ခုတလော..

ဘာတွေဖောက်ပြီး ဘာတွေဂေါက်နေသည်မသိ

ခုတလော သများ

ခပ်လှုပ်လှုပ်ဆိုတာနဲ့  ရီ(ရယ်)ချင်နေမိတယ်ဗျား အဲ..ချင့်.. :lol:

 

နိုင်ငံရေးအကျဉ်းသားတွေလွတ်လာတော့

တစ်ကမ္ဘာလုံး သောင်းသောင်းဖြဖြ ကြိုဆို

ပြည်သူတွေ ကောင်းချီးပေး အိုသိန်းစိန်လေး

နင်မပြောင်တော့ဘူး လုပ်ကြတော့ ရီချင်ပြန်ကောချင့် :lol:

ဒီလိုနဲ့ ……..

 

ပါးစပ်ကတော့ သမ္မတကြီး သမ္မတကြီးဆိုပြီး

ဂျာနယ်ထုတ်သူတွေပွ

မီဒီယာတွေက ဖွ

မျက်နှာဖုံးတွေထွက်ချလာတော့

သမ္မတကြီးရုပ် ချောင်ကပ်

ကိုမင်းကိုနိုင်တစ်ဝက် ဂျာနယ်ကျော်မင်းသားကြီးက တစ်ဝက်

အဟက် ဟက် :lol:

 

မျက်ရည်တွေထုတ် ကြယ်တွေဖြုတ်ခဲ့လို့ 

လက မျှော်လင့်သလောက် ထိန်ခွင့်မရတဲ့

မှော်ဆရာရဲ့ ပဉ္စလက်ညကြီးမှာ

သားတစ်ကွဲ..လင်တကွဲ.ဖရိုဖရဲနဲ့ 

မုဆိုးမတစ်သိုက်ရဲ့ တက်ခေါက်သံ ဆူညံအောင် ကြားမိတော့

ဘုရားပေါ်က မှော်ဆရာကြီးကိုကြည့်ပြီး

ရီချင်မိပြန်ကောဗျား.. :lol:

နေနိုင်လွန်းလေစွ

 

လစာနှစ်ပဲခြောက်သောင်းနဲ့  ခန္ဓာမပြောင်းအောင်

ထိန်းကျောင်းနေတဲ့ မိသားတစ်စု

အလကားနီးပါတက်ရတဲ့ တစ်ထောင်တန် ခလေးကျူရှင်ခတောင်

ပေးဖို့ အနိုင်နိုင် အိမ်တိုင်တွေယိုင်နေတဲ့ဘဝ

သိန်းသောင်းမကခေတ်ထဲ

ဇေကမ္ဘာအူးခင်ရွှေက ဂျာနယ်ကျော်မင်းသားကြီး အူးခင်ညွန့် ကို

တစ်လဒေါ်လာငါးထောင်နဲ့ အလုပ်ခန့် မဟဲ့  ကြားပြန်တော့

ခွစ်စ်..ခွစ်စ်..ခွစ်စ်..

ရီချင်မိပြန်ကော  :lol:

 

ဂရမ်းတစ်ပုလင်းနဲ့  ကျောတစ်ခင်းစာ

ဝမ်းရေးတစ်ထွာတောင် နှစ်လုံးထဲနဲ့  ဘောင်းဘီကြပ်ဆိုသလို

ကြုံသလိုဖြေရှင်းနေရတဲ့ဘဝ

ကိုယ် တစ်ယောက်ထဲတောင် ဟိုဘက်နဲနဲတိုးပါဦး လုပ်နေရတဲ့ဘ၀ကို

နှလုံးကြွေးဆပ်ဖို့  ပိုက်ဆံလာချေးသတဲ့ဗျား

မုန့် ဖိုးလာတောင်းသတဲ့ဗျား

အကင်မီးဖိုဝယ်ဖို့  မလောက်လို့ လာတောင်းသတဲ့ဗျား

ကေတီဗွီသွားဖို့ ရှယ်ယာဝင် လာခေါ်သတဲ့ဗျား

ကိုယ့်အဖြစ် ကိုယ်တွေးပြီး

ဟရေးဟရေး..

ကီယားကြီး ရီချင်တယ်ဝေး..  :lol:

 

ဒေါ်ဝေေ၀ရဲ့ ဆင်းရဲသော အိမ်နီးနားချင်းများ ပို့ စ်ကို ဖတ်မိပြီး

 ဒီပို့ စ် ကို မတော်တဆ ဖတ်မိရာကနေ ရေးဖစ်တွားတာဘာ

:D

:lol:

ဗျဲ…………  ဘာမှလဲဆိုင်ဝူး..

8O

 

 

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး