ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ (MYANMAR WRITERS AND JOURNALISTS ASSOCIATION) က ကြေညာချက်ထုတ်ပြန်

khinmintatthuJune 2, 20101min19418

ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့(MYANMAR WRITERS AND JOURNALISTS ASSOCIATION) က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။
အဆိုပါ ထုတ်ပြန်ချက်သည် မေလ ၁၉ ရက်နေ့ညပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက 

7 Day News  ဂျာနယ်၏ သတင်းထောက်အား ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများအရ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။
ဖြစ်စဉ်မှာ မေလ ၁၉ ရက် နေ့က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ် ခဲ့သော Johnson’s Baby Lotion ကုန်ပစ္စည်း အရောင်းမြှင့်တင်ပွဲသို့ တက်ရောက်လာသည့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးအား 7 Day News ဂျာနယ်သတင်းထောက် မအေးသူစံ က ကြိုတင်ချိန်းဆို ထားကြသည့်အတိုင်း တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ ထိုသို့ မေးမြန်းရာတွင် ကာယကံရှင် မနှစ်သက်သော မေးခွန်းများပါဝင်၍ ကာယကံရှင်က ထွက်သွားရန်ပြောကြောင်း၊ သတင်းထောက်က ကာယကံရှင် မနှစ်သက်သော မေးခွန်းမေးမိသည့်အပေါ် ပြန်လည်တောင်းပန်၍ ထွက်ခွာခဲ့ကြောင်း သိရသည်။
ယင်းသို့ မေးမြန်းမှုပြုလုပ်ခဲ့ပြီး ခေတ္တခဏမျှအကြာတွင် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက Perfect မဂ္ဂဇင်းမှ မခင်သက်ဦးကို 7 Day News ဂျာနယ်သတင်းထောက် မအေးသူစံအား ခေါ်ခိုင်းကြောင်း သိရပါသည်။ ထို့နောက် ထက်ထက်မိုးဦးသည် သတင်းထောက် မအေးသူစံကို ballroom ရှေ့ လူမြင်ကွင်းတွင် ကာယကံမြောက်ကျူး လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ကာယကံမြောက် ကျူးလွန်ပြီးနောက် ထက်ထက်မိုးဦးသည် အခမ်းအနားကျင်းပနေရာ ခန်းမအတွင်းသို့ Perfect  မဂ္ဂဇင်းမှ မခင်သက်ဦးနှင့်အတူ ပြန်ဝင်သွားကြောင်း ကိုယ်တွေ့ကြုံသူများနှင့် ကာယကံရှင်၏ ပြောကြားချက်အရ သိရသည်။
ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက်  7 Day News ဂျာနယ်သတင်းထောက်သည် ညတွင်းချင်းပင် ရန်ကင်း ရဲတပ်ဖွဲ့စခန်းသို့ အမှုဖွင့် အရေးယူပေးပါရန် တိုင်ကြားခဲ့ကြောင်းနှင့် နောက်တစ်ရက် (မေလ ၂ဝ ရက်နေ့)တွင် ရန်ကင်းတရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်တွင်းသတင်းဂျာနယ် အချို့က သရုပ်ဆောင် ထက်ထက် မိုးဦးအား မေးမြန်းမှုကိုငြင်းဆန်ခဲ့သော်လည်း ပြည်ပအခြေစိုက်သတင်း ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သော ဧရာဝတီတွင်မူ သရုပ်ဆောင် ထက်ထက်မိုးဦး နှင့်တွေ့ဆုံမေးမြန်းမှုကို ဖော်ပြထားကြောင်းလည်း သိရှိရပါသည်။
အဆိုပါ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ‘မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်’ ခေါင်းစဉ်ပါ တွေ့ဆုံမေးမြန်းမှုတွင် သရုပ်ဆောင် ထက်ထက်မိုးဦးက တရားရုံးကဆင့်ခေါ်ခြင်းနှင့် ပတ်သက်၍ မည်ကဲ့သို့ ရင်ဆိုင်ရန် စီစဉ်ထားသလဲဟု မေးမြန်းမှုအပေါ် ‘ဘယ်လိုရင်ဆိုင်မလဲ ဆိုတော့ ကိုယ်ကသူများကို မဟုတ်တာလုပ်ခဲ့တာလည်း မဟုတ်ဘူး။ ကွယ်ရာမှာ ချောင်းရိုက်တာလဲ မဟုတ်ဘူးလေ’စသည်ဖြင့် ပြန်လည် ဖြေကြားခဲ့ကြောင်း တွေ့ရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး  7 Day News ဂျာနယ်အနေဖြင့် သက်ဆိုင်ရာ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့သို့ လည်းကောင်း၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးသို့ လည်းကောင်း၊ အသိပေးတိုင်ကြား မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါသည်။
7 Day News ဂျာနယ်၏ တိုင်ကြားချက်အရ ညှိနှိုင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က မေလ ၃၁ ရက်နေ့က ကြေညာချက်တစ် ရပ်ထုတ်ပြန်ခဲ့ကြောင်း သိရပါသည်။ ၎င်းထုတ်ပြန်ချက်မှာ ပူးတွဲပါအတိုင်း ဖြစ်ပါသည်။


ယခုထုတ်ပြန်ချက်သည် မကြာသေးမီက အသစ်ပြန်လည် ဖွဲ့စည်းထားသော မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအလုပ်အမှု ဆောင်အဖွဲ့သစ်၏ ပထမဆုံး ထုတ်ပြန်ကြေညာချက် လည်းဖြစ်သည်။

မှတ်ချက်။    ။ Eleven Media Group မှ ရေးသားတင်ပြထားမှုကို တဆင့်ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။

18 comments

  • argu

    June 2, 2010 at 11:31 am

    ကြားဝင်ဖြန်ဖြေပေးသောလူကြီးများအားသူမကိုယ်စားအားနာမိပါသည်။မထက်ထက်မိုးဦးသည်
    အဘယ့်ကြောင့်ထိုမျှရိုင်းပြသွားသည်မသိပါ။ယခင်မိမိပြုခဲ့သောကောင်းမှုများကိုပင်သတိရပါလေစ။
    မထက်ထက်မိုးဦးသည်ကြီးသူများကိုလည်းစော်ကားခဲ့ပါပြီ၊ငယ်သူအပေါ်လည်းရိုင်းပြခဲ့ပါပြီ…….
    သူမတွင်ဘာသာတရားအဆုံးအမမှရှိပါလေစ…ဝမ်းနည်းမိပါသည်ရွှေမင်းသမီး………
    ပရိတ်သတ်လိုချင်သောမင်းသမီးမှာထိုကဲ့သို့မဟုတ်…….လူသားအချင်းချင်း စာနာနားလည်မှုရှိသော
    ဘာသာတရားကိုင်းရှိုင်းသော…….. မြန်မာဆန်သော အမျိုးသမီးမျိုးသာဖြစ်ပါသည်။
    ယခု မထက်ထက်မိုးဦး၏ လုပ်ရပ်မှာ ယင်းအချက်များနှင့် လုံးဝကွဲလွဲနေခြင်းကြောင့် မထက်ထက်မိုးဦးတွင်
    တရားရှိသည်ဆိုသည်မှာ အဘယ်နည်း…
    မထက်ထက်မိုးဦး၏ အပြောနှင့် လုပ်ဆောင်ချက်များသည် လုံးဝကွဲလွဲနေကြောင်း
    မထက်ထက်မိုးဦးကိုယ်တိုင် သက်သေပြနေခြင်းဖြစ်ပါသည်။

  • Thaw Zin Loikaw

    June 2, 2010 at 12:57 pm

    လူသိထင်ရှားတဲ့ မင်းသမီးတစ်ယောက်အနေနဲ့ ဒီလိုလုပ်တာ ဆင်ခြင်တုံတရားမရှိလို့ပဲနေမှာပါ။
    ဒီလို ကြေငြာချက်မထုတ်ပြန်ရင် ပရိတ်သတ်တွေက ကောလဟာလလို့ထင်နေကြဦးမှာ။
    ကောင်းပါတယ်။ ဒီလိုရိုင်းပျတဲ့ ရုပ်ရှင်မင်းသမီးတွေ သတိသာထားတော့ ဗျို့လို့ ပြောရတော့မှာပါပဲ။

  • Black Ice

    June 2, 2010 at 1:27 pm

    နေပါဦး။ မေးပါရစေဦး။ ဝန်ကြီးဦးကျော်ဆန်းကို ထက်ထက်မိုးဦးကသွားတိုင်လို့ ဝန်ကြီးကသူ့ဘက်ကဝင်ပြောတယ်ဆိုတာရောဟုတ်ပါသလား။

    • BaKo

      June 3, 2010 at 8:34 pm

      As far as I know, မောင်ကျော်ဆန်းက ထက်ထက်မိုးဦးအကြောင်း ထည့်တဲ့ဂျာနယ်ပါ ထုတ်ခွင့်ပိတ်ပစ်တယ်တဲ့။
      စာနယ်ဇင်က မောင်ကိုကိုတို့လည်း ဝမ်းနည်းစွာ ရှုတ်ချပြီးမှ စာထပ်ထုတ်ပြီး သတင်းသမ ကို ပြန်ထောင်းနေရပြန်တယ်လေ။
      မထက်ထက်တို့က ဘယ်သူ့အဆင့်လောက်အထိ သွားအိပ်ပြီးထားသလည်းမသိတာ။
      မောင်ကျော်ဆန်းအဆင့်တော့ မကဘူး။ အနည်းဆုံး မောင်ရွေမန်း၊မောင်သိန်းစိန်ပဲ။

  • etone

    June 3, 2010 at 2:12 am

    သူတို့တွေက ပြောတော့သာ ပရိတ်သတ်ကအရေးကြီးတယ်ဘာညာနဲ့ အပြင်မှာရိုင်းလိုက်တာမှလွန်ရောပဲ ။ တယောက်ထဲမဟုတ်ဘူး ။ တော်တော်များများဒီလိုပဲ ဘဝင်မြင့်နေကြတာ ။

  • ghost

    June 3, 2010 at 4:42 pm

    7days အမှားပါ ထက်ထက် ကို ပြ ူချင်ရင် ယောကျင်္ားလေး လွှတ်ရမှာ ဘာကြောက်မိန်းကလေး လွှတ်တာလဲ?

  • soemoe

    June 12, 2010 at 4:57 am

    ဘယ်သူပျက်ပျက် ကိုယ့်မပျက်ဖို့ပဲဟေ့…

  • cobra

    June 22, 2010 at 5:20 am

    မိုက်ရိုင်းချင်တိုင်းမိုက်ရိုင်းနေကြတာ….။စာနယ်ဇင်းသမားတွေမေးတဲ့မေးခွန်းတွေကရောသူတပါးစိတ်ကိုထိခိုက်အောင်မေးစရာလား။သူများအတွင်းရေးမေးတာကောကောင်းလား။အဲဒါဆိုလည်းလူတွေပါးစပ်ဖျားမှာရေပန်းစားသွားတဲ့ဝတ်မှုန်ရွှေရည်လေးနဲ ့(—)သတင်းကိုကြတော့ဘာလို ့မမေးတာလဲ။အဲဒါကြတော့ကြောက်လို့လား။ကဲမေးမယ်ဗျာမအေးသူစံရဲ ့အမျိုးတွေထဲမှာကောအိမ်ထောင်ဆက်၂၊၃ဆက်ရှိတဲ့သူမရှိဘူးလား?ရှိရင်သူတို ့ကိုမေးကြည့်ပါဘယ်လောက်တောင်စိတ်ဆိုးမလဲလို ့ပြောချင်တာကကိုယ်ချင်းစားကြပါ။

  • yunenay

    June 28, 2010 at 11:07 am

    cobra ရေ cobra ရေးတာကောင်းပါတယ်..မိန်းကလေးအချင်းချင်းလေ စာနာပြီးမေးသင့်ပါတယ်…. အနုပညာသည်အကြောင်းကို ပရိသတ်တွေစိတ်ဝင်စားတာ မှန်ပါတယ်……ဒါပေမယ့်…..သူလဲ ယောက်ကျားများများယူချင်ပါ့မလား…ကံတရားက ဖြစ်လာတာပဲ ………….. း) လူသားအချင်းချင်းစာနာတတ်ကြပါစေ…

  • nwe rakhine

    August 7, 2010 at 8:32 am

    ဟုတ်တယ် journal အတွက် interview ဆိုလည်းကိုယ်ချင်းစာစိတ်တော့ထားပြီးမေးပါလို့

  • nwe rakhine

    August 7, 2010 at 8:38 am

    လူတွေက စာနာမူကိုလေးသိတယ်၊ သာသာနှင့်နာနာနှက်တဲ့ question တွေလည်းခံစားရမှာဘဲ

  • Yin Nyine Nway

    August 7, 2010 at 9:32 am

    ဘယ်သူမှားလဲ မှန်လဲတော့ မသိတော့ဘူး
    2ယောက်စလုံးကတော့ လွန်ကြတာပဲ

  • timothy

    August 7, 2010 at 10:39 am

    The journalist association did the right thing to denounce the actress for her rudeness towards public. The association should further sanction this actress, arrange her to attend anger management courses or Buddhist meditation, and to assign her a period of community works. It is comparable to arrogance life style of supermodel Naomi Campbell. She used to get temper tantrum at her servants which amounted to physical harm. This is the character assassination in modern world. No matter how important you are, downfall of your livelihood and falling apart of your carrier are end result. Discrimination against race, religion, class, colour, age, sex and belief is taboo in civilised society. Grievous body harm is out of question to survive in business. If it is in the work place, disciplinary action and alleviating schemes are there to learn from the mistake. We are not perfect so anyone can make mistake. There should be mechanisms for culprit to learn mistake. Naomi had to went through it and apologize the servant. We can not blame the culprit if the society can not offer the fail-safe mechanisms. I wish the concerned actress understand the civilised manner and change her attitude.

  • MYO MYINT AUNG

    October 9, 2010 at 6:19 am

    မဟုတ်ပါဘူး…….အဲဒိမိန်းမကိုက Auto ရိုင်းတယ်…….လင် 4 , 5 ဆက်နဲ့…….

  • winkyawaung

    October 9, 2010 at 6:54 am

    ဘယ်သူတွေ ဘာပြောပြော ထက်ထက်တို့ကတော့ ယခုထိ တရားရုံးကဆင့်ခေါ်ထားတာ မလာပါဘူး။ အကြောင်းပြချက် အမျိုးမျိုးတွေပေးပြီး ရှောင်နေပါတယ်..။ ဒီသတင်းက ကြာနေပါပြီ..။

  • MYO MYINT AUNG

    October 9, 2010 at 10:15 am

    တူလေးလဲ အနက်ဂရဲ့ ပါးချက်နဲ့အတိုက်ခံပြီးကတည်းက ချပြီးဖေါက်တွားတယ်ထင်ပါတယ်………

  • King of Secrets (Bo Min)

    June 29, 2012 at 10:20 am

    အော်၊ လောကကြီး အေးချမ်းပါစေဗျာ၊ ထစ်ခနဲရှိ ဒေါသထွက်တာ မကောင်းပါဘူး။

Leave a Reply