အပြောမတတ်တော့ အားနာစရာ

etoneJanuary 26, 20121min25526

ဒီနေ့မနက်ရာသီဥတုလေးက ပိုချမ်းစိမ့်စိမ့်ဖြစ်တာကြောင့် အနွေးထည်ဝတ်လျှင်စိတ်မရှည်လို့ ကြယ်သီးမတတ်တဲ့ ကျွန်မ .. .အဆုတ်အအေးပတ်မှာစိုးလို့ …. ခုံမှာ ထိုင်လျှက်နဲ့ပင် ကြယ်သီးတပ်နေမိပါတယ် … ။

တစ်ချိန်တည်းမှာ တိုးညှင်းစွာ ထွက်ပေါ်လာသော ဖုန်းသံကြောင့် …. ဖုန်းကိုင်မိခဲ့တယ် … ။ တစ်ခါမှ မသိတဲ့ ဖုန်းနံပါတ်မို့ .. စိတ်လှုပ်ရှားရပါတယ် … ။( လူချစ်လူခင်ကလည်းများတော့ .. ဖုန်းဆက်ပြီး ဆဲမယ့်လူတွေလည်း တပုံကြီးလေ .. 😀 ) အလှူရှင်လား ၊ ဖုန်းမှားတာများလားလို့ ဇဝေဇဝါနဲ့ ဖုန်းကိုင်ခဲ့တယ် …။ တစ်ဘက်က ဖုန်းခေါ်သူဧ။် ပြောကြားချက်အရ အလှူရှင် တစ်ဦးဖြစ်ပြီး … လာရောက်လှူဒါန်းပါမယ်လို့ ဆက်သွယ်လာတာကြောင့် လိပ်စာပေးပြီး ကျွန်မတို့ စက်ရုံကိုလာခဲ့ဖို့ ဖိတ်လိုက်ပါတယ် … ။ နေ့လည်ပိုင်းမှာ ကိုယ်တိုင်လာလှူဒါန်းမယ်ဆိုတာကြောင့်…. ကျွန်မ အလုပ်လုပ်ရင်းပဲ စောင့်နေခဲ့ပါတယ် … ။

 

နေ့လည်ပိုင်းတွင်တော့ .. အလှူရှင်က တစ်ခါ ပြန်ဆက်သွယ်ပြီး စက်ရုံရှေ့ရောက်ပြီဆိုတာကြောင့် … ဆင်းတွေ့ခဲ့ပါတယ် … ။ အပြင်ကလာတဲ့ ဧည့်သည်ကို ရုံးပေါ်ခေါ်ပြီး ရေအေးအေးလေးတစ်ခွက်လောက်တော့ တိုက်လိုက်ချင်ပေမယ့် ….. ကျွန်မတို့ ရုံးက သုံးလွှာမှာပါ … မနက်တစ်ခါ တက်ရတာတောင် ညီးငွေ့နေတာ .. အလှူရှင်ကို ဒုက္ခပေးသလိုဖြစ်မှာ စိုးလို့ … အောက်ဆင်းပြီးပဲ စက်ရုံဝန်းရှေ့မှာ တွေ့ခဲ့ပါတယ် … ။ စက်ရုံရှေ့က သစ်ပင်အောက်မှာ ကားတစ်စီးပဲတွေ့ပြီး … ဖြူဖြူခန့်ခန့်…. အသက်လေးဆယ်ခန့် အမျိုးသားတစ်ယောက် ကတော့.. ကားနားမှာရပ်လို့ပေ့ါ …. ။ တစ်ခါမှ မမြင်ဖူးတော့..ဘလိုင်းကြီးသွားလည်း မခေါ်ရဲတာကြောင့် … ဖုန်းပြန်ဆက်လို့ .. သူ့ဆီက ဖုန်းသံမြည်မှ .. ဟီးဟီး ဆိုပြီး သွားဖြဲပြရဲတာပါ …… ။ အလှူရှင်က ရွာထဲက စာရေးသူတစ်ဦးပါပဲ .. လတ်တလောတော့ .. ပျောက်ချက်သားကောင်းပြီး … စာပဲဖတ်ဖြစ်ပါတယ် … ဝင်မရေးဖြစ်ဘူးဖြစ်နေပါတယ် … ။ အဲ့ဒီကလောင်ရှင်ကို ကျွန်မစိတ်ထဲ လူငယ်လေးပဲ ထင်လို့ … အားရဝမ်းသာစွာနဲ့ … စကားတစ်ခွန်းပြောမိသွားတယ် … ။ တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလိုပါပဲ … ကျွန်မပြောလိုက်တဲ့စကားက သဘောရိုးနဲ့ ပြောလိုက်ပေမယ့် …. အရမ်းကို အားနာစရာကောင်းသွားပါတယ် … ။ ကျွန်မပြောလိုက်တာက … လူငယ်လေးမှတ်တာ.. ဒီလောက်အသက်ကြီမယ်မှန်း မထင်ထားဘူးလို့ပါပဲ … ။ ပြောပြီးမှ စကားမှားသွားမှန်း သိပေမယ့် … ဖြေရှင်းချက်တွေ ထပ်ပေးလျှင် နားလည်မှုတွေလွဲကုန်မှာစိုးလို့ .. တခြားစကားကိုပဲ ..ပြောဖြစ်ခဲ့ပါတယ် …. ။ ကျွန်မဆိုလိုတဲ့ အဓိပါ္ပယ်နဲ့ … ပြောလိုက်တာနဲ့ .. တပ်တပ်စင်အောင် လွဲသွားတာကြောင့် .. အလှူရှင်ကို ဒီနေရာကနေပဲ .. အားနာစွာနဲ့ … တောင်းပန်လိုက်ပါတယ် … ။ လူငယ်စာရေးသူလို့ ထင်ထားပြီး …. တကယ်အပြင်မှာတွေ့လိုက်တော့ … တည်တည်ငြိမ်ငြိမ် အသက်ရွယ်မို့ … အားရဝမ်းသာနဲ့ ပြောထွက်သွားတာ ..ကို့ရို့ကားယားဖြစ်သွားခဲ့ရတယ် … ။

 

အပြောမတတ်တော့ ဆဲသလိုဆိုတဲ့ စကားပုံလိုပါပဲ … စကားဆိုတာမျိုးက ပြောဆိုသူရဲ့ လိမ္မာပါးနပ်မှုပေါ်မူတည်ပြီး တစ်ဖက်သား စိတ်ထဲကြားနာဝင်ရောက်သွားတဲ့ အခြေနေကွာတာမို့ …. စိတ်ထက်ပါးစပ်ပိုမြန်တဲ့ အကျင့်ကို ပြင်ပြီး …. နောက်ပိုင်းစကားပြောဆင်ခြင်ရမယ်ဆိုတဲ့ အတွေးဖြစ်မိပါတယ် … ။ စကားအပြောဆို အမှူကျင့်တွေကလည်း ခေတ်ပြောင်းလာတာနဲ့အမျှ တဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့တယ် … တစ်ခါတစ်လေ လူကြီးတွေ ကြားထဲမှာအချင်းချင်းပြောတဲ့စကား ..ကျွန်မတို့ လူငယ်တွေ နားထဲ .. ထော်လော်ကန့်လန့်နဲ့ဖြစ်သလို …ကျွန်မတို့လူငယ်တွေပြောတဲ့ တစ်ချို့စကားတွေ လူကြီးတွေ နားမလည်ကြပါဘူး … ။

 

သေသွားပြီဖြစ်တဲ့ ကျွန်မတို့ အဘွား(အဖွားရဲ့အမေ ဂျန်နရေးရှင်း သုံးဆက်ခြားသွားပြီ ) မသေခင်က ခဏခဏထောပနာပြုတဲ့ စကားတစ်ခွန်းရှိတယ် … ဒီကောင်မလေး သိပ်နားကောက်တာပဲတဲ့ လေ …ကလေးဘဝကတော့ အဲ့ဒီစကားကြားတိုင်း မှန်ထဲပြေးပြီး ကိုယ့်နားရွက်ဘယ်လို ပုံစံဖြစ်ပေါလိမ့်လို့ သွားကြည့်ရတာ အမောပါပဲ … ။ အသက်နည်းနည်းကြီးလာတော့မှ … ဒါငါ့ကို ပြောရဆိုရကြပ်တယ် ၊ လက်ပေါက်ကပ်တယ်၊ ဂျစ်တီးဂျစ်ကန် ဂွစွာလို့ ပြောပါလားဆိုတာ သိသွားတော့တယ် … ။ အခုတော့..စကားရည်လုပြောစရာ အဘွားလည်း မရှိတော့ဘူးလေ … ။

 

နောက်ပြီး လူကြီးတွေပြောတဲ့.. ခေါင်းညှပ်သွားမလို့ ဆိုတဲ့စကားနေရာမှာလည်း … ဆံပင်သွားညှပ်မလို့ဆိုတဲ့ စကားက အစားထိုးဝင်ရောက်ခဲ့တယ် …. ။ ရှေးလူကြီးအချင်းချင်း ခေါင်းသွားညှပ်မယ်ဆိုလျှင် နားလည်ပေမယ့် … ကျွန်မတို့ကို … ခေါင်းမညှပ်ဘူးလားလို့ မေးလျှင် … ခွက်ထိုးခွက်လန်ရယ်မိပါတယ် .. ညှပ်တာက ဆံပင် ဘာကြောင့်များ ခေါင်းဖြစ်ပါလိမ့်လဲပေါ့နော် … ။ လူကြီးတွေကတော့ ..သူ့အခေါ်ဝေါ်နဲ့ သူ ဟုတ်နေတာပါပဲ … ။ ဆံပင်မွှေးကိုလည်း .. ခေါင်းမွှေးလို့ ခေါ်လို့ …. အူတက်အောင် ရယ်မိခဲ့ပါသေးတယ် … ။

 

နှုတ်မှထွက်သော စကားတစ်ခွန်းဧ။် အကျိုးသက်ရောက်မှုကြောင့် မိမိဧ။် စိတ်တွင်ရော .. သူတပါးစိတ်တွင်ပါ … ကောင်းကျိုး ၊ ဆိုးကျိုးများစွာ ဖြစ်ပေါ်နိုင်တာကြောင့် … အသံကြောင့် ဖားသေရခြင်းလိုအဖြစ်မျိုး မဖြစ်ရအောင် …. နှုတ်စောင့်စည်းရမယ်ဆိုတဲ့ အသိ ဖြစ်ပေါ်လာမိပါတော့တယ် …. ။

26 comments

  • လင်းဝေ

    January 26, 2012 at 3:16 pm

    အီးတုံး က ရင်ခုန်သွားလို့ဖြစ်လိမ့်မယ်။
    အေကေကေအို ရေ သတိတော့ထား….ဟားးးဟားးးး

    • etone

      January 26, 2012 at 3:43 pm

      ဟီးဟီး .. ဦးလေးရေ .. တမျိုးမထင်ပါနဲ့ …. ။ ဟိုလို ဒီလို ရင်ခုန်တာမဟုတ်ပါဘူး .. လေတိုက်တာတောင် ရယ်တတ်တဲ့ စိတ်ကစားတဲ့ အရွယ်မှ မဟုတ်ပဲ .. ဟီး … ။ တစ်ခါတစ်လေ အလကားနေရင်း လာလာငြိချင်တဲ့ လူတွေရှိလို့ .. မနက်စောစော လေစစ်ဆင်ရေး နွှဲရတော့မှတ်လို့ .. ရင်ခုန်သွားတာ … ။ ထစ်ခနဲဆို စိတ်လည်း မတိုချင်တော့ဘူးလေ .. ဟဲဟဲ … :mrgreen:

    • etone

      January 26, 2012 at 4:08 pm

      ကိုကြောင်ဝတုတ်ရေ .. ဟီးဟီး .. အမိုက်မဲလေးမို့ ခွင့်လွှတ်ပါ .. 😀
      ငိုပြီးတော့ မပြန်လောက်ပါဘူး .. .အလှူရှင်က ခန့်ချောကြီး သဘောလည်းကောင်းပုံရတယ် … (မြှောက်တာမဟုတ်ဘူး တကယ်တကယ် …. သုံးမိနစ်လောက်စကားပြောတာနဲ့ ခင်ဖို့ကောင်းမှန်း သိသာတယ် .. )

      ဖင်းသက်ပြားရေ .. မီနောက်ရပါဘူး … ။ ရွာထဲကဖားကို မေ့ပြီး ဥပမာထည့်ရေးမိလိုက်တာပါ ဟဲဟဲ … ကျွန်မပြောတဲ့ ဖားက စာမရေးတတ်တဲ့ ဖားပါ .. ဟီးဟီး 😀 😀

      အစ်မနွယ်ပင်ပြောတာ မှန်တယ် .. ဟီး … ။ စိတ်ကတော့ ရိုးမှရိုး(ယုန်<<< တောထဲမှာ .. ဟီး) .. ပါးစပ်ကလည်းပြောတတ်လွန်းလို့ …. သူများရိုက်ပေါက်ချည်းပဲ … 😆

      မိုးဇက်ရေ .. ဟဲဟဲ … မူလအလှူငွေထက်မလျှော့ပါဘူး … စာအိတ်လေး လက်ထဲရောက်တဲ့ အချိန်နဲ့ … ပြောတဲ့ အချိန် .. ကွက်တိကျသွားလို့ပါ ..ဟဲဟဲ … (နောက်တာပါ … 😛 )

      အလှူရှင်က နာမည်ကို ပရိုက်ဗိတ်စီထားပေးပါလို့ပြောတာကြောင့် … လတ်တလော အလှူငွေ ကောက်ခံမှု အခြေနေ စာပို့တဲ့အခါ … နာမည်မရေးပေးထားပါဘူး … ဟီးဟီး … ။

  • FattyCat

    January 26, 2012 at 3:22 pm

    နင်ကတော့ ဖြစ်ရမယ်….
    ဒီလောက်အသက်ကြီးမယ်မှန်းထင်မထားဘူးလို့ပြောစရာလား…
    အဲဒီနေ့က ကားပေါ်မှာလူကြီးတစ်ယောက် ငိုယိုသွားတာတွေ့ရင် အီတုံးဆီက ပြန်သွားတာပဲ..

  • ဖားသက်ပြင်း

    January 26, 2012 at 3:26 pm

    ဖြစ်ရမယ် ….
    နားကောက်တယ် ကျနော်လည်း ကြားဖူးတယ်ခည …..
    မြစ်ဝကျွန်းပေါ်က ဗမာတွေသုံးတာများလား မဆိုနိုင်ဘူးရယ်…

    ဇဂါးမစပ် ..ဖားက ဘာလို့ သေရမတုန်းဗျာ….
    မီနောက်ပါနဲ့ ……ဖားက အသက်ပြင်းဘာဒယ်…

    😀

  • နွယ်ပင်

    January 26, 2012 at 3:41 pm

    ဒါကတော့ တစ်ခါတစ်လေဖြစ်တက်ပါတယ် etone ရေ
    ကိုယ့်စိတ်ထဲတော့ သဘောရိုးနဲ့ ဝမ်းသာအားရပြောလိုက်ပင်မယ့်
    တစ်ဖက်လူအဖို့တော့ တစ်မျိုးဖြစ်သွားတက်တယ်လေ .
    အခုလည်း ပိုစ့်တင်ပြီး တောင်းပန်ထားတာပဲဟာ လာလှူသွားတဲ့ အလှူရှင်က
    နားလည်မှာပါ ဒါနဲ့ စကားအပြောမတက်တဲ့သူတွေက စိတ်ထားရိုးတယ်ဆိုလားပဲနော် …. 🙂

  • Moe Z

    January 26, 2012 at 3:46 pm

    အဲဒါနဲ့အလှူငွေကို မူလရည်ရွယ်ထားတာထက်တော့ လျော့မလှူသွားပါဘူးနော်
    😀 😀
    ဟုတ်တယ်မအိတုန်ရေ မရည်ရွယ်ပဲပြောလိုက်တဲ့စကားက တစ်ဖက်လူကိုထိခိုက်သလိုဖြစ်သွားတာ
    မိုးစက်လည်းခဏခဏကြုံဖူးတယ် တော်တော်သတိထားနေရတယ်

  • စိန်ပေါက်ပေါက်

    January 26, 2012 at 3:59 pm

    တော်ဘီ..တော်ဘီ
    သဂျီးကို ၂ဖူးပြောင်တယ်လို ့ပြောတော့ဘူး..ငိုတွားမှာဆိုးလို ့
    😀

    • Moe Z

      January 26, 2012 at 4:08 pm

      သဂျီးတူမ မရတော့မှာစိုးလို့ မဟုတ်ဘူးလား 😛

  • htet way

    January 26, 2012 at 8:05 pm

    ဒီလိုဆိုတော့ ကျွန်တော်ခံရတာလေးသတိရမိပါတယ်
    ဆရာထက်ဆိုလို့ အဘိုးကြီးမှတ်တယ် ကြည့်ပျော်ရှု့ပျော်လူငယ်လေးပဲတဲ့
    ဒီလိုပြောတဲ့ လူတွေကြီးပွားပါစေဗျာ။
    အခုဟာက တော့ အော် ဆရာထက်ဆိုလို့ ဒီလောက်နာမည်ကြီးတာ
    သေချာကြည့်တော့မှ အသားမည်းမည်းနဲ့ ကုလားကြီး ကျနေတာပဲတဲ့
    မှတ်ရော…ဆရာမပြောတာ ဘာဆိုးလို့လဲဗျာ။
    ကျွန်တော်လို ကြည့်ကောင်းရူကောင်းလူကိုများပြောရက်လိုက်တာ
    အဲ့ဒါ အင်းစိန်က အပျိုကြီး ခင်တုတ်တဲ့ အင်း … ရင်ရှုပ်သွားတယ်။

    • etone

      January 27, 2012 at 8:16 am

      ဟီးဟီး … ကိုထက်ဝေးနေရာမှာဆို .. အတော်ကြီး နင်သွားမှာပဲနော် … ။ အောင့်သီး အောင့်သက်ကြီး ဆေးကုပေးခဲ့ရတဲ့ အဖြစ် .. ဟီးဟီး 😀

  • windtalker

    January 26, 2012 at 9:46 pm

    အရင် ရည်းစား ပြောဖူးတာကတော့ ၊ ချောတဲ့ကောင်လေးတွေ တွေ ့ရင် ၊ ရင်မခုန်ပေမယ့် ကြည့်ချင်တယ်ဆိုလားဘဲ ။
    ကြားဖူးနားဝ များ ပြောပြပါတယ် ။ ဟီဟိ

  • ဦးဦးပါလေရာ

    January 26, 2012 at 11:34 pm

    အသက်လေးဆယ်လောက်ဆိုရင်တော့
    အသက်ကြီးတယ်လို့ အထင်ခံရဘို့
    အဆင်သင့်မဖြစ်သေးလောက်ဘူး….။

    အင်း…သူများသာပြောရ
    ကျုပ် ငါးဆယ်နီးပါးမှာကျတော့လဲ…
    ကလေးတွေက “ဘဘ” လို့ ခေါ်တာခံရဘို့
    အဆင်သင့်မဖြစ်ပြန်ဘူး….။

    အဲဒါနဲ့ပဲ အိမ်အောက်ထပ်က ဘဘခေါ်တဲ့ ကလေးမလေးကို
    တနေ့တနေ့ ကြွေးရှင်ရှောင်သလို လှည့်ပတ်ရှောင်နေရတာ…။ 😀

  • comegyi

    January 27, 2012 at 12:18 am

    အဲဒီ ခန့်ချော နောင်တော်ကိုပြောလိုက်ပါလား
    မအိတုန်ရေ့……….အသက် လေးဆယ်မှ ဘဝစတာပါလို့ …..ဟိဟိ..

  • Khin Latt

    January 27, 2012 at 4:56 am

    တုံတုံရယ် –
    အသက် လေးဆယ် ဆိုတာ “ဟာ” မနဲ နေရလောက်အောင် မကြီးသေးပါဘူး အေ။
    ကြည့်ရတာ ၅ဝကျော် ၆ဝနီးပါး များလားမှ မသိတာ။ 😉 jk

  • etone

    January 27, 2012 at 8:26 am

    ကိုပေရေ …ချောတဲ့ကောင်လေးတွေကိုတော့ … လိုက်မကြည့်မိပါဘူး … ကြည့်ချင်းကြည့် .. သူတို့ကသာ လိုက်ကြည့်ပါစေပေါ့ .. အဟဲ .. (နောက်တာ 😀 ) တစ်ခါကကားပေါ်မှာ အသံတစ်သံထွက်လာတယ် .. အတော်ကြည်လင်ပြတ်သားလို့ မျက်နှာရော ဘယ်လိုများပါလိမ့်လို့ ကြည့်လိုက်တာ … ကမ္ပဌာန်းရုပ်ကြီးဖြစ်နေတယ် .. ဟီး ဟီး ……နှစ်ရက်သုံးရက် အဲ့ဒီမျက်ခွက်ပြန်မြင်နေမိတယ် ….. နောက်ပိုင်းသိပ်မစပ်စုတော့ဘူး … 😀

    ဦးဦးပါလေရာရေ .. ဘဘခေါ်တဲ့ကလေးမကို ကျွေးဖို့ .. မုန့်ပဲသရေစာ အသင့်ဆောင်ထား… ။ လမ်းမှာတွေ့လျှင် … ပေးလိုက် … ပြီးလျှင် .. ဦးပေးတာနော် .. ဘယ်သူပေးတာလဲ .. ဦးပေးတာနော် ဆိုပြီး .. အတိုင်ဖောက်ညီညီ ငါးခေါက်လောက်ရွက်လိုက် .. နောက်တစ်ခါဆို.. မုန့်မျက်နှာနဲ့ …. ဘဘကနေ ..ဦးဖြစ်သွားနိုင်ပါကြောင်း ……. အချွန်နဲ့ မလိုက်ပါတယ် ( မုန့်ဖိုးကုန်အောင် 😀 )

    ကိုကမ်းကြီးရေ …ရယ်တော့ရယ်ရတယ် … က ျွန်မကသာ လေးဆယ်လို့ အခုမှန်းနေတာ … သူ့အသက်လေးဆယ်တောင် ပြည့်ပြီးရဲ့လားမသိဘူး .. မဟုတ်လျှင် … နှစ်ခါ ထပ်အားနာရတော့မယ် … ။

    အရီးလတ်ရေ … … ဟာခနဲဖြစ်သွားရတာက … ကျွန်မစိတ်ထဲ တက္ကသိုလ်ကျောင်းသားအရွယ်ပဲ ထင်ထားပြီး တွေ့လိုက်မှ တည်တည်ငြိမ်ငြိမ်အရွယ်မို့လို့ပါပဲ … ။ ငါးဆယ်ကျော် ခြောက်ဆယ်တန်းတော့ မဟုတ်ပါဘူး .. ဟီးဟီး … 😆

  • kokothandar

    January 27, 2012 at 10:33 am

    etone ဟာ အပျိုကြီးလား ကိုယ့် မှားတတ် တဲ့အမှား ကို မဖြစ်အောင် စကားကို လွှတ်ကနဲမပြာဘဲ စိတ် ထဲမှာ
    အရင်ပြောကြည့်စေချင်ပါတယ် အေးလေ ခန့်ချောကြီး ဖြစ်လို့ ရင်ခုံနေတော့ ဆင်ခြင်မှုလေး နဲသွာတာမျိုး
    ဖြစ်သွားရင် မစဉ်းစားအားဘူးပေါ့

    • etone

      January 27, 2012 at 10:53 am

      kokothandarရေ .. အပျိုဂျီးမဟုတ်သေးပါဘူး .. အပျိုလေးပါချင့် 😆 (အိုဗာသာတီးဖြစ်ဖို့ အဝေးကြီးလိုသေးဒယ် ) 😉

      သစ်ရွက်လှုပ်တာတောင်ရယ်တတ်တဲ့ အရွယ် ၊ စိတ်ကစားတတ်တဲ့ အရွယ်မဟုတ်လို့ ..မိန်းမနှူးဘာတွေလို …. တွေ့သမျှ လူပျို၊လူပြို ၊ လူချောတိုင်း ရင်မခုန်တတ်ပါဘူး … ။

      အချစ်တွေ ၊ အနှစ်တွေ ၊ အမြစ်တွေလည်း စိတ်မဝင်စားပါဘူး … သဘောထားကြီး၊နားလည်မှုအပြည့်နဲ့ချင်ခင်တွယ်တာအလေးထားပေးတဲ့လူ တစ်ယောက်လုံးရှိနေတာပဲ …ကျွန်မအတွက် လုံလောက်ပြီ ။ …… ကျန်တဲ့ ယောကျာ်းတွေအပေါ် မရိုးသားတဲ့စိတ် … မြုမှုန်တစ်ခုစာတောင် မဖြစ်ဖူးဘူး 😀

      ကျွန်မရင်ခုန်တာ .. မတွေ့ဖူးမမြင်ဖူးတဲ့ …စာရေးဖော်စာရေးဖက် တစိမ်းတစ်ယောက်ဖြစ်ပေမယ့်… ကိုယ့်ကိုယုံယုံကြည်ကြည်နဲ့ အလှူပူးပေါင်းပါဝင်ပေးတဲ့အတွက် ဖြစ်လာတဲ့ပီတိကြောင့်ပဲ … ။ သိပ်ရှုပ်ရှုပ်ထွေးထွေးမတွေးပါနဲ့ …. သဘောရိုးတိုင်း ၊ ဖြစ်ရိုးဖြစ်စဉ်တိုင်းပဲတွေးပါ .. အရာရာအံဝင်ခွင်ကျဖြစ်သွားလိမ့်မယ် 😉

  • ကြောင်ကြီး

    January 27, 2012 at 11:12 am

    တောင်းပန်မနေပါနဲ့ကွယ်၊ နောက်တခါဆို အသေသာ သတ်လိုက်ပါ….။

    • etone

      January 27, 2012 at 11:27 am

      တောင်းမပန်လျှင် စကောပန်ရမလားဟင် … 😀

  • kyeemite

    January 27, 2012 at 4:20 pm

    အော်..etone..etone ..အရာရာနဲ့အကြောင်းကြာင်းပါဘဲလား..

  • ရွှေဘိုသား

    January 27, 2012 at 7:20 pm

    အင်း မအီတုံ ဆီလာတွေ့ချင်နေတာ သိပ်တောင်မလာရဲသေးဘူးဖြစ်သွားတယ် သွားလှူဖို့လည်း လိုပါသေးတယ်ဆိုပြီး အေးဆေးနေနေသေးတာ လာရင် ဘယ်လိုများ ပြောမလဲမသိဘူးနော်

    • etone

      January 28, 2012 at 10:11 am

      လာသာ လာပါ ..ဟီးဟီး .. ဒီတခါ ပါးစပ်ကို ပလာစကာနဲ့ ကပ်ထားပါ့မယ် .. 😀

  • တမုံမုံရေ
    ကျနော် ကတော့ အဲလိုအပြောခံရတာ ခဏ ခဏပါဘဲ။
    ပထမဆုံး အပြောခံရတော့ စိတ်လေသွားတယ်။
    “ထင်ထားတာနဲ့တစ်ခြားစီဘဲ”တဲ့။
    ဘယ်သူမှတ်သလဲ အဲဒါမောင်ကင်းလေပြောတာ။
    အခုတော့ အပြောခံရတာရိုးသွားပါပြီ။
    ဒီလောက် ဝ မယ်မထင်ဘူးဆိုတဲ့သူတောင်ပါသေးသဗျာ။

    • pooch

      January 28, 2012 at 12:30 am

      ဟီး ….လေးပေါက် အနော်အဲ့လို တခါမှ မပြောဖူးဘူးနော် 😛
      တုန်ရေ ဒါမျိုးလေးတွေက ဖြစ်တတ်ပါတယ်။ အမလည်း ကြုံဖူးတယ် ။

      • etone

        January 28, 2012 at 10:01 am

        အဟီးလေးပေါက် …. ပြောတဲ့လူက ပါးစပ်က လွတ်ပြီးပြောထွက်သွားတာ … ပြောခံရတဲ့လူကတော့ တင်းမှာပဲနော် .. အဟီး … 😀 အောင့်သီးအောင့်သက်နဲ့နော် …ဟီးဟီး … ။

        အစ်မပုချ်ရေ … တစ်သက်နဲ့ တကိုယ် တစ်ခါပဲ ကြုံဖူးပါတယ်.. အားနာစရာဖြစ်သွားတယ် … ။ 🙁

Leave a Reply