သတိရတမ်းတခြင်း (၂)

aye.kkJanuary 26, 20121min906

နွေရာသီမကြာမီရောက်တော့မည်…………
စိတ်မှာအမေ့အားသတိရလွမ်းဆွတ်လာပြန်သည် ။
ဪ……………………..နွေရာသီရောက်၊ ကျောင်းကပိတ်ပြန်ပေဦးမည်။အချိန်တိုင်းအလုပ်နှင့်လက် အမြဲတစေမပြတ်သည့်သူကအမေပင်ဖြစ်တော့သည်။ ကျမတို့မောင်နှမတွေအားလုံးအား ၊ အလုပ်နှင့်လက်မပြတ်အောင်ခိုင်းတတ်တာကလည်းအမေပင်။
နွေရာသီကျောင်းပိတ်ရက်ရှည်များတွင် အိမ်နောက်ဖေးခြံထဲ၌ အုန်းလက်ကြွေများအား
တွေ ့မြင်ပါက ၊ သူတစ်လက်ကိုယ်တစ်လက် ကောက်ယူကာ အုတ်ပုံပေါ်တွင် ညီညီညာညာထပ်၍စုပုံပြီးတင်ထားပေးကြရပါသည် ။ ထိုကျောင်းပိတ်ရက်ရှည်ကာလများတွင် အုန်းလက်ခြောက်များအား အမေနှင့်အတူတကွ ရှင်းကြရပေသည် ။ ထမင်းစားပြီးသောက်ပြီး နေ့ခင်းနေ့လည်ဖက် အားလပ်သည့်အချိန်အခါများတွင် အမေဘာခိုင်းအုန်းမလည်းဟု ဆိုကာမောင်နှမတွေမျက်ခုံးလှုပ်ကြရပြန်ပါသည်။ အမေခိုင်းပြီဆိုလျှင်မောင်နှမအားလုံးလွန်စွာ အလုပ်ရှုတ်ကြရမည်ကို ကြိမ်းသေတတ်အပ်သိနေကြ၍ဖြစ်ပါသည် ။ မကြာပါချေ ကျမတို့အားတစ်ယောက်ထိုင်စာ နှီးချောဖျာလေးများအား အိမ်နောက်ဖေး ဂိုဒေါင်အိမ်လေးရှေ့ရှိ သံတမံလင်းခင်းထားသည့်အင်္ဂတေလမ်း(လူလျှောက်
်ပတ်လမ်းလေး)ပေါ်၌ သွားချထားချေ ၊ ဟုအမေဆိုကဆိုပါလျှင် ၊မောင်နှမတွေအားလုံးပင် ကိုယ်စီကိုယ်ဌ နှီးချောဖျာလေးများအား သွားယူကာချထားပေးရပါတော့သည် ။ ပြီးလျှင်တော့ခြံနောက်ဖေးခြံထဲ အုတ်ပုံများပေါ်၌ သင့်သလိုညီညီစီကာထပ်၍တင်ထားသည့် အုန်းလက်ခြောက်များအား တစ်ယောက်တလက် သွားဆွဲယူလာကြကာ ကျမတို့ နှီးချောဖျာချထားရာနှင့် အနီးဂိုဒေါင်အိမ်လေးနှင့်မျက်နှာချင်းဆိုင်တွင်ရှိသည့် ထင်းရုံလုပ်ထားသော နေရာတွင်ပုံထားပေးကြရပါသည် ။ အမေက ဒါးမကြီးတစ်ချောင်းယူငင်ပြီး အုန်းလက်ခြောက်အား သူကိုယ်တိုင် အရင်းပိုင်းမှစကိုင်၍ လက်တဖက်နှင့်မြှောက်ကိုင်ကာ ဒါးမကြီးဖြင့် အဖျားတဆုံးထိ အုန်းရွက်လက်ကလေးများအား တခုစီသပ်ချပေးသွားပါသည်။ ကျမတို့ကအမေသပ်ချပေးသည့် အုန်းလက်ရွက်ကလေးများအား ကောက်ယူကာ စု၍စီထားပေးကြရပြန်ပါသည် ။ ပြီးလျှင်အမေက အုန်းလက်ရွက် အရင်းထိတ်ပိုင်းများအား အရွက်နှင့်အရိုးတံများအား ခွာ၍ကောင်းအောင်ခုတ်ပေးပြီးပြီဆိုရင်တော့ ကျမတို့ကနှီးချောဖျာလေးပါ်မှာ ကိုယ်စီထိုင်ကြကာ အုန်းလက်ကလေးများအား တစ်ချောင်းစီယူငင်ကာ အရွက်နှင့် အရိုးအား သီးခြားဖြစ်သွားအောင် ခွာ
ရတော့သည် ။ ခွာသည့်အခါတွင်
လည်းလက်ဝင်လှပါသည်။ (ထိုသို့ပြုလုပ်သည်ကိုအမေတို့ကအုန်းလက်သင်သည်ဟုပြောဆိုကာသုံးနှုံးကြပါသည်)
အုန်းရွက်ခြောက်ကုန်စင်အောင်ခွာ၍ ပြီးသွားပါ ကလည်းအုန်းလက်အရိုးတံအချောင်းသေးသေးလေးအား လက်တဖက်ကကိုင်၍ လက်တဖက်က
ဓါးပြားပါးပါးလေးဖြင့်ဖိသပ်သွားကာ အရိုးတံအားချောမွတ်သွားအောင် သပ်ပေးရပြန်ပါသည် ။ အချောသပ်ထားပြီးသား အုန်းလက်ရိုးတံလေးများအား အမေကအုန်းလက်တံမျက်စည်းလေးများအား ကိုင်၍ကောင်းသည့်အနေထားအား အမြင်မျက်မှန်းဆကာ အပုံလေးတွေပုံပါသည် ။ ထိုအုန်းလက်ရိုးတံပုံလေးများအား တပုံစီလက်ကကိုင်ယူပြီးလျှင် ကြပ်ခိုးတင်ထားသည့်နှီးချောလေးနှင့်စည်းနှောင်
ကာတုတ်ပေးရပါသည် ။ အမေကကိုင်၍ကောင်းအောင် ဟုဆိုကာပိတ်စကြိုးလေးများနှင့် အထပ်ထပ်ချည်တုတ်ကာစည်းသေးသည် ။ အုန်းလက်တံမျက်စည်း၏အဖျားပိုင်းအရိုးတံလေးများအား တထွာလောက်ခုတ်ပစ်ပါသေးသည် ။ ကျမမောင်နှမတွေအားလုံးလုပ်ဆောင်ရသည့် အပိုင်းပြီးသွားသော်လည်း၊ အမေ့အပိုင်းကမပြီးသေးပါ။ ကျမတို့အာ်း့ဆော့ချင်သည့်ဆန္ဒရှိပါက
ဆော့ရန်ခွင့်ပြုပေးပါတော့သည် ။ တလက်စတည်းပင် အမှိုက်များအားသိမ်းဆည်းသွားရန်နှင့် ကျမတို့သင်ထားသည့် အုန်းလက်အရွက်ခြောက်လေးများအား မီးစာလုပ်ရန်(မီးမွှေးရာတွင်အသုံးပြုရန်)၊ အတွက်ဟုဆိုကာ အလုံးလုံးလေးများပြုလုပ်ပြီး သူ့အရွက်နှင့်သူပြန်ချည်ကာ ပြုလုပ်ပြီးမီးဖိုနှင့်တဆက်တည်းပြုလုပ်ထားသည့် နေရာအောက်၌ထားပေးသွားရန် ပြောပါတော့သည် ။
ကျမကအမေ့နားကမခွာနိုင်သေးဘဲ အမေလုပ်နေတာကိုစိတ်ဝင်စားနေမိပြန်ပါသည် ။ အမေကားအိမ်အပေါ်လှဲရန်(အိမ်မျက်နှာကျက်၊အိမ်ခေါင်မိုးပေါ်ရှိပိုးမျှင်များ၊ပင့်ကူမျှင်များ လှဲကျင်းရန်အတွက်)ဟုဆိုကာ စိတ်ရှည်လက်ရှည်ဖြင့် အပေါ်လှဲအုန်းလက်တံမျက်စည်းအားထပ်မံပြုလုပ်
နေခြင်းပင်ဖြစ်ပါသည် ။
သ္မီးဘာရပ်ကြည့်လုပ်နေတာလဲဟုအမေကမေးလျှင်……….၊ကျမကအမေအခုလုပ်နေတာစိတ်ဝင်စားလို့ပါ ဟုပြောမိပါသည်။ ထိုအခါအမေကကျမအားပြောပြသည်မှာ………
အပေါ်လှဲမည့်အုန်းလက်တံမျက်စည်းကလုပ်ရတာလက်ဝင်သည်အချိန်လည်းကုန်သည် ။ ဈေးမှာဝယ်ကပိုတန်သည် ၊ အုန်းလက်တံမျက်စည်းကတန်ဘိုးသိတ်မပေးရ ။ ခိုင်တာကိုကြည့်ဝယ်တတ်ကရပါသည် ။ အမေကစာမတတ် ၍အချိန်ကိုအလဟဿမထားချင်၊ဒါကိုလုပ်တာကလက်ဝင်သည့်အပြင်၊အချိန်လည်းကုန်သည်လူလည်းပန်းသည်၊ပြီးလျှင
်ဒါတွေလုပ်တာ နင့်အဖေကမကြိုက် သမီးတို့ပညာတတ်လျှင်ဒါတွေလုပ်ဖို့အချိန်ရှိမှာမဟုတ်၊အခုသ္မီးတို့လုပ်တာပင်ပန်းသွား၍အမေနားခိုင်းခြင်းဖြစ်သည်၊အဖေမြင်ရင် ကလေးတွေကိုနှိပ်စက်တာလားဟု မေးလျှင်အမေစိတ်မကောင်းဖြစ်ရမည်။နောက်ပြီးနင့်တို့အဖေကအပေါ်လှဲ တံမျက်စည်းလုပ်တာတွေ ့ရင်လုံးဝမကြိုက် သူ့စိတ်ထဲသိမ်ငယ်သည့်အလုပ်ဟူ၍ထင်နေသလားဟူ၍ကား၊ငါ
မပြောတတ်ပါ ။ တယောက်နှင့်တယောက်အမြင်ခြင်း၊အတွေးခြင်းတွေက မတူကြဟုအမေကပြောပါတော့သည်။ ကျမကအမေရယ်…ခဏလေးကြည့်တာပါ၊သ္မီးစိတ်ဝင်စားသည် အဖေလာတာမြင်ရင်သ္မီးပြေးမှာပေါ့ဟုပြောကာ အမေ့အား ဈေးဆစ်မိကာအမေလုပ်နေတာကို
ခဏတာမျှကြည့်နေမိပါသည် ။ အမေသည်အသင့်ယူထားကာအနားမှာချထားသည့် ဝါးလုံးတုတ်ချောရှည်လေးတချောင်းအား အလယ်ညှပ်၍ ကြပ်ခိုးတင်ထားသည့်နှီးချောကြိုးလေးများအား ကွင်းလေးများအဖြစ်ယှက်ကာထိုးယူပြီး ၊ တဖြေးဖြေးအဝိုင်းဖြစ်အောင်ချဲ ့ကားထိုးယူသွားပြီး အုန်းလက်အရိုးတံအချောင်းလေးများအားနှီးချောကွင်း
လေးများတွင်ညှပ်ညှပ်ပြီးထိုးထဲ့သွားကာချည်ငင်ယူသွားပြီး အပေါ်လှဲတံမျက်စည်းပြုလုပ်သွားပါသည် ။ ပြီးလျှင်ထိတ်ဝအားကျွတ်မထွက်နိုင်အောင် ပိတ်ကြိုးစခိုင်ခိုင်ဖြင့်အသေအချာတုတ်နှောင်ကာ
စည်းနေပါတော့သည်။ပြီးလျှင်ထိတ်ဖျားကိုမူအမေက
မဖြတ်ပါ၊ကျမကစပ်စုသူပီသစွာ…… အမေထိတ်ဖျားတွေကဘာလို့မဖြတ်တာလဲဟုမေးမိပါသည်၊ထိတ်ဖျားတွေကပိုးမျှင်တွေပိုကပ်လို့ဟုဆိုကာ
ကျမအားပြောပြပါသည် ။ အမေလုပ်နေစဉ်တုံးကဖြောင့်ဖြောင့်မကြည့်ထားရပါ၊အဖေ့အား ကြောက်၍
အိမ်ရှေ ့ပေါက်ဝဖက်မျက်နှာတည့်တည့်လှည့်ထားကာ အဖေ့လာမှာကိုသတိပြုကာကြည့်နေရသေး၍ဖြစ်ပါသည်။ စိတ်အတွေးမှာလည်း …….၊ အမေအပေါ်လှဲသည့်အုန်းလက်တံမျက်စည်းလုပ်လျှင် အဖေသိတ်မကြည်ချင်မှန်းတော့သိသည်။ဘာကြောင့်မှန်းလည်းမသိရပါ ၊ ပဟေဠိဆန်သည်ဟုထင်မိခဲ့ပါသည်။ အမေကားအုန်းလက်များချွေယူပြီးသွားသည့်ရိုးတံ
အုန်းလက်ခြောက်ကိုင်းအား အပိုင်းပိုင်းခုတ်ထစ်ဖြတ်ပြီးကာငါ့သ္မီးတွေကိုအဲဒါတွေမသင်ပေးနဲ့ဟုအဖေကအမေ့ကိုပြောတတ်၍လည်း ဖြစ်ပါသည် ။ တစ်ခါတွင်……………….၊ အဖေ့အား ကျမတို့မောင်နှမများက အုန်းလက်တံမျက်စည်းလုပ်ရတာကို ပျော်ပါတယ်အဖေဟုဝိုင်းပြောကြ၍သာ၊ဒါဆိုအောက်လှဲသည့်ဟာလုပ်တာကအဖေလည်းသိပါတယ်၊အိမ်မှာလည်းအလွန်အသုံးများတာမို့အဖေမပြောလိုပါဘူး၊ဒါပေမယ့်အပေါ်လှဲတဲ့ဟာကလုပ်ရတာအရမ်းလက်ဝင်လို့ပါ………၊ ဝါးတုတ်တံအလုံးရှည်က ဈေးမှာသွားဝယ်မှရတာ၊သယ်ပြီးယူပြန်လာလည်း
တုတ်ကရှည်တော့ကန့်လန့့်နဲ့စိတ်ကရှုတ်စရာ။အိမ်မှာ
ခိုင်းတဲ့ကောင်လေးတွေကလုပ်ချင်
မလုပ်ချင်မှန်းမသိခိုင်း၍သာလုပ်ရမည်၊မကောင်းတတ်သဖြင့်လုပ်ပေးရမှာဟုဆိုပါသည်။(ကုန်ကြမ်းပစ္စည်းကအိမ်မှာရှိတဲ့
ဟာလည်းမဟုတ်)၊ ကဲဘာထူးမှာလဲ……….၊ အချိန်တွေကုန်တာသာအဖတ်တင်သည် ၊ အဲဒါတွေလုပ်မည့်အစားတခြားဟာလုပ်ပါက အကျိုးရှိသေးသည်ဟုအမေ့အားအဖေက
ပြောကာဆူပါတော့သည်။ အမေက…အဖေ့အား တံမျက်စည်းတချောင်းလုံးဝယ်ယူရတာနဲ့စာရင်တော့
ပိုသက်သာတာပေ့ါ၊ဈေးဘိုးပိုထွက်လာလည်း သားသ္မီးများအားကောင်းကောင်းမွန်မွန်ပိုမိုကာကျွေးနိုင်သည်
ဟုပြောပါသည်။ ကျမက“အင်း”…….ဟုသာသက်ပြင်းတချက်ချမိပါတော့သည်။
အဖေကတမျိုး၊အမေကတမျိုးဆယ့်နှစ်လမှာရေတခါချိုးဟုဆိုကာ….အမေ့အားစ၍အနားမှပြေးထွက်ခဲ့မိပါတော့သတည်း ။
အမေက…..ကျမတို့မောင်နှမအားလုံးတို့၏စံနမူနာယူထိုက်ပါပေသည်။ အုန်းမျိုးကောင်းများအားမျိုးဖောက်ကာရောင်းချတတ်သေးသည်၊အပင်မှချသောအုန်းသီး များအားသူကိုယ်တိုင်လက်ဖြင့်ဆ၍လက်ပေ့ါ၊လက်လေးရွေး၍မျိုးကောင်း၊မျိုးသန့်ထား ကာအပင်ဖောက်ရောင်းချတတ်သေးသည်။
ဆန်ဆေးသည့်ရေ၊ပန်းကန်ဆေးသည့်ရေတို့လည်းမနေရ၊ ပန်းကန်ဆေးသည့်အုတ်ခုံပေါ်၊ဘောင်နခမ်းဘေးများ
တလျှောက်၌ အစို့ညှောက်ထွက်နေသည့်
အုန်းများအား အစီအရီချထားကာ ကျမတို့မှာပန်းကန်ဆေးသည့်နောက်ဆုံးရေကြည်၊ဆန်ဆေးရေများဖြင့်ပက်ဖျန်းပေးရသည်။ အပင်
ပေါက်သက်တမ်း(၂ )နှစ်ကျော်လာပါက
တပင်ကို(၁၂)ကျပ်နှုံးဖြင့်ရောင်းချပါတော့သည်။ (ပဉ္စမတန်းတက်တုံးကဖြစ်ပါသည်)
ကျမမှတ်မိတတ်ကာစ(၅)နှစ်သ္မီးအရွယ်တုံးကတော့တပင်ကို(၁)ကျပ်ခွဲ၊ ငါးမတ်နှုံးလောက်ရှိပါသည်။ ဝယ်သူလာ၍ဈေးဆစ်လျှင်အမေကအလွန်ပင်စိတ်တ
ိုတတ်ပါသည်။အုန်းက ချက်ခြင်းစိုက်၍မရ ၊ အနည်းဆုံးတော့(၂)နှစ်ခွဲကျော် သုံးနှစ်မှသာမြေမှာချစိုက်နိုင်ပါသည်။ နှစ်ပေါက်အောင်ထားထားကာပျိုးထားရသည်။(ယုယ
ကာပြုစုထားရ၍ဖြစ်သည်ဟုအမေကဆိုပါသည်)ငါကားသူများလိုလည်းအမြတ်မတင်ထားဟုဆိုကာဝယ်သူများကို
ရှင်းပြတတ်ပါသည် ။ ပြန်တွေးလျှင်အမေ့ကျေးဇူးများအား သတိရကာတမ်းတမ်းတတဖြစ်ရပါတော့သည် ။
(ကိုယ်တွေ ့ခံစားချက်များသာဖြစ်ပါသည်
ဝေဖန်ထင်မြင်ချက်များတောင်းခံအပ်ပါသည်။)

6 comments

  • windtalker

    January 26, 2012 at 7:44 pm

    စာဖတ်အပြီး ဒေါ်အေးကေ ရဲ ့ရွှေအုန်းကဗျာ ကို ပြန်သတိရမိသွားတယ်ဗျာ ။ အုန်းရည်ပါသောက်ချင်မိသွားတယ်ဗျို ့။
    စကားမစပ် အုန်းလက်တံမျက်စည်း က အိနိ္ဒယ နယ်စပ်ဘက်ကို ရှယ်ရောင်းရတာ ဆိုလား ။

  • .♫..♪ … မွေးမေ ကျေးဇူး ဆပ်ဖူးချင်တယ်လေ ..♫..♪ … တမြေစီခြားလို့ ဝေးကွာခဲ့ပေ ..♫..♪ … သားချစ်တဲ့ မွေးမေမေ ..♫..♪ … သားသားချစ်တဲ့ မွေးမေမေ ..♫..♪ …
    အုန်းသီးရောင်းတဲ့လူတစ်ယောက်အကြောင်း သတိရမိတယ် ….
    သူက အုန်းသီးကို ဈေးသတ်မှတ်ပြီးသား
    ဝယ်တဲ့သူက ၅ ကျပ်တန်ကို ၄ ကျပ်ထားပါဆိုရင်
    သူက … ကျွန်တော်အုန်းသီးက တန်ရာတန်ဖိုး သတ်မှတ်ပြီးသား ကျွန်တော်သတ်မှတ်ထားတဲ့ တန်ဖိုးအတိုင်းပဲတဲ့
    ကြိုက်ဈေးလိုချင်ရင် ဟိုဘက်မှာ ဈေးသတ်မှတ်မထားတဲ့ အထဲက ကြိုက်တဲ့ဟာကို ကြိုက်တဲ့ဈေးပြော ဆိုတဲ့ အုန်းသီးရောင်းတဲ့ လူတစ်ယောက် အကြောင်း ကြားဖူးခဲ့တယ်ဗျ …

    ဒိထက် မက ဖတ်ရမယ်လို့ မျှော်လင့်မိလျှက်
    KING

  • စိန်ပေါက်ပေါက်

    January 26, 2012 at 8:19 pm

    အန်တီအေးအမေက စွယ်စုံပဲဗျာ
    အကုန်ဖန်တီးတတ်တယ်…
    အန်တီအေးစာတွေဖတ်မိရင် ရွာကိုပဲ လွမ်းလွမ်းနေမိတယ်ဗျာ..
    ဂယ်ပဲ..ရွာအငွေ ့အသက်တွေလာလာဟပ်တယ်…

    စာဥရေ..နာရောက်ပြန်ခဲ့မှာ
    😀

  • Khin Latt

    January 26, 2012 at 10:01 pm

    အစ်မအေး အမေက တော်တော်လေး စနစ်ကျပြီး စေ့စပ်သေချာ တဲ့ အမျိုးသမီးကြီး ဘဲ ထင်ပါရဲ့။
    အစ်မ ရော အမေ့ကို မှီရဲ့လား။ 😉

    ~~~ (၅)နှစ်သ္မီးအရွယ်တုံးကတော့တပင်ကို(၁)ကျပ်ခွဲ၊ ငါးမတ်နှုံး~~~
    ~~~ ပဉ္စမတန်း (၁ဝနှစ် ပေါ့ ) မှာ တပင်ကို ၁၂ ကျပ် ~~~
    ၅နှစ် အတွင်း ၁ဝဆကျော် နီးပါး ဈေးတက်သွားတာနော်။
    အခု ဆို ၄၅ နှစ် အတွင်း မှာ အဆ ၉ဝ မက ဈေးတက် သွားပြီ။ မဟုတ်လား။

    ကျွန်မ လဲ ငယ်ငယ် က မော်လမြိုင် မှာ တစ်နှစ် နေဘူးတယ်။
    အိမ်နောက်မှာ အုန်းပင် တွေအများကြီးဘဲ။
    “ဖုန်း” က နဲ သံကြားရင် နောက်ဖက်ပြေးထွက်ပြီး ကြွေကျတဲ့ အုန်းသီး ကို ကောက်တယ်။
    ပြုတ်ကျ တဲ့ အုန်းရွက်ကြွေ တွေကို ဆွဲပြီး ကစားတယ်။

    ချစ်ခင်စွာဖြင့်
    မလတ်

  • aye.kk

    January 26, 2012 at 11:16 pm

    ကိုဝင်းတော့ကာရေ…
    အဖေကစာတတ်ကာပညာရှိတော့၊ကျမတို့မောင်နှမတွေ
    ွအတွက်အုန်းရေသောက်ဖို့ဆိုပြီးသီးသန့်စိုက်ထားပေးတဲ့ဝက်မလွတ်အုန်းပေါ့နော်..
    အသားထူပြီးအရည်များတယ်၊အပင်သက်က(၁၂)နှစ်နဲ့သီးတာပေါ့နော်…
    အခြားအုန်းတွေထက်ရေကိုပိုကြိုက်လို့၊အဖေကရေတွင်းနဲ့နီးဆုံး
    အဝတ်လျှော်ဖွတ်ရေချိုးတဲ့နေရာမှာမြောင်းဖောက်ပြီးစိုက်ထားပေးတယ်၊အသီးကဆယ့်နှစ်လရာသီလုံးသီးတယ်၊အပင်ပုမျိုးပေါ့နော်..
    ဝက်တွေရဲ ့အရပ်နဲ့ပုံပမာနှိုင်းကာဝက်မလွတ်အုန်းလို့ခေါ်ကြတာဆိုပြီးအဖေပြောပြလို့သိရတယ်…
    တံချူလေးနဲ့ထိုးချပြီးခူးစားယုံဘဲ၊အသီးကအရေသောက်အတွက်အလွန်ကောင်းတယ်ချိုပြီးပြင်းတယ်..
    ဇွန်းချစ်ရင်အသားကထူတော့စားကောင်းတယ်…
    ကျမသားဦးကိုယ်ဝန်ဆောင်တုံးကမွှေးဖွားရတာလွယ်တယ်ဆိုပြီးဝတ်မလွတ်
    အုန်းသီးတွေခူးပြီးအုန်းအရေချည်းသောက်တာ၊မွှေးလာတော့ကလေးကဆံပင်တောင်သိပ်မပါဘူး…
    အုန်းရေအသောက်လွန်သွားလို့……။(သားကိုမီးဖွားပေးတဲ့ဆရာမကအုန်းရေကပူတယ်၊သောက်တာ
    များတော့တန်ဆေးလွန်ဘေးတဲ့လေ)
    ကိုကင်းရေ…..
    အဖေကစီးပွားရေးသမားဆိုတော့၊နီပေါကအုန်းမျိုးယူကာအိမ်မှာတပင်စိုက်ထားတာ..
    သူ့ကပင်လယ်ဆားငံဓတ်ကိုကြိုက်နှစ်သက်တော့၊အပင်ချေရင်းမှာဆားအမြဲပုံပေးရတယ်..
    အသီးကရွှေရောင်ဝင်းတော့နတ်အုန်းဝယ်သူများကအလွန်သဘောကျတယ်၊အသီးကအရမ်းလှတယ်…
    နတ်အုန်းအတွက်ရောင်းလို့မလောက်တဲ့အပြင်ဈေးကောင်းလည်းရတယ်…
    လာတောင်းဝယ်တဲ့လူလည်းအရမ်းများတယ်..
    အဖေကပြောတယ်နီပေါကထွက်တဲ့အုန်းမျိုးက၊ကမ္ဘာမှာလူအကြိုက်အများဆုံးဘဲတဲ့…
    အဖေကိုယ်တိုင်နီပေါကသယ်ယူလာခဲ့တာဆိုပြီးဂုဏ်ယူကာအမြဲပြောပြလေ့ရှိတယ်..။
    စိန်ပေါက်ပေါက်ရေ,….အမေကဘာသာရေးလည်းအလွန်ကိုင်းရှိုင်းတယ်…
    နောက်ထပ်ရေးမယ့်postမှာဖတ်ကြည့်ကာအားပေးပါဦးနော်။
    မလတ်,ေ၇…အမေ့ချေရာလိုက်မမီပါ၊အားလုံးတော့သိသလိုလိုနဲ့ပါ….
    တကယ်လိုက်လုပ်ရင်ရမှာမဟုတ်ဘူးလို့ထင်မိတယ်။

  • comegyi

    January 27, 2012 at 2:44 am

    မအေးကေကေခင်ဗျား
    ကျွန်တော်လည်း အခုမှ မန့်တဲ့အဆင့်ကိုရောက်တယ်ခင်ဗျ
    အရင်နေ့တွေတုန်းက ဂေဇက်ကို နောက်က ကျားလိုက်သလို ဝင်ဖတ်
    ပြီးရင်သုတ်သုတ်နဲ့ ကိုယ့်အလုပ်ပြန်လုပ်နဲ့ လုံးချာလည်နေတာက
    နိစ္စဓူဝပါ ……
    အစ်မရဲ့ ငါးပိကောင်အကြောင်းမှာကတည်းက
    မန့်ချင်နေတာဗျာ ….အခုပေါင်းပြီးမန့်လိုက်ပြီနော့
    အစ်မရဲ့ အမေက သိပ်ကိုစနစ်ကျတဲ့ မိခင်တစ်ယောက်ပါဗျာ
    ငါးပိကောင်ကို စနစ်တကျ သန့်သန့်ရှင်းရှင်း၊ စိတ်ရှည်ရှည်အပင်ပန်းခံလုပ်ရတာ
    ဝိုင်လုပ်ရတာထက်ကို လက်ဝင်သေးတယ်လို့ကျွန်တော်က ထင်မိတယ်
    အစ်မအမေကိုလည်း လေးစားမိတယ်
    အဖေကိုရောပေါ့
    အခုလည်း အုန်းအကြောင်း အုန်းတံမျက်စည်းအကြောင်းကို ဖတ်ရပြန်တော့လည်း
    ထိုနည်းလည်းကောင်းပါပဲဗျာ…..
    ပြီးတော့ ကျွန်တော်လည်း အုန်းအကြောင်းတော်တော်ရင်းနှီးဖူးပါသဗျ
    ငယ်ငယ်ကဆို အုန်းပင်ပေါ်တက် အုန်းလက်တွေကြားထဲဝင်ထိုင်ပြီး
    အုန်းသီးကို အပင်ပေါ်မှာ ဓါးမပါဘဲ အုန်းဖူးနဲ့ထိုးခွဲပြီး သောက်ခဲ့တဲ့ မော်ဒန်ငထွေးရူးပါခင်ဗျ
    ဟဟဟ……
    အစ်မကတော့အကြောင်းအရာတစ်ရပ်ကို စုုံစုံစေ့စေ့ မမေ့မလျှော့ရေးတတ်ပြောတတ်တာ
    မိဘတွေရဲ့ အကျင့်သီလကောင်းကိုရခဲ့လို့ထင်ပါ့ဗျာ
    ကျေးဇူးတင်ပါတယ်နော်…

Leave a Reply