မြန်မာပြည်၏အကြီးဆုံးခြင်္သေ့ကြီးကဘယ်မှာလဲ ဘယ်လောက်ရှိလဲ သိချင်ရင် ….

thihayarzarJune 1, 20101min874

မြန်မာနိုင်ငံ၏အကြီးမားဆုံး ခြင်္သေ့ကြီးနှစ်ကောင်မှာ စစ်ကိုင်းတိုင်းက မင်းကွန်းမှာဖြစ်ပါတယ် … ဒီခြင်္သေ့ကြီးနှစ်ကောင်ကို ဘိုးတော်မင်းတရားသည် မင်းကွန်းပုထိုးတော်ကြီး၊ အလေးချိန် ( ၅၅၅၅၅)ရှိ မင်းကွန်းခေါင်းလောင်းတော်ကြီး တို့နှင့်အတူတူ တည်ဆောက်ခဲ့သည်။ ခြင်္သေ့ကြီး၏အမြင့်မှာ ( ၉၅ ) ပေရှိသည်။ မင်းကွန်းပုထိုးတော်ကြီးရှေ့တွင်တည်ထားသည်။ မင်းကွန်းပုထိုးတော်ကြီးအားပြီးမြောက်အောင် တည်ဆောက်နိုင်ခဲ့ပါက ကမာ္ဘကမြန်မာတို့၏ ဘာသာရေးအလေးထားပုံ၊ ဇွဲ သတ္တိရှိပုံ တို့ကို အံမခန်းချီးကျူးကြမည်မှာ  ဧကန်အမှန်ပင်ဖြစ်သည်။ ဘိုးတော်မင်းတရားသည် ဘုရားတည်ဆောက်နေဆဲမှာပင် လုပ်ကြံခံရ၏ ပုထိုးတော်ကြီးမှာ  အောက်ခြေအုတ်မြစ်ပဲ ပြီးသေးသည်။ သက္ကရာဇ် ၁၂၀ဝ ပြည့်နှစ် မြေငလျင်ဒဏ်ကြီးကြောင့် မင်းကွန်းပုထိုးတော်ကြီးနှင့်ခြင်္သေ့ရုပ်ထုကြီးများဟာ ကွဲအက်ပျက်စီးခဲ့ရပါတယ်။

4 comments

  • thihayarzar

    June 1, 2010 at 7:10 pm

    အရမ်းကိုဝမ်းနည်းစရာကောင်းပါတယ် ….မပြီးသေးတာတောင် နိုင်ငံခြားသားတွေ ဒီလောက်လာနေတာ ပြီးလို့ကတော့ မြန်မာနဲ့ဥရောပနဲ့နေရာမှားသွားမယ် …..

  • kai

    June 1, 2010 at 9:29 pm

    အရမ်းကိုဝမ်းနည်းစရာကောင်းပါတယ်..။ အဲဒီခြင်္သေ့ကြီးဆောက်တာ..လူတွေဘယ်နှယောက်များ သေကုန်သလဲ…ဟင်..။
    အဲဒါကြီးလုပ်မဲ့အစား..ရေကာတာကြီးသာဆောက်လိုက်ရင်…အခုဆို မင်းကွန်းနယ်လည်း မြန်မာနဲ့..နတ်ပြည်မှားသွားလောက်မှာပါ..။

    နောက်တာနော..။

  • Rain girl

    June 2, 2010 at 3:44 am

    ကိုယ့် အတွေးနဲ့ ကိုယ် Calsome ကွေကာ သောက်ကျတာပေါ့ကွယ်။

  • etone

    June 22, 2010 at 7:00 am

    တစ်ကယ်အောက်မေ့လို့ ဘာကိစ္စအရုပ်ကိုပြောတာတုန်း ။ သက်ရှိထင်လို့ ဟွန်း ။

Leave a Reply