှလည်းမပါဘူး … ဒါပေမဲ့ ပြောစရာရှိတာလေးတွေတော့ ပြောရအုံးမယ် …
တချို့သော(Post)တွေမှာ ဒေါ်စုနဲ့ပါတ်သက်ပြီး မိုက်မိုက်ရိုင်းရိုင်းစော်ကားထားတာတွေဖတ်ရပါတယ် ..
အဓိကအချက်က နိုင်ငံခြားသားကိုယူလို့တဲ့  … မင်းတို့တွေကိုပြောချင်ပါတယ် .. လူဟာလူဘဲလေကွာ ..
ကိုယ်ကျင့်တရားကောင်းရင် ဘယ်နိုင်ငံသားဘဲဖြစ်ဖြစ်လေးစားကြရမှာဘဲ … ဒေါ်စုယောက်ျားဟာ နိုင်ငံခြားသား
တဦးဖြစ်တာကလွဲလို့ ဘာပြစ်ချက်တွေရှိနေသေးလို့လဲ … မင်းတို့ကောင်တွေထက် ပညာတတ်တယ် သိက္ခာသမာဓိ
ရှိတယ် .. နိုင်ငံခြားသားတွေမှန်သမျှ မကောင်းဘူးလို့ဆိုချင်တာလား … အဲဒါဆိုရင်တော့ သူတို့တွေ တီထွင်ထားတဲ့
နည်းပညာတွေပါ မင်းတို့မသုံးကြနဲ့ပေါ့  … ဒို့နိုင်ငံကို နယ်ချဲ့အင်္ဂလိပ်တွေသိမ်းပိုက်ခဲ့သလို .. ဒို့မြန်မာတွေလည်း
ယိုးဒယားနိုင်ငံကိုသိမ်းခဲ့ဘူးတာဘဲ … သမိုင်းကိုပြန်လှန်ရင် ဒါတွေကဖြစ်ခဲ့ပြီးသားတွေပါ … ယောက်ျားနဲ့မိန်းမယူကြတာ
နိုင်ငံရေးနဲ့ဆိုင်လို့လား … ကြံ့ဖွတ်ကိုမဲထည့်ကြပါ .. လမ်းတွေခင်းပေးမယ် မီးတွေရအောင်လုပ်ပေးမယ်ဆိုပြီးမဲဆွယ်တယ် …
မင်းတို့စိတ်ဓါတ်တွေ ဘယ်လောက်အောက်တမ်းကျတယ်ဆိုတာဖေါ်ပြလိုက်တာဘဲ .. အရင်ထဲကလုပ်ပေးနိုင်ရင်လုပ်ပေးသင့်တာပေါ့ ..
မဲထည့်မှလုပ်ပေးမှာတဲ့ … ဒီလိုအကျင့်ရှိတဲ့ကောင်တွေ ငါတို့နိုင်ငံမှာရှိနေတာ တော်တော်လေးကိုရှက်ဖို့ကောင်းတယ် ..
ဒေါ်စုကို အဖွားအိုတယောက်က လက်အုပ်ချီပြီးဂါရ၀ပြုနေတာကိုလည်း … ဒေါ်စုကဘဲ အတင်းအကျပ်လက်အုပ်ချီပြီး ရှိခိုးခိုင်းသလို
လျှောက်ရေးထားတယ် .. အဲဒီအဖွားအရွယ်ကိုကြည့်ရင် ခေတ်ပေါင်းများစွာကို ကျော်ဖြတ်လာဘူးတဲ့ အရွယ်ဆိုတာသိနိုင်ပါတယ် ..
အဖွားအိုက ဘယ်သူတွေကလေးစားထိုက်တယ် ဘယ်သူတွေကယုတ်မာရက်စက်မိုက်ရိုင်းကြတယ်ဆိုတာ ညွှန်ပြနေတာပါ ..
ကျုပ် မှတ်မိတာလေး တခုရှိသေးတယ် .. နယ်မြို့ တမြို့မှာ စစ်တပ်ကဗိုလ်ချုပ်တယောက်လာတုန်းက အဖြစ်အပျက်လေးပါ ..
ဗိုလ်ချုပ်လာမယ်ဆိုတော့ ကားလမ်းပေါ်မှာရှိတဲ့ကားတွေ လမ်းကြားတွေထဲကိုမောင်းသွင်းခိုင်း … လမ်းပေါ်မှာဘာမှမရှိအောင်
ကိုယ်ရွှေရဲတွေနဲ့ ကြံ့ဖွတ်တွေ အလုပ်ရှုပ်နေကြတာ မမောနိုင် မပမ်းနိုင်ပါဘဲ .. အဲဒီ အချိန်မှာ ခွေး လေး တကောင်က ကားလမ်းကို
ဖြတ်ပြီးကူးတယ် … ကြံ့ဖွတ်တွေ လိုက်ရိုက်ကြတာများ မြင်မကောင်းဘူး .. ဘာမှ မဟုတ်တဲ့ ခွေးဝဲစားလေးတောင် အလွတ်မပေး
ကြဘူး … ဒေါ်ကြီး တယောက်ကပြောသွားတာ ကျုပ်ကြားလိုက်တာတော့ … အဲဒါ ခွေးမောင်းတဲ့ အဖွဲ့လားတဲ့ … မင်းတို့တွေ ဘာမှ
အားမငယ်ကြနဲ့ သွေးရူးသွေးတမ်းတွေလည်းမဖြစ်ကြနဲ့ … မင်းတို့အဖွဲ့ကို (ခွေးမောင်းတဲ့ အဖွဲ့) ဖွဲ့စည်းပေးမယ် …
နောက်ဆုံးပြောချင်တာက မတူရင်မတုနဲ့ မင်းတို့အားလုံး မင်းတို့ ဆရာကြီးတွေပါ  ဒေါ်စုထမီဖြားတောင်မှီတဲ့သူမရှိကြဘူး …
မင်းတို့စိတ်ဓါတ် မင်းတို့ရည်ရွယ်ချက် အားလုံးကို ပြည်သူတွေလက်မခံတော့ဘူး … အဲဒါကောမင်းတို့ သိလား …
ပြည်သူတယောက် အနေနဲ့ ပြောတာပါ … ကျေနပ်ကြတယ်နော် ….

About myohtat

has written 18 post in this Website..