ဘယ်လိုလဲ ဦးခင်မောင်ညို (ဘောဂဗေဒ) တစ်ဒေါ်လာ ၈၀၀၊ ၉၀၀၊ ၁၀၀ဝ ကျပ ်ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆို..

the bestJanuary 26, 20121min12010

ရန်ကုန်၊ ဩဂုတ်လ ရ ရက်။ ။လက်ရှိ ဖြစ်ပေါ်နေတဲ့ ဘက်ဂျက် အနေအထား၊ အစိုးရရဲ့ ငွေကြေးသုံးစွဲမှု အနေအထားအရ ငွေကြေး ဖောင်းပွမှု နည်းသွားနိုင်တဲ့ အတွက် ငွေကြေးလဲလှယ်မှု နှုန်းထားမှာ အရင်အတိုင်း တစ်ဒေါ်လာ ၈၀၀၊ ၉၀၀၊ ၁၀၀ဝ ကျပ် ဆိုတာမျိုး ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောပါတယ်။ ဘဏ်များကြီးကြပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံ ဘဏ်များအသင်း အမှုဆောင် အဖွဲ့ရဲ့ အကြိမ် (၁၃၀) မြောက် အစည်းအဝေးမှာ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ပြောကြားတဲ့ မိန့်ခွန်းကို သုံးသပ်ပြီး ၎င်းက အဲဒီလို ပြောကြားတာပါ။

အဲဒါအပြင် ဈေးကြိုသတ်မှတ်၊ ကြိုတင်စာချုပ်နဲ့ အလုပ်လုပ်ကိုင်ကြသူတွေအနေနဲ့ ဒေါ်လာ ပေါက်ဈေးနဲ့ ပတ်သက်ပြီး မိမိနဲ့ အလုပ် လုပ်ကိုင်သူရဲ့ ဆက်ဆံရေးပေါ် မူတည်ပြီး အဆင်ပြေအောင် ညှိနှိုင်း လုပ်ကိုင်သင့်ကြောင်း၊ စာချုပ်ကို ချိုးဖောက်ပြီး ဂုဏ်သိက္ခာမဲ့ မလုပ်သင့်ကြောင်း အကြံပြုပါတယ်။ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းက ကြီးမှူးပြီး “Currency Exchange” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဦးခင်မောင်ညို (ဘောဂဗေဒ) ပြောကြားတာ ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားကို ဩဂုတ် ၅ ရက် မနက် ၁ဝ နာရီက မြန်မာ အင်ဖိုတက် ပင်မဆောင် အခန်းအမှတ် ၂၀၅ မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ အခမ်းအနားမှာ ဦးခင်မောင်ညို (ဘောဂဗေဒ)နဲ့ တက်ရောက်လာကြသူတွေက စီးပွားရေး အကြောင်းတရား၊ အစိုးရဘက်ဂျက် ပေါ်လစီ၊ ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေး မူဝါဒတွေ အကြောင်း ဟောပြောဆွေးနွေး ခဲ့ကြပါတယ်။


10 comments

  • water-melon

    January 26, 2012 at 7:31 pm

    ကိုယ့်ထက်တော်လို့ ဆွေးနွေးနေတာပါ
    ပညာရှိသတိဖြစ်ခဲပေါ့ကွယ်

  • naywoonni

    January 26, 2012 at 7:36 pm

    ခု …….ဘယ်လောက်ဖစ်သွားလို့လဲ…………???????//

  • zaw min

    January 26, 2012 at 9:01 pm

    အဓိကအားဖြင့်ကတော့ ဝယ်လိုအားနဲ့ရောင်းလိုအားပါပဲ။လက်ရှိအခြေအနေမှာ ကားတင်သွင်းခွင့်တွေကြောင့်ဈေးပြန်တက်လာလို့ထင်ပါတယ်…စီပွါးရေးလုပ်ငန်းရှင်တွေရဲ့ ဝယ်လိုအားပေါ်မူတယ်၊ကျန်တဲ့ရင်းနှီးမြျတ်နှံတဲ့သူတွေကလည်းအခြေအနေပေါမူတည်ပြီး ဝယ်ယူစုဆောင်းမူတွေကြောင့်လည်းပါမှာပါ။အဓိကတော့ ဒေါ်လာဈေးပြန်တက်တာကိုအကြောင်းပြပြီးနောက်က ကုန်ဈေးနှုံးလိုက်မတက်စေဖို့ပဲလိုပါတယ်…

  • windtalker

    January 26, 2012 at 9:29 pm

    26.1.201
    Yangon Market @ 3:00 PM
    DOL>> 1 DOL = 825 – 840 Kyats.
    [ Buy = 825 Kyats // Sell = 840 Kyats ]
    Other Market @ 3:00 PM
    DOL>> 1 DOL = 820 – 824 Kyats.
    [ Buy = 820 Kyats // Sell = 824 Kyats ]

    Note:
    Yangon Market means Thein Phyu Money Changer Center.
    Currency Exchange Price May be Change Time & Place.
    ဘာရယ်ညာရယ် တော့ မဟုတ်ပါဘူး
    ဒီပို ့စ် ကို ဖတ်အပြီး ဒေါ်လာဈေးသိချင်လို ့၊ “ မြန်မာအိတ်စ်ချိန်း ” မှာ သွားမေးလာခဲ့တာ ကို ကွန်မင့်လိုက်တာ ။

  • လင်းဝေ

    January 27, 2012 at 10:05 am

    အလကား ခင်မောင်ညို ( ဘောမ ) ငဖြီး ငဖား။
    ခင်ညွန့်နားသွားကပ်ပြီး ဘာလျှက်ဖို့ချောင်းနေမှန်းမသိတဲ့ အချိန်မစီးတာကြီး။
    ခင်ရွှေ့တပည့်သွားလုပ်နေတဲ့ အရှက်မရှိ အန္ဓဗာလ၊ စားစရာမရှိ လို့မဟုတ်ပဲ ကို ခင်ရွှေ့ ကျွန်ခံချင်တာ။

    • ကြောင်ကြီး

      January 27, 2012 at 10:14 am

      မှန်၏

  • jujuma

    January 27, 2012 at 12:56 pm

    လက်ရှိစီးပွားရေးအခြေအနေက ဘယ်သူမှမှန်းဆလို့မရနိုင်ပါဘူးး
    မဖြစ်နိုင်ဘူးဆိုတာတွေဖြစ်လာသလို ..ဖြစ်မယ်ဆိုတာတွေလည်း ဖြစ်မလာနိုင်ပါဘူးး
    ဒါကို ကြိုတင်မှန်းဆမယ်ဆိုရင်တော့… အဲလူ ဟာ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးနေလို့ပဲနေမှာပေါ့ …

  • etone

    January 27, 2012 at 1:13 pm

    အံမယ် .. တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မကြားဖူးတာတွေ ကြားနေရတယ် … FEC ကတောင် ဒေါ်လာထက် ပိုများနေတယ်… မနေ့ကပေါက်ဈေး 830ရှိနေတယ် …. ။

    ရှိတဲ့ အစိမ်းလေးတွေကို .. သိမ်းထားကြပါဗျို့ … ဥထားကြပါဗျို့ ..

    (20ကျန်တန်ကိုပြောတာနော် ..ကားစိးရင် အသုံးဝင်တယ် 😀 😀 )

  • the best

    January 28, 2012 at 10:09 am

    လက်ရှိစီးပွားရေးအခြေအနေကို ကြိုတင်မှန်းဆလို့ရ တဲ့ အပြင်ကြိုတင် ငွေကြေးလဲလှယ်မှု နှုန်းထား သတ်မှတ်၊နိုင်တဲ့ ဂုဏ်သိက္ခာမဲ့ အကျင့်ပျက် လူတွေ လုပ်စားနေ ကြတာပါလို့ မြင်မိတယ် ။
    ဘာစီမံကိန်းရှိသလဲဆိုတာကို သတင်းရင်းမြစ်တွေပူးပေါင်းရယူ ပြီး စီးပွားရေးလက်ဝါးကြီးအုပ် နေတယ်လို့ထင်မိတယ် ။ မြန်မာပြည်သူတွေဟာ သူတွေရဲ့ ဒဏ်ကို ခံနေကြရတာပါ။
    ဈေးကွက်စီးပွားရေးကစား … ကုန်ဈေးနှုန်းတက်အောင်…. ငွေကြေး ဖောင်းပွအောင်… ဖွတာဖြစ်မယ်။
    မြန်မာနိုင်ငံ ရဲ့လက်ရှိစီးပွားရေးအခြေအနေ တရားမျှတတယ်လို့ ထင်ပါသလား ။

  • kokothandar

    January 30, 2012 at 11:51 am

    စည်းစံနစ် မကျသေးတဲ့တိုင်းပြည်မှာ စီးပါွးရေးတွက်ကိန်းတွေ ဆရာကြီး စတိုင် ပြောမိရင် ဒီလိုဖြစ်တတ်
    ပါတယ် ရိုးသားစွာ ဆွေးနွေးသွားးကြတာ အကောင်းဆုံးပါ

Leave a Reply