မြန်မာနိုင်ငံ၏အကြီးမားဆုံး ခြင်္သေ့ကြီးနှစ်ကောင်မှာ စစ်ကိုင်းတိုင်းက မင်းကွန်းမှာဖြစ်ပါတယ် … ဒီခြင်္သေ့ကြီးနှစ်ကောင်ကို ဘိုးတော်မင်းတရားသည် မင်းကွန်းပုထိုးတော်ကြီး၊ အလေးချိန် ( ၅၅၅၅၅)ရှိ မင်းကွန်းခေါင်းလောင်းတော်ကြီး တို့နှင့်အတူတူ တည်ဆောက်ခဲ့သည်။ ခြင်္သေ့ကြီး၏အမြင့်မှာ ( ၉၅ ) ပေရှိသည်။ မင်းကွန်းပုထိုးတော်ကြီးရှေ့တွင်တည်ထားသည်။ မင်းကွန်းပုထိုးတော်ကြီးအားပြီးမြောက်အောင် တည်ဆောက်နိုင်ခဲ့ပါက ကမ္ဘာကမြန်မာတို့၏ ဘာသာရေးအလေးထားပုံ၊ ဇွဲ သတ္တိရှိပုံ တို့ကို အံမခန်းချီးကျူးကြမည်မှာ  ဧကန်အမှန်ပင်ဖြစ်သည်။ ဘိုးတော်မင်းတရားသည် ဘုရားတည်ဆောက်နေဆဲမှာပင် လုပ်ကြံခံရ၏ ပုထိုးတော်ကြီးမှာ  အောက်ခြေအုတ်မြစ်ပဲ ပြီးသေးသည်။ သက္ကရာဇ် ၁၂၀၀ ပြည့်နှစ် မြေငလျင်ဒဏ်ကြီးကြောင့် မင်းကွန်းပုထိုးတော်ကြီးနှင့်ခြင်္သေ့ရုပ်ထုကြီးများဟာ ကွဲအက်ပျက်စီးခဲ့ရပါတယ်။

About thihayarzar

thiha yarzar has written 76 post in this Website..