မြန်မာနိုင်ငံတရားရုံးများမှဗုဒ္ဓဘာသာဝင်များအတွက်ကျမ်းကျိန်လွှာ

myohtatJanuary 26, 20121min1077

လေးသချေင်္နှင့် ကမ္ဘာတသိန်း တွက်ကိန်းပြည့်ထ၊လုံ့လသည်းစွာ၊ဒါနပါရမီ၊သီလပါရမီ၊နိက္ခမပါရမီ
ဝိရိယပါရမီ၊ခန္တီပါရမီ၊ပညာပါရမီ၊သစ္စာပါရမီ၊မေတ္တာပါရမီ၊အဓိဌာန်ပါရမီ၊ဥပေက္ခာပါရမီ၊ပါရမီဆယ်ပါး
အပြားသုံးဆယ်ကိုဖြည့်ပြီး ဘုရားရှင်ကိုယ်တော်မြတ်အားစောင့်ရှောက်တော်မူသော နတ်လည်းသတ် ၍ မနေ
သေပါစေသား။
သွားတော်လေးဆယ်၊စွယ်တော်လေးချောင်း၊ညှပ်ရိုးတော်နှစ်ချောင်း၊ဓါတ်တော်ပေါင်းရှစ်ရွတ်ကို စောင့်သော
နတ်လည်း သတ် ၍ မနေသေပါစေသား။
လက်ျာရံ ရှင်သာရိပုတ္တရာ၊လက်ဝဲရံ ရှင်မောဂ္ဂလာန်စသော ရဟန္တာမြတ်တို့၏ ဓါတ်တော် မွေတော်ကိုစောင့်သော
နတ်လည်း သတ် ၍ မနေသေပါစေသား။
ဘုရားရှင်ဟောတော်မူသော ဝိနည်းငါးကျမ်း၊သုတ်သုံးကျမ်း၊အဘိဓမ္မာခုနှစ်ကျမ်း၊ပိဋကတ်သုံးပုံ၊မမ္ဗခက္ခ န္တာ အပေါင်းရှစ်သောင်း
လေးထောင် ကျမ်းကုန်အောင်စောင့်သောနတ်လည်း သတ်၍ မနေသေပါစေသား။
သာမဗေဒင်၊ယဇုဗေဒင်၊ဣသျှူဗေဒင်၊အာတပ္ဗနဗေဒင်လေးပုံကိုစောင့်သော နတ်လည်း သတ်၍မနေ သေပါစေသား။
သာသနာတော်ငါးထောင်ကို စောင့်သောနတ်လည်း သတ်၍မနေ သေပါစေသား။
ဇမ္ဗူဒီပါ၊အပါရဂေါယာ၊ဥတ္တရကုရု၊ပြုဗ္ဗ္ဗဝိဒေဟာ၊ကျွန်းကြီးလေးကျွန်း၊ကျွန်းငယ်နှစ်ထောင်၊အရံဆောင်သော ကျွန်းအပေါင်းကို
စောင့်သောနတ်လည်း သတ်၍မနေသေပါစေသား။
မြစ်ကြီးငါးသွယ်၊မြစ်ငယ်ငါးရာ၊ဂင်္ဂါယမုံနာ၊အစီရဝတီမဟီ၊အရဘူ ဟူသည်မကြွင်း အိုင်၊အင်း၊ချောင်း၊မြောင်း၊အပေါင်းတို့အား
စောင့်သော နတ်လည်း သတ်၍မနေသေပါစေသား။
ဟိမဝန္တာ၊တောသုံးထောင်ကိုစောင့်သော၊ အာကာသစိုး၊ဗိဿနိုး၊ဘုတ်ပြိတ်နတ်လည်း သတ်၍မနေ သေပါစေသား။
အဿမုက္ခိ၊စနိ္ဒပါရမီသွာ၊မဟာဂီရိ စသော အရှိန်ပြင်းထန်ဝေဿဝဏ်နှင့် ကုမ္ဘာန်ယက္ခ၊ဂန္ဗ္ဗဗ္ဗ္ဗကစသော နတ်များလည်း
သတ်၍မနေ သေပါစေသား။
ဘေးရှစ်ပါး၊ဒါဏ်ဆယ်ပါး၊ထင်ရှားသတ်၍လတ်လတ်ချက်ခြင်း သွေးခဲ၊သွေးနက်ပွက်ပွက်ထွက်ပြီး ကိုယ်လက်ပြောင်းပြန်
သွေးခဲအံ၍ သေပါစေသား။
သားမြေးစဉ်ဆက် မကြာပျက်စီး၊ဆီမီးတန်ဆောင် တုန်းသောရောင်သို့ ကုန်အောင်မကြွင်း ပျက်စီးခြင်းသို့ ရောက်ပါစေသား။
ရေလမ်းသွားလည်း ရေသားများတွေ ဆယ်ကုဋေတွင် ရေနေအပေါင်း မိချောင်း၊မကာန်း၊လိပ်၊ငါး စား၍သေပါစေသား။
ကုန်းလမ်းသွားလည်း သစ်ကျား၊ဆင်ရဲ၊စိုင်ငမွဲနှင့်ဝက်ရဲစား၍ ထွားထွားညက်ညက် ကိုယ်လုံးပျက်၍ သေပါစေသား။
မြွေပွေး၊မြွေဟောက်၊ငန်းပြောက်ငန်းကျား၊ငန်းငါးပါးတို့ ပေါက်ထမနေ သေပါစေသား။
သေတုံငြားလည်း ငရဲကြီးရှစ်ထပ်၊ငရဲငယ်တရာ့နှစ်ဆယ်ရှစ်ထပ်၊ကျရောက်ပြီးခါ တိရစ္ဆာန်၊ပြိတ္တာ၊အသူရကာယ်၊အပါယ်လေးပါး
လားပါစေသား။
လူဖြစ်ငြားလည်း လူခြင်းမတူ နူဖြူ၊ဆွံ့အ၊မုံညှင်းပွတ်အဆင်း၊ခရုသင်းနှင့်ထိုအနာများစွဲပါစေသား။
မိခင်၊ဖခင် ခေါ်ငင်ပြင်းထန် ဆန့်တုံခြေလက် မကွေးမိခင် သေပါစေသား။
မင်းဘေးမလွတ်၊အိမ်ထားလက်နှက်၊သုံးမည်စက်နှင့် ခြေလက်တွဲလောင်း၊လက်ဦးခေါင်းလည်း ထောင်းထောင်းပြတ်၍
သေပါစေသား။
သမုဒ္ဒရာ၊ပင်လယ်၊သင်္ဘော၊လှေစီး ပျက်စီးမျောပါ ထွားထွားညက်ညက်ပျက်ပါစေသား။
သားမြေး၊ကျေးကျွန်၊ထွန်သည့်ကျွဲနွား၊ခမ်းနားမကြွင်း၊ပြုန်းတီးခြင်းနှင့်၊ဆင်းရဲကြီးစွာ၊မြေကြီးထက်ခွဲ၊ခွက်လက်စွဲ၍
ငရဲအရှင်၊သူဖုန်းစားဘဝ၊အလှမဲ့ကာ၊လူ့ပြိတ္တာလည်းဖြစ်ပါစေသား။
မင်းနန်းသူကျိန် ထုံးနှယ်ဆင်း၍ ထင်းမီးကဲ့သို့တစတစ တိုပါစေသား။
မှတ်ချက် ။ ။ အထက်ပါ ကျမ်းကျိန်စာသည် မူရင်းအတိုင်း ဖေါ်ပြထားခြင်းဖြစ်ပါသည်။ တရားရုံးများတွင်ရှိသော ကျမ်းကျိန်လွှာများ
တွင် အပြည့်အစုံရေးထားသည် မရေးထားသည်ကိုတော့ မသိပါ ။ ကျမ်းကျိန်လွှာကို အနီရောင်ပါတ်ထားတာကိုတော့ မြင်ဘူးကြပါလိမ္မည်။
ယုံကြည်သည် မယုံကြည်သည် မိမိတို့၏ဆန္ဒ သဘောအရသာဖြစ်ပါသည်။ ဗဟုသုတအလို့ငှာတင်ပြလိုက်ခြင်းသာဖြစ်ပါသည်။
ရုံးတော်တွင် မမှန်မကန်ထွက်ဆိုသူတို့ အတွက်ဖြစ်ပါသည် … မှန်ကန်စွာထွက်သူများအနေဖြင့် ကောင်းကျိုးချမ်းသာ
မင်္ဂလာ အပေါင်းနှင့်သာပြီးပြည့်စုံမှာဖြစ်သည့်အတွက် အကျယ်တဝန့် မတင်ပြတော့ပါ …
အားလုံးကိုလေးစားစွာဖြင့် …. မျိုးထက် …

7 comments

  • etone

    January 26, 2012 at 4:07 pm

    ဘယ်လိုကြီးလဲ မသိဘူး …ဖတ်ရတာ ကြက်သီးတောင် ထလာပြီ 🙄

  • awra-cho

    January 26, 2012 at 4:44 pm

    တစ်ခါ သက်သေ လိုက်ပေး ရတုံး က ကျိန်ဖူးတယ်။ အဲဒီကတည်းက ဘာတွေပါ လဲ သိချင်နေတာ။ ကူးထား
    လိုက်တယ်။ ကျေးဇုူးပါခင်ဗျား။

  • windtalker

    January 26, 2012 at 8:38 pm

    ဒီ “ဗုဒ္ဓဘာသာဝင်များအတွက်ကျမ်းကျိန်လွှာ” က အခြား ဘာသာဝင်တွေ အတွက်နဲ ့ကော အတူတူဘဲလားဗျ

  • Thel Nu Aye

    January 26, 2012 at 10:27 pm

    ကျိန်သာကျိန်ကြတာ။လိမ်နေကြတာပါပဲ။ ရှေ့နေ။တရားသူကြီးဘာမှမကျန်ပါ။

  • kyeemite

    January 27, 2012 at 3:06 pm

    တကယ်တော့အဲဒီကျမ်းကျိန်လွှာကို..တရားသူကြီးတွေမှန်မှန်ကန်ကန် စီရင်ပါ့မယ်ဆိုပီး
    ကျိန်ခိုင်းရမှာဗျ..

  • Mr. MarGa

    January 27, 2012 at 4:19 pm

    ကျမ်းကျိန်လွှာ ကလဲဗျာ
    နတ်တွေပဲ တိုင်ပြီး ကျိန်ထားတာပါလား
    လက်တွေ.လဲ တစ်ခုမှမပါဘူး
    ရေမြေ့သနင်း ပြည့်ရှင်မင်းလည်း သတ်၍ မနေ သေပါစေသား လို. ထပ်ဖြည်.သင့်တယ်
    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ.ပြည်)

Leave a Reply