ရွှေပြည်တံခွန် ကုမ္ပဏီ  မှ ၅၀၀၀ တန်ဖုန်း စီမံကိန်းကို မြန်မာ့ဆက်သွယ်ရေးနဲ့ တရားဝင် ပူးပေါင်းမယ်လို့သတင်းရပါတယ်… “ဒီ ​နေ့​ပဲ ကျ​နော် ဆက်သွယ်​ရေး​ကို တင်လိုက်တယ်။ အခုထိ ဘာမှ မသိရ​သေး​ဘူး​။ တင်တယ်ဆိုတာ ကျ​နော်တို့​ ဒီလုပ်ငန်း​အတွက် ပူး​ပေါင်း​ဆောင်ရွက်ဖို့​ ကိစ္စ​တွေ၊​ စီး​ပွား​ရေး​ အစီအစဉ်​တွေ​ပေါ့​။ နည်း​ပညာပိုင်း​ ဆိုင်ရာ​တွေပါ နှစ်ခုလုံး​ပါတယ်။ ပြည်သူ​တွေ စရိတ် သက်သက်သာသာနဲ့​ တယ်လီဖုန်း​တွေ ကိုင်နိုင်​အောင် ကျ​နော် ကြိုး​စား​နေပါတယ်။ ဆက်သွယ်​ရေး​ ဝန်ကြီး​ဌာနလည်း​ ပူး​ပေါင်း​ ​ဆောင်ရွက်ပြီး​ ဘယ်လိုလုပ်လို့​ ရနိုင်မလဲ ဆိုတဲ့​ နည်း​လမ်း​တွေ​ပေါ့​။ ကျ​နော်တို့​က ဥပ​ဒေအရ၊​ မူ​ဘောင်အရ သွား​နေတာပါ။”

ယခုလည်း မြန်မာပြည်မှာရောက်ရှိနေတဲ့ နော်ဝေး နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ နော်ဝေးနိုင်ငံရဲ့ အကြီးဆုံး မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း ဖြစ်သည့် Telenor Group အမှုဆောင်စီမံခန့်ခွဲမှုကော်မတီဝင်တစ်ဦးဖြစ်သူ Sigve Brekke  ပါဝင်ပြီး မြန်မာပြည်ရဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ ရင်နှီးမြှုပ်နှံဖို့ ဆွေးနွေးတယ်လို့ သတင်းရရှိပါတယ်…..

 

About kanjosan

has written 30 post in this Website..