မင်းကောင် လျှားသွောက်နေသည် (၃) အင်းစားတို ့နေရာ(၁)

KingJanuary 26, 20123min14110

အပိုင်းလိုက်တင်နေရင်းနဲ့ မတင်ဖြစ်တာ အကြောင်းကြောင်းများကြောင့်ပါ … 😛 ဒီတစ်ခါတော့ အင်းလေး ဒေသ သူတို့အခေါ် အင်းစား တို့ ဒေသပေါ့ဗျာ … အင်းစားတို့ဒေသကို အတူတကွ လည်ကြရအောင်ဗျာ  ………..

 

စင်ရော် ငှက်ကလေးတွေကို အစာကျွေးရင်း ရိုက်လိုက်တာ အစာတောင် လေထဲမှာ ပါနေသေးတယ်ဗျ

စေတီတော်ရဲ့ ဘွဲ့တော့ မသိဘူးဗျ … သိသူများရှိရင် ပြောပေးကြပါ ( .♫♪ .. လမ်းကြုံရင် ပြောပေးကြပါ ..♫♪ . )

အချင်းချင်း ကပ်ကျော်သွားတာဗျာ

နောက်တစ်စင်းကလည်း ကျွန်တော့်တို့ကို ထားခဲ့တော့မယ်ဗျ

ငါးဘယ်နှစ်ကောင် ရမလဲမသိဘူးနော် (ပျမ်းမျှ သိတဲ့သူများရှိမလားဗျ)

ဘေးပတ်ဝန်းကျင်ကို အမှတ်တမဲ့

 

ဖောင်တော်ဦး ရုပ်ပွားတော်တွေ ဖူးမြော်နိုင်ဖို့ … (နည်းနည်းလောက် အမြင်ကလေးများသိချင်ပါတယ်ဗျ ရုပ်ပွားတော်တွေကို ရွှေချတာနဲ့ပတ်သတ်လို့ ဘယ်လိုမြင်ကြလဲဗျ … ဖြေပေးကြပါ )

 

ဖောင်တော်ဦး ဘုရားပွဲမှာ ဒီဖောင်တော်နဲ့ ပင့်ဆောင်တာတဲ့ … အရှေ့တည့်တည့်ကလည်း ရိုက်လို့မရဘူး ရေတွေပဲရှိတယ်ဗျ

ဖောင်တော်ကို ဒီလှေတွေနဲ့ ဆွဲကြတာလေဗျာ ..

 

ဒါကတော့ အင်းလေးမှာရောင်းတဲ့ ငါးဒုက္ခဆိုတဲ့ ဟင်းပေါ့ … ဘယ်လိုလုပ်လဲသိသူများ ပြောပေးကြပါ … 😛

 

မဝယ်ဘဲ ရိုက်ယူလာတဲ့ အထည်တွေ ရွာသူ/သားတွေ အတွက် လက်ဆောင်ပေါ့ …

 

…♫..♪ … ငွေသင်ဖြူးလေးခင်းထားသလို သတင်းစကားဆိုလောက်တယ် ..♫..♪ … ရေပေါ်မှာ အိမ်ကလေးတွေ ဆောက်တယ် ..♫..♪ … လှေလှော်ကာ ………………………………. ..♫..♪ …

 

အားလုံးကိုချစ်ခင်တဲ့

KING

 

10 comments

  • စိန်ပေါက်ပေါက်

    January 26, 2012 at 8:15 pm

    ငါးဒုတ်ခ ဆိုပါကလား..
    ထမင်းရယ်..ငြုပ်သီးမှုန် ့ရယ်..အာလူးရယ်..ကြက်သွန်ဖြူရယ်..နံနံပင်ရယ်..သခွားသီးရယ်..
    ပုဇွန်ခြောက်ရယ် ရှယ်ပြီး.နယ်ပြီး..ပယ်ပယ်နယ်နယ်တီးလိုက်ရင်တော့..
    တစ်ဇလုံလောက် ပလုံမှာသေချာတယ်.. 😀

    စကားမစပ်…မင်းကောင်နဲ ့.ပုလင်းထောင်ကင်းကောင် ဘာတော်လဲဂျ

  • windtalker

    January 26, 2012 at 8:34 pm

    အိမ်း မေးခွန်းများကို တွေ ့ရှိရပေမယ့်
    ဘိုးပေ မဖြေနိုင်တာကို ခွေးလွတ်ပါကွဲ ့
    ပလောင်ထင်း ရင် မောင်ကင်း လို ့ရပေမယ့်
    အပေါက်ချော်ရင် ပေါက်ဖော် လို ့လဲ သိထားကွဲ ့

  • water-melon

    January 26, 2012 at 9:04 pm

    ငါးဒုက္ခကြော် စားချင်ရင် မန်းလေးနန်းရှေ့က ဝင်းစံပယ်မှာ သွားစားလိုက်
    ဟိတ်ဟိတ် နွားနို့နော် ပြိုင်သောက်မယ် မေ့နေမှာစိုးလို့

  • comegyi

    January 27, 2012 at 12:59 am

    ပေါက်ဖော်တို့က အစားလည်း မလွတ်
    အသောက်လည်းမလွတ်ပါလား
    ဆီရေလေဝိုင် အကုန်ပြည့်စုံပါပေတယ် .

  • Moe Z

    January 27, 2012 at 11:42 am

    စိတ်ပုတ်တဲ့ ဘဘကင်း၊ အကျင့်မကောင်းတဲ့ ဘဘကင်း
    ဓာတ်ပုံပြပြီး အထည်တွေ လိုချင်အောင်လုပ်နေတယ် 🙁
    (ဟီး … ကိုယ်ကလိုချင်တဲ့ပုံပဲရွေးကြည့်တာကို)

  • ကိုရင်စည်သူ

    January 27, 2012 at 11:49 am

    ဘွဲ့တံဆိပ်တော် ကိုးဘွဲ့ရ အဘကင်းရေ…
    ပုံတွေထဲမှာ ငါးဟင်းစားချင်တယ်.. ဘာဟင်းလဲတော့မသိဘူး
    စားချင်တာပဲသိဒယ်… စကားမစပ်
    ကိုရင်ကင်းက မြန်မာပြည်အထက်ပိုင်းကလားဗျာ…
    အောက်က အထည်ပုံလေးကိုတော့ မိုးလေးကို လက်ဆောင်ပေးလိုက်တယ်.. ဟိဟိ… 😉
    ဒတ်..ဂ..လောက်.. ဒတ်.. ဂလောက်…
    ပဲ.. အဲ.. အဲ…

  • char too lan

    January 27, 2012 at 4:00 pm

    အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ မှောင်တော်ကင်း……. ငါးဟင်းစားဂျင်လိုက်ဒါ
    “ဖောင်တော်ကို ဒီလှေတွေနဲ့ ဆွဲကြတာလေဗျာ ..” ဆိုတဲ့ပုံမှာလေ အဲ့ဒီအဆောင်ကြီးကို ပြင်ပြီးပြီလားဗျ !!
    ကျနော်တို့ရောက်ခဲ့တုန်းက အဲ့အဆောင်ကြီးတော်တော်ရွဲနေပီ မဲမဲမှောင်မှောင်ကြီးကိုဖြစ်လို့ …….. 🙁

  • @ ပေါက်ပေါက်ရေ
    မင်းကောင်နဲ ့.ပုလင်းထောင်ကင်းကောင် က
    ဖအေမတူ
    မအေကွဲ ညီအစ်ကိုပါဗျ … 😛

    ===========================================
    @ ကိုပေ
    ပလောင်ထင်း ရင် မောင်ကင်း
    အပေါက်ချော်ရင် ပေါက်ဖော်
    ဒါဆိုရင် ကိုတော်ကာ က
    အပျိုခေါ်လာတဲ့ ကိုတော်ကာပေါ့ …. ငှဲ ငှဲ 😛
    ===========================================
    @ ဖရဲသီးလေး
    နို့ပြိုင်သောက်ရမှာလား … မသိပါဘူး နို့ပြိုင် ……… ရမှာထင်နေတာ 😛
    ဘယ်ပြိုင်ပွဲမှ ဆုမရခဲ့တာမရှိတဲ့ မင်းကောင်ကွ (မှတ်ချက်။ ဇွဲဆုများသာ) 😛 ……….

    ===========================================
    @ ကို comegyi ရေ
    ကပေါက်ဖော်က အကုန်မလွတ်ပါဘူးကွယ်
    မနက်မနက်မဒမ်ဖော်တစ်ယောက် ညက သေးစိုတွေ ထုတ်ထုတ်လှန်းလှန်းနေရပါတယ် …. 😛
    ===========================================
    @ မြေးမလေး
    ဒါတင်မကသေးဘူး ရှမ်းလုံချည်လေးတွေက လှမလှ
    မြေးမလေးလိုချင်မှန်းသိရင် ဝယ်ခဲ့တာပေါ့
    အမေ့အတွက် တစ်စုံဝယ်လာခဲ့တယ် …
    အိမ်မှာက ကျန်တာ ကျားတွေပဲ ဆိုတော့ ………… 😛

    ===========================================
    @ ကိုရင်စည်
    ဓါတ်ပုံထဲက ငါးဒုက္ခ ဟင်းပါဗျာ
    မြန်မာပြည်အထက်ပိုင်းကလား ဆိုတော့ မဟုတ်ဘူး
    အောက်ပိုင်းကလည်း မဟုတ်ပြန်
    အလယ်ပိုင်းဆိုတာ ဘယ်နားကိုပြောမှန်းမသိ
    မြေလတ်ပိုင်းသားလို့ ထင်မိပါတယ် …. 😛
    ===========================================
    @ နှမတော်လေးချာချာ
    မှောင်တော်တို့ ရောက်တုန်းက ပုံထဲမှာ မြင်တဲ့အတိုင်း ကြည့်ရတာ အဆင်ပြေနေတဲ့ပုံပါပဲ

    ===========================================

    မေးခွန်းလေးတွေလည်း ဖြေမပေးကြဘူး
    အားလုံးကိုချစ်ခင်တဲ့
    KING

  • FattyCat

    January 27, 2012 at 4:55 pm

    ငါးဒုတ်ခဆိုတာ…
    အင်းထဲမှာပဲရှိတဲ့ “ငါးဖိန်း” ဆိုတဲ့ငါးကို ဗိုက်ကိုခွဲ ကလီစာတွေကို သန့်ရှင်းအောင်လုပ်ပြီး
    ဗိုက်ထဲပြန်ထည့်ကာ ဆီနဲ့ထည့်ကြော်ပါတယ်…
    ကြော်ပြီးသားငါးကို ဒီအတိုင်းစားချင်စား၊ မစားချင်ရင် ခရမ်းချဉ်းသီး (အင်းသီး)၊ ငရုတ်သီး၊ ကြက်သွန်မိတ် တို့နဲ့ ဟင်းလေးပြန်ချက်ပြီး နံနံပင်လေးအုပ်ထားတာကိုပြောတာပါ…
    ပုံထဲက ငါးဒုတ်ခကတော့ ဆိုင်ချက်ပေါ့…အိမ်ချက်လေးစားချင်ရင် အင်းသူလှလှလေးရှာထားမှဖြစ်မယ်ဗျို့..
    ငါးဖိန်းဆိုတဲ့ ငါးအရသာက ရန်ကုန်မှာရှိတဲ့ တီလားဗီးယားလို အရသာမျိုးပါပဲ
    ဒါပေမယ့် ပိုပြီးချိုတာရယ်…
    အရသာပြင်းတာလေးရယ်ကြောင့် ပိုစားကောင်းနေသလားတော့ထင်ရတာပဲ…

    တကယ်ဆို အတိတ်က အင်းသူလေးနဲ့လဲ ဝေးခဲ့ပြီး… (ကလေးနှစ်ယောက်တောင်ရနေပြီဆိုလားပဲ)
    ငါးဒုတ်ခကိုမစားရတာလဲ ဆယ်စုနှစ်ကျော်ခဲ့ပြီ…
    ကင်းရယ်…အတိတ်က ဒဏ်ရာတွေကို စွရက်လေသလား….

    • ငါးဒုက္ခ အကြောင်း ပြည့်ပြည့်စုံစုံ ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်
      ကိုကြောင်ဝတုတ်

      အတိတ်က ဒဏ်ရာကို မသိရိုးအမှန်နဲ့ တိုက်ဆိုင်စွာ စွမိသွားတာပါဗျ … 😛
      အင်းသူ ချောချောလေး ဓါတ်ပုံကိုတောင် ရိုက်လာသေးတယ်
      တင်ချင်ပေမယ့် ခွင့်မတောင်းမိတော့ မတင်တော့ဘူးလေ
      ကိုကြောင်ဝတုတ်ရဲ့ အဆက်ဟောင်းရဲ့ အဆက်တွေလားမသိ လှတော့လှတယ် ဒါပေမယ့် ………. 😛

Leave a Reply