ကတိတစ်လုံး…

yannaingechJune 2, 20101min540

ဂျပန်ဝန်ကြီးချုပ် ယူကီအိုဟာတိုယာမ တစ်ယောက်တော့ နှုတ်ထွက်သွားပါပြီ။ ကတိတစ်လုံးအတွက် သူရခဲ့တာတွေအားလုံးကို အဲဒီကတိတစ်လုံးအတွက် သူပြန်စွန့်လွှတ်လိုက်ပြီ။

ဝန်ကြီးချုပ်ဖြစ်လာခဲ့ရင် အိုကီနာဝါကျွန်းက အမေရိကန်စစ်အခြေစိုက်စခန်းကို ဖယ်ရှားပေးပါ့မယ် ဆိုတဲ့ကတိကို သူပေးခဲ့တယ်။ ခုတော့ အဲဒီကတိကို သူမစောင့်ထိန်း နိုင်တော့။ အဲဒီတော့လည်း ရှစ်လတာကြာပြီဖြစ်တဲ့ ဝန်ကြီးချုပ်ရာထူးကို သူစွန့်လွှတ်လိုက်ပါပြီ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော ဘယ်ပါတီက ဘယ်သူတွေက ဘယ်လိုကတိတွေများ ပေးကြဦးမလဲ။ သူတို့ပေးတဲ့ကတိတွေကို သူတို့ စောင့်ထိန်းဖြည့်ဆည်း ပါ့မလား။ သူတို့ကတိမတည်နိုင်ကြရင် သူတို့ဘာလုပ်ကြမလဲ။ ပြည်သူတွေကရော သူတို့ကို ဘာလုပ်နိုင်ပါမလဲ…