ဘယ်လိုလဲ ဦးခင်မောင်ညို (ဘောဂဗေဒ) တစ်ဒေါ်လာ ၈၀၀၊ ၉၀၀၊ ၁၀၀၀ ကျပ်ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆို..
ရန်ကုန်၊ ဩဂုတ်လ ၇ ရက်။ ။လက်ရှိ ဖြစ်ပေါ်နေတဲ့ ဘက်ဂျက် အနေအထား၊ အစိုးရရဲ့ ငွေကြေးသုံးစွဲမှု အနေအထားအရ ငွေကြေး ဖောင်းပွမှု နည်းသွားနိုင်တဲ့ အတွက် ငွေကြေးလဲလှယ်မှု နှုန်းထားမှာ အရင်အတိုင်း တစ်ဒေါ်လာ ၈၀၀၊ ၉၀၀၊ ၁၀၀၀ ကျပ် ဆိုတာမျိုး ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောပါတယ်။ ဘဏ်များကြီးကြပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံ ဘဏ်များအသင်း အမှုဆောင် အဖွဲ့ရဲ့ အကြိမ် (၁၃၀) မြောက် အစည်းအဝေးမှာ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ပြောကြားတဲ့ မိန့်ခွန်းကို သုံးသပ်ပြီး ၎င်းက အဲဒီလို ပြောကြားတာပါ။
အဲဒါအပြင် ဈေးကြိုသတ်မှတ်၊ ကြိုတင်စာချုပ်နဲ့ အလုပ်လုပ်ကိုင်ကြသူတွေအနေနဲ့ ဒေါ်လာ ပေါက်ဈေးနဲ့ ပတ်သက်ပြီး မိမိနဲ့ အလုပ် လုပ်ကိုင်သူရဲ့ ဆက်ဆံရေးပေါ် မူတည်ပြီး အဆင်ပြေအောင် ညှိနှိုင်း လုပ်ကိုင်သင့်ကြောင်း၊ စာချုပ်ကို ချိုးဖောက်ပြီး ဂုဏ်သိက္ခာမဲ့ မလုပ်သင့်ကြောင်း အကြံပြုပါတယ်။ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းက ကြီးမှူးပြီး “Currency Exchange” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဦးခင်မောင်ညို (ဘောဂဗေဒ) ပြောကြားတာ ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားကို ဩဂုတ် ၅ ရက် မနက် ၁၀ နာရီက မြန်မာ အင်ဖိုတက် ပင်မဆောင် အခန်းအမှတ် ၂၀၅ မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ အခမ်းအနားမှာ ဦးခင်မောင်ညို (ဘောဂဗေဒ)နဲ့ တက်ရောက်လာကြသူတွေက စီးပွားရေး အကြောင်းတရား၊ အစိုးရဘက်ဂျက် ပေါ်လစီ၊ ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေး မူဝါဒတွေ အကြောင်း ဟောပြောဆွေးနွေး ခဲ့ကြပါတယ်။
ကိုယ့်ထက်တော်လို့ ဆွေးနွေးနေတာပါ
ပညာရှိသတိဖြစ်ခဲပေါ့ကွယ်
Was this answer helpful?
LikeDislikeခု …….ဘယ်လောက်ဖစ်သွားလို့လဲ…………???????//
Was this answer helpful?
LikeDislikeအဓိကအားဖြင့်ကတော့ ၀ယ်လိုအားနဲ့ရောင်းလိုအားပါပဲ။လက်ရှိအခြေအနေမှာ ကားတင်သွင်းခွင့်တွေကြောင့်ဈေးပြန်တက်လာလို့ထင်ပါတယ်…စီပွါးရေးလုပ်ငန်းရှင်တွေရဲ့ ၀ယ်လိုအားပေါ်မူတယ်၊ကျန်တဲ့ရင်းနှီးမျြတ်နှံတဲ့သူတွေကလည်းအခြေအနေပေါမူတည်ပြီး ၀ယ်ယူစုဆောင်းမူတွေကြောင့်လည်းပါမှာပါ။အဓိကတော့ ဒေါ်လာဈေးပြန်တက်တာကိုအကြောင်းပြပြီးနောက်က ကုန်ဈေးနှုံးလိုက်မတက်စေဖို့ပဲလိုပါတယ်…
Was this answer helpful?
LikeDislike26.1.201
Yangon Market @ 3:00 PM
DOL>> 1 DOL = 825 – 840 Kyats.
[ Buy = 825 Kyats // Sell = 840 Kyats ]
Other Market @ 3:00 PM
DOL>> 1 DOL = 820 – 824 Kyats.
[ Buy = 820 Kyats // Sell = 824 Kyats ]
–
Note:
Yangon Market means Thein Phyu Money Changer Center.
Currency Exchange Price May be Change Time & Place.
ဘာရယ်ညာရယ် တော့ မဟုတ်ပါဘူး
ဒီပို့ စ် ကို ဖတ်အပြီး ဒေါ်လာဈေးသိချင်လို့ ၊ “ မြန်မာအိတ်စ်ချိန်း ” မှာ သွားမေးလာခဲ့တာ ကို ကွန်မင့်လိုက်တာ ။
Was this answer helpful?
LikeDislikeအလကား ခင်မောင်ညို ( ဘောမ ) ငဖြီး ငဖား။
ခင်ညွန့်နားသွားကပ်ပြီး ဘာလျှက်ဖို့ချောင်းနေမှန်းမသိတဲ့ အချိန်မစီးတာကြီး။
ခင်ရွှေ့တပည့်သွားလုပ်နေတဲ့ အရှက်မရှိ အန္ဓဗာလ၊ စားစရာမရှိ လို့မဟုတ်ပဲ ကို ခင်ရွှေ့ ကျွန်ခံချင်တာ။
Was this answer helpful?
LikeDislikeမှန်၏
Was this answer helpful?
LikeDislikeလက်ရှိစီးပွားရေးအခြေအနေက ဘယ်သူမှမှန်းဆလို့မရနိုင်ပါဘူးး
မဖြစ်နိုင်ဘူးဆိုတာတွေဖြစ်လာသလို ..ဖြစ်မယ်ဆိုတာတွေလည်း ဖြစ်မလာနိုင်ပါဘူးး
ဒါကို ကြိုတင်မှန်းဆမယ်ဆိုရင်တော့… အဲလူ ဟာ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေလို့ပဲနေမှာပေါ့ …
Was this answer helpful?
LikeDislikeအံမယ် .. တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မကြားဖူးတာတွေ ကြားနေရတယ် … FEC ကတောင် ဒေါ်လာထက် ပိုများနေတယ်… မနေ့ကပေါက်ဈေး 830ရှိနေတယ် …. ။
ရှိတဲ့ အစိမ်းလေးတွေကို .. သိမ်းထားကြပါဗျို့ … ဥထားကြပါဗျို့ ..
(20ကျန်တန်ကိုပြောတာနော် ..ကားစိးရင် အသုံးဝင်တယ် :D :D )
Was this answer helpful?
LikeDislikeလက်ရှိစီးပွားရေးအခြေအနေကို ကြိုတင်မှန်းဆလို့ရ တဲ့ အပြင်ကြိုတင် ငွေကြေးလဲလှယ်မှု နှုန်းထား သတ်မှတ်၊နိုင်တဲ့ ဂုဏ်သိက္ခာမဲ့ အကျင့်ပျက် လူတွေ လုပ်စားနေ ကြတာပါလို့ မြင်မိတယ် ။
ဘာစီမံကိန်းရှိသလဲဆိုတာကို သတင်းရင်းမြစ်တွေပူးပေါင်းရယူ ပြီး စီးပွားရေးလက်ဝါးကြီးအုပ် နေတယ်လို့ထင်မိတယ် ။ မြန်မာပြည်သူတွေဟာ သူတွေရဲ့ ဒဏ်ကို ခံနေကြရတာပါ။
ဈေးကွက်စီးပွားရေးကစား … ကုန်ဈေးနှုန်းတက်အောင်…. ငွေကြေး ဖောင်းပွအောင်… ဖွတာဖြစ်မယ်။
မြန်မာနိုင်ငံ ရဲ့လက်ရှိစီးပွားရေးအခြေအနေ တရားမျှတတယ်လို့ ထင်ပါသလား ။
Was this answer helpful?
LikeDislikeစည်းစံနစ် မကျသေးတဲ့တိုင်းပြည်မှာ စီးပွါးရေးတွက်ကိန်းတွေ ဆရာကြီး စတိုင် ပြောမိရင် ဒီလိုဖြစ်တတ်
ပါတယ် ရိုးသားစွာ ဆွေးနွေးသွားးကြတာ အကောင်းဆုံးပါ
Was this answer helpful?
LikeDislike