သင်ဟာ ဗမာ

သင်ဟာ ဗမာ၊ ဘယ်နေရာမှာ

ဘယ်သို့နားမှာ၊ နားနေပါလဲ…

နေရာထိုင်ခင်း၊ သိမ်ညံ့ဗျဉ်းခြင်း

ကောင်းသည်ခြင်းလဲ၊ ရှိမှုရှိတုံ

သင်ဟာဗမာ အိုဗမာတို့

သင်၏အမျိုး သင့်ကိုကိုးပြီး

တိုးရာမမြင်၊ ကွဲပြားလူမျိုး

အကျိုးကိုးပြီး၊ ကိုယ့်အမျိုးကိုယ်သတ်

မျှော်လင့်တတ်သည်…

မြန်မာကောင်းကျိုး တည်မည်တည်း…

 

ဘာ…

“သင်္ကြန်နဲ့နှစ်သစ်ကူးရုံးပိတ်ရက်ကို လျော့လိုက်တယ်…”

မခံစားနိုင်သော ဝန်ထမ်းတစ်ယောက်အသံ…ကျွန်တော့် နားနဲ့ကြားလိုက်ရတယ်…

ဘယ်လိုများဖြစ်သွားပါလိမ့်…

ဘာတွေများ…အရေးကြီးသွားပါလိမ့်…

မြန်မာနိုင်ငံအတွက် ဘယ်လောက်များ တိုးတက်ဖို့အရေးပါနေပါလိမ့်…

 

“ဒီအကြောင်းကို နိုင်ငံခြားသားကဆုံးဖြတ်ဦးတောင် ဗမာဖြစ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ကရော ထောက်ခံတာပဲလား”

တအံ့တဩ မေးလိုက်တဲ့ ဝန်ထမ်းတစ်ယောက်အသံ…ကျွန်တော့် နားနဲ့ ကြားလိုက်ရတယ်..

ဘယ်လိုများ ဖြစ်သွားပါလိမ့်

မြန်မာနိုင်ငံက ဝန်ထမ်းတွေများ ငယ်စဉ်ကတည်းက သင်ပေးလိုက်သလို မရိုကျိုးတော့ပါလား…

 

“ ဒါကတော့ရှင်းပါတယ်…သူက မြန်မာနိုင်ငံမှာ လစာထောင်ကျော်ရနေလို့ နိုင်ငံခြားသားခိုင်းသမျှ မျက်စိမှိတ်လုပ်တာ အခုမှ မဟုတ်တာ…ကြာပေါ့”

“အဲလိုမလုပ်ရင် ဒီရာထူးဘယ်လိုရပါတော့မလဲ”

မထူးဆန်းသလို ပြောလိုက်တဲ့ ဝန်ထမ်းတစ်ယောက်အသံ…ကျွန်တော့် နားနဲ့ ကြားလိုက်ရတယ်..

ဘယ်လိုများ ဖြစ်သွားပါလိမ့်

ဒါဟာ ဖြစ်လေဖြစ်လရှိတဲ့ တွေ့နေမြင်နေကြအရာတွေပဲလား…

 

“ဒါတော့ဘယ်မရလဲ သူကျေနပ်လို့ ဖိနပ်ပဲတိုက်တိုက် ထမင်းပဲသွားချက်ချက်၊ ငါတို့ကတော့ အဝတ်လိုက် မလျှော်နိုင်ပါဘူး”

မခံမရင်နိုင်ပြောလိုက်တဲ့ ဝန်ထမ်းတစ်ယောက်အသံ…ကျွန်တော့် နားနဲ့ ကြားလိုက်ရတယ်..

ဘယ်လိုများ ဖြစ်သွားပါလိမ့်

သူတို့ ဘယ်လိုဖြစ်ကြတာတုန်း…အရင်တုန်းက လစာလေးပုံမှန်ရနေရင်ကျေနပ်တဲ့သူတွေ…

 

တကယ်တော့ အဲဒီလိုစကားတွေကိုကြားခဲ့ရတာ တစ်လကျော်သွားခဲ့ပြီ…

ဝန်ထမ်းတွေ ရင်ထဲက မျက်ရည်တွေကျနေတာ တစ်လကျော်သွားခဲ့ပြီ…

အဲဒီလိုပဲ ဝန်ထမ်းတွေစကားကို သူတို့ နားမထောင်ခဲ့တာလဲ တစ်လကျော်သွားခဲ့ပြီ…

အရင်တုန်းက ကိုယ့်အလုပ်လေးလုပ်ပြီး…လစာလေးကို မထိခိုက်အောင် ချွေတာခဲ့တဲ့ ဝန်ထမ်းတွေ

အခုတော့ စိတ်မပါပဲ အလုပ်တွေလုပ်နေကြတယ်…

သူတို့ အလုပ်ထဲမှာ သံယောဇဉ်မရှိတော့ဘူး… သူတို့ အလုပ်အပေါ်မှာ တွယ်တာမှုကင်းသွားကြပြီ…

သူတို့ ခန္ဓာကိုယ်တွေ အလုပ်မှာ လေးတွဲ့တွဲ့လှုပ်ရှားနေပေမယ့်… သူတို့ဝိညာဉ်တွေ၊ သူတို့စိတ်တွေ..

အလုပ်ကို စွန့်ခွာနေကြပြီ…

မကြာခင်မှာ..သူတို့ကိုယ်ခန္ဓာတွေပါ အလုပ်ကနေစွန့်ခွာကြတော့မယ်…

 

တကယ်တော့ ငါတို့တွေ…ဘယ်နေရာပဲရောက်ရောက်…

ဘယ်ဘဝပဲရောက်ရောက်…

ဘယ်လောက်ကြီးတဲ့ ရာထူးဂုဏ်သိမ်တွေရှိရှိ…

ငါတို့အမျိုးအနွယ်ကိုတော့ စောင့်ရှောက်ကြရမယ်…

ငါတို့ဟာ ဗမာလူမျိုးတွေပဲ….

 

ကြောင်ဝတုတ်

ရန်ကုန်၊ ၂၀၁၂ နှစ်စပိုင်း

17 comments

  • ဖားသက်ပြင်း

    January 26, 2012 at 5:25 pm

    ရေးထားတဲ့ အယူအဆ ကို ကြိုက်တယ်ဗျို့ ……
    ကိုဝတုတ်ရေ့…

    အားပေးသွားပါတယ်ဗျာ….

    ခင်တဲ့
    ဖားသက်ပြင်း

  • nigimi77

    January 26, 2012 at 7:04 pm

    ရေးသားတဲ့ ပုံစံ ကြိုက်တယ် ။

  • captainamerica

    January 27, 2012 at 12:52 am

    ကျွန်တော်တို.ကိုလိုက်ပီးဟီးဟီးဟာဟားလက်မြင်းတာလားမသိ။အရင်ကအညိုးတွေနဲ.လားမသိ
    ဘာမှမဆိုင်ဘဲလိုက်နှောက်ထားကြတယ်။ဘလိုင်းဂျီးနီတေဒယ်ရေးထားတဲ့ကွန်.မန်.နဲ.လဲဘာမှမဆိုင်ဘဲနဲ.။
    ပြန်နှုတ်ပေးထားဒယ်။သူငယ်ချင်းတွေကမန်းဂေဇတ်ကဲ.အစစ်အမှန်မန်ဘာတွေ။ကျွန်တော်လည်း
    အဲဒီလိုခံယူထားတဲ.လူ။ခင်ချင်တယ် ပင်ကိုယ်လည်းစကားနည်းလို. ……………

  • Khin Latt

    January 27, 2012 at 4:36 am

    ကိုကြောင်ဝ ရေ-

    ရုံးပိတ်ရက် ဆိုတာ ဘယ် ရုံး ဌာန ကုမ္ပဏီ မှာမဆို အစိုးရ က တရားဝင် သတ်မှတ် တဲ့ နေ့တွေကို ပိတ်ရတာ မဟုတ်လား။ အစိုးရ ပိတ်ရက် ကို ဆင်းခိုင်း တာဆိုရင် ခိုင်းသူ အလွန်ပါ။

    ဒါပေမဲ့ ဒါကို မကျေနပ်တာနဲ့ ကိုယ့်အလုပ်ကို တော့ စိတ်မပါဘဲ မလုပ်သင့်ဘူး ထင်တာပါဘဲ။
    ကိုယ့်အလုပ် တာဝန်ကျေ အောင် တော့လုပ်ရပါမယ်။

    မတရားဘူး ဆိုရင် အဲတာကို ရဲရဲတင်းတင်း နဲ့ ပြောဆို ဆွေးနွေးသင့်ပါတယ်။
    အဲဒီ နိုင်ငံခြားသား ကို ရှင်းပြဖို့ အဲဒီ HR ကလူကို ဘဲ အားမကိုးဘဲတစ်ခြား ပြောနိုင်သူ မရှိဘူးလား။

    အဲဒီ တရားဝင်ပိတ်ရက်တွေ မှာ အလုပ်ဆင်းခိုင်းရင် အပိုကြေး ပေးရပါမယ်။
    ဒါကို မြန်မာပြည် ရဲ့ အလုပ်သမား ဥပဒေ မှာ သတ်မှတ်ပြီး ဖြစ်မှာပါဘဲ။
    ဒီကိစ္စမှာလဲ စောစောက သေနတ်ကိစ္စလိုဘဲ ခေါင်မလုံတာမို့ အားလုံး ဟာ ဥပဒေဘောင်လွတ် တွေချည်း များနေတာပါဘဲ။

    တကယ်မှာတော့ နိုင်ငံခြားသား ဆိုတာ ဥပဒေ ကို ပိုပြီး ဂရုစိုက်ပါတယ်။
    ဒါကြောင့် ကိုယ့်ဘက်မှာ ခိုင်မာပြီး အားကိုးလောက် တဲ့ ဥပဒေတွေ ရယ်၊ အဲဒါကို မှန်ကန်စွာ စောင့်ကြည့် နေပြီး ပြည်သူလူထု ဖက်က တကယ်ရပ်မဲ့ လူတွေ ရယ် တကဲ့ကို လိုနေပါပြီ။
    သို့ပေမဲ့ လည်း ပြည်သူတွေ ကလဲ ပြင်သင့်တဲ့စိတ်တွေ ပြင်ရပါ့မယ်။

    ထင်တာပါဘဲ။ 🙂

    ခင်မင်စွာဖြင့်

  • comegyi

    January 27, 2012 at 4:56 am

    ဟုတ်ကဲ့……….
    ဒီလိုဗျာ ကိုကြောင်ဝခင်ဗျား…….
    ထိပ်က မန့်တဲ့မိတ်ဆွေနှစ်ယောက်လိုပါပဲ
    ကျွန်တော်လည်း အစ်ကို့အယူအဆကိုလက်ခံပါတယ်
    ဒါပေသိဗျာ………
    ကျွန်တော်သင်ခဲ့ရတဲ့သင်ခန်းစာဖတ်စာအုပ်ထဲကအတိုင်း
    ပြောရရင်ပေါ့ခင်ဗျာ
    ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည်ဖြင့်
    ရှိခဲ့တယ်ဆိုတော့ ……….လေ………..
    အစ်ကို့ရဲ့
    ဗမာ ဆိုတာကိုတော့သိပ်သဘောမတွေ့မိပါကြောင်းရယ်လေ……နောက်လည်း
    မဆက်ချင်တော့ပါဘူးဗျာ ပြောကြည့်တာပါ စိတ်မဆိုးနဲ့နော့…..

  • kyeemite

    January 27, 2012 at 11:41 am

    Khin Latt says:
    ကိုကြောင်ဝ ရေ-

    ရုံးပိတ်ရက် ဆိုတာ ဘယ် ရုံး ဌာန ကုမ္ပဏီ မှာမဆို အစိုးရ က တရားဝင် သတ်မှတ် တဲ့ နေ့တွေကို ပိတ်ရတာ မဟုတ်လား။ အစိုးရ ပိတ်ရက် ကို ဆင်းခိုင်း တာဆိုရင် ခိုင်းသူ အလွန်ပါ။
    အဲဒီ တရားဝင်ပိတ်ရက်တွေ မှာ အလုပ်ဆင်းခိုင်းရင် အပိုကြေး ပေးရပါမယ်။
    ဒါကို မြန်မာပြည် ရဲ့ အလုပ်သမား ဥပဒေ မှာ သတ်မှတ်ပြီး ဖြစ်မှာပါဘဲ။

    ဂျီးတော်ခင်လတ် ပြောတာမှန်ပါတယ်…ဥပဒေလဲပြဋ္ဌာန်းပီးသား…စစ်ဆေးကြည့်ကြပ်မဲ့..လေဘာဋ္ဌာနတွေ
    လဲရှိပီးသားဗျာ…ငုံ့ခံနေစရာဘာအကြောင်းမှမရှိဘူးဗျ…တိုင်လို့လဲရပါတယ်..
    http://www.mol.gov.mm/en/ မှာလဲဝင်ပီးကွန်ပလိမ်း လုပ်လို့ရပါကြောင်း…

  • Zippo

    January 27, 2012 at 11:45 am

    ကြောင်ဝတုတ် ပြောတာမှန်တယ်
    ကျွနုပ် သည်လည်း ရခိုင်လူမျိုး ဖြစ်ပေတော့သည်
    အမျိုးအနွယ်ကို စောင့်ရှောက်ရမည် ။

  • FattyCat

    January 27, 2012 at 12:06 pm

    ကိုကမ်းရေ…
    ကျွန်တော် ဗမာလို့မသုံးခင်မှာ အများကြီးစဉ်းစားပါတယ်…
    အထူးသဖြင့် မြန်မာလို့ ကျွန်တော်တို့ စကားပြောတဲ့အခါမှာ အသံမထွက်ဘူးဆိုတာ သတိထားမိတယ်…
    နောက်တစ်ချက်က ဗမာဆိုတဲ့အသံထွက်နဲ့၊ ဗမာဆိုတဲ့အရေးအသားကို ကိုလိုနီခေတ်ကတည်းက သုံးခဲ့တာကိုလဲ သတိပြုမိခဲ့တယ်…
    ကိုလိုနီခေတ်ကတည်းက သုံးခဲ့တဲ့ ဗမာဆိုတာ နိုင်ငံထဲမှာနေတဲ့ တိုင်းရင်းသားလူမျိုးတွေအားလုံးပါပြီးသားလို့ ကျွန်တော်ထင်တယ်ဗျ…

    နောက်တစ်ခုက ကျွန်တော့ ဖီလင်ပါ..
    မြန်မာလို့ခေါ်တာတာထက်၊ ဗမာလို့ခေါ်ရတာက ပိုပြီးတော့ အင်အားရှိတယ်၊ ပိုပြီးတော့ မာန်ရှိတယ်လို့ မြင်မိတယ်။
    အခုအချိန်အထိ အင်္ဂလိပ်လိုသုံးရင်တောင် Burma လို့ ကျွန်တော်သုံးနေတုန်းပဲ…
    တခါတစ်လေ တော်တော်လေးသတိထားပြီး မပြောမိအောင် ဆင်ချင်နေရတုန်းပဲ…
    ကျွန်တော်မှားသွားတာရှိရင်လဲ ခွင့်လွှတ်ပေးပါနော်…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • manawphyulay

    January 27, 2012 at 12:32 pm

    ဟာ ဟိုမှ ဗမာက ကောင်ကွ… မမြင်ချင်ယောင်ဆောင်နေမှ (နိုင်ငံခြားရောက် ဗမာတစ်ယောက်)

    အဲလိုလူမျိုးတွေပဲ များပါတယ်။

  • kyeemite

    January 27, 2012 at 1:04 pm

    Khin Latt says:

    ကိုကြောင်ဝ ရေ-

    ရုံးပိတ်ရက် ဆိုတာ ဘယ် ရုံး ဌာန ကုမ္ပဏီ မှာမဆို အစိုးရ က တရားဝင် သတ်မှတ် တဲ့ နေ့တွေကို ပိတ်ရတာ မဟုတ်လား။ အစိုးရ ပိတ်ရက် ကို ဆင်းခိုင်း တာဆိုရင် ခိုင်းသူ အလွန်ပါ။

    ဒါပေမဲ့ ဒါကို မကျေနပ်တာနဲ့ ကိုယ့်အလုပ်ကို တော့ စိတ်မပါဘဲ မလုပ်သင့်ဘူး ထင်တာပါဘဲ။
    ကိုယ့်အလုပ် တာဝန်ကျေ အောင် တော့လုပ်ရပါမယ်။
    အဲဒီ တရားဝင်ပိတ်ရက်တွေ မှာ အလုပ်ဆင်းခိုင်းရင် အပိုကြေး ပေးရပါမယ်။
    ဒါကို မြန်မာပြည် ရဲ့ အလုပ်သမား ဥပဒေ မှာ သတ်မှတ်ပြီး ဖြစ်မှာပါဘဲ။

    ဒေါ်ခင်လတ်ပြောတာတွေမှန်တယ်ဗျ..ဥပဒေလဲရှိပီးသား..ကြည့်ကြပ်ဆောင်ရွက်ပေးမဲ့လေဘာဋ္ဌာနတွေ
    လဲရှိပီးသား…တိုင်လို့ရပါတယ်..ငုံ့ခံနေရမဲ့ခေတ်ကုန်ပါပီဗျာ…

  • comegyi

    January 27, 2012 at 1:18 pm

    ကိုကြောင်ဝခင်ဗျား
    အစ်ကို့ သဘောထားစေတနာကို သိပါပြီဗျာ
    အစ်ကိုပြောတာလည်း မှန်ပါတယ် အမှန်က
    နှုတ်စီးလို့ ခေါ်လို့ကောင်းလို့ ဗမာလို့ ခေါ်တယ်ဆိုလည်း
    သဘောထားအမှန်သာ အဓိကမို့ ………အိုကေပါတယ်ဗျ…..
    အခုလို ကျွန်တော့်အမြင်လေး
    မန့်ကြည့်တာကို ကိုကြောင်ဝကလည်း
    ကျေကျေနပ်နပ်ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါ
    သံသယအမြင်တွေများနေတဲ့ခေတ်မှာ
    ကျွန်တော်တို့တွေလည်း ..နားလည်မှု
    သဘောထားပြည့်ဝမှုနဲ့
    လျှောက်လှမ်းကြစို့လား ကျေးကျေးဗျာ..
    ခင်တဲ့
    ကမ်းကြီး ..

  • FattyCat

    January 27, 2012 at 1:23 pm

    မခင်လတ်ရေ-
    အတွင်းထရံ အပြင်မကာမိစေနဲ့ဆိုတဲ့စကားလိုပေါ့…
    ရုံးတွင်းပြသနာကို ရုံးပြင်မထုတ်ချင်လို့ ရုံးတွင်းဖြေရှင်းနည်းတွေဟာလဲ ကုန်ခဲ့ပါပြီ…
    အရာရှိတွေဆိုတာ သူတို့ထုတ်ပြီးသား အမိန့်ကို ပြန်မရုတ်သိမ်းချင်လို့ ခေါင်းမာနေကြတာဆိုတော့…
    ကျွန်တော်တို့ရှေ့ဆက်ကြရင်…ထိခိုက်မှုတွေပိုများလာမယ်…နစ်နာမှုတွေရှိလာကြမယ်…
    အခုထက်အထိ စဉ်းစားနေကြရတုန်းပဲ ဆိုပါစို့

  • etone

    January 27, 2012 at 3:07 pm

    အဟီး .. ဂျီတော့ကာစတန်မက်စေ့ချ်မှာရေ .. ဂေဇက်မှာပါ ပေါက်ကွဲနေတဲ့ ကိုကြောင်ဝတုတ်ရေ … တကယ်ဆို ပါ့ဘလစ်ဟောလိဒေးတွေမှာ(နှစ်သစ်ကူးပိတ်ရက်တွေမှာ) မဖြစ်မနေ ရုံးပိတ်ပေးရပါမယ် … ။ ဘယ်သူကမှ ဘာကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့ ရုံးအတင်းတက်ခိုင်းလို့ မရပါဘူး … ။

    ချွင်းချက်အနေနဲ့ … ထုတ်လုပ်မှုတစ်ခုခုအတွက် ရုံးဖွင့်တယ်ဆိုလျှင်အောင် .. လုပ်အားခ ၊ အချိန်ပိုကြေးတွေရဲ့ နှစ်ဆကို ပေးရပါတယ်တဲ့ …. ။ ပြီးခဲ့တဲ့ သင်္ကြန်တုန်းကလည်း ..မျက်နှာလိုချင်တဲ့ဖော်လံဖားတွေကြောင့် ကျွန်မတို့ ရုံးပိတ်ရက် အပြည့်ဝမရခဲ့ဘူး .. ဒီနှစ်တော့ လုုံးဝပဲ … ကရိန်းနဲ့ဂုတ်လာဆွဲတာတောင် … ရုံးမတက်ဘူးမှတ် … ။

    တကယ်ဆို ကိုယ်မသွားလျှင် ဘာမှမတတ်နိုင်ပါဘူး …. ။ ငကျွတ်တွေ ၊ ဖော်လံဖားတွေသိပ်အလုပ်တတ်ချင်နေလို့ ဒီလို ကိစ္စတွေဖြစ်ရတာ … ။ နားချိန်မှာ အပြတ်နားပစ်သင့်တာ … ပိုက်ဆံထက် .. အားလပ်ချိန် ၊ မိသားစုကိုပေးရမယ့် အချိန်တွေက ပိုတန်ဖိုးရှိတယ်ဆိုတာ …. သူတို့နားလည်သင့်တယ် … 🙄

  • FattyCat

    January 27, 2012 at 5:10 pm

    ပေါက်ကွဲမိတဲ့ အဓိကအချက်က ရုံးမပိတ်လို့မဟုတ်ပါဘူး…
    ရုံးမှာနေရင် အင်တာနက်အလကားရတယ်…အဲယားကွန်းနဲ့ အေးဆေးနေရတယ်…
    ကော်ဖီအလကားသောက်လို့ရတယ်…မနေနိုင်မထိုင်နိုင် အကြောင်းတစ်ခုခုပြ ကားယူပြီး အပြင်သွားလို့ပါရသေးတယ်…
    ရုံးတစ်ရက်ပိုတက်ရလို့ ပြသနာမရှိပါဘူး…
    ဒါပေမယ့်…
    အဓိက မခံမရပ်နိုင်ဖြစ်သွားတဲ့အချက်က…ဝန်ထမ်းတွေအပေါ်မညှာတာတဲ့လူက ကိုယ့်ဗမာဖြစ်နေတာကိုပဲ
    အခုထက်အထိ မခံမရပ်နိုင်ဖြစ်နေတာ…

  • windtalker

    January 27, 2012 at 9:42 pm

    ကြောင်ဖတ်စာ ကို
    မောင်ဖတ်ပါကြောင်း
    အမှာတော်ပါး
    အခါတော်များသင့်လို ့
    မန် ့ခဲ့ပါ၏

  • char too lan

    January 28, 2012 at 10:34 am

    ရေပက်တဲ့ ရက်ပဲပိတ်မှာပါတဲ့ နှစ်တိုင်းဒီလိုချည်းပဲ
    ကျနော်ကလဲလိုက်နာမိပါတယ် အကြိုနေ့မတိုင်ခင် ၁ရက်အထိရုံးတက်ပေးပီး
    နှစ်ဆန်း၂ရက်နေ့မှပြန်တက်တယ် မြန်မာအချင်းချင်းပဲနော် လူမျိူးတော့မတူဘူး ပေါ့ 🙁

Leave a Reply