ခုတလော သများ

ဂ်စ္စူJanuary 26, 20121min25534

ခုတလော..

ဘာတွေဖောက်ပြီး ဘာတွေဂေါက်နေသည်မသိ

ခုတလော သများ

ခပ်လှုပ်လှုပ်ဆိုတာနဲ ့ ရီ(ရယ်)ချင်နေမိတယ်ဗျား အဲ..ချင့်.. 😆

 

နိုင်ငံရေးအကျဉ်းသားတွေလွတ်လာတော့

တစ်ကမ္ဘာလုံး သောင်းသောင်းဖြဖြ ကြိုဆို

ပြည်သူတွေ ကောင်းချီးပေး အိုသိန်းစိန်လေး

နင်မပြောင်တော့ဘူး လုပ်ကြတော့ ရီချင်ပြန်ကောချင့် 😆

ဒီလိုနဲ ့……..

 

ပါးစပ်ကတော့ သမ္မတကြီး သမ္မတကြီးဆိုပြီး

ဂျာနယ်ထုတ်သူတွေပွ

မီဒီယာတွေက ဖွ

မျက်နှာဖုံးတွေထွက်ချလာတော့

သမ္မတကြီးရုပ် ချောင်ကပ်

ကိုမင်းကိုနိုင်တစ်ဝက် ဂျာနယ်ကျော်မင်းသားကြီးက တစ်ဝက်

အဟက် ဟက် 😆

 

မျက်ရည်တွေထုတ် ကြယ်တွေဖြုတ်ခဲ့လို ့

လက မျှော်လင့်သလောက် ထိန်ခွင့်မရတဲ့

မှော်ဆရာရဲ့ ပဉ္စလက်ညကြီးမှာ

သားတစ်ကွဲ..လင်တကွဲ.ဖရိုဖရဲနဲ ့

မုဆိုးမတစ်သိုက်ရဲ့ တက်ခေါက်သံ ဆူညံအောင် ကြားမိတော့

ဘုရားပေါ်က မှော်ဆရာကြီးကိုကြည့်ပြီး

ရီချင်မိပြန်ကောဗျား.. 😆

နေနိုင်လွန်းလေစွ

 

လစာနှစ်ပဲခြောက်သောင်းနဲ ့ ခန္ဓာမပြောင်းအောင်

ထိန်းကျောင်းနေတဲ့ မိသားတစ်စု

အလကားနီးပါတက်ရတဲ့ တစ်ထောင်တန် ခလေးကျူရှင်ခတောင်

ပေးဖို ့အနိုင်နိုင် အိမ်တိုင်တွေယိုင်နေတဲ့ဘဝ

သိန်းသောင်းမကခေတ်ထဲ

ဇေကမ္ဘာအူးခင်ရွှေက ဂျာနယ်ကျော်မင်းသားကြီး အူးခင်ညွန် ့ကို

တစ်လဒေါ်လာငါးထောင်နဲ ့အလုပ်ခန် ့မဟဲ ့ ကြားပြန်တော့

ခွစ်စ်..ခွစ်စ်..ခွစ်စ်..

ရီချင်မိပြန်ကော  😆

 

ဂရမ်းတစ်ပုလင်းနဲ ့ ကျောတစ်ခင်းစာ

ဝမ်းရေးတစ်ထွာတောင် နှစ်လုံးထဲနဲ ့ ဘောင်းဘီကြပ်ဆိုသလို

ကြုံသလိုဖြေရှင်းနေရတဲ့ဘဝ

ကိုယ် တစ်ယောက်ထဲတောင် ဟိုဘက်နဲနဲတိုးပါဦး လုပ်နေရတဲ့ဘဝကို

နှလုံးကြွေးဆပ်ဖို ့ ပိုက်ဆံလာချေးသတဲ့ဗျား

မုန် ့ဖိုးလာတောင်းသတဲ့ဗျား

အကင်မီးဖိုဝယ်ဖို ့ မလောက်လို ့လာတောင်းသတဲ့ဗျား

ကေတီဗွီသွားဖို ့ရှယ်ယာဝင် လာခေါ်သတဲ့ဗျား

ကိုယ့်အဖြစ် ကိုယ်တွေးပြီး

ဟရေးဟရေး..

ကီယားကြီး ရီချင်တယ်ဝေး..  😆

 

ဒေါ်ဝေဝေရဲ့ ဆင်းရဲသော အိမ်နီးနားချင်းများ ပို ့စ်ကို ဖတ်မိပြီး

 ဒီပို ့စ် ကို မတော်တဆ ဖတ်မိရာကနေ ရေးဖစ်တွားတာဘာ

😀

😆

ဗျဲ…………  ဘာမှလဲဆိုင်ဝူး..

😯

 

 

34 comments

  • thit min

    January 26, 2012 at 2:53 pm

    သိချင်တာလေး မေးပါရစေဗျာ။
    သများ ဆိုတာ နောက်နေတာလား၊ အတည်လား၊ ယာယီလား၊ယတြာလား?
    အသဲယားလို့၊ပြီးတော့ ကြောက်လဲ ကြောက်လို့၊သိချင်ပါသည်ခင်ဗျ။

  • Moe Z

    January 26, 2012 at 3:13 pm

    ဘဘပေါက်ဖော် ပါးစပ်ကနားရွက်မှာချိတ်မိနေပြီနော်
    ပြန်ပိတ်လို့ရရဲ့လား 😀 😀

    • စိန်ပေါက်ပေါက်

      January 26, 2012 at 3:16 pm

      ဟာရေး..ဟာရေး..
      ကီရားကြီး ရီချင်ပြန်ဘီဝေး..
      😆

  • ဖားသက်ပြင်း

    January 26, 2012 at 3:21 pm

    သရော်ချက် က တယ်မိ ….ပါလား …ကပေါက်ဖော်ရေ….

    ဇဂါးမစပ်
    အဲ့ ခင်ချွေ ပါလာပြန်ဘီ ဆို …ဆဲချင်စိတ်က ဘယ်လိုမှ
    တားမရဆီးမနိုင်ဘဲ …..သဂျီးက ဆဲခွင့်ပိတ်ထားလို့ …..ဟွန့် …
    နင်ကံကောင်းဒယ် မှတ်ပါ ခင်ချွေ….
    (ဆဲဖို့ သက်သက် ဘာသာစကား အသစ် သင်ယူရမလို ဖြစ်နေဘီ ……)

    ဝိနည်းလွတ် ဆဲနည်းလေးများ ရှိရင် မစကြဇမ်းဘာ …
    😛

    • စိန်ပေါက်ပေါက်

      January 26, 2012 at 3:38 pm

      အာယားပါယား ဆဲမှ အရသာရှိတာဂျ
      ခွခွတစ်တစ်ပြစ်ပြစ်နှစ်နှစ် ဆဲပလိုက်..(စိတ်ထဲက)

      ဝိနည်းလွတ်ဆဲတာ အရသာမချိဘူး

      ဒီမှာဆဲရင် ၂လုံးပြူးစာ မိလိမ့်မယ် 😯

      • ကပေါက်ဖော်
        မရေးတော့လဲ မရေးလို့
        ရေးတော့လဲ ရေးလို့ပါလားဂျ …. 🙂
        ကြိုက်လို့ အားပေးသည် အားပေးသောအခါ ကြိုက်မိပြန်သည် … 😀
        ==================================
        ဂေဇက်တွင် မကျေနပ်ချက်များအား အထူးသင်တန်းဖွင့်၍ ဆဲနည်းများအား ပို့ချနေသည်
        နမူနာ … @$#%#@^ အဲဒါပဲ
        ပုံ
        ချရာတင်းးးးး

        မှတ်ချက်။ ဆြာပေါက် မှ မေတ္တာဖြင့် အချိန် ပိုင်း သင်ကြားပေးမည် ……

    • char too lan

      January 27, 2012 at 5:04 pm

      ဒီလိုလေးကြောလိုက်လေ မဆဲရချိုရဲ မဆဲဘူးဘော့
      (သဓေစိုးဂျီး မွေးဂဒဲဂ အတေလေးမွေးဖို့ကောင်းဒယ်)
      အဲ့လိုချိုဆဲတယ်မထင်ရဘူး ဘပုကိုပျောဂျတရိုဘဲ
      ဆဲဒါရေးဂ ချစ်ချာရေးးးးးးးးးးးးးးးးးး :mrgreen:

  • ကိုရင်စည်သူ

    January 26, 2012 at 3:27 pm

    စိန်ပေါက်ပေါက်ရယ်… ဘာတဲ့… ဘာတဲ့..
    ဂရမ်းတစ်ပုလင်းနဲ ့ ကျောတစ်ခင်းစာ
    ဝမ်းရေးတစ်ထွာတောင် နှစ်လုံးထဲနဲ ့ ဘောင်းဘီကြပ်ဆိုသလို
    ကြုံသလိုဖြေရှင်းနေရတဲ့ဘဝ
    ကိုယ် တစ်ယောက်ထဲတောင် ဟိုဘက်နဲနဲတိုးပါဦး လုပ်နေရတဲ့ဘဝကို
    နှလုံးကြွေးဆပ်ဖို ့ ပိုက်ဆံလာချေးသတဲ့ဗျား
    မုန် ့ဖိုးလာတောင်းသတဲ့ဗျား
    —- ကောင်းလှချေလား.. စိန်မြကြည်သားလေးရဲ့———
    မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းနဲ့ မညီမျှတဲ့ ဝင်ငွေ ၆သောင်းလောက်နဲ့
    အိမ်ခြေယိုင်တိုင်တိုင်ရပ်နေရတဲ့ လူတန်းစားတွေက ရိုက်သတ်ရင်တောင်
    ကုန်မယ်မထင်ဘူး… အတွေးသရော်စာလေးတွေကိုပါ ဘက်စုံရေးတတ်တဲ့
    စိန်ပေါက်ပေါက်ကို တကယ်လေးစားသွားပြီ…

    ကျနော် လေးစားတဲ့အထိမ်းအမှတ်နဲ့ ကိုရင်စိန်ပေါက်ပေါက်လို တက်တူးမျိုး ကျနော် ဘောပေါ်မတက်ခင်လေး..
    လက်မောင်းမှာ ထိုးချင်လို့… ထိုးပေးပါရားဟင်… 😉 😉

    • စိန်ပေါက်ပေါက်

      January 26, 2012 at 3:35 pm

      ဟင့်အင်း
      ထိုးနဲ ့
      ကောင်းဘူး
      😀

  • amatmin

    January 26, 2012 at 3:27 pm

    ကွန်ပျူတာရှေ့ထိုင်..ရေးစရာမရှိလို့မှိုင်နေတုန်း.
    သများရဲ့ မတော်တဆရေးမိသွားတဲ့ ပို့စ်ကိုဖတ်ပြီး
    သများကို ၄စားရင်း..လိုက်ခွစ်စ်သွားပါဒယ်.. 🙂 😛

    • စိန်ပေါက်ပေါက်

      January 26, 2012 at 3:41 pm

      သများတို ့က ရီတာတောင် ဘိုလိုရီတာ..ဘာတဲ့..ခွစ်စ်..ခွစ်စ်..ခွစ်စ်.. 😆
      နောက်တာပါဂျာ..၄စားရင် ၆လျော်ပါ
      မလျော်ရင် ပွိုင့်ထဲက နှိမ်လိုက်မယ်

      • amatmin

        January 26, 2012 at 4:17 pm

        မနှိမ် နေနဲ့ ရှိတဲ့ပွိုင့်အကုန်ယူလိုက်ဒေါ့…ပြီးရင်ဆီလူးဂိုးဂျမယ်လေ နော် ကီးယားကြီး.
        နို့မို့ ကိုသစ် ပို့စ်မှာ ပွိုင့်လိုတိုး ပိုလျော့တွေ လုပ်ဖို့တိုင်ပင်နေကြပီဂျ..
        အူးကြောင်အကြံကို.သဂျီးစိတ်ပါ သွားရင်ရှိတာလေးတွေ ဂယ်ပြောင်ပီမှတ်.. 🙁

  • weiwei

    January 26, 2012 at 3:49 pm

    ဘာမှလဲ မဆိုင်ဘူး ..
    မနေ့က ကိုသစ်မင်းရေးတဲ့ သူကြီးသို့ ပို့စ်မှာကထဲက တခွစ်ခွစ်ဖြစ်နေတာများ … 😛 😛

    • စိန်ပေါက်ပေါက်

      January 26, 2012 at 3:55 pm

      ကိုသစ်ပို ့စ်က အလွဲတွေပါ ထည့်ရေးမို ့ပဲ
      တစ်ခါတလေ လွဲပါစေဆိုပြီး လွှတ်ပေးလိုက်တာ
      ရေးတာတစ်ခြား အောက်ကပြောနေကြတာတခြား အဲထဲက ရီချင်နေတာ ဟုတ်ပ ဒူဝေဝေရဲ့
      ခွစ်စ်ခွစ်.ခွစ်..
      😆

  • windtalker

    January 26, 2012 at 4:12 pm

    ပြောင်ချက်က နိုင်းတီနိုင်း ဘဲ
    စကားမစပ်
    ကေတီဗီ ရင် ခေါ်ဦး
    မာဆတ်ရောက်ရင် ပြောဦး

  • ကောင်းမြတ်သူ

    January 26, 2012 at 4:34 pm

    ဇေတဘာ ခင်ချွေကိုမဆဲဘာနဲ့ဂျာ… နင့်မေ့စောင်ပတ်လို့ သတိပေးလိုက်ဘာ… သူကြီးမဆဲဘူးနော်…….. (သူ့အမေဆောင်းတွင်းဂျမ်းနေမှာစိုးရို့) ဟရို့…..ဟရို့

    • စိန်ပေါက်ပေါက်

      January 26, 2012 at 4:39 pm

      အုံးအွမ်တို ့..အူးကင်းတို ့နဲ ့ တွဲလို ့ရပြီ
      😀

  • Diamond Key

    January 26, 2012 at 4:42 pm

    ကိုရင်ပေါက်ရေ၊
    ဒါဆို အူးကြီးလဲ အနေမတတ်၊ အပြောမတတ်ရင် အကောခံရပြီသာမှတ်ဗျ 😛
    တစ်လဒေါ်လာငါးထောင်ပေးထားတော့ ဟိုတယ်ခေါ်ကျွေးတာ၊ လက်ဆောင်လေးတွေ ယူတာထက်ပိုပြောမှာ၊ မိဘက သားသမီးကို ဆူသလိုလေး…ဟေးဟေး :mrgreen:

  • awra-cho

    January 26, 2012 at 4:48 pm

    ကလေး တွေ လို ပြော ရရင် တော့ ဂျွတ် တယ် ဟေ့။

  • ဖားသက်ပြင်း

    January 26, 2012 at 4:53 pm

    ဟီဟိ….
    @$#%^&*()

    တာရိုးကနွားကြီးသိုံ့

  • thit min

    January 26, 2012 at 9:11 pm

    သိချင်တာလေး မေးပါရစေဗျာ..။
    သများ ဆိုတာ နောက်နေတာလား၊ အတည်လား၊ ယာယီလား၊ယတြာလား?
    အသဲယားလို့၊ပြီးတော့ ကြောက်လဲ ကြောက်လို့၊သိချင်ပါသည်ခင်ဗျ။

    • စိန်ပေါက်ပေါက်

      January 27, 2012 at 11:15 am

      မဖြေပါရစေနဲ ့ ချင့်
      သများသျှက်လို ့ဘာ
      😀

  • ဦးဦးပါလေရာ

    January 26, 2012 at 11:39 pm

    အစကတည်းက ထိုင်ကြည့်နေတာ…
    အပေါ်က ကိုသစ်မင်းမန့်မှပဲ အူလှိုက်သည်းလှိုက် ရယ်မိတော့မယ်..
    မှတ်ကရောဟဲ့ …
    ခွစ် ခွစ် ခွစ် 😀 😀 😀

  • comegyi

    January 27, 2012 at 12:28 am

    မြင်ချက်၊ ထွင်ချက်ကယ် မိပါလို့…
    အမြင်အသွင်သစ်ရယ်နဲ့ ကလိပါသကွဲ့
    များသူအပေါင်း ပြုံးပျော်စေလေတဲ့
    ကပေါက်ဖော်……..
    ဒူ …….ဝေ …….ဝေ…….

  • kyeemite

    January 27, 2012 at 10:17 am

    သများလဲ..ဖတ်ပီး ရီသွာဘာဒယ်..ချင့်..အဲလေ ..ခည

  • ahnyartamar

    January 27, 2012 at 1:58 pm

    ပြုံးတော်မူ

    မြို့မှာအလုပ်လာလုပ်တဲ့သူငယ်ချင်းတစ်ယောက် ရွာက သူ့ကောင်မလေးကပေးတဲ့စာကိုဖတ်ကြည့်လိုက်တော့..:))
    ကိုယ်လုံး … (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)
    ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်ကခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး
    (ဖာကိုခေါင်းကြားညှပ်တာ..)မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲဘာအကောင်ကြီး ဖြစ်မှန်းမသိ)မီးလေ
    ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ(ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။ မီးအရင်လို
    ခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။ကိုယ်လုံးလဲ မီးမရှိရင် မနေတတ်တာ သိတယ်
    (အဲဒါကြောင့်မီးမပြတ်တဲ့နိုင်ငံခြားတောင်သွားမလားလို့) ။မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင်
    (အမ်! သူများတွေအထင်လွဲတော့မှာပါပဲ.ဆွဲလန်း လုပ်ပါဟ…) ။ မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။
    (ဒါနဲ့ပဲ တန်တယ်လေ..)
    ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ(ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။
    ကိုယ်လုံးမပါဘဲ မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး )မီးမကြည့်ဘူးဒဲ့
    စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။မီးက ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။
    ကျားပေါက်တွေ ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာထင်တာပေါ့လေ့.. (မြက်ပင် လှည့်ပြ
    တာတော့ ငါတောင်တတ်တယ်) ။ ဟိုရောက်တော်ကျားပေါက်ဆိုတာ.. လား လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့..
    အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက ပြဲသကိုး တော်ရေ့( အသံ..အသံ !! အထင်လွဲစရာတွေဖြစ်တော့မယ်) ။
    တို့ရွာက သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.) မျိုဂျီး ဆိုတဲ့ အဆို့တော်ကိုအားကြလို့
    အော်တာ အတံဝင်လို့တဲ့…တ အ..အားအော်နေတာလေ(အော်..အသံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်! ) ။
    နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်)အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။
    မီး ဘကြီးအောင်းနေတဲ့ (ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံးတိရိစာ္ဆန်ဇာတ်သွင်းနေသလားမှတ်တယ်)ယက်ကွက်က
    တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ)ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ
    ကလေးမွေးမယ်တော်ရေ့ .. နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ(ကင်ပွန်းတပ်တာ..သူ့အလှည့်မှ
    ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကိုအားကျလို့တဲ့အေ…
    သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ လို့ပေးမတဲ့ ။(ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ဝတ်စနှစ်လုံးပေါက်က
    ကျန်ခဲ့ရသလား ။ တကတဲ.ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကိုအပေါက်ရှာရှာ..
    အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။ မီးတို့လည်း အဲလို ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်… ။ (အေး Dog
    လိုတော့မနေဘူးဟ)ုကိုယ်ရယ်..မီး အရန်လွမ်းတာပွဲ (လွမ်းတာပဲ အရန်တွေ ၊ line-up တွေလွမ်းချင်သေးတယ်) ။ မီးလည်း
    မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့).ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့ (အေးပါ စားစား)
    အကြွေးတွေလည်း အလီးလီး (တန်းပြင်ပေးလိုက်တယ်) ပဲ ။မျိုသူတွေနဲ့ တွေ့ပီး တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့
    (တောင်ပေါ်က ချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး) ။ကိုယ်လုံး ပျံလာပါနော် (တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။
    မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ..(အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင်ဆောင့်ပေတော့)။မီးစာ
    ရှည်သွားပီမို့ တော်သေပီ.. (မီးစာကုန်ပြီးမှ မီးသေမှာပဲ)
    ခြစ်တဲ့မီး (မီးခြစ်ပေါ့)
    *စပလင်မှားရင်ခွင်လွှတ်ပါ*(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး..
    ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်)
    Source: Internet

  • padonmar

    January 27, 2012 at 8:27 pm

    ဟေ့အသင်းဝင်ပြီးရင် ဒီအသင်းက အရှင်လတ်လတ်ထွက်ဖို့တော့ မစဉ်းစားနဲ့၊ဒါဗျဲ။

    ပုံ
    သတ်ပုံအသင်းကြီး

    သများအသင်းထဲဝင်ချင်နေတာလား။ 😀

  • kotun winlatt

    January 27, 2012 at 8:46 pm

    အဟက်ဟက်….
    ခုတလော သတွေနဲ့
    ရီရရုံမက နောက်ထပ်ရီစရာပါတွေ့ရလို့
    မပြုံးပဲ ဝါးလုံးကွဲသာရီချလိုက်ပါတော့တယ်ဗျို့…
    ဟားးးးးဟားးးးးဟားးးးးး

  • pooch

    January 27, 2012 at 9:09 pm

    ပေါက်ပေါက်ဖော်ရေ
    သရော်စာဆိုတာ လူတိုင်းမရေးနိုင်ပါဘူး။ ရှင်ကတော့ တော်လိုက်တာ။ ရေးလိုက်ရင်လည်း ထိထိမိမိတွေပဲ။ ကျမလည်း ဖတ်ပြီး ရီသွားပါတယ်။ အိမ်က ညီမတွေကိုလည်း ဒီစာလေးဖတ်ခိုင်းလိုက်ပါ့မယ်။
    ကြုံလို့ ပြောရရင် ကျမအိမ်က ညီမတွေက ရွာထဲမှာ မန်ဘာမဟုတ်ပေမဲ့ စာဝင်ဖတ်လေ့ရှိပါတယ်။ သူတို့ က ရှင်ရေးတဲ့ ကွန်းမန့်များကို အလွန်နှစ်ခြိုက်တဲ့ အမာခံ ပရိသတ်တွေပါ။

  • yaungchikha

    January 28, 2012 at 3:04 pm

    သများက ကွန်းမန့်ပေးတာတင်တော်တာမဟုတ်ဘူး၊ သရော်စာရေးတာလဲ သများကတော်တာပဲနော်………. ……….. ဖတ်ပြီး ရီသွားပါတယ်ရှင်……… 🙂

  • စိန်ပေါက်ပေါက်

    January 28, 2012 at 4:19 pm

    ဟွန်း..
    ဒါတောင် မရေးတတ်လို ့.လျှိုထားတာတွေ များကြီးရှိတယ်..
    ဘလိုစပြီး ဘလိုဆုံးရမလဲဆိုတာ မသိလို ့သာငြိမ်နေတာ..
    ဟွန်း..ဟွန်း..
    😀

  • MaMa

    January 28, 2012 at 5:53 pm

    ဒီအရွယ် ပေါက်ပေါက်တို့အရွယ်
    သများ သများတို့ အရွယ် ဆိုတော့
    လေတိုက်လို့ သစ်ရွက်ကလေး လှုပ်တာ မြင်ရင်ကို ရီချင်နေမိတာကလား….
    (စာဖတ်ပြီး ငိုချင်သွားမိပါသည်။) 🙁

Leave a Reply